ဓါတ်ပုံ – Getty
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၇
စစ်ကောင်စီက ဒေါက်တာ ခလမ်ဆမ်ဆွန်ကို တရားစွဲဆိုဖို့ ပြောဆိုခဲ့တယ်လို့ ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ အချုပ်(KBC)က ဒီကနေ့ည ကချင်ဘာသာဖြစ် သတင်းထုတ်ပြန် ပြောဆို လာပါတယ်။
စစ်ကောင်စီ လုံနယ် အဖွဲ့က KBC တာဝန်ရှိသူများကို ခေါ်ယူတွေ့ဆုံပြီး ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ ပြီးခဲ့တဲ့ နှစ်တချို့က ဘာသာရေးဆိုင်ရာ ဟောပြောပွဲ အခမ်းအနားတချို့မှာ ပြောဆိုခဲ့တဲ့ ရုပ်သံ မှတ်တမ်း များကို ပြသကာ တရားစွဲဆွဲရမယ့် အချက်အလက်တချို့ကို တွေ့ရှိထားတယ်လို့ တွေ့ဆုံချိန်မှာ စစ် ကောင်စီတပ်ဖွဲ့ဝင် လုံနယ်အဖွဲ့က ပြောဆိုခဲ့တယ်လို့ KBC ၏ လက်ထောက်အတွင်းရေးမှူး သိက္ခာတော်ရ ဆရာတော် လဖိုင် ဇော်ရာက ပြောဆိုပါတယ်။
အဆိုပါ တွေ့ဆုံမှုမှာ စစ်ကောင်စီဘက်က အခုလိုပြောဆိုလာခဲ့တာကြောင့် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို တရားစွဲဖို့ ပြင်ဆင်နေပြီ ဖြစ်ကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC)ဘက်က သုံးသပ်ထား တယ်လို့ ပြောပါတယ်။
ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC)ဘက်က ဒေါက်တာ ခလမ်ဆမ်ဆွန် ပြန်လည် လွတ်မြောက် လာရေးအတွက် အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်ပြီး KBC ဇုံနယ်အရပ်ရပ်နဲ့ နိုင်ငံရပ်ခြားမှာ နေထိုင်ကြ တဲ့ အသင်းသူအသင်းသားများ အပါအဝင် ကချင်လူထု တရပ်လုံးကလည်း ဒေါက်တာ ခလမ်ဆမ်ဆွန် ပြန်လည် လွတ်မြောက်လာရေးအတွက် ဝိုင်းဝန်း ဆုတောင်းမေတ္တာ ပို့ပေးကြဖို့ တောင်းဆိုထားပါတယ်။
ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့ က ထိုင်းနိုင်ငံ၊ ဘန်ကောင်မြို့သို့ သွားမည့် ခရီးစဉ်အတွင်း မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိအချိန်ထိတော့ ဒေါက်တာခလမ် ဆမ်ဆွန်ကို မည်သည့်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထား တယ်ဆို တာကိုတော့ မသိရှိရသေးသလို စစ်ကောင်စီနဲ့ တွေ့ဆုံခဲ့တဲ့ KBC တာဝန်ရှိသူများကလည်း ပြောမသွားပါဘူး။