ဓါတ်ပုံ – KRU (ထုတ်ပြန်ချက်)
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၂
ကယား(ကရင်နီ)ပြည်နယ်၊ ဒီမော့ဆိုမြို့၊ကုန်းသာကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်များ
ကို ကယား (ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU)တပ်ဖွဲ့တို့က ယမန်နေ့က သွားရောက် တိုက်ခိုက် လို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ကုန်းသာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီက တပ်စခန်း စွန့်ကာ ထွက်ပြေးသွားတာကြောင့် စစ်ကောင်စီက ထိန်းချုပ်ထားသော နယ်မြေတွေကို ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU) မှ ပြန်လည် ထိန်းချုပ်နိုင်ခဲ့တာလို့ သိရပါတယ်။
ဒီမော့ဆို့မြို့ ၊ ကုန်းသာ ကျေးရွာအတွင်း နယ်မြေများ ပြန်လည်ရှင်းလင်းနေစဉ်အတွင်း စစ်ကောင်စီ တပ်များ၏ ရိက္ခာ၊ စွပ်ဗုံး၊ ကျည်ဆံ နှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းစည်းရရှိခဲ့ပြီး နယ်မြေကို မိုင်းရှင်းလင်းရေးများ ပြန်လည် ပြုလုပ်နေပြီ ဖြစ်ကြောင်း KRU ဘက်က အသိပေးထုတ်ပြန် ကြေညာ ထားတာပါ။
အလားတူ KNDF, KA, KGZ, PDF တို့ပူးပေါင်း တပ်ဖွဲ့များမှလည်း သေးဆူလဲ ကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတို့နှင့် ထိတွေ့တိုက်ခိုက်မူ ဖြစ်ပွားခဲ့ပြီး အဲဒီက နယ်မြေများကို ပြန်လည်ထိန်းချုပ် နိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ အခုလို တပ်စခန်းနှင့် နယ်မြေများစွန့်လွတ်လာရတာကြောင့် ထပ်မံပြီး တိုက်ပွဲ ပိုမိုပြင်းထန်းလာနိုင်တယ်လို့ KRU ဘက်က သုံးသပ်ထားပါတယ်။
တိုက်ပွဲများ ပြင်းထန်လာနိုင်၍ လက်နက် ၊ ကျည်ဆံ များ ပိုမိုလှူဒါန်းပေးကြပါရန် ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU)က လေးနက်စွာ အကူအညီတောင်းခံတယ်လို့ ဆိုထားပါတယ်။