ဓာတ်ပုံ – ထုတ်ပြန်ချက်
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၁၀
ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်တဲ့ စစ်ကောင်စီ ရဲတပ်သား မောင်နီမန်ဟာ အောက်တိုဘာ ၈ရက်နေ့က (BA63 G3) သေနတ် ၂လက်၊ ကျည်အပြည့်အစုံဖြင့် CDF-Senthang ထံ ပူးပေါင်းခဲ့တယ်လို့ CDF-Senthang က သတင်းထုတ်ပြန်ပါတယ်။
အခုလို ပြည်သူ့တော်လှန်ရေးဖက်သို့ ပူးပေါင်းလာတဲ့ မောင်နီမန်ကို CDF-Senthang က နွေထွေးစွာကြိုဆိုကာ ဆုကြေးငွေ ကျပ်သိန်း (၁၀၀) ချီးမြှင့်ပြီး လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။