ဓါတ်ပုံ- Getty
အောက်တိုဘာ ၁၀၊ မော်လမြိုင်
လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး ငြိမ်းချမ်းရေးယူခဲ့တဲ့ မွန်ငြိမ်းချမ်း ကာကွယ်ရေးအဖွဲ့ တာဝန်လွှဲပြောင်းခြင်း အခမ်းအနားကို ယနေ့ အောက်တို ဘာလ ၁၀ရက်နေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့မှာ ကျင်းပခဲ့ပါတယ်။
မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့မှ အနားယူမည့် ဗိုလ်ချုပ်နိုင်ရှောင်၏နေရာတွင် ဗိုလ်မှူးချုပ်နိုင်အောင်ထွန်းက တာဝန်ယူသွားမှာဖြစ်ပြီး အခုလို တာဝန် လွှဲ ပြောင်းပွဲ ကျင်းပခြင်းဖြစ်ပါတယ်။
တာဝန်လွှဲပြောင်းယူခဲ့တဲ့ ဗိုလ်မှူးချုပ် နိုင်အောင် ထွန်းက မွန်ငြိမ်းချမ်းကာကွယ် ရေးအဖွဲ့ ကို ဆက်လက်ဦးဆောင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
ဒီကနေ့ တာဝန်လွှဲပြောင်းပွဲ အခမ်းအနားမှ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ သဘောထား ထုတ်ပြန်ချက်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
ကြေငြာချက်မှာတော့ အကြမ်းဖက် လုပ်ရပ်များကို ပြတ်သားစွာ ကန့်ကွက် ရှုတ်ချကြောင်းနှင့် ဌာနေပြည်သူ့စစ်အဖြစ် တပ်မတော်နှင့် လက်တွဲ၍ ငြိမ်း ချမ်းရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထား ပါတယ်။
နိုင်ရှောင်ဦးဆောင်တဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ လက်နက်ချခဲ့သည်မှာ ၁၂နှစ် ပြည့်ပြီးဖြစ်သည်။ အခုချိန်တွင် အာဏာသိမ်းစစ်တပ်နှင့်ပူးပေါင်းကာ ဌာနေပြည်သူ့စစ်အနေနဲ့ ရပ်တည်သွားမည်ဟု ထုတ်ပြန်ထားပါတယ်။
မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့သည် အဖွဲ့ဝင်အင်အား အနည်းငယ်မျှသာရှိပြီး၊ နယ်မြေစိုးမိုးမှု၊ ပြည်သူလူထုထောက်ခံမှု မရရှိထားသည့် လက်နက်ကိုင် အဖွဲ့ အစည်းငယ်တစ်ခုဖြစ်ပါတယ်။