ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၇
Mara Administrative Territorial Council – MATC/MDF တပ်ဖွဲ့ဝင်တို့ အနေဖြင့် CDF-Mara တပ်သားများကို ပြီးခဲ့တဲ့ အောက်တိုဘာလ (၃)ရက် နေ့က ချောင်းမြောင်း ပစ်ခတ်သလိုမျိုး နောက်ထပ် မကျူးလွန်ဖို့ ZZLMS ညီနောင်အဖွဲ့ က သတိပေး ပြောကြားလိုက်ပါတယ်။
CDF-MARA ဌာနချုပ်မှ တပ်မဟာ (၂)၊ အမှတ် (၃) တပ်ရင်းသို့ လက်နက်မပါ ဘဲ (အရပ်ဝတ်ဖြင့်) ပြန်လာကြတဲ့ CDF-Mara တပ်သားများကို အောက်တို ဘာ (၃)ရက်နေ့က MATC/MDF တပ်ဖွဲ့ဝင်တို့ ချောင်းမြောင်းပစ်ခတ်ခဲ့တာပါ။
ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး CDF-ZoTung အတွင်းရေးမှူး ၂ ကတော့ ချင်းမျိုးနွယ်စုများ အချင်းချင်း ကြား ဖြစ်ပွားတဲ့ အငြင်းပွားမှု ပဋိပက္ခဖြစ်တာ ကြောင့် ကြီးမားတဲ့ ပဋိပက္ခမျိုး မဖြစ်လာစေဖို့နဲ့ ချင်းမျိုးနွယ်စု များကြား စည်းလုံးညီညွတ်ရရှိဖို့ လိုအပ်တာကြောင့် မျိုးနွယ်စု အချင်းချင်းကြား တွေ့ဆုံ ဆွေးနွေး အဖြေရှာဖို့ကို လိုလားတယ်လို့ ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။
MATC/MDF တပ်ဖွဲ့ဝင်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့မှာ လည်း လက်နက်မဲ့ CDF-Mara တပ်ခွဲမှူး (ရဲ CDM)တို့ကို သတ်ဖြတ်ခြင်း၊ စစ်ဦးစီးချုပ်နှင့် အခြားတပ်သား နှစ်ဦး (စုစုပေါင်း သုံးဦး)ဒဏ်ရာရစေမှု ဖြစ်ပေါ်အောင် ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။
MATC/MDF တပ်ဖွဲ့ဝင်အနေဖြင့် ZZLMS ညီနောင်အဖွဲ့ဝင်တို့ကို ထပ်မှန် ကျူးလွန်လာပါက ထဲထဲဝင်ဝင် ပါဝင်ဖြေရှင်း သွားမယ်လို့ ZZLMS ညီနောင် အဖွဲ့က ထုတ်ပြန်ပြောကြားထားပါတယ်။
ZZLMS ညီနောင်အဖွဲ့ဟာ ချင်းမျိုးနွယ်စုကို အခြေခံတဲ့ ကာကွယ်ရေးတပ်ဖွဲ့ (၅)ဖွဲ့ဖြစ် ဖွဲ့စည်းထားတာပါ။