ဓါတ်ပုံ – KNU
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၆
ကေအဲန်ယူ-ကျိုက်ထိုမြိုနယ်၊ ပျဥ်းကတိုးကုန်းကျေးနယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်မ (၄၄) လက်အောက်ခံ တပ်များက နယ်မြေကျူးလွန်ကာ လက်နက်ကြီး အထိုင်ချတပ်စွဲထားပြီး စက်တင်ဘာလ (၁)ရက်နေ့ ညနေ (၄)နာရီ ဝန်းကျင်က စပြီး မဲရုံးလေး ကျေးရွာအတွင်းသို လက်နက်ကြီး (၆၀မမ) (၃)လုံးနှင့် ည(၉)နာရီတွင် (၂)လုံးပစ်ခတ်ခဲ့တယ်လို ကေအဲန်ယူ-ဗဟိုဘက်က သတင်းထုတ်ပြန်ပါတယ်။
“ညနေ(၄)နာရီ လောက်မှာ လက်နက်ကြီးသံ (၂) ချက်ကြားရတယ် ည (၉) နာရီကျော်လောက်မှာ (၂)ချက်ကြားရတယ်ရွာထဲမှာလဲ လက်နက်ကြီး ခဏခဏ ကျတော့ ရွာသားတော်တော်များများ လက်နက်ကြီးကြောက်လို ပြေးကုန်ပြီ “ဟု ရွာသားတစ်ဦးက ပြောပါတယ်။
ကေအဲန်ယူကျိုက်ထိုမြိုနယ်ရှိ ကျေးရွာများကို ပစ်မှတ်ထားပြီး စစ်ကောင်စီက လက်နက်ကြီးများကို မကြာခဏ ပစ်ခတ်မှုများပြုလုပ်လာတာကြောင့် ကျိုက်ထို အနီးဝန်းကျင်က ဒေသခံပြည်သူဦးရေ (၂၀၀၀၀)ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရသလို လက်ရှိအချိန်မှာတော့ အခြေခံ ဆေးဝါးနဲ့ အစားအသောက်အကူအညီများလည်း လိုအပ်နေတယ်လို သိရပါတယ်။