ဓါတ်ပုံ – PSLF/TNLA
ဖက်ဒရယ်ဂျာနယ်၊ သြဂုတ် ၁
PSLF/TNLA က ပထမဦးဆုံး စတင်ဖွင့်လှစ်သည့် နိုင်ငံရေးသိပ္ပံကျောင်း အခမ်းအနားပြုလုပ်သည့် မြင်ကွင်း တွေ့ရသာ ဖြစ်ပါတယ်။
အဲဒီနိုင်ငံရေး သိပ္ပံကျောင်းဟာ စသင်နှစ်ကာလ (၂) နှစ်ခန့်ကြာမည်ဖြစ်ပြီး Semester (၃) ခု ခွဲ၍ သင်ကြားသွားမည်လို့ သိရပါတယ်။ Semester တကြိမ်လျှင် (၈) လ ခန့်ကြာမှာဖြစ်သလို Semester တစ်ခုပြီးတိုင်း Paper Research တစ်စောင် ရေးရမည်လို့ သိရပါတယ်။
သင်ကြားပေးမည့် ဘာသာရပ် စုစုပေါင်း (၄၃) ခု သင်ကြားပေးမှာဖြစ်ပြီး ဘာသာရပ်တစ်ခုပြီးတိုင်း Assignment တစ်စောင် ရေးကြရမည့် အရည်အချင်းစစ် သတ်မှတ်ချက်ပါရှိသည်ဟုလည်း သိရပါတယ်။
တက်ရောက်သူများကတော့ သင်ကြားပေးမည့် ဘာသာရပ် များထဲမှာတော့ အဓိကကျသည့် Personal Skill, Management ဆိုင်ရာ ဘာသာရပ်အပြင် အခြေခံနိုင်ငံရေး၊ လူ့အခွင့်အရေး နှင့် ပထဝီနိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ နိုင်ငံရေး စသည့် ဘာသာရပ်များကို သင်ကြားပေးခွင့်ရကြမှာ ဖြစ်ပါတယ်။
ယခုလို နိုင်ငံရေး သိပ္ပံကျောင်းကို စတင်ဖွင့်လှစ်ဖြစ်သာကတော့ PSLF/TNLA အဖွဲ့အစည်းအတွင်း နိုင်ငံရေး ကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍ နှင့် လုပ်ငန်းဆိုင်ရာ ဌာနများတွင် ဦးဆောင်နိုင်သူများ ပေါ်ပေါက်လာစေဖို့ ရည်ရွယ်သာလို့ ဆိုပါတယ်။
ပထမဦးဆုံး စတင်ဖွင့်လှစ်သင်ကြားမည့် နိုင်ငံရေးသိပ္ပံကျောင်းတွင် ကျောင်းသူ/သား (၃၅) ဦးထိ တက်ရောက်နေကြပြီ ဖြစ်ပြီး သင်တန်းသူ (၂၀) ဦး၊ သင်တန်းသား (၁၅) ဦး ဖြစ်သည်ဟုလည်း သိရပါတယ်။
ဒီကနေ့ ဩဂုတ် (၁)ရက်နေ့ ကျောင်းဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ကြသာဖြစ်ပြီး အဲဒီအခမ်းအနားမှာတော့ PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်များ ဖြစ်ကြသော ဒုဥက္ကဌ – (၁) ဗိုလ်ချုပ် တားဂျုတ်ဂျား၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်၊ တွဲဖက် အထွေထွေအတွင်းရေးမှူး – (၁) ဗိုလ်မှူးကြီး တားအိုမ်တမာဝ်း၊ အုပ်ချုပ်ရေးမှူး ဗိုလ်မှူးကြီး တားဂူးဇားတို့မှ တက်ရောက် အမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။