တိုင်းရင်းသားများသတင်း

မြစ်ကြီးနား ကညနရုံးတွင် ဗုံးကွဲ၊ ထိခိုက်သူမရှိ

မြစ်ကြီးနား ကညနရုံးတွင် ဗုံးကွဲ၊ ထိခိုက်သူမရှိ

ဖက်ဒရယ် ဂျာနယ်၊ အောက်တိုဘာ ၁ ရက်၊ ၂၀၂၁

ကချင်ပြည်နယ် မြစ်ကြီးနားမြို့သီတာရပ်ကွက်ရှိ ကုန်းလမ်းပို့ဆောင်ဆက်သွယ်ရေးဦးစီးဌာနရုံးတွင် ယနေ့နံနက် ၉ နာရီ ၂၀ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်များအရ သိရသည်။

သီတာရပ်ကွက်ရှိ ကညနရုံးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရုံးအဆောက်အဦးမှ မှန်များကွဲသွားသည်ဟု မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးက ပြောသည်။

“ကညနရုံးရဲ့ ဘေးကလမ်းကြား ဘက် အခြမ်းက မှန်တွေကွဲတယ်အသံကတော့တစ်ချက်ပဲ အခုတော့ စကစတွေရောက်နေပြီ” ဟု သူကပြောသည်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်းလည်း သူကဆက်ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်၊ အင်ဂျန်ဒုံတောင် ဆွမ်ပရာဘွမ်လမ်းမကြီးပေါ်ရှိ Mytel (ကချင်ပြည်နယ်ရုံးခွဲ) တွင်လည်း စက်တင်ဘာ ၂၂ ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသည်။

Related Articles

Back to top button