သတင်း

စစ်အာဏာရှင် အမြစ်ဖြတ်ရေးအတွက် NUG အပါအဝင် မဟာမိတ်များနှင့် ဆက်လက်လက်တွဲမယ်လို့ TNLA ပြော

စစ်အာဏာရှင် အမြစ်ဖြတ်ရေးအတွက် NUG အပါအဝင် မဟာမိတ်များနှင့် ဆက်လက်လက်တွဲမယ်လို့ TNLA ပြော
 
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
မေ ၄ ၊ ၂၀၂၅
 
စစ်အာဏာရှင် အမြစ်ဖြတ်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် မဟာမိတ်များနှင့် ဆက်လက်လက်တွဲမယ်လို့ TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး- ၂ ဗိုလ်မှူးကြီး တာပန်းလက ဒီကနေ့ မေလ (၄) ရက်နေ့ သတင်းစာရှင်းလင်းပွဲကတဆင့် ပြောဆိုလိုက်ပါတယ်။
 
“TNLA အနေနဲ့ ဘုံရန်သူ စစ်အာဏာရှင်အမြစ်ဖြတ်ရေးကို ကျနော်တို့ မဟာမိတ်တွေ၊ (NUG အပါအဝင်)ပေါ့ ဆက်လက် လက်တွဲမှာဖြစ်ပါတယ်” လို့ ဗိုလ်မှူးကြီးတာပန်းလက ပြောလိုက်တာပါ။
 
ဒါ့အပြင် TNLA အနေဖြင့် စစ်အာဏာရှင် အမြစ်ဖြတ်ရေးကို ဆက်လက်ကိုင်စွဲထားဆဲဖြစ်ပြီး ယခုအချိန်မှာ စစ်အာဏာရှင် အမြစ်ဖြတ်ရေး မလုပ်ဆောင်နိုင်ဘူးဆိုရင် နောင်မျိုးဆက်များအထိ အပစ်ရပ်လိုက်၊ ဆွေးနွေးလိုက်၊ တိုက်ပွဲ ပြန်ဖြစ်လိုက်ဖြင့် သံသရာ လည်နေမည်ဖြစ်တယ်လို့ ဗိုလ်မှူးကြီးတာပန်းလက သတင်းစာရှင်းလင်းပွဲမှာ သတိပေး ထည့်သွင်းပြောဆိုပါတယ်။
 
တဘက်က တရုတ်နိုင်ငံ၏ ဖိအားများ ရှိနေသော်လည်း TNLA က သိမ်းပိုက်ထားသော မြို့နယ်များကို စစ်ကောင်စီထံ ပြန်ပေးမှာ မဟုတ်သလို ပြည်သူလူထုအနေဖြင့် တက်တက်ကြွကြွ ပူးပေါင်း ပါဝင်ကြဖို့ ဗိုလ်မှူးကြီးတာပန်းလက တိုက်တွန်း ပြောဆိုပါတယ်။
 
လက်ရှိမှာတော့ ငလျင်ဘေးသင့်သူတွေကို နောက်ဆက်တွဲ ကူညီနိုင်ရေးအတွက် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲရေး ကြေညာထားတာဖြစ်လို့ ထိုးစစ်ဆင်မည် မဟုတ်ဘဲ ခုခံကာကွယ်စစ်ကိုသာ ဆောင်ရွက်မှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ မေလ (၁) ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။
 
ဓါတ်ပုံ – မေလ (၄) ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး- ၂ ဗိုလ်မှူးကြီး တာပန်းလကို​ တွေ့ရစဉ်။

Related Articles

Back to top button