သတင်း

အိန္ဒိယနိုင်ငံထဲ ထွက်ပြေးတဲ့ စစ်ကောင်စီ စစ်သား ၁၅၁ ဉီးကို မြန်မာဘက်ပြန်အပ်

အိန္ဒိယနိုင်ငံထဲ ထွက်ပြေးတဲ့ စစ်ကောင်စီ စစ်သား ၁၅၁ ဉီးကို မြန်မာဘက်ပြန်အပ်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇန်နဝါရီ ၃၊ ၂၀၂၄
 
ချင်းပြည်နယ်တောင်ပိုင်း ပလက်၀မြို့နယ်ထဲ ရက္ခိုင့်တပ်တော်(AA)က စစ်တပ် စခန်းသိမ်း တိုက်ခိုက် ဖော်ဆောင်လာပြီးနောက် နယ်စပ် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ စစ်ကောင်စီတပ်သား ၁၅၁ ဦးက ထွက်ပြေးဝင်ရောက်သွားတယ်လို့ သိရပါတယ်။
 
အဲဒီ ထွက်ပြေးသွားသော စစ်ကောင်စီ စစ်သား ၁၅၁ ဦးကိုတော့ ယမန်နေ့ ဇန်နဝါရီ ၂ ရက်နေ့မှာ အိန္ဒိယဗဟို အစိုးရ အစီအစဉ်ဖြစ် စစ်ကောင်စီထံ ပြန်လည် အပ်နှံ့ခဲ့ပြီးနောက် မြန်မာ့ လေကြောင်း လိုင်းဖြင့် အိုင်ဇောလ်မြို့ Lengpui လေဆိပ်ကတဆင့် နှစ်သုတ်ခွဲကာ မြန်မာနိုင်ငံသို့ ခေါ်ဆောင် သွားကြတယ်လို့ ဒေသတွင်း သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
 
အဲဒီ စစ်သား ၁၅၁ ဦးဟာ ချင်းပြည်နယ် ပလက်၀မြို့နယ် အိန္ဒိယ- မြန်မာနယ်စပ်အနီးရှိ ပွိုင့် ၃၇၇ စစ်ဆင်ရေး အခြေကုပ် စခန်း ကုန်းကို ရက္ခိုင့်တပ်တော်(AA) က ဒီဇင်ဘာလ ၂၇ ရက်နေ့က တိုက်ခိုက် သိမ်းပိုက်ခံရပြီးနောက် ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် Tuisentlang ကျေးရွာက အိန္ဒိယဗဟိုအစိုးရ အာသံရိုင်ဖယ် တပ်ဖွဲ့ထံ သို့ ထွက်ပြေးခိုလုံခဲ့ကြတာလို့ သိရပါတယ်။

ဓါတ်ပုံ – DDNEWS Mizoram

Related Articles

Back to top button