သတင်း

နေ့စဉ်သတင်းအကျဉ်း

၂၀၂၂ ခုနှစ်၊ မတ်လ (၂၀)ရက်နေ့

ယနေ့ မတ်လ (၂၀)ရက်နေ့ ဒေသအသီးသီးတွင် ဖြစ်ပွားနေတဲ့ သတင်းအချက်အလက်များကို ဖက်ဒရယ်ဂျာနယ်မှ စုစည်းတင်ပြခဲ့ပါသည်။

  • ယနေ့ကျရောက်သည့် ၃၄ နှစ်ပြည့် Chin Revolution Day ချင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကို ချင်းအမျိုးသားတပ်ဦး၏ စခန်းတစ်နေရာတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။ ထိုအခမ်းအအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ကိုယ်စားလှယ်များ နှင့် ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) မှကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

 

  • ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က “ပေတရာပေါ်မှာစီးတဲ့သွေးတွေ မခြောက်သေးဘူး” စာသားပါဘန်နာအား ကိုင်စွဲကာ စစ်အာဏာရှင် စနစ် တိုက်ဖျက်ရေး တိုက်ပွဲများအတွင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့တဲ့ ရဲဘော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ယနေ့ မတ်လ ၂၀ ရက်နေ့က စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြပါတယ်။

 

  • လောင်းလုံးမြို့နယ် လုံးဆိုင်ရာ အခြေခံပညာ ကျောင်းသားများ သမဂ္ဂနှင့် လူငယ်များပူးပေါင်းကာ ယနေ့ မတ်လ၂၀ရက်နေ့တွင် “အာဏာရှင်စနစ် ပြိုကျနေပြီ တို့ပြည်သူတွေ တော်လှန်နိုးထကြလော့” စာတန်းကိုင်ဆောင်ကာဟဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန် ကျောင်းသားပြည်သူများသည် မတ်လ ၂၀ ရက်တွင် ၄၀၆ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် လှည့်လည်ချီတက်ဆန္ဒပြကြသည်။

 

  • ‘သပိတ်ကအစ အလုပ်သမားက လူထုအားလုံးပါဝင်ကြ’ စာတန်းကိုင်ဆောင်ကာ စမ်းချောင်းပင်မ သပိတ်က ဦးဆောင်ကာ Revolution Force၊ LGBT community Yangon အဖွဲ့များသည် မတ်လ ၂၀ ရက်တွင် အကြမ်းဖက်စစ်အာဏာရှင် ချေမှုန်းရေးနှင့် ခေါင်းပုံဖြတ်ခံ အလုပ်သမားများအတွက် သပိတ်မှောက်ဆန္ဒပြကြသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ မတ်လ ၂၀ ရက်နေ့ တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး “အာဆီယံ၊ ဒီမိုကရေစီအတွက်ရပ်တည်ပါ အာဏာရှင်ကို ဆန့်ကျင်ပါ” ခေါင်းစဉ်ဖြင့် ညသပိတ်ပြုလုပ်ကြောင်း သိရသည်။

 

  • မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြိုနယ်တွင် ပြည်သူများစုပေါင်း၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ပျောက်ကြားသပိတ်ကို ယနေ့ မတ် ၂၀ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။

 

  • မုံရွာမြို့တွင် Monywa Youths Revolutionary Force လူငယ်များ ဦးဆောင်ကာ “ဖိဖို့က မင်းတို့တာဝန်ဆို ကြွဖို့က ငါတို့တာဝန် ၅/” စာတန်း ကိုင်ဆောင်ကာ ယနေ့ မတ်လ ၂၀ ရက်နေ့တွင် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • တောင်ငူခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အထက (၁) တောင်ငူကျောင်းသား များသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ပူးပေါင်း၍ “ဖိနှိပ်မှုဟူသမျှ ဖြိုဖျက်ကြ အလုပ်သမားထုတိုက်ပွဲ ကို ဝန်းရံကြ” စာသားပါဘန်နာအား မတ်လ ၂၀ ရက်နေ့၌ တောင်ငူမြို့တွင် ချိတ်ဆွဲကာ အဖိနှိပ်ခံ အလုပ်သမားများဘက်မှ ရပ်တည်ကြောင်း၊ ပြည်သူလူထုမှလည်း အဖိနှိပ်ခံအလုပ်သမားထုအား ဝန်းရံကြရန် နှိုးဆော်လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။

 

  • မြိုင်မြို့နယ် အခြေခံပညာ အထွေထွေ သပိတ်ကော်မတီနှင့် ပြည်သူလူထုတို့ ပူးပေါင်းကာ ယနေ့ မတ်လ ၂၀ ရက်နေ့တွင် “လက်နက်ကိုင်တော်လှန်ရေးကို ထောက်ပံ့ကြ၊ လူထုလှုပ်ရှားမှုမှာပါဝင်ကြ ” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဆားလင်းမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင် အရှေ့ခြမ်း ရွာပေါင်းစုံသပိတ်ကို ကျေးရွာလူထု က ၃၇၅ ရက်မြောက်နေ့အဖြစ် အကြမ်းဖက်ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင်ချီတက်မှု မတ် ၂၀ ရက်တွင် ပြုလုပ်ခဲ့သည်။

 

  • ယင်းမာပင်မြို့နယ်တွင် ကျေးရွာ ၃ ရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၂၀ ရက်နေ့ တွင် အကြမ်းဖက်စစ်ကောင်စီ တော်လှန်ရေးချီတက် ဆန္ဒပြခဲ့ကြောင်းသိရသည်။ ဒါ့အပြင် ယင်းမာပင်မြို့နယ် ရွှေရည်ကြည် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖက်ဆစ်စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၂၀ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မွန်ပြည်နယ်၊ သထုံမြို့နယ် ကျောက်တောင်ကျေးရွာ ဘုရားပွဲသို့ မတ်လ ၁၉ ရက်၊ ည ၈ နာရီခွဲ အချိန်တွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဘုရားပွဲခင်းအနီးသို့ ကျည်နှစ် ချက်ကျရောက် ပေါက်ကွဲပြီး အသက် ၇ နှစ်အရွယ် ကလေးငယ်တဦးနှင့် အမျိုးသမီး ၂ ဦး သေဆုံး ခဲ့ကြောင်း Thaton People’s Defense Force (TPDF) က ယနေ့ ထုတ်ပြန်ထားသည်။ အဆိုပါ ပစ်ခတ်မှုကို သထုံမြို့နယ် ဝင်းပကျေးရွာရှိ စစ်ကောင်စီ၏ ခမရ ၉ တပ်ခွဲမှနေ ပစ်ခတ်ခြင်းဖြစ်ပြီး ကျောက်တောင်ကျေးရွာမှ အသက် (၅၀)အရွယ် အမျိုး သမီးတဦး၊ အသက် ၇ နှစ်အရွယ်ကလေး တဦးနှင့် ပိန်းနဲတောရွာမှ အသက် (၅၄) နှစ်အရွယ် အမျိုးသမီးတဦးတို့ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

 

  • တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီလက် အောက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ အရပ်ဖက်ဌာနဆိုင်ရာဝန်ထမ်းတွေ မိမိနေထိုင်ရာ ဒေသ တွေကိုပြန်ကြဖို့နဲ့ ဒေသခံဝန်ထမ်းတွေက နုတ်ထွက်ကြဖို့ဆိုပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆၊ ဒူးပလာယာခရိုင်က ယမန်နေ့ ထုတ်ပြန်ခဲ့ပါတယ်။ လိုက်နာမှုမရှိဘဲ ပျက်ကွက်ရင် ဖြစ်‌ပေါ်လာမယ့်အကျိုးဆက်ကိုတာဝန်မယူကြောင်း ထုတ်ပြန်စာမှာပါရှိပါတယ်။ အဲဒီဒေသတွေမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီ ဘက် က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ရှိနေတာကြောင့် ကော့ကရိတ်မြို့နယ် ၊ကော့နွဲ့ကျေးရွာ အပါအဝင် ရွာပေါင်း ဆယ်ချီ ကဒေသခံ ၁ သောင်းနီးပါးထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။

 

  • ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သား များက မတ်လ ၁၃ ရက်မှ ယနေ့အထိ တပတ်အတွင်း ပြည်သူများ၏ နေအိမ်အလုံး ၄၀ ထက်မနည်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆိုက ယနေ့ ထုတ်ပြန်ထားသည်။

 

  • ရှမ်းပြည်တောင်းပိုင်း မိုင်းကိုင်မြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်မှာ ထော်လာဂျီတိမ်းမှောက် မှုကြောင့် အမျိုးသားတစ်ဦး ညာဘက်လက်ဖြတ်ဖို့နဲ့ တံဒေါင်စေ့မှာ စတီးချောင်းထက်ဖို့ လိုအပ်တဲ့ အမျိုးသမီး တစ်ဦးတို့ဟာ အကူအညီလိုအပ်နေပါတယ်။အဆိုပါ ဒဏ်ရာရရှိသူဟာ မိုင်းကိုင်မြို့ မွေတော်ဘုရား တပေါင်းပွဲသွားပြီအပြန်မှာ ထော်လာဂျီတိမ်းမှောက်မှုကြောင့် တစ်ဦးသေဆုံး၊ ၁၅ ဦး ဒဏ်ရာရရှိခဲ့တာပဲဖြစ်ပါတယ်။

 

  • ညောင်လေးပင်ခရိုင် KNU တပ်မဟာ ၃ ကွီးလားကျေးရွာအတွင်းသို့ (၂) လုံး နှင့် ဆောထိမြို့နယ် တကက်ပူ ကျေးရွာအတွင်းသို့ (၂) လုံး၊ စုစုပေါင်း ဗုံး ၄ လုံး စစ်ကောင်စီက ကြဲချခဲ့ပြီး ပြည်သူလူထု များ ထိခိုက်သေဆုံးမှုမရှိသော်လည်း နေအိမ်အဆောက်အဦးများ ထိမှန်ပျက်စီးမှုများရှိခဲ့သည်ဟု KNU က ထုတ်ပြန်သည်။ အာဏာသိမ်း စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ် သောကြောင့် ညောင်လေးပင်ခရိုင် မှ ကျေးရွာပေါင်း ( ၁၇ ) ရွာမှ ပြည်သူလူထုပေါင်း (၃၇၀၀) ခန့် တို့သည် ထိန့်လန့်ကြောက်ရွံ့ခဲ့ကြရ၍ ကျေးရွာကိုစွန့်ပြီး တောတောင်များအတွင်းသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။

 

  • ကချင်ပြည်နယ်၊ ဟိုပင်မြို့ နန့်ရင်းချောင်းတစ်ဘက်ကမ်းတွင် မိုင်းထောင်ထားသဖြင့် ဒေသခံများ လာရောက်ခြင်းမပြုရန် ဟိုပင် PDF ထုတ်ပြန် ယနေ့ မတ်လ ၂၀ ရက်နေ့ ထုတ်ပြန်လာပါတယ်။

 

  • စစ်အာဏာရှင်စနစ် ပ ပျောက်ရေး၊ ချင်းအမျိုးသား လွတ်မြောက်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည် ထောင်စုတည်ဆောက်ရေး ကြိုးပမ်းမှုဆိုင်ရာ ချင်းတော်လှန် ရေး၏ အမှတ်သညာနေ့ ဖြစ်သော ယနေ့ (မတ်လ ၂၀ ရက်) တွင် ကျရောက်သော ၃၄ နှစ်ပြည့် ချင်းအမျိုးသားတပ်ဦး (CDF) ဖွဲ့စည်း တည်ထောင်ခြင်း အထိမ်းအမှတ် ချင်းတော်လှန်ရေးနေ့ အခမ်းအနားသို့ အမျိုးသား ညီ ညွတ်ရေး အစိုးရ (NUG) က သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။ NUG အစိုးရက ယနေ့ ကျရောက်သော ချင်းအမျိုးသားတပ်ဦး (Chin National Front) ဖွဲ့စည်း တည်ထောင်ခြင်း ၃၄ နှစ် မြောက် အချိန်အခါသာမယတွင် ချင်းအမျိုးသား တပ်ဦးမှ ရဲဘော်၊ ရဲဘက်များ အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာလုံခြုံကြပါစေကြောင်းနှင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ပင်လုံစာချုပ်၌ ပါဝင် လက်မှတ်ရေးထိုးခဲ့သည့် လွတ်လပ်သည့် ချင်းတောင် တန်း ဒေသသည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိလာသည့်အခါ ပြည်ထောင်စု အဖွဲ့ဝင် ချင်းဝိသေသတိုင်း အဖြစ် ပါဝင်လာခဲ့ ကြောင်း သဝဏ်လွှာတွင် ရေးသားထားသည်။

 

  • ယနေ့ မတ်လ ၂၀ ရက်နေ့ ညနေပိုင်းတွင် မုန်တိုင်း မိုးရွာသွန်းသည့်အတွက် မြဝတီတောင်ဘက်ရှိ လေးကေ့ကော်ဒေသ စစ်ဘေးရှောင်များနေထိုင်နေကြသည့် တဲအိမ်များပျက်စီးကာ လက်ရှိအချိန် တွင် နေထိုင်ရေး အခက်အခဲ ဖြစ်နေကြောင်းသိရသည်။

 

  • ၂ လနီးပါး ရိက္ခာပြတ်လပ်နေသည့် စစ်ဘေးရှောင် စခန်းနှစ်ခုအား အာရက္ခဖောင်းဒေးရှင်းမှ ဆန်အိတ် ၃၄၀ အိတ်နှင့် ငါးခြောက်ပိဿာ ၁၅၀ ထောက်ပံ့မှုပေးခဲ့ကြောင်းသိရသည်။ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ပုဏ္ဏားကျွန်းစက်မှုဇုံ စစ်ဘေးရှောင်စခန်းနှင့် အထက်မြက်လှဲ စစ်ဘေးရှောင်စခန်းများတွင် ဆန်ရိက္ခာမရောက်သည်မှာ ၂ လနီးပါးခန့် ကြာမြင့်နေပြီးဖြစ်ကြပြီး စစ်ဘေးရှောင်များစားဝတ်နေရေး ခက်ခဲမှုများရှိနေကြသည်။

 

  • ရှမ်းမြောက် မူဆယ်ခရိုင် မုံးပေါ်ဒေသမှာ မနေ့မနက် ၉ နာရီခန့်ကစပြီး ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီနဲ့ ကချင်တပ်မတော် (KIA)တို့ ၄ နာရီကြာ တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဟာ မုံးပေါ်ဒေသ မန်ကန်နဲ့ စမာရွာကြားမှာ စတင်ဖြစ်ပွားခဲ့ပြီး ဒေသခံတွေထိ ခိုက်မှုတော့ မရှိဘူးလို့ မုံးပေါ်ဒေသခံတစ်ဦးကပြောတဲ့အကြောင်း ရွှေဖီမြေသတင်းဌာနတွင် ဖော်ပြထားပါတယ်။ “တိုက်ပွဲက မနက် ၉ နာရီကနေ နေ့လယ် ၁ နာရီအထိဖြစ်တာ။ စစ်ကောင်စီ ဘက်က ထိုးစစ်ဆင်သွားတာလို့ကြားတယ်။ လွန်ခဲ့တဲ့ ဇန်နဝါရီလကလည်း အဲဘက်မှာ KIA နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာ ရှိတယ်”နှစ်ဖက်ထိတွေ့တိုက်ပွဲအကြား ထိခိုက်ကျဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ လက်ရှိမှာ​တော့ တိုက်ပွဲဖြစ်ပွားရာအနီးက ရွာခံတွေ စိုးရိမ်နေကြပါတယ်။

 

  • ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီးနေ့စဉ် ပြတ်တောက်မှုဖြစ်နေသည့်အတွက် စစ်တွေမြို့ရှိ ရေခဲလုပ် ငန်းလုပ်ကိုင်သူများမှာ အခက်အခဲနှင့်ကြုံတွေ့နေရကြောင်း သိရသည်။ လျှပ်စစ်မီး ရုတ်တရက် ပျက်သွားချိန်တွင် လုပ်နေဆဲရေခဲများမှာ အရည်ပျော်ကျပြီး အရည်အသွေးမပြည့်မီဖြစ်တတ်သည့် အတွက် ယခုအချိန်တွင် မီးစက်များနှိုးကာလုပ်ငန်းလည်ပတ်နေရပြီး ဓာတ်ဆီဈေးနှုန်းများ မြင့်တက် နေမှုကြောင့်လည်း အခက်အခဲများစွာဖြစ်နေရသည်ဟု လုပ်ငန်းရှင်များက ပြောဆိုတဲ့အကြောင်း DMG သတင်းဌာနတွင်ဖော်ပြထားသည်။

 

  • ယနေ့ မတ်လ ၂၀ ရက် နေ့လည် (၁၂:၃၀)နာရီ အချိန်ခန့်တွင် အကြမ်းဖက်စစ်ကောင်စစ်တပ်များနှင့် CNDF ၊ PDF-kalay ကာကွယ်ရေးပူးပေါင်းတပ်တို့ ကလေးမြို့နယ်(တောင်ပိုင်း)၊ အောင်ချမ်းသာ ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ တစ်နာရီနီးပါး အကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ်ဖက်မှ အနည်းဆုံး (၇)ဦးသေဆုံး ပြီး ကာကွယ်ရေးပူးပေါင်းတပ်မှ အထိခိုက်မရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဌာနက ထုတ်ပြန်သည်။

 

  • ရခိုင်ပြည်နယ်၊ အမ်းမြို့ အမှတ် ၃ ရပ်ကွက် အောက်ကျင်းတွင် ယနေ့ မတ် ၂၀ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်က ချင်းတိုင်းရင်းသားစစ်ဘေးရှောင် ပြည်သူများ နေအိမ် အပါအဝင် လူနေအိမ် ၁၈ အိမ် မီးလောင်ပြာကျသွားကြောင်းသိရှိရပါသည်။

 

  • ဆီဆိုင်မြို့ဘုရားဖြူစစ်ရှောင်စခန်းတွင်နေရပ်မပြန်နိုင်သေးသည့်စစ်ဘေးရှောင်များအတွက် ရေနှင့်ဟင်းသီးဟင်းရွက်များအရေးပေါ်လိုအပ်နေကြောင်းသိရသည်။ ဘုရားဖြူစစ်ရှောင်စခန်းတွင် စစ်ဘေးရှောင် ၁၆၀ ဦးခန့်နှင့် ဘုရားဖြူကျေးရွာရှိ နေအိမ်များတွင်နေထိုင်သူ စုစုပေါင်း ၆၀၀ ဦးခန့်ကျန်ရှိနေပြီးသောက်သုံးရေနှင့် ဟင်းချက်စရာများလိုအပ်နေကြောင်း သိရသည်။

 

  • ရခိုင်တွင် ပြည်နယ်ပိုင်းနှင့် ပတ်သက်၍ ဖြေဆိုရန်တာဝန်ရှိသူများမှ သတင်းမီဒီယာများအား လက်ခံဖြေဆိုမှုပိုင်းနည်းပါးလားပြီး ဒေသဆိုင်ရာနှင့်ပတ်သက်၍ တာဝန်ရှိသူများ၏ လုပ်ဆောင် မှုအချက်အလက်များကိုပင် သတင်းရရှိရန်ခက်ခဲနေရနေရသည်။ ယခုကဲ့သို့ ပြည်နယ်ကောင်စီ ဘက်ပိုင်းမှ သတင်းမီဒီယာများ၏ သတင်းလိုအပ်ချက်အရမေးမြန်းမှုများနှင့်ပတ်သက်၍ ဖြေဆိုမှု အားနည်းလာ၍ သတင်းရေးသားတင်ပြရမှုအပိုင်းတို့တွင် ခက်ခဲမှုများစွာရှိလာသည်ဟု သတင်းမီဒီယာသမားများကပြောသည်။

 

  • စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် မြန်မာ-အိန္ဒိယနယ်စပ်တွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီ တပ်ကို ဒေသခံကာကွယ်ရေးတပ်နှင့် ဗမာ​ကျောင်းသားအဖွဲ့အစည်း (BSO) တို့က ပူးပေါင်းတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၁၂ ဦးခန့်သေဆုံးခဲ့သည်ဟု ဒေသတွင်း သတင်းအရင်း မြစ်များထံမှသိရသည်။ မြန်မာ-အိန္ဒိယနယ်စပ်ရှိ နဂါးမင်းသမီးရေကန်ဘေးတွင် တပ်စွဲထားသည် အာဏာသိမ်းစစ်တပ်ကို ယနေ့ မနက်ပိုင်းတွင် ဒေသခံကာကွယ်ရေးတပ်နှစ်ဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

  • ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင် ဆောထိမြို့နယ် ဝက်ဆီတောင်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်းစီ၏ (ခမရ ၅၈၉)နှင့်အတူ ယန္တယားတပ်ဖွဲ့များသည် နယ်မြေကျူး ကျော် လမ်းဖောက်လုပ်နေသည့်အတွက် လုံခြုံမှု့ယူထားသော KNLA တပ်မဟာ(၃)၊ တပ်ရင်း(၇)၊ တပ်ခွဲ(၃)တို့ ၂၀၂၂ခုနှစ် မတ်လ (၁၅)ရက်နေ့ နံနက်(၅)နာရီခွဲ အချိန်က ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း KNU က ယနေ့ ထုတ်ပြန်ခဲ့သည်။ တိုက်ပွဲဖြစ်စဉ်တွင် အာဏာသိမ်းအကြမ်း ဖက်စစ်ကောင်စီ၏ ဘက်ခ်ဟိုး (၁)စီး၊ ဒိုဇာ(၁)စီးနှင့် ယဉ်ငယ် (၁)စီးကို ဖျက်ဆီးနိုင်ခဲ့ကာ ဆီကား (၂)စီးနှင့် လက်နက်ငယ် MA3(၁)လက်၊ MA2 (၂)လက်တို့ကို သိမ်း ဆည်းရခဲ့မိပြီး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ထွက်ပြေးသွားပြီး သေဆုံးနေတဲ့ အလောင်း(၁)လောင်းကျန်ရှိခဲ့ ကြောင်း KNU ရဲ့ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

 

#Federal_Journal_Myanmar

#Daily_Ethnic_News_Collection

Related Articles

Back to top button