စကားဝိုင်း

ကြေညာ | ငလျင်ဘေး ပြန်လည်ထူထောင်ရေးနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအလားအလာ(စကားဝိုင်း)

ကြေညာ | ငလျင်ဘေး ပြန်လည်ထူထောင်ရေးနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအလားအလာ(စကားဝိုင်း)

အခုစကားဝိုင်းမှာတော့ အာဏာသိမ်းမှုအလွန် စစ်ဘေးကြောင့် မြန်မာသူတွေ လူသားချင်းစာနာမှု အကူအညီအများကြီး လိုအပ်နေချိန် တဖန်အင်အားပြင်း ငလျင်ကပ်ဘေး ထပ်ကြုံလိုက်ရတော့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီ လိုအပ်မှု ပိုမိုကြီးမားလာတဲ့ စိန်ခေါ်မှုတွေ ဖြစ်နေပါတယ်။ ဒီစိန်ခေါ်မှုတွေက တော်လှန်ရေး အင်အားစုတွေနဲ့ မြန်မာ့ နွေဦးတော်လှန်ရေးအပေါ် ဘယ်လောက်ထိ သက်ရောက်မှု၊ ရိုက်ခတ်မှု ဖြစ်လာနိုင်ပါသလဲ။

တဘက်က စစ်ခေါင်းဆောင်က ရရှားခရီးစဉ်ကနေ ပြန်လာပြီးနောက် ရွေးကောက်ပွဲ ကိစ္စကို ကျယ်ကျယ် ပြန့်ပြန့် တဖန်ပြောလာချိန်မှာပဲ စစ်ကိုင်းဗဟိုပြု အင်အားပြင်း ငလျင်ဒဏ်လှုပ်ခတ်သွားတော့ တကမ္ဘာလုံးကတောင် ဝိုင်းကူရတဲ့ အခြေအနေ ဖြစ်သွားခဲ့သလို စစ်ကောင်စီ အခြေစိုက်တဲ့ နေပြည်တော်ကလည်း ထိခိုက်ပျက်စီးမှုနဲ့ လူအသေအပျောက်များခဲ့လို့ အဲဒီငလျင်နဲ့ ဆက်စပ်ပြီး ဘက်ပေါင်းစုံကနေ ပိုပြီး စိန်ခေါ်မှု ကြီးမား လာနိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။

ဒါပေမယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်(UEC) ဘက်ကတော့ ပြင်းထန်တဲ့ ငလျင်လှုတ်ခတ်မှုကြောင့် ပြည်သူတွေ ထိခိုင်ဆုံးရှုံးမှုအကြီးအကျယ် ဖြစ်ခဲ့တာတောင် ၂၀၂၅ ဒီဇင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပသွား မယ်လို့ ထုတ်ပြန်ကြေညာထားပြန်တယ်။ ဘာကြောင့် စစ်ကောင်စီက ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေ တာလဲ။ ဒီလိုအခင်းအကျင်းမှာ စစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ ငလျင်ဒဏ်သင့်ခဲ့တဲ့ ပြည်သူများရဲ့ ပြန်လည် ထူထောင်ရေးက လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းအပေါ် ဘာတွေ အပြောင်းအလဲ ဖြစ်စေနိုင်မယ်လို့ ထင်ပါသလဲ စသည့် အကြောင်းအရာရှုထောင့်တွေကနေ အဓိကထား ဆွေးနွေးသုံးသပ်သွားကြမှာပါ။

– ပါဝင် ဆွေးနွေးမည့်သူများ

၁။ ဆောင်းနှင်း (လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ)

၂။ မေနှင်း (အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားစုများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ(မန္တလေး)) (AFCC-MDY)

၃။ ရဲဘော် မဟာ (ရန်ကုန် ၅၁၀၂ တပ်ရင်း – ပြည်သူလူထုလုံခြုံရေးဌာန)

၄။ အမ်အက်စ်(MS) (အတွင်းရေးမှူး – လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ/လူငယ်-YNS)

၅။ ဉာဏ်လင်းပြည့် (FJMM / Moderator)

———

အစီအစဉ်

ရက်စွဲ – ဧပြီ ၃၀၊ ၂၀၂၅

အချိန် – ညနေ ၆ နာရီ(မြန်မာချိန်)

———

တပြိုင်တည်းထုတ်လွင့်မှုနှင့် စောင့်မျှော် ကြည့်ရှုနိုင်မယ့် လူမှုကွန်ရက်စာမျက်နှာများ

– Federal Journal Myanmar

– Kachin News Group

– Network Media Group

– The Chinland Post

– Tachileik News Agency

– Mekong News

– Federal FM

– Burma Human Rights Network

– The Daai Times

– မျက်မှောက်ခေတ်

– Rehmonnya FM

– The Tanintharyi Times

– Red Peacock

– ခမ်းသားငေါဝ်း

– Times Of Zotung

– Karenni People’s Voice

– Border News Agency

– Kayan New Generation Youth

– Progressive Karenni People Force

– Action Committee for Democracy Development

– Mon State Development Center

– D Day Channel

– MSI

– Lagon Eain

– Chinland International

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ စီစဉ်သည်။

Related Articles

Back to top button