သတင်း

ကျိုက်ဒုံနယ်မြေရဲစခန်းကို KNLA ပူးပေါင်းတပ်များက ၁၀ မိနစ်အတွင်း သိမ်းပိုက်၊ ဖားကန့်၊ အနန့်ပါ ဖြစ်ရပ်အပေါ် လက်တုန့်ပြန်တာဖြစ်တယ်လို့ဆို

ဓာတ်ပုံ – Daw Na Column (ထုတ်ပြန်ချက်)

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၂၉

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ် ကျိုက်ဒုံနယ်မြေရဲစခန်းကို KNLA တပ်ရင်း ၁၈ နှင့် ဒေါန စစ်ကြောင်း တပ်ခွဲ (၁) ပူးပေါင်းအဖွဲ့က မနေ့က အောက်တိုဘာလ ၂၈ ရက် သော ကြာနေ့ ညပိုင်း ၉ နာရီ ၃၀ မိနစ်အချိန်တွင်ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်း ရမိခဲ့တယ်လို့ ဒေါနစစ် ကြောင်း၊ Daw Na Column-တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲကြာမြင့်ချိန်ဟာ (၁၀) မိနစ်ဝန်းကျင်ခန့်ရှိခဲ့ပြီး လက်နက်ခဲယမ်းများနှင့်အတူ စခန်းသိမ်းနိုင်ခဲ့တာပါ။

သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများဟာ

ရှေ့ထွက်မိုင်း (၄) လုံး

မိုင်းကြိုး (၂) ခွေ

လက်ပစ်ဗုံး (၂၃) လုံး

7.62 ကျည် (၂၅၄၀) တောင့်

၆၀မမ ဗုံးသီး (၂၃) လုံး

G3 (၆) လက်

G3 ကျည်ဘောက် (၁၁) ဘောက်

G4 (၁) လက်

အူဇီ (၂) လက်

ခြောက်လုံးပြူး (၄) လက်

ကွန်မန်ဒိုစိန်ပြောင်း (၁) လက်

ဆသရစက်ကြီး (၁) လုံး

RPG ပို့ယမ်း (၃) တောင့်

တို့ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယခုတိုက်ခိုက်မှုဟာ KIO/KIA နယ်မြေအနန့်ပါ ဖြစ်စဉ်နှင့်တကွ နိုင်ငံတဝန်း စစ်ကောင်စီ၏ တရားမဲ့လုပ်ရပ်များအပေါ် တုန့်ပြန်သော တိုက်ခိုက်မှုတစ်ခု‌ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီစခန်းသိမ်း တိုက်ပွဲမှာတော့ ပူးပေါင်းတပ်ဖွဲ့များဘက်က အထိအခိုက် အကျအဆုံး တစ်စုံ တစ်ရာမရှိဘူးလို့လဲ သိရပါတယ်။

စစ်ကောင်စီ တပ်သားများ၏ထိခိုက် သေဆုံးမှုကိုတော့ အတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ပြီး ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Related Articles

Back to top button