တိုင်းရင်းသားများသတင်းသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများ စုစည်း တင်ပြခြင်း

(No. 94, November 24, 2023)

၁။ ကော်သူးလေ အစိုးရဖွဲ့မှု ကရင်အချင်းချင်းကြားတွင် မေးခွန်းများ ထွက်ပေါ်လာဟု KNU ပြောကြား
    November 23, 2023

ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြ ဦးဆောင်သော ကော်သူးလေတပ်မတော်(KTLA) က ကော်သူးလေအစိုးရဖွဲ့စည်းခြင်း သည် ကရင်အချင်းချင်းကြားတွင် မေးခွန်းအများအပြား ထွက်ပေါ်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) က သဘော ထား ထုတ်ပြန်ခဲ့သည်။ ယခင် KNU လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) စစ်ဦးစီး ချုပ်ဟောင်း ဗိုလ်မှူး ချုပ် စောနယ်ဒါးဘိုမြသည် ရာထူးတာဝန်မှ ရပ်စဲခံလိုက်ရပြီးနောက် ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် KTLA ကို ဖွဲ့စည်းခဲ့သ လို ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်ကလည်း ကော်သူးလေအစိုးရ ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။“ဒီလိုလုပ်ရပ်တွေ ဟာ ကျွန်တော် တို့ အချင်းချင်းကြားထဲမှာ သော်လည်းကောင်း၊ ပြည်သူလူထုကြားထဲမှာ သော်လည်းကောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းတွေက သော်လည်းကောင်း  မေးခွန်းတွေ အများကြီး ထွက်လာပါတယ်” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ၎င်းတို့သဘော ထား ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုသည်။ ကော်သူးလေအစိုးရ(GOK) သည် ကော်သူးလေပြည်နယ်ရှိ ပြည်သူများ၏ အကျိုးကို ထမ်းဆောင်ရန် ပြည်နယ်ဥသျှောင်များဖြစ်သည့် သမ္မတ၊ ဒု-သမ္မတ၊ ဝန်ကြီးချုပ်၊ ဒု-ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့်  သက်ဆိုင်ရာ ဝန်ကြီးဌာနများဖြင့် တရားဝင် ဖွဲ့စည်းသည်ဟု အဆိုပါ GOK က ထုတ်ပြန်ထားသည်။

“ကော်သူးလေ အစိုးရဆိုပြီး ဝန်ကြီးတွေ၊ သမ္မတတွေ၊ ဥသျှောင်တွေနဲ့ ဖွဲ့စည်းတယ် ဆိုပေမယ့်လည်း ဒီမြေဒီရေပေါ်မှာ နေနေတဲ့ ပြည်သူတွေမဟုတ်ဘူး။ နိုင်ငံရပ်ခြား ပြည်ပများမှာ နေထိုင်သူများသာ ဖြစ်ပြီးတော့ သူတို့ကို တော်လှန်‌ရေးမှာ လည်း မသိကြဘူး၊ တော်လှန်ရေးမှာ ပါဝင်နေကြသူတွေလည်း မဟုတ်ဘူး” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး က ထုတ်ပြန် ပြောဆိုသည်။ KNU နယ်မြေတွင် စစ်အာဏာသိမ်းပြီးချိန်မှ စတင်၍ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ အထိ တိုက်ပွဲပေါင်း ၁၁,၆၀၈ ကြိမ် ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၀,၇၄၁ ဦးကို သုတ်သင်နိုင်ခဲ့သလို ၇,၇၇၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါသေဆုံး၊ ဒဏ်ရာရသူ အရေအတွက် စုစုပေါင်း ၁၈,၅၂၀ ဦးသည် တပ်မ တစ်ခုတွင် အင်အား ၇၀၀ သာရှိတော့ သည့် စစ်ကောင်စီ၏ တပ်မ ၂၆ ခုနှင့်လည်း ညီမျှသလို ထိုအခြေအနေသည် စစ်ကောင်စီအတွက် အင်မတန်မှ သွေးပျက်စရာ ကောင်းလှကြောင်း KNU က ထုတ်ပြန်ပြောဆိုသည်။ ကော်သူးလေ အစိုးရ ဖွဲ့စည်းခြင်းသည် ထိုတိုက်ခိုက်မှုများကို မှေးမှိန်သေး သိမ်အောင် လုပ်နေခြင်းဖြစ်ပြီး မည်သည့်အကြောင်းအရာ နောက်ခံမှမရှိဘဲ နေ့ခင်းဖက်မက်သည့် အိပ်မက်တစ်ခုသာဖြစ် ကြောင်း KNU က ဆိုသည်။“ကျွန်တော်တို့ရဲ့ တော်လှန်‌ရေး ဆောင်ရွက်မှုတွေကို ရှုပ်ထွေးဝေဝါးအောင် လုပ်တာဖြစ်တယ်။ ဘာ အကြောင်းအရာ နောက်ခံမှမရှိဘဲ နေ့ခင်းဖက်မက်တဲ့ အိပ်မက်တခုသာဖြစ်ပြီး မကြာမတင်ပျောက်ကွယ်သွားမယ်ဆိုတဲ့ ကျွန်တော်အမြင်ကို မိဘပြည်သူတွေကို ပြောကြားလိုပါ တယ်”ဟု ပဒိုစောတောနီးက ပြောသည်။ https://www.facebook.co m/photo?fbid=673771314891891&set=a.583120797290277

၂။  ရိခေါဒါရ်မြို့တွင် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ပြဌာန်းခွင့်အတွက် CNF နှင့် HPO တို့က        ပူးတွဲဆောင်ရွက်မည်
 November 23, 2023

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့တွင် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ပြဌာန်းခွင့်ကို ကျင့်သုံး နိုင်ရန် ချင်းအမျိုးသားတပ်ဦး(CNF)နှင့် Hualngo People Organization(HPO)တို့ ပူးပေါင်း၍ အုပ်ချုပ်ရေးပိုင်းဆိုင် ရာများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ CNA/CNF နှင့် HPO/CDF-Hualngoram အနေဖြင့် လူထု လုံခြုံရေး၊ ဒေသ တည်ငြိမ်ရေးနှင့် အမှတ် ၂ အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်မှုအဆင်ပြေစေရေးကိုရှေးရှုလျက် ဒေသခံ များ ကိုယ်တိုင်ဖော်ဆောင် သည့် ရိခေါဒါရ်မြို့၊ ပြည်သူ့အုပ်ချုပ်ရေးကို ပူးတွဲ၍ ဆက်လက်အကောင်အထည်ဖော်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း  နိုဝင်ဘာ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ “ချင်းပြည်မှာ ကျွန်တော်တို့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ် ပြဌာန်း ခွင့်ကို ကျွန်တော်တို့ စတင်ပြီးမှ ကျင့်သုံးမယ့်နေရာဖြစ်တယ်။ ဒီကနေစပြီးမှ ကျွန်တော်တို့ရှေ့ဆက်ပြီးမှ ဆောင်ရွက်သွားဖို့ရှိပါ တယ်။ လုံခြုံရေးကို နှစ်လ၊ သုံးလအတွင်း ကျွန်တော်တို့ တင်းတင်းကြပ် ကြပ်ဆောင်ရွက်မှာပါ။ လုံခြုံ‌ရေးဆိုတဲ့နေရာမှာ နယ်မြေ စိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် စစ်ဘက်ဆိုင်ရာ လုံခြုံရေးကို ကျွန်တော်တို့ပေးမှာပါ”လို့ HPO အထွေထွေ အတွင်းရေးမှူး ဂျွန်ရိုဗာ က ပြောကြားသည်။ CNA/CNF နှင့် HPO/CDF-Hualngoram အနေဖြင့် နှစ်ဖက်တိုက်ပွဲကြောင့် စစ်ဘေး ရှောင်ဒေသခံပြည်သူများ ဒေသအတွင်းလုံခြုံချော မွေ့စွာ ပြန်လည်ဝင်ရောက်လာနိုင်‌ရေး၊ ပြည်လည်နေရာချထားရေးနှင့် နယ်မြေ ရှင်းလင်းရေးတို့ကို ပြည်သူလူထုပူးပေါင်းမှု ဖြင့် ဆောင်ရွက်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

နှစ်ဖက်တိုက်ပွဲအတွင်း မိမိအသက်အန္တရာယ်လုံခြုံရေးအတွက် ယာယီစစ်ဘေးရှောင်ဒေသခံပြည်သူများ၊ ဒါဏ်ရာရ ရဲဘော် များနှင့် ပြည်သူတို့၏ လူမှုအခက်အခဲအလုံးစုံကို ကူညီဖြေရှင်းပေးသော မီဇိုးရမ်ပြည်နယ် အစိုးရအပါအဝင် အိန္ဒိယဗဟို အစိုးရ၊ မီဇိုးရမ်ဒေသခံပြည်သူများ၊ လူမှုအသင်းအဖွဲ့များအား အထူးကျေးဇူးတင်ရှိကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။“ဟိုဘက်ကမ်းကို စစ်ဘေးရှောင်တာကို ခွင့်ပြုပေးတယ်။ ခွင့်ပြုပေးတဲ့အပြင် စားနပ်ရိက္ခာတွေကိုလည်း တတ်နိုင်သ လောက် ပံ့ပိုးပေးကြတယ်ပေါ့နော်။ ပြီးတော့ ကျေးရွာလူထုခန်းမတွေမှာလည်း နေရာချပေးထားမျိုးတွေကို လုပ်ပေးပါ တယ်။ အရပ်သား ထိခိုက်မှုအပေါ်မှာ ကျွန်တော်တို့ အင်မတန်မှ ဝမ်းနည်းတယ်။ သို့သော် အထိအခိုက်အနည်းဆုံးဖြစ်ျအာင် ကျွန်တော်တို့ ဆောင် ရွက်ခဲ့တာပေါ့နော်။ အခုအိမ်တွေလည်း ပျက်စီးမှုတွေရှိပါတယ်။ ဒါတွေကို ပြန်လည်ပြုပြင် ကုစားပေး ဖို့တော့ အစီအစဉ်ရှိပါ တယ်”လို့ အထွေထွေအတွင်းရေးမှူးက ဆက်လက်ပြောဆိုသည်။ အိန္ဒိယ – မြန်မာနယ်စပ်ရှိ ရိခေါဒါရ်မြို့ကို  ပြီးခဲ့သည် နိုဝင်ဘာ လ ၁၃ ရက်က  CNF/CNA၊ CDF –Zanniatram ၊ PDA – Tedim၊ CDF – Thantlang နှင့် ဒေသအခြေစိုက် CDF – Hualngoram တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ https://www.facebook.com/photo/?fbid=673964824872540&set=pcb.67396 5194872503

၃။ လွိုင်ကော်တိုက်ပွဲတွင် ဓာတုဓာတ်ငွေ့ဗုံး စစ်တပ် အသုံးပြုလာဟုဆို
    November 23, 2023

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က ဓာတုဓာတ်ငွေ့ဗုံး အသုံးပြုလာကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။ နိုဝင်ဘာ ၁၉ ရက်နေ့က လွိုင်ကော်မြို့တွင်း တိုက်ပွဲတွင်  ဓာတုဓာတ်ငွေ့ အမျိုး အစား ဗုံးများကို စစ်ကောင်စီတပ်က အသုံးပြုတိုက်ခိုက်လာခြင်းကြောင့် တော်လှန်ရေးရဲဘော်အချို့ ပုံမှန်မဟုတ်သော မူးမော်အော့အန်ခြင်းတို့ဖြစ်ခဲ့ကြောင်း  သိရသည်။“လွန်ခဲ့တဲ့ ၃ ရက်က စသုံးတာ။အဆိပ်ငွေ့ဗုံးတွေပေါ့။ ရဲဘော်တချို့ဆိုရင် မူးပြီး အော့အန် ကြတယ်။လူကမလှုပ်နိုင်အောင် နုံးချိသွားတယ်လို့ပြောတယ်။အဲ့အဆိပ်ငွေ့ဗုံးကြောင့် ကျဆုံး ရဲဘော်တော့ မရှိပါဘူး” ဟု ၎င်းက ပြောသည်။ ဓာတုဓာတ်ငွေ့အမျိုးအစား ဗုံးကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၄ ရက်နှင့် ၂၅ ရက်နေ့ တို့တွင် အသုံးပြုတိုက်ခိုက် မည်ဟု လွိုင်ကော်မြို့တွင်း၌ သတင်းထွက်ပေါ်နေကြောင်း လွိုင်ကော်မြို့သိမ်းတိုက်ပွဲ၌ ပါဝင် တိုက်ခိုက်နေသည့် နေပြည်တော် ပကဖ စစ်ရေးတာဝန်ခံ ဗိုလ်တေဇ က ပြောသည်။

“အခုက လွိုင်ကော်ကို ဖုန်းရော အင်တာနက်လိုင်းရော ဖြတ်ထားတာ။ အခုအစ်ကိုတို့က လွိုင်ကော်က ရှေ့တန်းနေရာကို ရောက်နေလို့ လိုင်းရတာ။ သူတို့ဘက်က ဓာတုဓာတ်ငွေ့ဗုံးအမျိုးအစားသုံးမယ်လို့ အစ်ကိုတို့လည်းကြားပါတယ်။ ကောလာ ဟလလား၊ တကယ်ပဲ သုံးမလားဆိုတာတော့ တကယ်ကြဲမှပဲသိမှာ။ဒီဘက်က တော်လှန်ရေး အဖွဲ့တွေလည်း သတင်းရထား ပါတယ်”ဟု ၎င်းက ပြောသည်။ လွိုင်ကော်မြို့တွင်း၌ နိုဝင်ဘာ၂၂ ရက်၊မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ ည ၈ နာရီအထိ တိုက်ပွဲများ ပြင်းထန်ခဲ့သော်လည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု  မရှိကြောင်း KNDF စစ်ရေးသတင်းရင်း မြစ်က ပြောသည်။ “မနေ့က တိုက်ပွဲတောက်လျှောက်ပြင်းထန်တယ်။ စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဗုံးကြဲတာမျိုး မရှိဘူးပေါ့။ သူတို့ဘက်က လေကြောင်းပစ်ခတ်ခံရမှာကို ကြောက်နေပုံရတယ်။ လွိုင်ကော် ဒကစနားမှာတော့ ရဟတ်ယာဉ် တစ်စီးရှိတယ်။ သူက အပေါ်က နေပြီး ကင်းထောက်နေတဲ့ သဘောပေါ့”ဟု ၎င်းကပြောသည်။ https://www.faceb ook.com/photo?fbid=9041828644044 36&set=pcb.904183001071089
၄။ ထားဝယ်မြို့  အရှေ့တောနယ်တွင် တိုက်ပွဲဖြစ်၊ မိသားစုဝင် ၃ ဦး လက်နက်ကြီးထိမှန် သေဆုံး
   November 23, 2023

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်နှင့် အနီးဆုံးရှိသည့် အရှေ့တောနယ်ကတိုက်ပွဲဖြစ်ပွားမှုကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် မိသားစုဝင် ၃ ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးသွားကြောင်း ဒေသခံများကပြောသည်။  နိုဝင်ဘာ ၂၃ ရက်နေ့ နံနက် ၅ နာရီ ဝန်းခန့် အချိန်တွင် ကျောက်မဲတောင်ရဲစခန်းနှင့် ဟိန္ဒားစစ်ကောင်စီ စခန်းတို့ကို ပြည်သူ့ ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ သွားရောက်တိုက်ခိုက်ရာမှ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုကြောင့် လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ ခြင်းဖြစ်သည်။ စစ်ရှောင်အမျိုးသားတစ်ဦးက “တိုက်ပွဲက ဒီနေ့မနက်က တချိန်လုံးဖြစ်နေတာပါ၊ စစ်တပ်ဖက် ကတော့ လက်နက် ကြီး လက်နက်ငယ်တွေအများကြီးပစ်နေတော့ ရွာသားတွေအကုန်ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတယ်” ဟု ပြောသည်။ စစ်ကောင်စီ ၏ စခန်းနှစ်ခုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က အင်အားအများပြားဖြင့် စခန်းသိမ်း တိုက်ပွဲအဖြစ် သွားရောက် တိုက်ခိုက် ချိန်တွင် နှစ်ဖက် တိုက်ပွဲ ပြင်းထန်ခဲ့ရာမှ လက်နက်ကြီးကြောင့် ဟိန္ဒားရွာက အရပ် သားဒေသခံ နေအိမ် တစ်လုံးပေါ် ကျရောက် ပေါက်ကွဲခဲ့သည်။ ယင်းလက်နက်ကြီးကြောင့် အသက် ၈ နှစ်ရှိ ကလေးငယ် တစ်ဦးနှင့် မိခင် ဖြစ်သူတို့သည် နေရာတွင်သေဆုံးခဲ့ပြီး ကျန်တစ်ဦးလည်း ပြင်းထန်ဒဏ်ရာရပြီးနောက် ထပ်မံသေဆုံးခဲ့ သည်ဟု စစ်ဘေးရှောင်များကပြောသည်။

အဆိုပါ နှစ်ဖက် ပြင်ထန်ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် မွန်းလွဲ ၂ နာရီအထိ ဒေသခံများဘေးလွတ်ရာ ထွက်ပြေးနေ ရပြီး နှစ်ဖက်ပစ်ခတ်မှုများလည်း ဆက်ရှိနေဆဲဖြစ်ကြောင်း ဒေသခံ စစ်ရှောင်များ၏ ပြောဆိုချက် အရသိရသည်။  နှစ်ဖက်တိုက် ပွဲကြောင့် ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး လက်ရှိအချိန်အထိ စစ်ရေးသတင်း ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။ အလားတူ ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်နေ့တွင် ထားဝယ်မြို့နယ်၊ မောင်မယ် ရှောင်ရွာက ရှင်ဓာတ်ဝဲ ဘုရားအနီးတွင် ရှိသည့် စစ်ကောင်စီစခန်းနှစ်ခုကို တိုက်ခိုက်မှု ဖြစ်စဉ်ရှိခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့ ကြောင်း DGRF တပ်ခွဲ (၂) ပြည်သူ့ ကာကွယ်ရေး  တပ်ဖွဲ့ထံက သိရသည်။ https://www.faceboo k.com/photo/?fbid=78673 6853465743&set=a.682731967199566
၅။ လော်ဝေါ်မျိုးနွယ်ထဲက ခေါင်းဆောင်တစ်ချို့ ပြည်သူ့စစ်ဖွဲ့စည်းဖို့ တပ်သားစုဆောင်းတာတွေ လုပ်ဆောင်နေ
   November 23, 2023

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့နယ်မှာရှိတဲ့ လော်ဝေါ်မျိုးနွယ်စုခေါင်းဆောင်တစ်ချို့ဟာ စစ်ကောင်စီ ဩဇာခံ ပြည်သူ့စစ်ဖွဲ့စည်းဖို့ ပြင်ဆင်နေပြီး တပ်သားစုဆောင်းတာတွေ လုပ်ဆောင်နေတယ်လို့ ဝိုင်းမော်မြို့ခံ လော်ဝေါ် မျိုးနွယ် စုဝင် တွေဆီကနေ သိရပါတယ်။ ခုလို ပြည်သူ့စစ်ဖွဲ့စည်းဖို့ ပြင်ဆင်နေကြတဲ့အပေါ် အဓိကလော်ဝေါ်မျိုးနွယ်စုဝင် လူငယ် တွေကို တပ်သားသစ်စုဆောင်းတာအပြင် လော်ဝေါ်အမည်နာမကိုသုံးပြီး လော်ဝေါ်ပြည်သူ့စစ်သဖွယ် လုပ်ဆောင်လာတာ တွေကြောင့် လော်ဝေါ်မျိုးနွယ်စုဝင်တွေကြားမှာ ဝေဖန်သံတွေ ခပ်စိပ်စိပ်ထွက်ပေါ်လာပါတယ်။ လက်ရှိ ပြည်သူ့စစ်လုပ်ဖို့ စည်းရုံးနေကြတဲ့ အပေါ်မှာလည်း လော်ဝေါ်မျိုးနွယ်စုတွေကြားမှာ စည်းရုံးလှုံ့ဆော်တာတွေ၊ ပြည်သူ့စစ်ထဲဝင်ဖို့ တပ်သား စုစောင်းတာတွေ ကျယ် ကျယ်ပြန့်ပြန့် ပြောဆိုနေတာဟာ ခုဆိုရင် ၂ လ လောက်ကြာမြင့်လာပြီဖြစ်တယ်လို့ ဒေသခံတွေ ကပြောပါတယ်။“လော်ဝေါ်မျိုး နွယ်ထဲမှာ ပြည်သူ့စစ်ဆိုပြီး အရင်တုန်းကလည်းတစ်ခါကြားဖူးတယ်။ အဲ့နောက်ပိုင်းပြန် မကြားရတော့ အခုမှပြန်ပေါ်လာတယ်။ သိပ်မကြာသေးဘူး လပိုင်းပဲရှိသေးတယ်။ စုံစမ်းကြည့်ရသလောက်ဆို စစ်ကောင်စီ ကနေ လက်ရှိ လီဆူပြည်သူ့စစ်အဖွဲ့တွေနဲ့ ပူး ပေါင်းလိုက်ကြဖို့ ပြောထားတယ်လို့ကြားတယ်တဲ့ အဲ့လိုတော့ကြားနေရ တယ်”လို့ ဝူယာန် လော်ဝေါ်ဒေသခံတစ်ယောက်ကပြော ပါတယ်။ ပြည်သူ့စစ်ဖွဲ့စည်းဖို့နဲ့ ပတ်သက်ပြီး တရားဝင်စည်းရုံး ပြောဆို မျိုးမဟုတ်ပေမယ့် နီးစပ်ရာဆွေမျိုးအချင်းချင်းနဲ့ လော်ဝေါ် ဘာသာရေးကျောင်းတွေမှာဦးတည်ပြီးတော့ စည်းရုံး ရေးတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

အခုလို နိုင်ငံရေးရှုပ်ထွေးနေတဲ့ကြားထဲမှာ စစ်ကောင်စီရဲ့လက်အောက်မှာ ရပ်တည်ပြီးတော့ ပြည်သူ့စစ်လုပ်ကိုင်ဖို့ လှုံ့ဆော် နေသူတွေဟာ မိမိရဲ့ ကိုယ်ကျိုးစီးပွားရေးအတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတဲ့ လုပ်ရပ်တစ်ခုသာဖြစ်တယ်လို့ ဝူယာန်လော်ဝေါ်ဒေသခံတစ်ယောက် အဆက်လက်ကန့်ကွက်ပြောဆိုထားပါတယ်။“ဒါက သူတို့လုပ်ဆောင်နေတဲ့ စိတ်ဓါတ် က ပေါ်လွင်စေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တရားဝင်လုပ်ရဲတာလည်း မဟုတ်ဘူး ပုန်းသျှိုးကွယ်သျှိုးလုပ်နေကတည်းက လော်ဝေါ်တစ်မျိုးသားလုံးနဲ့ လုံးဝသက်ဆိုင်မှုမရှိပါဘူး။ သူတို့ ကိုယ်ကျိုးစီပွားမြင်လို့ အခုလိုလုပ်လာတယ်လို့ပဲမြင်ပါတယ်။ ဘာ လို့ဆိုတော့ လက်နက်အားကိုးပြီးမှသာ သူတို့လုပ်ချင်သလိုလုပ်ကြမှာလေ။ ပြောချင်တာက သူတို့ဖာသူတို့ စစ်တပ်နဲ့ ဆက်သွယ် ပြီးလုပ်နေတယ်လို့ပဲ မြင်ပါတယ်”လို့ပြောပါတယ်။ လော်ဝေါ်မျိုးနွယ်စုဝင်တွေကို ပြည်သူ့စစ်ဖြစ်လာဖို့ ကြိုးစား နေတဲ့ ဦးဆောင် သူတွေထဲမှာ ကော်မတီဝင် ၁၀ ယောက်လောက်ပါဝင်တယ်လို့သိရပြီး ဝိုင်းမော်မြို့၊ လမြန်၊ အင်ဂျန်ဒုံ၊ မိုင်းနား၊ လဘန်ကထောင် နဲ့လယ်ကုန်း စတဲ့နေရာအသီးသီးက လော်ဝေါ်လူကြီးတစ်ချို့တွေဖြစ်ကြတယ်လို့ သိရပါတယ်။ နိုင်ငံရေးရှုပ်ထွေးနေတဲ့ ကြား ကာလမှာ မိမိရဲ့ကျိုးစီးပွားရေးနဲ့ လော်ဝေါ်တစ်မျိုးသားလုံးနဲ့ သက်ဆိုင်မှုမရှိတဲ့ အသင်းအဖွဲ့ ဆောင်ရွက်ရာတွေမှာ လော်ဝေါ် အမည်နာမကို သုံးစွဲတာတွေ မပြုလုပ်ကြဖို့ရန်အတွက် လော်ဝေါ်စာပေနှင့် ရိုးရာယာဉ် ကျေးမှု ဗဟိုကော်မတီ ဥက္ကဋ္ဌ လမောင်ဂျုံးဒိုင် ကလည်း အခုလိုပြောဆိုထားပါတယ်။“လော်ဝေါ်ဆိုတဲ့ အမည်နာမက လော်ဝေါ်တစ်မျိုးသားလုံးနဲ့ သက်ဆိုင် တဲ့ အမည်နာမဖြစ်တယ်။ ဒါကြောင့် ‘လော်ဝေါ်’ဆိုတဲ့ အမည်နာမကို သုံးလာပြီဆိုရင် ကျနော်တို့ လော်ဝေါ်ရိုးရာယာဉ်ကျေးမှု ကော်မတီရဲ့ ခွင့်ပြုချက်ရယူရမှာဖြစ်တယ်။ တကယ်လို့ ခွင့်ပြုချက် သဘောတူညီ ချက်မယူဘဲနဲ့ လော်ဝေါ်ပြည်သူ့စစ်ရှိလာခဲ့ရင် လည်း ခွင့်ပြုပေးမှာမဟုတ်သလို ကန့်ကွက်သွား ဖို့ပဲရှိပါတယ်”လို့ ပြောပါ တယ်။ ခုလိုလော်ဝေါ်မျိုးနွယ်စုဝင်တွေရဲ့ အမည်နာမ ကို အသုံးပြုပြီး လော်ဝေါ်ပြည်သူ့စစ်သဖွယ် လုပ်ဆောင်လာနေတဲ့ အပေါ် မျိုးနွယ်စုဝင်တွေကြားမှာ ကန့်ကွက်တာတွေကြောင့် ဆော့လော်ဌာနယ်ပြည်သူ့စစ်ဆိုတဲ့ခေါင်းစဉ်နဲ့ ထပ်ပြီးပြင် ဆင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။ https://burmese.kachinnews.com/2023/11/23/yl1-139/

၆။ ပေါက်တောမြို့က တက္ကသိုလ်ကျောင်းသားများ ထောက်ခံစာမရသဖြင့် နေရပ်ပြန်ရန်ခက်ခဲနေ
    November 23, 2023

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်သို့ပြန်မည့်ကျောင်းသား၊ ကျောင်းသူများကို စစ်တွေတက္ကသိုလ်ရှိ တာဝန်ရှိသူများ က ထောက်ခံစာမထုတ်ပေးသဖြင့် နေရပ်ပြန်ရန်ခက်ခဲနေကြကြောင်း ကျောင်းသား ကျောင်းသူများထံကသိရသည်။ ရခိုင်ပြည် နယ်အတွင်း စစ်ကောင်စီတပ်နှင့်ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲများတစ်ကျော့ပြန် ဖြစ်ပွားလာခဲ့ပြီးနောက် ရခိုင် ပြည်နယ်တစ်ဝှမ်းသွားလာခွင့်များကို စစ်ကောင်စီကကန့်သတ်ထားခဲ့သဖြင့် ပေါက်တောမြို့နယ်က ကျောင်းသား၊ ကျောင်း သူများ နေရပ်ပြန်ရန်ခက်ခဲနေခြင်းဖြစ်သည်။ “အဓိကကတော့ စစ်ကောင်စီက ခွင့်မပြုလို့ ပေါက်တောက ကျောင်းသား တွေကို ကျောင်းအာဏာပိုင်တွေက ထောက်ခံစာမထုတ်ပေးတာလို့ သိရတယ်။ ကျောင်းသားကတ်ပဲ ပြန်ထုတ်ပေးပြီး ထောက်ခံစာမ ထုတ်ပေး တော့ အိမ်ပြန်ဖို့ အဆင်မပြေဘူး။ ထောက်ခံစာမပါဘဲပြန်လို့ လမ်းမှာ စစ်ဆေးတာ‌တွေနဲ့တိုး ရင် ‌အဖမ်းခံရဖို့ သေချာသလောက် ရှိတော့ ဘယ်သူမှမပြန်ရဲကြဘူး။ ကျောင်းက ထောက်ခံစာမပါရင်ကို ကားလက်မှတ်၊ သင်္ဘောလက်မှတ်တွေလည်း ဘာမှဝယ် မရဘူး” ဟု စစ်တွေတက္ကသိုလ်၊ သမိုင်းမေဂျာက တတိယနှစ်ကျောင်းသား တစ်ဦးက ပြောသည်။

စစ်တွေတက္ကသိုလ်တွင် ပညာသင်ကြားနေသည့် ရခိုင်ပြည်နယ်တစ်ဝှမ်းက ကျောင်းသား၊ ကျောင်းသူများကို ကျောင်း အာဏာပိုင်များထုတ်ပေးသည့် ထောက်ခံစာဖြင့်သာ နေရပ်ပြန်ခွင့်ပြုမည်ဖြစ်ကြောင်း စစ်ကောင်စီက အသိပေးထားပြီး ယခု ပေါက်တောမြို့နယ်သို့ပြန်မည့် ကျောင်းသားကျောင်းသူများကို ထောက်ခံစာမထုတ်ပေးရန် တားမြစ်ထားခဲ့ခြင်းဖြစ် ကြောင်း သိ ရသည်။ “ပေါက်တောက ကျောင်းသားတွေကို ထောက်ခံစာမထုတ်ပေးနဲ့ဆိုတော့ မပြန်နဲ့ဆိုတဲ့ သဘောပဲ။ မပြန်လို့ ဒီမှာ ဘယ် မှာနေပြီး ဘာတွေစားသောက်ရမှာလဲ။ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း‌တွေလည်းဖြတ်ထားတော့ အိမ်နဲ့ အဆက်အသွယ် လုံးဝမရ ဘူး။ ကျွန်တော့်လိုပဲ အိမ်မပြန်ရတဲ့ ပေါက်တောက ကျောင်းသား၊ ကျောင်းသူတွေအတွက် အခက်အခဲတွေက အများကြီးပါ”ဟု ပေါက်တောမြို့နယ်မှ စစ်တွေတက္ကသိုလ်တွင် လာရောက်ပညာသင်ကြားနေသည့် ပထမနှစ်ကျောင်းသားတစ်ဦးက ဆိုသည်။ “အိမ်ပြန်ရအောင် ထောက်ခံစာမထုတ်ပေးဘူးဆိုရင်လည်း သူတို့တစ်ခုခုတော့ စီစဉ်ပေးကြပေါ့။ ဒီအတိုင်း စစ်တပ် ကမထုတ် ပေးနဲ့ ဆိုတာနဲ့ မထုတ်ပေးဘဲ ပြီးသွားကောလား။ စီစဉ်ပေးဖို့တွေဘာတွေ လည်း မတောင်းဆိုပါဘူး။ အိမ်ပြန်လို့ရအောင် ထောက်ခံစာထုတ်ပေးဖို့ပဲ တိုက်တွန်းသွားမှာ ဖြစ်ပါတယ်”ဟု စစ်တွေ တက္ကသိုလ် ကျောင်းသားများသမဂ္ဂက တာဝန်ရှိသူ တစ်ဦး က ပြောသည်။ စစ်တွေမြို့ပေါ်တွင် သောင်တင်နေသည့် ‌တက္ကသိုလ်ကျောင်းသားများသည် နေရပ်ပြန်ရန် အခက်အခဲများရှိနေ သလို စစ်ကောင်စီကအကြမ်းဖက် ဖမ်းဆီးခြင်းများကို လည်း ခံနေရကြောင်းစုံစမ်းသိရသည်။ https://www.facebook.com/ photo?fbid=903921017763954&set=a.776968607125863

၇။ ဒီးမော့ဆို စစ်ရှောင်စခန်းတစ်ခုကို  စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲ၊ထိခိုက်သေဆုံးမှုရှိ
    November 22, 2023

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်း မှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာထိခိုက်သေဆုံးသူများရှိကြောင်း သိရသည်။ နိုဝင်ဘာလ ၂၁ ရက်နေ့၊ နံနက် ၉ နာရီ ၁၅မိနစ်ခန့်က ဒီးမော့ ဆိုမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းတစ်ခုပေါ်သို့ ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း ခိုင်မာသည့်သတင်းရင်းမြစ်ကပြောသည်။ “မနေ့က စစ်တပ်ကလေကြောင်းနဲ့ ကြဲသွားတာ။ ၁၀လုံးလောက်ရှိမယ်ထင်တယ်။ သေဆုံးသူတွေလည်း ရှိတယ်။ တိတိ ကျကျတော့ မသိရ သေးဘူး”ဟု ၎င်းက ပြောသည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူ ၁၁ ဦး ထိခိုက် ဒဏ်ရာရခဲ့ပြီး သေဆုံးသူများလည်းရှိကြောင်း ဒီးမော့ဆိုအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။ “စစ်ရှောင်စခန်း ထိခိုက်သေ ဆုံးမှုကများတယ်။ ဒီးမော့ဆိုဘက်ခြမ်းရဲ့ နေရာတွေကစကစဘက်မှာရှိပြီးသား။ ဒီးမော့ဆိုမှာ စစ်ကောင်စီက လေယာဉ်ဗုံးကြဲ လို့ သက်ကြီးရွယ်အိုတွေနဲ့ ပရဟိတဆရာမတစ်ဦး အပါအဝင် ၁၁ ဦး ထိခိုက်ဒဏ်ရာရ သွားတယ်”ဟု ၎င်းက ပြောသည်။

လွိုင်ကော်မြို့တွင်း၌ တိုက်ပွဲပြင်းထန်နေသဖြင့် ဒေသခံပြည်သူများသည် ဒီးမော့ဆိုမြို့နယ်နှင့် လတ်တလော ဘေးကင်း နေသေးသည့် မြို့နယ်များသို့ ရှောင်တိမ်းနေကြသော်လည်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကယား (ကရင်နီ) ပြည်နယ်အပြင်ဘက်သို့ တိမ်းရှောင်ကြသူများလည်းရှိလာကြောင်း Kayah Women’s Organization မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “ထွက်ပြေးတိမ်းရှောင်ရင်း လက်နက်ထိမှန် သေဆုံးဒဏ်ရာရတဲ့သူတွေလည်း အများ အပြားရှိသလို အိုးအိမ်ပျက်စီးဆုံးရှုံး ကြရတဲ့ ပြည်သူတွေလည်းအများရှိပါတယ်။အဲ့ဒါကြောင့် စစ်ရှောင်လာတဲ့သူတွေ အတော်များများ စိတ်ပိုင်း ဆိုင်ရာ ထိခိုက်မှုတွေလည်း ကြုံတွေ့ရတဲ့ သူတွေရှိတယ် “ဟု ၎င်းက ပြောသည်။ https://ww w.facebook.com/photo/?fbid =903799101109479&set=a.776968607125863

၈။ တိုက်ပွဲကြောင့် လိုင်လင်းပီဒေသခံ ၃၀၀၀ နီးပါးတိမ်းရှောင်နေရ
    November 23, 2023

ချင်းပြည်နယ်၊ မတူပီမြို့နယ် လိုင်လင်းပီမြို့မှာ နိုဝင်ဘာ ၂၀ ရက်ကစပြီး စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက် နေတာကြောင့် မြို့ခံ ၄ ယောက် သေဆုံးပြီး ၃,၀၀၀ နီးပါး အရေးပေါ် စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လိုင်လင်းပီမြို့မှာ နိုဝင်ဘာ ၁၉ ရက်ကစပြီး ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။ စစ်ဘေးတိမ်းရှောင် ကြရသူတွေ ဟာ လိုင်လင်းပီမြို့နဲ့ နီးစပ်ရာကျေးရွာတွေနဲ့ တောတောင်တွေမှာအပြင် အိန္ဒိယနိုင်ငံဘက်ကိုလည်း ထွက်ပြေး တိမ်းရှောင်ခဲ့ကြ ရတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်တွေဟာ အရေးပေါ် တိမ်းရှောင်ကြရတဲ့အတွက် အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာနဲ့ အနွေးထည် တွေလည်း လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။“လေကြောင်းကြောင့် သေတဲ့သူထဲ က ၂ ယောက်က သင်္ဂြိုဟ်ပြီးပြီ၊ ၂ ယောက်က အလောင်းမရသေးဘူး။ မြို့ခံတွေက အိန္ဒိယဘက်အချို့ ပြေးကြတယ်၊ ရွာတွေနား က တောတွေမှာ ပုန်းတဲ့သူတွေလည်းရှိတယ်” လို့ မတူပီမြို့ခံတဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်ကလည်း ချင်းပြည် နယ်တောင်ပိုင်း မတူပီမြို့နယ် ဝေလူး (Voilu) ကျေးရွာမှာ လေကြောင်းဗုံးကြဲခံရ တာကြောင့် ကလေးငယ် ၈ ယောက် အပါအဝင် ဒေသခံ ၁၁ ယောက် သေဆုံးခဲ့ပါသေးတယ်။ https://burmese.dvb.no/post/626359

၉။ လောက်ကိုင်တွင် စစ်ရှောင်ယာဉ်ကို စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုအရပ်သား ၁၄ ဦးသေဟု MNDAA    ထုတ်ပြန်
   November 23, 2023

ကိုးကန့်ဒေသ လောက်ကိုင်မြို့တွင် စစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့် စစ်ဘေးရှောင်ယာဉ်ကိုပစ်ခတ်ခဲ့၍အရပ်သား ပြည်သူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ဟု ကိုးကန့်တပ်မတော်(MNDAA)က သတင်းထုတ်ပြန်သည်။ နိုဝင်ဘာ ၂၂ ရက်က  လောက် ကိုင်နှင့် အနီးဝန်းကျင်တွင် MNDAA နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ နံနက် ၉ နာရီခွဲတွင် လောက်ကိုင်၊ တုန်ချိန် ဒေသသို့မောင်းနှင်းလာသော ဒုက္ခသည်ယာဉ်တစ်စီးသည် စစ်ကောင်စီမှ ပစ်ခတ်သော လက်နက်ကြီး ကျည်ထိမှန်ပြီး ပေါက်ကွဲမှုကြောင့် ကားပေါ်ရှိဒုက္ခသည်အားလုံးသေဆုံးခဲ့ကြောင်း၊ သေဆုံးသူမှာ အနည်းဆုံး ၁၄ ဦးရှိ ကြောင်း MNDAA က ထုတ် ပြန်သည်။ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကလည်း လောက်ကိုင်၌ အရပ်သား သေဆုံးထိခိုက်မှုများမှာ လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်က လက်နက်ကြီးပစ်ခတ်၍ဟု ယမန်နေ့တွင် ပြောကြားထားသည်။

“ဒီနေ့ကတော့ လောက်ကိုင်မြို့အထွက်ပေါ့နော် ကျနော်တို့ခေါ်တာ လေးမျက်နှာစေတီကုန်းရဲ့ အနောက်ဘက်မှာ တိုက်ပွဲဖြစ် တာ။ ကျနော်တို့နဲ့ စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်တယ်။အဲဒါကို စစ်ကောင်စီ လောက်ကိုင် ဒကစကနေ လက်နက်ကြီးတွေ ထု တယ်။ ထုတော့လက်နက်ကြီး ထုတဲ့အချိန်တစ်လုံးက မြို့တွင်းကိုကျရောက်ပြီးတော့မှ အရပ်သားရဲ့ကားကို သွားရောက်ထိ မှန်တယ်။ ထိမှန်တော့ ပေါက်ကွဲပြီး အရပ်သားတွေ ပွဲချင်းပြီး ဆုံးတာတော့ရှိပါတယ်။ ဒါ့ပေမဲ့ မြို့တွင်းဆိုတော့ အခြေအနေ အသေးစိတ်ကို ကျနော်တို့လည်းမသိရဘူး”ဟု MNDAA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ စစ်ကောင်စီ၏ ရမ်းတမ်း ပစ်ခတ်မှုကြောင့် ‌အပြစ်မဲ့ပြည်သူများသေဆုံးဒဏ်ရာရမှုများ ယခင်ကလည်း ရှိခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၁ ရက်နေ့ က လည်း စစ်ကောင်စီ တပ်၏ လက်နက်ကြီးကြောင့် ရှီယွင်ကြည် ပါရှင်ကျော်နေရာရှိ စစ်ဘေးရှောင် ပြည်သူလူထုများရှိရာသို့ ကျရောက်ပေါက်ကွဲ၍ သေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း MNDAA က ထုတ်ပြန်သည်။ https://www.facebook .com/LuduNwayOo/videos/15242 02271673898
၁၀။ နာဂဒေသ၊ လဟယ်မြို့နယ်တွင် Non-CDM ဝန်ထမ်း ၁၀၀ ကျော်ကို ခလရ ၂၇၂ တပ်ထဲတွင် အခြေခံစစ်ပညာ သင်တန်း စစ်ကောင်စီက ပေးနေ
November 24, 2023

စစ်ကိုင်းတိုင်း၊ နာဂဒေသ ၊ လဟယ်မြို့နယ်တွင် Non-CDM ဝန်ထမ်း ၁၀၀ ကျော် ကို စစ်ကောင်စီက ခလရ ၂၇၂ တပ်ထဲ တွင် အခြေခံစစ်သင် တန်း ပို့ချနေပြီဖြစ်ကြောင်း ဝန်ထမ်းများထံမှ သိရှိရသည်။ နိုဝင်ဘာလ ၂၀ ရက်နေ့မှစတင်ပြီး လဟယ်မြို့ နယ်ရှိ Non-CDM ဌာနဆိုင်ရာဝန်ထမ်း  ၁၀၀ ကျော်ကို  အခြေခံစစ်သင်တန်း ပေးနေခြင်းဖြစ်ကြောင်း၊ သင်တန်းကာလ သီတင်း ၄ ပတ် (၁ လ) ကြာမြင့်မည်ဖြစ်ကြောင်း ၊ ဝန်ထမ်းများအားလုံး မဖြစ်မနေ စစ်သင်တန်းတက် ရန်  နာဂဒေသစစ်ကောင်စီအတွင်း ရေးမှူး  နေမင်းသူ က အတင်းအကျပ်ဖိအားပေးစေခိုင်းနေကြောင်း သိရှိရသည်။ “ဝန်ထမ်းတစ်ဦးကို နေ့တွက်ကြေး တစ်ရက် ကျပ် ၇၀၀၀ ပေးပါတယ်။ အခြေခံစစ်သင်တန်းတွေကို  မကြာခင် ခရိုင်အဆင့် ရုံးဌာနတွေနဲ့ ရပ်ကွက် ကျေးရွာတွေမှာလည်း ပေး တော့မယ်လို့ သိရတယ်” ဟု ဖရဲသီးဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

လဟယ်မြို့နယ်မှ ဝန်ထမ်းတချို့မှာ စစ်ကောင်စီ ပေးနေသည့် အခြေခံစစ်ပညာ သင်တန်းကို မတက်ရောက်လိုသော် လည်း မဖြစ်မနေ တက်ရမည်ဟု ဖိအားပေးနေသဖြင့် အခက်ကြုံနေရကြောင်း သိရှိရသည်။ “ဝန်ထမ်းတွေက  ကြောက်ရွံ့နေကြ တာပေါ့။ နှစ်ပေါင်းများစွာ လက်နက်ကိုင်လာပြီး တိုင်းပြည်ကို အသက်ပေးကာကွယ်ပါ့မယ်လို့ ကတိပေးတဲ့ စစ်သားအရင့် အမာ ကြီးတွေတော့ ဒီလောက်သေနေတာ ကျနော်တို့ ဝန်ထမ်းတွေက  ဘာ မို့ လို့ အသက်ပေးကာကွယ်ရမှာလဲ။ ဘယ်လို လုပ်နိုင်မှာ လဲ။ ပြည်သူအချင်း ချင်း ရန်တိုက်လုပ်ရပ်အတွက် ကျနော်တို့လည်း သမိုင်းတရားခံအဖြစ်မခံနိုင်ဘူး” ဟု ဖရဲသီး ဝန်ထမ်းတစ်ဦး က ဆိုသည်။ အခြေခံစစ်ပညာသင်တန်းကို ခလရ ၂၇၂ တပ်ထဲတွင် ပြုလုပ်နေခြင်းဖြစ်ရာ စစ်သင်တန်း တက်ချိန်တွင် အခြေခံ ရိက္ခာ ၄ မျိုးပါပေးမည်ဖြစ်ကြောင်း သိရှိရသည်။ https://www.facebook.com/photo/?fbid=704170018477274&set=a.5 68142278746716
၁၁။ ဘုရားသုံးဆူမြို့မှာ စစ်‌ကောင်စီ ဒုတပ်ရင်းမှူးတစ်ဦး ပစ်သတ်ခံရ
     November 23, 2023

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့မှာ နိုဝင်ဘာ ၂၃ ရက်နေ့ မနက် ၉ နာရီအချိန် ခန့်က စစ်ကောင်စီ ဒုတပ်ရင်းမှူးတစ်ဦး စနိုက်ပါနဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရ ပါတယ်။ ကော့ကရိတ်အခြေစိုက် စစ်ကောင်စီအမှတ်(၉၇) ခြေလျပ်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးအေးချမ်းဟာ ဘုရားသုံးဆူ မြို့ရှိ Beauty Parlor ဆိုင်မှာ ဆံပင်ညှပ်ပြီးနောက် ပြန်ဖို့ပြင်ဆင်နေချိန်မှာ စနိုက်ပါနဲ့ပစ်ခတ်ခံခဲ့ရတာပါ။ စနိုက်ပါနဲ့ ပစ်ခတ်ခံ ရတာကြောင့် ဗိုလ်မှူးအေးချမ်းဟာ ဦးခေါင်းကျည်ဖောက်ဝင် ဒဏ်ရာရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်မှူးအေးချမ်း ပစ်သတ်ခံရပြီးနောက် လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဘုရားသုံးဆူပြည်သူ့ ဆေးရုံထံ ပို့ဆောင်ပေးထားတယ် လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ ဒုတပ်ရင်းမှူး ပစ်သတ်ခံရပေမယ့် ဘုရားသုံးမြို့တွင်း ပိတ်ဆို့ရှာဖွေစစ်ဆေးတာမရှိဘဲ စစ်ကောင်စီဟာ တပ်ဝင်း ထဲမှာ နေထိုင်နေရတယ်လို့ ဒေသခံတွေက သိရပါတယ်။ ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့လဲဆိုတာ လက်ရှိ အချိန်အထိ တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ ဘုရားသုံးမြို့မှာ စစ်ကောင်စီတပ်အပြင် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်ငြိမ်း ချမ်းရေးကောင်စီ PC ၊ နယ်ခြားစောင့်တပ် BGF ၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA နဲ့ မွန်ပြည်သစ် ပါတီအပါအဝင် မွန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ လည်း လှုပ်ရှားတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ ကော့ကရိတ်အခြေစိုက် စစ်ကောင်စီ အမှတ်(၉၇) ခြေလျပ်တပ်ရင်းဟာ နယ်မြေလုံခြုံရေးအရ ဘုရားသုံးဆူမြို့မှာ လာရောက်တပ်စွဲထားတဲ့ တပ်ရင်းတစ်ခုလည်း ဖြစ်တယ်လို့ စစ်တပ်အရင်း အမြစ်တွေကနေ သိရပါတယ်။ https://www.facebook.com/photo/?fbid=391253583465454&set= a.290136603577153
၁၂။ တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲကြောင့် ဖယ်ခုံ – တောင်ကြီးလမ်းကိုစစ်ကောင်စီကပိတ်ထားဟုဆို
     November 23, 2023

ကရင်ပြည်နယ်ရှိ ဒေသခံများ စစ်ဘေးတိမ်းရှောင်ရာတွင် အဓိကအသုံးပြုသည့်လမ်းဖြစ်သည့် ဖယ်ခုံ – တောင်ကြီးလမ်း ကို နိုဝင်ဘာ ၂၁ ရက်ကစတင်ပြီး စစ်ကောင်စီကပိတ်ထားခဲ့သဖြင့် ကရင်နီပြည်နယ်က စစ်ဘေးရှောင်မည့်ဒေသခံများ အခက် တွေ့နေကြောင်း ဒေသခံများထံကသိရသည်။“ဖယ်ခုံကနေ တောင်ကြီးကိုဝင်တဲ့လမ်းတွေအကုန်လုံးပိတ်ထားတာ။ တောင်ကြီးတက်တဲ့ လမ်းက ကလောဘက်ကနေပတ်ပြီးတော့ သွားလို့ရမယ်ထင်တယ်။ ဒါပေမယ့် ခုချိန်မှာ လျှောက် လျှောက်မသွားရဲဘူး” ဟု ဒေသခံ အမျိုးသမီးက ဆိုပါသည်။ လက်ရှိတွင် ကရင်နီပြည်နယ်အတွင်းမှ တောင်ကြီးမြို့သို့ တိမ်းရှောင်ရန်ပြင်ဆင်နေသည့် စစ်ဘေးရှောင် အများစုသည်လည်း ကရင်နီပြည်နယ်အတွင်း၌သာပိတ်မိနေခဲ့ပြီး အခြေ အနေကိုစောင့်ကြည့်လျက်ရှိ ကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။

“ဒီးမော့ဆိုဘက်မှာကရေရှားတယ်။ နွေရာသီဆိုရေလည်းဝယ်ရတယ်။ အဲ့ဒါကြောင့် တောင်ကြီးဘက်ကို စစ်ရှောင်ဖို့ တိုင်ပင် နေတုန်းရှိသေးတယ်၊ လမ်းကပိတ်တော့ ဒီမှာပဲဆက်နေရဦးမှာပေါ့”ဟု ဒီးမော့ဆိုမြို့ နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူ တစ်ဦးကဆိုသည်။ ကရင်နီပြည်နယ်၏ တစ်ခုတည်းသောထွက်ပေါက်အဖြစ်ကျန်နေသည့် ဖယ်ခုံမြို့တွင်လည်း စစ်ရေး အခြေ အနေမတည်ငြိမ်မှုများရှိနေသော်လည်း ဖယ်ခုံမြို့မှ ရန်ကုန်၊ မန္တလေးမြို့များသို့ သွားသည့်လမ်းမှာ ပွင့်နေသေးပြီး ဖယ်ခုံ – တောင်ကြီးလမ်းတစ်ခုသာ ပိတ်ထားခြင်းဖြစ်သည်။ https://www.facebook.com/photo/?fbid=904238621065527&set=a .776968607125863
၁၃။ ကချင်လူငယ်တွေကို တော်လှန်ရေးမှာပါဝင်ဖို့ လူအင်အားဖိတ်ခေါ်တဲ့ KIO ရဲ့ ထုတ်ပြန်ချက်အပေါ် အမြင်များ
     November 23, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ ကချင်လူငယ်တွေကို တော်လှန်ရေးမှာအတူ ပါဝင်ကြဖို့ ဖိတ်ခေါ်တဲ့စာကို နိုဝင်ဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်ဟာ KIO ဗဟိုဌာနချုပ်ထုတ်ပြန်ချက် မဟုတ်ပေမယ့် KIO/KIA ကို စတင်တည်ထောင်ခဲ့တဲ့ဒေသလည်းဖြစ် လက်ရှိ ရှမ်းမြောက် အခြေစိုက် KIO တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ ဖိတ်ခေါ်တဲ့စာ ဖြစ်ပါတယ်။ ၁၉၆၀ ခုနှစ်ကနေ ကချင်လွတ်လပ်ရေး အဖွဲ့ KIO အဖြစ် စတင်ဖွဲ့စည်းပြီး တော်လှန်ရေးကာလ နှစ်ပေါင်း ၆၀ ကျော်မှာ တပ်သားသစ်စုဆောင်းရေးအတွက် နည်းမျိုးစုံသုံးခဲ့ရပြီး အခုလို ထုတ်ပြန်ချက်နဲ့ ဖိတ်ခေါ်တဲ့အပေါ် ကြိုဆိုနေကြပါတယ်။ ရှမ်းမြောက် ကချင်ဒေသခံလည်းဖြစ် KIA စစ်သင်တန်းဆင်းလည်းဖြစ်တဲ့ လူငယ်အမျိုးသမီး တစ်ဦးက “အခုလိုခေါ်တာက ကောင်းတာပေါ့ ဘာလို့ဆိုအကုန် တိုက်နေတာဆိုတော့ အကုန်ပါဝင် သင့်ပြီ သူတို့လည်း ခေါ်သင့်နေပြီ ကျွန်မကတော့ သွားဖို့ဆုံးဖြတ်ထားပြီ သွားမှာဘဲ” လို့ ပြောပါတယ်။ လက်ရှိ မြောက်ပိုင်း ညီနောင်မဟာမိတ်က ၁၀၂၇ စစ်ဆင်ရေးစတင်နေချိန် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကလည်း ၎င်းလှုပ်ရှားနယ်မြေက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေတာလည်း ဖြစ်ပါတယ်။

ရှမ်းမြောက် ကချင်လူငယ်တစ်ဦးကလည်း “တခြားတိုင်းရင်းသားတွေလို မြို့သိမ်းတိုက်ပွဲတွေဆင်နွဲဖို့ဆိုရင် အခုလို ကေအိုင်အေ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေဘဲ မဟုတ်ဘဲ ဗဟိုစစ်ဌာနချုပ်ကနေ ခေါင်းဆောင်တွေကိုယ်တိုင် ကချင် လူငယ် တွေ သေချာပါဝင်လာဖို့ ထုတ်ပြန်ချက်ထုတ်သင့်တယ်လို့ မြင်တယ်” ဆိုပြီး သူ့အမြင်ကို ပြောပါတယ်။ လက်ရှိ မြန်မာနိုင်ငံ တစ်ဝှမ်း တိုင်းရင်းသားတော်လှန်ရေးတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ၊ ဒေသကာကွယ်ရေးတပ် LPDF တပ်ဖွဲ့ဝင်တွေ က စစ်ကောင်စီကို နေရာအနှံ့ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နေတာဖြစ်ပြီး စစ်ကောင်စီဘက်က အရေးနိမ့်နေတာလည်း ဖြစ်ပါ တယ်။ အာဏာသိမ်းခါစ ကချင်ပြည်နယ်က လူငယ်အများအပြား KIA ထံ စစ်သင်တန်း တက်ရောက်ပြီး တိုက်ပွဲအတွက် စိတ်ပြင်း ထန်ခဲ့ပေမယ့် တိုက်ပွဲနည်းပါးတဲ့အတွက် နေရပ်ပြန်သွားတဲ့လူတွေလည်းရှိတယ် လူငယ်အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။“အားလုံးက အာဏာသိမ်းတော့ စစ်သင်တန်းသွားတက်ကြတယ် ဒါပေမယ့် စစ်ခေါ်မတိုက်တော့ ပြန်လာကြတယ်။ ဒါပေမယ့် ပေါ်တာဆွဲတာထက် အခုလို ထုတ်ပြန်ချက်သေချာ ထုတ်ပြီးခေါ်တော့ အခုရဲ့ အခြေနေအရဆို ပိုသွားချင်ကြမှာဘဲ။ ကျွန်မလို စစ်သင်တန်း မတက်ထားတဲ့သူတောင်သွားချင်တယ်” လို့ ပြောပါ တယ်။ ရှမ်းမြောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၄၊ ၆ နဲ့ ၁၀ စတဲ့ တပ်မဟာ ၃ ခု နဲ့ လှုပ်ရှားနေ တာဖြစ်ပါတယ်။ https://burmese.kachinnews.com/2023/11/23/h ope1-16/
၁၄။ သိန္နီမြို့နယ် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ 
     November 23, 2023

သျှမ်းပြည် သီန္နီမြို့နယ်အတွင်း  လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးပြီး၊  ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ သီန္နီမြို့နယ် နမ့်စလပ်ကျေးရွာအုပ်စု အတွင်း နိုဝင်ဘာ ၂၁ ရက်  နေ့လည်ပိုင်းတွင် လက်နက်ကြီး ကျပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး၊ အမျိုးသား ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ တစ်ဦး က ပြောသည်။“ကျည်ထိပြီးသေသွားတဲ့သူ အလောင်းကို သွားမယူရသေးဘူး။ ဒီမနက်ထိတော့ သွားမယူရသေးဘူး။ ဘေးအိမ် ကလူတွေလည်း ၂ ယောက် ဒဏ်ရာရသွားတာ။ သူတို့တွေက အိမ်မှာ စောင့်ပြီးကျန်နေခဲ့တဲ့လူတွေပေါ့” ဟု ၎င်း ကပြောသည်။ ထိုသေဆုံးသွားသည့် အမျိုးသားသည် အသက် ၇၀ ဝန်ကျင်ရှိပြီဖြစ်ကြောင်းဒေသခံများက ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး” စတင်လာသည့် အောက်တိုဘာ ၂၇ ရက်မှစ၍ သိန္နီမြို့နယ် နမ့်စလပ်နှင့် စယ်အူကျေးရွာအုပ်စုရှိ ကျေးရွာများမှ လူငယ် ၂၀ ဦးထက်မနည်းကို ကိုးကန့်တပ်ဖွဲ့ MNDAA က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိန္နီမြို့နယ် ဒေသခံများက ပြောသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA သည် “၁၀၂၇ စစ်ဆင်ရေး” တစ်လနီးပါး ကာလအတွင်း စစ်ကောင်စီ ၏ တပ်စခန်း ၁၅၀ ကျော်နှင့် ချင်းရွှေဟော်မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိတွင် လောက်ကိုင်မြို့ကို ဝိုင်းရံပိတ်ဆို့ လျက်ရှိကာ အလုံး စုံထိန်းချုပ်နိုင်ရန်အတွက် စစ်အင်အားအများအပြား ဖြန့်ကျက်ထားကြောင်းလည်း သိရသည်။ https://www.facebook.com/ photo/?fbid=669172228655825&set=pcb.669172531989128
၁၅။ ညောင်လေးပင်ခရိုင်အတွင်း သုံးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ကလေးငယ် ၃ ဦးအပါအဝင် ၈ ဦး ဒဏ်ရာ ရ
November 23, 2023

KNU-ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင်/တပ်မဟာ (၃)နယ်မြေ၊ မူး(မုန်း)မြို့နယ်နှင့် ကျောက် ကြီးမြို့ နယ်အတွင်း နိုဝင်ဘာလ(၂၁)ရက်မှ နိုဝင်ဘာလ(၂၃)ရက် ယနေ့အထိ စစ်ကောင်စီက သုံးရက်ဆက်တိုက် လေကြောင်း တိုက်ခိုက် မှုလုပ်ဆောင်သဖြင့် ကလေးငယ်(၃)ဦးအပါအဝင် အရပ်သား(၈)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ(၂၁)ရက်နေ့က မူးမြို့နယ်၊ ငနွားဆိပ်ကျေးရွာတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ မရှိဘဲ စစ် တပ်၏ လေကြောင်းသုံး တိုက်ခိုက်ခဲ့မှုကြောင့် ရွာနေဒေသခံ အသက်(၁၀)နှစ်အောက် ကလေးငယ်(၂)ဦး၊ အမျိုးသမီးတစ်ဦးနှင့် အမျိုး သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။ ထိုအပြင် ယနေ့ ထပ်မံဖြစ်ပွားသည့် လေကြောင်း ပစ်ခတ်မှုတွင်လည်း ကျောက်ကြီးမြို့နယ် တောင်ကြောင် ပေါက်ကျေးရွာနေ အသက် (၁၀)နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီး(၃)ဦးတို့မှာ ကျည်စထိမှန် ဒဏ်ရာများရရှိခဲ့သည်ဟု ကျောက်ကြီးမြို့နယ် နေ ဒေသခံ အမျိုးသားတစ်ဦးက ယခုလို ပြောသည်။ “ဒီမှာလေယာဥ်လာကြဲတာ သုံးရက်ဆက်တိုက်ဖြစ်နေပြီ ဒီနေ့လာတဲ့ လေယာဥ်က ကျနော်တို့ခေါင်းပေါ်ကနေ အခု လေးတင်ဖြတ်သွားတာ တောကြောင်ပေါက်ရွာမဘက်က လက်လုပ်လက်စား အမျိုးသမီး(၃)ယောက်နဲ့ ကလေးတစ်ယောက်ထိ တယ်။ ကလေးကတော့ ဒဏ်ရာရတာပြင်းတယ်ကြားတယ်။ ဘာတိုက်ပွဲ မှမဖြစ်ဘူး။ အသားလွတ်လာပစ်ချသွားတာ။”ဟု ပြောသည်။

နိုဝင်ဘာလ(၂၂)ရက်တွင်လည်း စစ်ကောင်စီက မူးမြို့နယ်၊ ရေလဲကျေးရွာ ဆေးပေးခန်းနှင့် ကားလမ်းတစ်လျှောက်အား လေကြောင်းမှပစ်ခတ်ခဲ့သဖြင့် ဘုရားကျောင်းနှင့်မူကြိုကျောင်းကျည်ထိမှန် ပျက်စီးကာ အနီးရှိ နေအိမ်တစ်လုံး မီးလောင် ပြာကျ ခဲ့ကြောင်း ဒေသခံများနှင့် ကေအဲန်ယူ၏ ထုတ်ပြန်ပြော ဆိုမှုအရ သိရသည်။ ဒေသခံတစ်ဦးက “ရေလဲတို့ ငနွားဆိပ် တို့ ဆိုတာက အတန်းလိုက်ရှိနေတဲ့ရွာတွေပဲ (၂၂)ရက်နေ့က ရေလဲမှာ လာပစ်ချတဲ့ဗုံးတွေမှာ မီးလောင်ဗုံးတွေပဲ ပါတယ် လို့လည်း ကြားတယ်။ ဘုရားကျောင်းဘေးကအိမ်က လုံးဝကို ပြာကျသွားတာ။ သူ့ဘေးကအိမ်တွေကတော့ မီးစွဲရုံလောက် ပေါ့။ မီးလောင်တဲ့အချိန် လူတွေရှိတယ် မထိလို့ သာ၊ အခုလည်း ဖြစ်တဲ့ရွာတွေမှာ လူတွေနေနေကြတုန်းပဲ” ဟု ပြောသည်။ နိုဝင်ဘာလ(၁၆)ရက်မှ ယနေ့ အထိ ညောင်လေးပင်ခရိုင်ရှိ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများသို့ စစ်တပ်၏ လေကြောင်းသုံးတိုက်ခိုက်မှု အကြိမ်ရေ (၂၀)ထက်မနည်းရှိနေပြီး ထိုတိုက်ခိုက်မှုများအတွင်း စက်သေနတ်များအပါအဝင် ပေါင် (၅၀၀) ဗုံး အသုံးပြုပစ်ခတ်မှုများလည်း ပါဝင်နေကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ https://kicnews.org/2023/11/%e1%80%8a%e1%80 %b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9c%e

၁၆။ မိုဘိုင်းဖုန်း ဆက်သွယ်ရေးလိုင်းပြတ်တောက်မှုကြောင့် စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေ အခက်ကြုံ
  November 24, 2023

ကရင်နီပြည်မှာ (၁၁.၁၁) စစ်ဆင်ရေးစတင်ပြီးနောက် လွိုင်ကော်မြို့အပါအဝင် ပြည်နယ်အတွင်းက ဆက်သွယ်ရေးလိုင်း တွေ ပြတ်တောက်သွားတာကြောင့်၊ အလှူရှင်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရတဲ့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးတဲ့ အဖွဲ့တွေအနေနဲ့ အခက်အခဲ ပိုရှိလာတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးသူတွေက ပြောပါတယ်။“စစ်ဘေး ရှောင်ကို ကူညီတဲ့ အဖွဲ့အစည်းတော်တော်များများက အင်တာနက်နဲ့ အလုပ်လုပ်တယ်။ အလှူရှင်နဲ့ ချိတ်ဆက်တယ်။ ပုံတွေ ပို့ပေးရ တယ်။ မှတ်တမ်းတွေပို့ပေးရတယ်။ စစ်ဘေးရှောင်အခြေအနေတွေ တင်ပြရတယ်။ ချိတ်ဆက်ပြီး‌တော့ သွားနေရ တဲ့ အခြေအနေ မျိုးဖြစ်တယ်ပေါ့‌နော်။ ဆိုတော့ လိုင်းပျက်တော့ တော်တော်များများက ခုနကပြောတဲ့ ချိတ်ဆက်ပိုင်းတွေ၊ ခုနကပြောတဲ့ အလှူရှင်က ပိုပြီးတော့ အားနည်းလာတယ်ပေါ့နော်။ ကူညီတဲ့အပိုင်းတွေ မကူညီနိုင်တဲ့ အခြေအနေဖြစ်တယ်” လို့ ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက် အဖွဲ့ဝင်တဦးက ပြောပါတယ်။ နိုဝင်ဘာလ ၂၀ ရက်နေ့က စပြီး အင်တာနက် လိုင်း၊ ဖုန်းလိုင်းတွေ နေရာတော်တော်များများမှာ မရရှိတော့တာကြောင့် အလှူရှင်တွေနဲ့ ချိတ်ဆက် ဆောင်ရွက်နိုင်ဖို့အတွက် လိုင်းရရှိတဲ့နေရာတွေမှာ အချိန်ပေးပြီး သွားရောက်ရတယ်လို့ ဆိုပါတယ်။

နဂိုရှိနှင့်ပြီးသား စစ်ဘေးရှောင်တွေအတွက် ရိက္ခာလိုအပ်မှုက ရှိနေဆဲဖြစ်တဲ့အပြင်၊ (၁၁.၁၁) စစ်ဆင်ရေးစတင်ပြီး နောက် ပိုင်း ထပ်တိုးလာတဲ့စစ်ရှောင်တွေအတွက်လည်း အကူအညီတွေပိုမိုလိုအပ်နေတယ်လို့သိရပါတယ်။“ဖုန်းလိုင်းပျက်ကုန် တော့ အချိတ်အဆက်မရကြဘူးလေ။ အချင်းချင်း ဆက်သွယ်မရလို့ ခက်ခဲသွားတာထက် အလှူရှင်တွေနဲ့ ဆက်သွယ်မရလို့ ပိုဆိုးတာ။ မြေပြင်မှာ ဘာပဲလိုအပ်လိုအပ် အင်တာနက်ကနေတဆင့်ပဲ ပြည်ပရောက်အလှူရှင်တွေကို ဆက်သွယ်ရတာလေ” လို့ News Light In Karenni စစ်ရှောင်ကူညီရေးအဖွဲ့မှ အဖွဲ့ဝင်တဦးက အခုလိုပြောပါတယ်။ ကရင်နီပြည်မှာ (၁၁.၁၁) စစ်ဆင်ရေး မစတင်ခင်မှာ စစ်ဘေးရှောင်ဦးရေ ၂ သိန်းခွဲကျော်ရှိနေပြီး၊ စစ်ဆင်ရေးစတင်ချိန်မှာ ထပ်မံတိမ်းရှောင်ရတဲ့ စစ်ဘေးရှောင် ၅ သောင်း ဝန်းကျင်တိုးလာတယ်လို့ စစ်ရှောင်ကူညီသူတွေဆီကနေ သိရပါတယ်။ စစ်ရှောင်အများစုဟာ အလှူရှင်တွေရဲ့ ပံ့ပိုးမှုကို သာ မှီခိုနေကြရတာကြောင့် စစ်ဘေးရှောင်ဦးရေတွေတိုးလာတဲ့အပြင် ဆက်သွယ်ရေးလိုင်းပြတ် တောက်မှုက စစ်ဘေးရှောင် ကူညီသူတွေအတွက် အဓိက စိန်ခေါ်မှုဖြစ်နေတယ်လို့ ဆိုပါတယ်။ https://www.kan arawaddytimes.org/%e1%80%99 %e1%80%ad%e1%80%af%e1%80%98%e1%80%ad

၁၇။ အောက်တိုဘာလအတွင်းစတင်ခဲ့တဲ့ တိုက်ပွဲတွေ‌ကြောင့် လူပေါင်း ၂၈၆,၀၀၀ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရ
     November 23, 2023

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူ   ၂၈၆,၀၀၀ ကျော် ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA ကထုတ်ပြန်ပါ တယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အောက်တိုဘာလ ၂၆ ရက်နေ့ကစလို့ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ကြားဖြစ်ပွားတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ အရှိန်အဟုန်မြင့်လာပြီး ပြည်နယ်နဲ့ တိုင်းအသီးသီး တိုက်ပွဲတွေ ကျယ်ပြန့်လာ ခဲ့တာ ကြောင့် အခုလို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ ဦးရေ ပိုမိုမြင့်တက်လာတာ လို့ ဆိုပါတယ်။ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် တိုက်ပွဲတွေပြင်းထန်လာတာကြောင့် နေရပ်စွန်ခွာထွက်ပြေးရသူ ၂ သိန်း ၈ သောင်းကျော်အပါအဝင်ပြီးခဲ့ တဲ့  နိုဝင်ဘာလ ၉ ရက် နေ့အထိ ကုလသမဂ္ဂရဲ့နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာ သူဦးရေ ၂ သန်းကျော်လွန် သွားခဲ့ပြီလို့ ဆိုပါတယ်။

လက်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ၂၀၂၁ခုနှစ် စစ်တပ်က အာဏာသိမ်းပြီချိန်ကစလို့ ကနေ့အထိ ဖြစ်ပွားခဲ့ သမျှထဲ မှာ မြေပြင်ပထဝီဝင် အနေအထားအရ အကျယ်ပြန့်ဆုံးဖြစ်ပြီး ဒေသအများအပြား အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း နဲ့တောင်ပိုင်း၊ စစ်ကိုင်း၊ ကယား၊ ရခိုင်နဲ့ ချင်းပြည်နယ်တောင်ပိုင်းတွေကို ထိခိုက်လျက်ရှိတယ်လို့ UNOCHA ကဆိုပါတယ်။ တိုက်ပွဲတွေအတွင်း အရေးပါတဲ့သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ ဆိုးရွားစွာပိတ်ဆို့ပြတ်တောက်လျက်ရှိပြီး အရပ်သားရွှေ့ ပြောင်းသွားလာမှုနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ဝင်ရောက်ပေးအပ်နိုင်ဖို့ အဟန့်အတား တွေလည်းဖြစ်ပေါ်နေ တယ်လို့ ဆိုပါတယ်။ https://www.facebook.com/photo/?fbid=784422513699157 &set=a.501239188684159
၁၈။ ဘက်ပြောင်းခိုလှုံလာမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ချင်းအမျိုးသားအဖွဲ့ချုပ်က လက်ကမ်းကြိုဆိုနေ
     November 23, 2023

နိုဝင်ဘာလ ၁၇ ရက်မှာ ဖလမ်းအခြေစိုက်ရဲစခန်းက တပ်ကြပ်ကြီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ချင်းအမျိုး သားအဖွဲ့ချုပ် – CNO ထံ ထွက်ပြေးခိုလှုံလာကြပါတယ်။ စစ်အာဏာသိမ်းပြီးချိန်ကနေ လက်ရှိအချိန်ထိ CNO ဆီထွက် ပြေးခိုလှုံ လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်ရှိနေပြီး လက်နက်အပြည့် အစုံနဲ့ခိုလှုံလာသူ ၁၇ ယောက်ရှိတယ်လို့ ချင်းအမျိုးသား အဖွဲ့ချုပ် – CNO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်းက ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သူတို့အားကိုးအားထား ပြုနေတဲ့ စစ်တပ်ကိုမယုံ ကြည်တော့တာကြောင့် တော်လှန် ရေးတပ်ဖွဲ့ဝင်တွေဘက်က ဝါဒဖြန့်စရာ တောင်မလိုတော့ဘဲ အခုလို အစုလိုက်အပြုံလိုက်ထွက်ပြေးခိုလှုံလာကြတာလည်း ဖြစ်ပါတယ်။

တော်လှန်ရေးကာလ အချိန်ကြာမြင့်လာတာနဲ့အမျှ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေက သူတို့ခေါင်းဆောင် ပိုင်းတွေ အပေါ် မကျေနပ်တော့တာကြောင့် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားပိုင်း တဖြည်းဖြည်းယိုယွင်း လာပြီး ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီ တပ်ရင်းလိုက် ခိုလှုံလာကြတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန် က ပြောပါတယ်။ https://www.facebook.com/thanlwinkhetnews/videos/10374 96774236046
၁၉။ ကော့ကရိတ်ဆေးရုံနှင့် မြို့ပေါ်စာသင်ကျောင်းများပိတ်ထားပြီး ကော့ကရိတ်တစ်မြို့လုံးနီးပါး စစ်ရှောင်နေကြဟုဆို
     November 23, 2023

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ တစ်ပတ်အ တွင်းထွက်ခွာရန် KNU ကသတိပေးခဲ့ပြီးနောက် ကော့ကရိတ်ဆေးရုံနှင့် မြို့ပေါ်စာသင်ကျောင်းများပိတ် ထားသည့်အပြင် ကော့ကရိတ်တစ်မြို့လုံး နီးပါး စစ်ဘေးရှောင်နေကြကြောင်း ကော့ကရိတ်မြို့တွင်း နေထိုင်သူများကဆိုသည်။ “ဆေးရုံလည်း ပိတ်ထားလိုက်ပြီပြော တယ်။ ဆရာဝန်တွေ ရုံးဝန်ထမ်းတွေ မရှိတော့ဘူးကြားတယ်။ သူနာပြုဆရာမလောက်ဘဲရှိတော့တယ်။ ရှောင်ကုန်ကြပြီ။ ဝန်ထမ်းတော်တော်များများ မရှိကြတော့ဘူး။ တချို့ကော့ကရိတ်မြို့ခံဝန်ထမ်း နည်းနည်းပါးပါးလောက်ဘဲ ကျန်လိမ့်မယ်” ဟု ကော့ကရိတ်မြို့ခံတစ်ဦး ကဆိုသည်။ ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူက အထက်ပါသတိပေးချက်ကို နိုဝင်ဘာ ၁၇ ရက်ကထုတ်ပြန် ခဲ့ခြင်းဖြစ်ပြီး မနက်ဖြန်ဆိုလျှင် တစ်ပတ်ပြည့်မည်ဖြစ်သောကြောင့် ယခုကဲ့သို့  စစ်ကောင်စီ လက် အောက်ခံ ဆေးရုံနှင့် ကျောင်းများ ပိတ်ထားလိုက်ခြင်းဖြစ်နိုင်ကြောင်း ၎င်းကဆက်လက်ပြောသည်။ “အခြေအနေ ကတော့ ပြည်သူတွေ တော်တော်ကြောက်နေကြတယ်။ မြို့ထဲလည်း ခြောက်ကပ်နေတာပဲ။ စစ်တပ်နဲ့ အနီးအနားမှာနေတဲ့ သူတွေက ပိုကြောက်ပြီး ရှောင်တိမ်းနေကြပြီ” ဟု ကော့ကရိတ်မြို့ရှိ ကုန် ပစ္စည်းများ သယ်ယူပို့ဆောင်ရေး လုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။

ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ စာသင်ကျောင်းအချို့ကို ၂၀ ရက်နေ့မှစတင်၍ ယာယီပိတ်ထားလိုက် ခြင်းဖြစ်ပြီး ယနေ့ တွင် ဆေးရုံလည်းပိတ်လိုက်ကာ စစ်ကောင်စီလက်အောက်ရှိ အခြားရုံးဝန်ထမ်းအများ စုလည်း တိမ်းရှောင်နေကြကြောင်း စုံစမ်းသိရှိရသည်။ ဒေသခံတော်လှန်ရေးတစ်ဖွဲ့တစ်ခု၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ပြည်သူတွေအနေနဲ့ကတော့ ကြိုတင် ပြင် ဆင်ထားပါ။ တိုက်ပွဲဖြစ်လာရင် လိုက်မပြေးဘဲနဲ့ ဗုံးခိုကျင်းတွေထဲမှာနေကြပါ။ ရိက္ခာ၊ ဆေးဝါး တွေလည်း ကြိုတင်စု ဆောင်း ထားကြပါ”ဟု အကြံပြုသည်။ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီလက်အောက်ခံ ကော့ကရိတ်မြို့အခြေစိုက် ခလရ ၉၇ တပ်အပါ အဝင် စစ်ကောင်စီတပ်များက ပြည်သူများနေထိုင်ရာ ကျေးရွာနှင့်ရပ်ကွက်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိပြီး ဒေသခံပြည်သူများမကြာခဏဆိုသလို ထိခိုက်သေဆုံးမှုများ ကြုံတွေ့နေရကြောင်း ဒေသ ခံများက ဆို သည်။ “လက်နက်ကြီး ကျတဲ့နေရာတွေက ကျွန်မတို့နဲ့နီးလို့ အခုအိမ်မှာ မနေရဲတော့ဘူး။ ရှောင်ဖို့ ပြင်ဆင်နေ ရတယ်ဆို ပေမယ့် ဘယ်သွားရမှန်း မသိ ဘူးဖြစ်နေတယ်”ဟု တံတားဦးရပ်ကွက်မှ ဒေသခံတစ်ဦးကဆိုသည်။ https://www.fa cebook.com/photo?fbid=904268474 395875&set=a.776968607125863
၂၀။ ရခိုင်မြောက်ပိုင်းမှာ စာသင်ကျောင်း ၁၂ဝဝ ခန့် ရပ်နားထားရ
     November 24, 2023

ရခိုင်ပြည်နယ် ပညာရေးဌာနရဲ့ စာရင်းအရ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ မြောက်ဦးနဲ့ စစ်တွေစတဲ့ မြို့နယ် ဆယ်မြို့နယ်မှာ တိုက်ပွဲတွေ ကြောင့် စာသင်ကျောင်း ပေါင်း ၁၂ဝဝ ခန့် ရပ်နားထားရတဲ့အခြေအနေ ဖြစ်နေတာပါ။ အဲဒီမြို့နယ်တွေမှာ အခြေခံပညာ စာသင် ကျောင်းပေါင်း ၁၈၀၀ ကျော်ရှိပြီး အဲဒီအထဲက ၆၅၀ လောက်သာ လည်ပတ်နိုင်တယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးဘထွီးစိန် က ပြောပါတယ်။ “ရခိုင်မြောက်ပိုင်း ဆယ်မြို့နယ်မှာ ကျောင်းပေါင်း ၁၈၀၀ လောက်ရှိတယ်။ မနေ့ကအထိ လည်ပတ်နေတာက တော့ ၆၅၀ လောက်တော့ ရှိတယ်။ ပိတ်ထားတာ ကတော့ မဟုတ်ဘူး။ လူမရှိတဲ့ရွာတွေဆိုရင် မိဘ တွေက မပို့တာပေါ့။ ကလေး တွေကိုစိုးရိမ်ပြီး မိဘတွေက မလွှတ်လို့ မလာကြတာပါ။ ကျောင်းပိတ်ပါလို့ ကျွန်တော်တို့က ညွှန်ကြားထားတာ မရှိပါဘူး” စာသင်ကျောင်းတွေ ပုံမှန်ပြန်လည်ပတ်နိုင်အောင် ကျောင်းပြန်တက်ကြဖို့ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးတွေကနေ တစ်ဆင့် ညွှန်ကြားထားတယ်လို့လည်း သူကပြောပါတယ်။ ရသေ့တောင်မြို့နယ် ချိန်ခါလီ ကျေးရွာအပါအဝင် ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့နေရာတွေမှာ ဒေသခံတွေ ရွာလုံး ကျွတ် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတာပါ။

မတည်ငြိမ်တဲ့ စစ်ရေးအခြေအနေတွေကြောင့် နိုဝင်ဘာ ၁၃ ရက်နေ့ကတည်းက ကလေးတွေကို ကျောင်းမပို့တော့ဘဲ တိုက် ပွဲလွတ်ကင်းရာကို ရွှေ့ပြောင်းနေထိုင် နေရတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ရသေ့တောင်မြို့နယ် ချိန်ခါလီ ကျေးရွာက ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီက AA အဖွဲ့ကို နှိမ်နင်းဖို့ ကုန်းလမ်းရော၊ ရေလမ်းတွေကိုပါ ပိတ်ဆို့ဖြတ်တောက်ထားတဲ့အတွက် ပညာရေးဝန်ထမ်းတွေအနေနဲ့ တာဝန်ကျရာ စာသင်ကျောင်းကို မသွားနိုင်ကြဘူး လို့လည်း သူကပြောပါတယ်။ ဘူးသီးတောင်မြို့နယ်က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောင်းသား မိဘတစ်ဦး ကလည်း ကလေးတွေနဲ့ ဆရာ၊ ဆရာမတွေ မလုံခြုံတာကြောင့် သူတို့ရွာမှာ ကျောင်းကို ပိတ်ထားရတယ်လို့ ပြောပါတယ်။ လက်ရှိတိုက်ပွဲ တွေ ပြင်းထန်နေတဲ့ ပေါက်တောမြို့ပေါ်က အလယ်တန်းပြ ဆရာမတစ်ဦး ကတော့ ကျောင်း တွေပြန်ဖွင့်မဲ့ကိစ္စဟာ တိုက်ပွဲ အခြေအနေတွေနဲ့ တိုက်ရိုက်သက်ဆိုင် နေတယ်လို့ ပြောပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်း မှာ ရက္ခိုင့်တပ်တော် (AA)နဲ့ စစ်ကောင်စီတပ်တို့အကြား ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ကစပြီး တိုက်ပွဲတွေပြင်းပြင်း ထန်ထန်ဖြစ်ပွားနေတာပါ။ https://www .rfa.org/burmese/program_2/1200-schools-are-closed-in-rakhine-11232023031520.html
၂၁။ ကချင်မှာ မြေရှားသတ္တုစွန့်ပစ်ရည်ကြောင့် ဒေသခံ သုံးရာနီးပါး အရေပြားရောဂါဖြစ်နေ
     November 23, 2023

ကချင်ပြည်နယ် လိုင်ဇာနဲ့ မိုင်ဂျာယန်မြို့ကြားမှာရှိတဲ့ အင်ခေါင်းပါရွာက မြေရှားသတ္တု တူးဖော်ရာမှာအသုံးပြုတဲ့ ဓာတု စွန့်ပစ်ပစ္စည်းတွေကြောင့် ဒေသခံ သုံးရာနီးပါး အရေပြားရောဂါ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြေရှား သတ္တုကန်က စွန့်ပစ်ရည်တွေဟာ အင်ခေါင်းပါရွာအနီးက ချောင်းထဲကို စီးဆင်းနေပြီး အဲဒီချောင်းရေကို အသုံးပြုရာကနေ အရေပြားရောဂါ ဖြစ်နေကြတာလို့ ဆိုပါတယ်။ လက်ဖဝါး၊ ခြေထောက်နဲ့ ခန္ဓာကိုယ်မှာဖြစ်ပွားနေတာလို့ အင်ခေါင်းပါရွာက လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ဒီလိုမျိုး တစ်ခါမှမဖြစ်ဖူးဘူး။ ကျွန်တော်တို့ရွာက ချောင်းရေကိုပဲ အဓိက အသုံးပြု ကြတာ။ အနာဖြစ်တယ်ဆိုတာ မရှိခဲ့ဘူး။ ပြီးခဲ့တဲ့နှစ်က ရွာအနီးမှာ မြေရှား တူးဖော်ရေး လုပ်ငန်းတွေ စတယ်။ အဲဒီမြေရှားတူး ဖော်တဲ့ သတ္တုကန်တွေကနေ အက်ဆစ်ရည်လို အပြင်းစား အသုံးပြုထားတဲ့ စွန့်ပစ် ရည်တွေ ထုတ်တော့ ချောင်းထဲကို သွန်တာ။ အဲဒါကို သုံးမိပြီး အနာတွေ ဖြစ်ကုန်ကြတာပါ” အင်ခေါင်းပါရွာမှာ လူဦးရေ တစ်ထောင်ကျော် နေထိုင်ပြီး အများစုဟာ အရေပြား ရောဂါနဲ့ သတိလစ်မေ့မြောတာစတဲ့ လက္ခဏာတွေကို မကြာခဏ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရေပြားရောဂါ ဖြစ်ပွားနေပေမယ့်လည်း ဒေသခံအများစုဟာ တောင်ယာလုပ်ငန်း လုပ်ကိုင်တဲ့ ဝင်ငွေနည်းပါးသူတွေ ဖြစ်တာကြောင့် မိုးမောက်ပြည်သူ့ဆေးရုံကို သွားမကုနိုင်ဘဲ ရိုးရာဆေးမြီးတိုတွေနဲ့သာ ကုသနေရတယ်လို့ ဆိုပါတယ်။ အင်ခေါင်းပါရွာအနီးမှာ မြေရှားသတ္တု တူးဖော်တဲ့လုပ်ငန်းကို ကချင်လွတ်မြောက်အဖွဲ့ KIO ရဲ့ ခွင့်ပြုချက်နဲ့ ၂၀၂၁ ခုနှစ် နောက် ပိုင်းမှ စတင်တူးဖော်လာတာလို့ ဒေသခံတွေက ဆိုပါတယ်။ ကချင်ပြည်နယ်မှာ မြေရှားသတ္တုတူးဖော်မှုတွေကို ဒေသခံတွေ ဘက်က အပြင်းအထန် ကန့်ကွက်ထားကြပေမယ့် KIA ဘက်က လုပ်ငန်းပြန်ရုပ်သိမ်းဖို့ ကတိပေးပြောဆို တာမျိုး အခုထိ မရှိသေး ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ https://www.rfa.org/burmese/news/skin-disease-kachin-11232023053742.html
၂၂။ ဖလမ်းမြို့ရှိ ထင်းရှူးစခန်းကို စစ်ကောင်စီတပ်က စွန့်ခွာထွက်ပြေးခဲ့ပြီး ပြည်သူများ အနေဖြင့် ဖလမ်း-ကလေး လမ်းမကြီးအား အသုံးမပြုကြရန် CNDF  သတိပေး
November 22, 2023

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် အခြေစိုက်ထားသော ခလရ ၂၆၈ စစ်ကောင်စီတပ်ရင်း၏ လက်အောက်ခံ ထင်းရှူးတပ် စခန်းကို စစ်ကောင်စီတပ်က စခန်းစွန့်ခွာထွက်ပြေး သွားကြောင်း ချင်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့(CNDF)က နိုဝင်ဘာ ၂၂ ရက်နေ့တွင် ထုတ်ပြန်သည်။ ထင်းရှူးစခန်းကို စစ်ကောင်စီတပ်က စွန့်ခွာထွက်ပြေးမှုကြောင့် ခရီးသွားပြည်သူများကို လူသား ဒိုင်းအဖြစ် အသုံးချနိုင်၍ မိဘပြည်သူများအနေဖြင့် ဖလမ်း-ကလေးလမ်းမကြီးကို လုံးဝအသုံးမပြုကြရန် ထုတ်ပြန် ချက်တွင် သတိပေးထားသည်။

စစ်ကောင်စီသည် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ ဗာရ်းစခန်းကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပြန်လည်ရုပ်သိမ်းခဲ့ ပြီး အဆိုပါဗာရ်းစခန်းကို ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF)က နယ်မြေရှင်းလင်းမှုများလုပ်‌ဆောင်၍ မီးရှို့ဖျက် ဆီးခဲ့ ကြောင်းသိရသည်။ ထို့အပြင် ဖလမ်းမြို့နယ်၊ ခလရ -၂၆၉ စစ်ကောင်စီတပ်ရင်း၏ လက်အောက်ခံ သီးဘွာလ်စခန်း ကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က နိုဝင်ဘာ ၁၅ ရက် နေ့တွင် သိမ်းယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများ အပြား သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။ ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်မတော်၊ ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် ချင်းအမျိုး သားကာကွယ်ရေးတပ်ဖွဲ့တို့က မြို့သိမ်းတိုက်ပွဲများနှင့် စခန်းသိမ်းတိုက်ပွဲများကို ပြည်နယ်အနှံ့တွင် ဖော်ဆောင် နေပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများအကြိမ်ကြိမ်ပြုလုပ်မှုကြောင့် ‌အသက်မပြည့်သေးသည့် ကလေး ငယ်များနှင့်ဒေသခံ အများအပြားသေဆုံးခဲ့သည်။ https://www.facebook.com/photo/?fbid=67337637 8264718&set=pcb.67337661826469
၂၃။ ဓါးပြမှုနဲ့ ဆက်စပ်သူတွေကို KIA တပ်ရင်း ၆ က ဖမ်းဆီးစစ်ဆေးနေ
     November 23, 2023

ဖားကန့်မြို့နယ်တွင်း ဓါးပြတိုက်မှုမှာပါဝင်ပတ်သက်တယ်လို့ ယူဆရတဲ့သူတွေကို KIA တပ်ရင်း ၆ က ဖမ်းဆီးစစ်ဆေး နေတယ်လို့ KPDF တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ ဓါးပြတိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆက်စပ်ဖမ်းဆီး စစ်ဆေးခံ ရသူများထဲမှာ KPDF ဖားကန့်မြို့နယ် မှော်စီစာအပိုင်းတာဝန်ခံ ဝမ်းဘက် (ခ) ရင်သွေးဦး နဲ့ လက်ထောက်ဖြစ်သူ ဇွဲကို တို့ပါဝင်နေပြီး KIA အရာရှိတစ်ချို့လည်းပါဝင်နေကြောင်း ဖားကန့် KPDF တာဝန်ခံတစ်ဦးက ပြောပါတယ်။“လက်ရှိက စစ်ဆေးနေဆဲ ကာလ ပါ ဝမ်းဘက်ကို လက်နက်ဖြုတ်ထိန်းသိမ်းထားပြီး စစ်ဆေးနေပါတယ်။ အပြင်မှာပြောနေကြသလို တစ်ခြား KPDF ခေါင်းဆောင် တွေဖြစ်တဲ့ ကိုတင်ကို တို့ ကိုရန်နိုင်စိုး တို့ကို ဓါးပြမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးခံရ တယ်ဆိုတာ မဟုတ်ပါဘူး။ အမှုအားလုံး စစ်ဆေးပြီးတဲ့အခါ ပြည်သူကို ချပြပါမယ်“လို့ ပြောပါတယ်။ အောက်တိုဘာ ၃၁ ရက်နေ့ လုံးခင်းကျေးရွာ ရွာလယ်လမ်းမပေါ်ရှိ ဂျာနူးဆေးဆိုင်နှင့် ငွေလွှဲငွေထုတ်လုပ်ကိုင်တဲ့ဆိုင်ကို ဓါးပြတိုက်ခံရတဲ့ ဖြစ်စဉ်အပါအဝင် တစ်ခြားဓါးပြတိုက်မှုတို့မှ သံသယရှိသူ များကို KIA တပ်မဟာ(၉)၊ တပ်ရင်း(၆)က စုံစမ်းဖော်ထုတ် ရမိသောကွင်းဆက်များအရ ဖမ်းဆီးစစ်ဆေးနေတာဖြစ်ပါတယ်။

ဒါ့အပြင် ဖားကန့်မှာ စစ်ကောင်စီတပ် နောက်ကွယ်ကနေ ကြိုးကိုင်‌ပြီး လုပ်ဆောင်နေတဲ့ ပျူစောထီးအဖွဲ့ကိုလည်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သလို KIA/KPDF တို့ ပါဝင်ပတ်သက်တယ်လို့ ယူဆရတဲ့ ဓါးပြမှုတွေကိုလည်း KIA တပ်ရင်း(၆)က ဆက်ပြီး စုံစမ်းနေပြီး ပြစ်မှုကျူးလွန်သူတွေကို ကြီးလေးတဲ့ပြစ်ဒဏ်ချမှတ်သွားမယ့်အပြင် သေချာအဖြေထွက်လာချိန် ပြည်သူတွေကို လည်း ဝန်ချတောင်းပန်သွားမှာဖြစ်တယ်လို့ KPDF ခေါင်းဆောင်တစ်ဦးက ဆက်ပြောပါတယ်။“ကျနော်တို့ ကတော့ ပြည်သူကို မျက်နှာမူပါတယ်၊ ပြည်သူကနေ ပေါက်ဖွားလာတာပါ၊ ခုလို ပြည်သူထိခိုက်တဲ့ကိစ္စ အမှုမှန်အဖြေမှန် ထွက်လာရင်လည်း ပွင့်လင်း စွာချပြမှာပါ၊ ကိုယ့်ဘက်က လူတွေ မှားယွင်းနေတာ သေချာတဲ့အဖြေထွက်လာရင် အရေးယူ မှာဖြစ်သလို ပြည်သူကို ဝန်ချ တောင်းပန်မှာပါ“ လို့ ပြောပါတယ်။ ဖားကန့်မှာ ဒီနှစ်အတွင်း လုံးခင်းကျေးရွာရှိ ဂျာနူး ဆေးဆိုင်နဲ့ ငွေလွှဲငွေထုတ်လုပ်ငန်းဆိုင်၊ မိုးရတနာရွှေဆိုင် ဓါးပြတိုက်ခံရပြီး ငွေကျပ်သိန်းခြောက်ထောင်နီးပါး ဆုံးရှုံးမှု အပါအဝင် ရွှေဆိုင်ဓါးပြတိုက်ခံရမှု ၃ ခုနဲ့ တစ်ခြား ငွေကျပ်အမြောက်အများ ဓါးပြတိုက်ခံရတဲ့ ဖြစ်စဉ်တွေ မကြာခန ဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။ https://burmese.kachi nnews.com/2023/11/23/cj1-10/
၂၄။ စစ်ကောင်စီတပ် ဓါးစာခံအဖြစ် ဖမ်းဆီးထားသော ပေါက်တောမြို့မှဒေသခံ ၁၀၄ ဦးကို AA ထပ်မံကယ်ထုတ်
    November 23, 2023

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လူသားဒိုင်းကာနှင့် ဓါးစာခံများအဖြစ် ဖမ်းဆီးခံထားရသော ပေါက်တောဒေသခံ ၁၀၄ ဦး ကို ဒုတိယအသုတ်အဖြစ် ထပ်မံကယ်ထုတ်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AAက (နိုဝင်ဘာ ၂၃ ရက်)  ညတွင် ထုတ်ပြန် သည်။ ဒုတိယအသုတ်ကယ်ထုတ်နိုင်ခဲ့သည့် ပေါက်တောဒေသခံများကို လုံခြုံစိတ်ချရသောနေရာများသို့ ဆက်လက်ပို့ ဆောင်နေကြောင်း AA က အသိပေးသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၆ ရက်က ရဟန်းသံဃာများ၊ သက် ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်အမျိုး သမီးများနှင့် ကလေးသူငယ်များပါဝင်သော ပေါက်တောမြို့ခံများအား လူသားဒိုင်း ကာနှင့် ဓါးစာခံများ အဖြစ် ပြန်ပေးဆွဲ ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။ အဆိုပါ မြို့ခံပြည်သူများအား ပြန်ပေးဆွဲ ဖမ်းဆီး ထားပြီး ခြောက်ရက်မြောက် နေ့ နိုဝင်ဘာ ၂၁ ရက်တွင် ဓါးစာခံများအားလုံးထဲမှ ၁၂၀ ဦးကို ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင် များက ပထမအသုတ်အနေဖြင့် ကယ် ထုတ်နိုင်ခဲ့ပြီး လုံခြုံစိတ်ချရသော နေရာသို့ ပိုဆောင်ပေးခဲ့ပြီးဖြစ်သည်။ ဓါးစာခံ ကယ်တင်ရေး ပထမနေ့တွင် စစ်တပ်အခြေပြု ထားသော သုံးနေရာမှ စစ်​ကောင်စီတပ်သား ၃၀ ကျော်ကိုရှင်းလင်းနိုင်ခဲ့ သည်ဟုဆိုသည်။

ထို့အပြင် နိုဝင်ဘာ ၂၂ ရက်တွင် ဒုတိယအသုတ်အဖြစ် ဒေသခံများကိုကယ်ထုတ်နိုင်ခဲ့ပြီး ပေါက်တောမြို့တွင်းသုံးနေရာ မှ စစ်သား ၁၈ ဦးကို ထပ်မံရှင်းလင်းနိုင်ခဲ့ကြောင်း ဖော်ပြသည်။ တိုက်ပွဲအတွင်း ဒရုန်းစက်များအပါအဝင် ရန်သူ၏ လက်နက် ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့အား ထပ်မံသိမ်းဆည်းရရှိခဲ့သည်ဟု ​ဖော်ပြထားသည်။ ထို့အပြင် ပေါက်တောမြို့ အတွင်း လူသားဒိုင်းကာအဖြစ် ပြန်ပေးဆွဲခံထားရကာ ကျန်ရှိနေသေးသော ဓါးစာခံများ အန္တရာယ်ကင်းစွာလွတ် မြောက်နိုင် ရေးအတွက် ဆက်လက် ကြိုးပမ်းနေပြီး တစ်ပြိုင်နက်တည်းတွင် ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဆက် လက် သုတ်သင်ရှင်းလင်းနေကြောင်း AA က ထုတ်ပြန်သည်။ နိုဝင်ဘာ ၂၃ ရက်တွင်လည်း ​ပေါက်​တောမြို့တွင် တိုက်ပွဲပြင်း ထန်​နေပြီး စစ်​ကောင်စီတပ်က ​ရေတပ်သ​ဘော်သုံးစီးဖြင့် မြို့အတွင်းနှင့် မြို့အနီးရှိ​ကျေးရွာများသို့ အ​မြောက်ဖြင့်ပစ်ခတ်၍ ​နေအိမ်အချို့ မီး​လောင်ပျက်စီးခဲ့​ကြောင်း​ဒေသခံအချို့က​ပြောသည်။စစ်တပ်က ​လေ​ကြောင်း၊ ​ရေ​ကြောင်းကိုပါ အင်အား အများအပြားအသုံး ပြု တိုက်ခိုက်​သော်လည်း ​​ပေါက်​တောမြို့ တွင်းတိုက်ပွဲ၌ စစ်​ကောင်စီတပ်ပင် ​သေဆုံးဒဏ်ရာ ရသူများ ပြီး  အထိနာ​နေ​ကြောင်း​ ဒေသခံအချို့က​ပြောသည်။ https://www.facebook.com/photo?fbid=683225860 542876&set=pcb.683225953876200
၂၅။ လောက်ကိုင်ဒေသက ပြည်သူ ၃,၀၀၀ ကျော် ကယ်ထုတ်၊ စစ်သားတွေ စစ်ဘေးရှောင် ဟန်ဆောင် တိုက်ခိုက်နေတယ် လို့ MNDAA ပြော
  November 24, 2023

ရှမ်းမြောက်၊ လောက်ကိုင်ဒေသ တိုက်ပွဲတွေ အတွင်း ပိတ်မိနေတဲ့ စစ်ဘေးရှောင် ပြည်သူ ၃,၀၀၀ ကျော်ကို ကယ်ထုတ် ပေးခဲ့တယ်လို့ MNDAA က မနေ့က ထုတ်ပြန်ပါတယ်။ ကိုးကန့်တပ်ဖွဲ့အနေနဲ့ နိုဝင်ဘာ ၂၂ နဲ့ ၂၃ ရက်အတွင်း ပိတ်မိနေတဲ့  စစ်ဘေးရှောင် ဒုက္ခသည် စုစုပေါင်း ၃,၀၀၀ ကျော်ကို ချင်းရွှေဟော်ဒေသကတစ်ဆင့် လုံခြုံဘေးကင်းတဲ့နေရာသို့ ပြောင်း ရွှေ့ပေး နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အခုလို ပြည်သူတွေ ပိတ်မိနေအောင် စစ်ကောင်စီလက်အောက်ခံ ကိုးကန့်အုပ်ချုပ်ရေး အဖွဲ့က ပြုလုပ် နေတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေလည်း စစ်ဘေးရှောင် ဟန်ဆောင်ကာ စစ်ရေးတိုက်ခိုက်မှုတွေ ပြုလုပ် တာရှိတယ်လို့ MNDAA ဆိုပါတယ်။

စစ်ဘေးရှောင် ဟန်ဆောင်ကာ ရုပ်ဖျက် တိုက်ခိုက်လေ့ရှိတဲ့ စစ်ကောင်စီတပ်သားတွေကို အထူး စိစစ် ရတာကြောင့် စစ် ရှောင်ကယ်ဆယ်ရေးပိုင်းမှာ အနည်းငယ်ကြန့်ကြာနေရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ လက်ရှိတိုက်ပွဲတွေကြောင့် လောက်ကိုင်ဒေသမှာ လမ်းတံတား ကျိုးပျက်တာ၊ လမ်းပိုင်းတွေ ပျက်စီးနေတာကြောင့် တိုက်ပွဲတွေကြား ပြည်သူ သောင်း နဲ့ချီ ပိတ်မိနေတာ ဖြစ်ပါတယ်။ https://www.facebook.com/photo/?fbid=373750801678037&set=pc b.37375 0928344691
၂၆။ လောင်းကစား(အံဂလုံ)ဝိုင်းများကို ကျေးရွာကထိန်ပွဲများတွင် လှည့်လည်ကျင်းပနေ
     November 23, 2023

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ(၇)နယ်မြေအတွင်းရှိ မြို့နယ်များတွင် ယခု ကထိန်ရာသီ ကာလအတွင်း ကျေးရွာဘုန်းကြီးကျောင်းများ၌ ပြုလုပ်သည့် ကထိန်ပွဲများတွင် အန်ဂလုံ လောင်းကစားဝိုင်းများလာရောက် လုပ်ကိုင်သူများရှိနေသည်ဟု ဒေသခံများထံမှသိရသည်။ ဖားအံခရိုင်အတွင်းရှိ မြို့နယ်များတွင် အာဝါဒေးလောင်းကစားဝိုင်း များ မပြုလုပ်ရန် ကရင့်လက်နက်ကိုင် စည်းလုံးညီညွတ်ရေးကော်မတီက ယခုနှစ်အစောပိုင်းတွင် စာထုတ်တားမြစ်ထား ခြင်းရှိသော်လည်း အခုလို ဘာသာရေးပွဲနှင့် ဆက်စပ်သောနေရာများတွင် တားမြစ်ပိတ်ပင်ရန် အခက်အခဲများရှိနေသည်ဟု နယ်မြေခံ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ၎င်းက “ကျနော်တို့တားလို့ အဆင်မပြေဘူး၊ အသိပေးလို့တော့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘာသာရေး တွေပါရင် ဘုန်းကြီးတွေလည်း ပါလာမယ်။ ရပ်ရွာလူကြီးတွေတို့အများကြီးပဲ ရှုပ်ထွေး ကုန်မှာ။ အဲဒါကြောင့် ကျနော် တို့ အနေနဲ့ ဒီလောင်းကစားဝိုင်းက ဘာဖြစ်လာနိုင်လဲ။ အသိပညာပေးဖို့ ပိုလိုအပ်လာပြီး ထင်တယ်”ဟု ပြောသည်။

အဆိုပါ အန်ဂလုံလောင်းကစားဝိုင်းပြုလုပ်သူများသည် ကျေးရွာအတွင်း ပြုလုပ်သည့် ဘုံကထိန်ပွဲများရှိရာ ကျေးရွာများ တွင်နယ်လှည့်၍ လိုက်လံပြုလုပ်နေကြခြင်းဖြစ်ပြီး သက်ဆိုင်ရာ ဒေသခံအာဏာပိုင်များကလည်း ဝင်ရောက်တားမြစ်ပိတ် ပင်ခြင်းမျိုးများမရှိကြောင်း ဒေသခံများက ဆိုသည်။ ယခုလို ဘာသာရေးပွဲတော်များတွင် အန်ဂလုံဝိုင်းများ လောင်းကစား ဝိုင်းများကို တွေ့နေရခြင်းကြောင့် တခြား ဘာသာဝင်များ၏ အထင်သေးရာရောက်စေကြောင်း ပိုင်ကျုံဒေသခံတစ်ဦးက ပြောသည်။ ၎င်း က “ဘာသာရေးပွဲတွေမှာ လောင်းကစားဝိုင်း‌တွေတွေ့ရတာ လုံးဝအဆင်မပြေဘူး။ ဘာလို့လဲဆိုတော့ ဘာသာရေးပွဲမှာလည်း အန်ဂလုံဝိုင်းပါ၊ နှစ်သစ်ကူးမှာလည်း အန်ဂလုံဝိုင်းပါနဲ့ ဒီလိုပဲဆက် လုပ်နေမယ်ဆိုရင် ကရင်လူငယ် တွေရဲ့ အနာဂတ်က မတွေးရဲ စရာပဲ”ဟု ပြောသည်။ ဖားအံခရိုင်အတွင်း လောင်းကစားများပြုလုပ်ခြင်းကို ကရင့်လက်နက် ကိုင် စည်းလုံးညီညွတ်ရေး ကော်မတီက တရားဝင်တားမြစ်ထားသော်လည်း လောင်းကစား ဝိုင်းပြုလုပ်သူများက အရေးယူ ပိတ်ပင်၍မရအောင် ဘာသာရေး ကို အကြောင်းပြပြီး လုပ်ဆောင်သည်ဟုလည်း ဒေသခံများက ဝေဖန်ပြောဆိုသည်။ https://www.facebook.com/photo/? fbid=741264621363752&set=a.599857992171083
၂၇။ မောင်တောခရိုင်တွင် စားသောက်ကုန်များ အလုအယက်ဝယ်ယူ၊ ကုန်ဈေးနှုန်းများမြင့်တက် 
    November 24, 2023

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တာကြောင့် မောင်တောခရိုင် ဒေသခံတွေ စိုးရိမ်ပြီး စားသောက်ကုန် တွေ အလုအယက် ဝယ်ယူနေကြကာ ကုန်ဈေးနှုန်းတွေလည်း တက်နေတယ်လို့  ဒေသခံတွေက ပြောပါတယ်။ မောင်တော ဒေသခံ အမျိုးသမီးတစ်ဦးက“မနေ့က ကြက်သွန်နီ တစ်ပိဿာကို ကျပ် ၅၀၀၀ ကနေ ၆၀၀၀ ဖြစ်သွားတယ်။ အခု တစ်ပိဿာကို ၁၈၀၀၀ အထိ မြင့်တက်သွားတယ်။ အနာဂတ် စားဝတ်နေရေး အခက်အခဲကို စိုးရိမ်ရတယ်။ တိုက်ပွဲတွေ ဘယ်လောက်အထိ ပြင်းထန်လာမလဲဆိုတာ ကျမတို့ မပြောနိုင်ပါဘူး”လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ နိုဝင်ဘာ ၁၃ ရက်ကစပြီး တကျော့ပြန် တိုက်ပွဲကာလအတွင်း စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းနဲ့ အဓိကကုန်စည်စီးဆင်းရာလမ်း ကြောင်းတွေ အားလုံးကို အကန့် သတ်မရှိပိတ်ဆို့ထားလိုက်လို့ ရခိုင်ဒေသခံပြည်သူ သန်းနဲ့ချီပြီး စားနပ်ရိက္ခာပြတ်လပ်မယ့် အရေးနဲ့ ကြုံတွေ့နေကြရတာပါ။

မောင်တောခရိုင်က စျေးဝယ်ယူသူတစ်ဦးက “အခုအချိန်မှာ ကုန်စျေးနှုန်းက တနေ့ထက်တနေ့ တက်လာနေပါတယ်။ ကြက်သွန်ဖြူ တအိတ်ကို  အရင်တုန်းက ကျပ် ၃၀၀၀၀ ကနေ  ၃၄၀၀၀ နဲ့ဝယ်ယူရတယ်။ အခုတော့ ၃၈၀၀၀ အထိပေး ဝယ်ယူ နေကြရတယ်။ ကုန်စျေးနှုန်းကတော့ အများကြီးကွာခြားသွားပါတယ်။ မရှိဆင်းရဲသားတွေ အများကြီးအခက်တွေ့ ကြရမှာပါ။ နောက်အနာဂတ်ရေရှည်ကာလမှာ စိုးရိမ်ထိတ်စရာ ကြောက်လန့်စရာတွေ ဖြစ်လာရမှာ” လို့ ပြောပါတယ်။ လက်ရှိ ရခိုင်ပြည် နယ်တစ်ခုလုံးကို စစ်တပ်က  ကုန်းလမ်း၊ ရေလမ်း ပိတ်ထားတဲ့အပြင် NGO/INGO နဲ့ အရပ်ဖက်အဖွဲ့ တွေကိုပါ လိုက်လံဖမ်းဆီး နေတာကြောင့် လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းတွေလည်း ရပ်တန့်နေပါတယ်။ https://burmese.dvb.no/ post/626435

၂၈။မြိတ်တက္ကသိုလ်တွင်အလုပ်ထွက်ချင်သည့် ကျောင်းဆရာဆရာမများကို ပါမောက္ခချုပ်ကလျော်ကြေးငွေ ၁၀ သိန်း တောင်း
 November 23, 2023

တနင်္သာရီတိုင်း၊ မြိတ်တက္ကသိုလ်တွင် အလုပ်ထွက်ချင်သည့် စစ်ကောင်စီလက်အောင်ခံ Non CDM ဆရာ၊ ဆရာမများ ကို မြိတ်တက္ကသိုလ်ပါမောက္ခချုပ်က လျော်ကြေးငွေကျပ်ဆယ်(၁၀)သိန်းအထိ တောင်းခံနေကြောင်းသိရသည်။ မြိတ်တက္က သိုလ် စစ်ကောင်စီလက်အောင်ခံ  ပါမောက္ခချုပ်သည် လက်ရှိတွင်အလုပ် ထွက်ချင်သည့် ဆရာ၊ ဆရာမများကိုလျော်ကြေး ငွေ ကျပ်  ဆယ်(၁၀)သိန်း တောင်းသည့်အပြင် ကျောင်းမတက်ချင်သည့် ဆရာ၊ ဆရာမများကို နေ့စဥ် ဖိအားပေးကာ ကျောင်းတက်ခိုင်းခြင်းဖြစ်သည်ဟု Non CDM ဝန်ထမ်းများထံက သိရသည်။ “အခုက စစ်တပ်အလိုကျ အကုန်လိုက် လုပ် ပေးနေတာ။ ပါမောက္ခက ကျောင်းထဲမှာ ခဏခဏ ပွဲလုပ်တယ် ရန်ပုံငွေရှာတယ်။ စစ်တပ်ကို ခဏခဏ ဖိတ်ကြားတယ်။ ဆရာ၊ ဆရာမတွေ အလည် အပတ် ပြန်မယ်ဆိုလဲမရဘူး ပြန်မလွှတ်ဘူး”ဟု စစ်ကောင်စီ လက်အောက်ခံ Non CDM ဝန်ထမ်းဖြစ်သည့် ဆရာမတစ်ဦးက ပြောသည်။

မြိတ်တက္ကသိုလ်မှ ဆရာ၊ ဆရာများအလုပ်ထွက်စာတင်ခြင်းများ စတင်ပြုလုပ်လာခြင်းမှာ လွိုင်ကော်တက္ကသိုလ်တွင် စစ်ကောင်စီတပ်သားများ ဝင်ရောက်စီးနင်း တပ်စွဲသည့် ဖြစ်စဥ်မျိုး ကြုံတွေ့လာနိုင်သည်ဟု ယူဆ၍   ယခုကဲ့လို လုပ်ဆောင်လာ ကြခြင်းဖြစ်ကြောင်း မြိတ်ဒေသခံများက ဆိုသည်။ လက်ရှိတွင် မြိတ်တက္ကသိုလ် ပါမောက္ခချုပ်သည် ၎င်း၏ မိသားစုဝင်များကို မြိတ်တက္ကသိုလ်နှင့်ဝေးရာ ဆွေမျိုးများထံ ပို့ဆောင်ထားကြောင်း ဒေသခံများထံက သိရသည်။  ထို့ပြင်  နိုဝင်ဘာလ ၂၃ ရက်နှင့် ၂၅ ရက်နေ့များတွင် မြိတ်တက္ကသိုလ်၌ ပါတီပွဲများ ကျင်းပရန်စီစဥ်နေပြီး စစ်ကောင်စီတပ်ဖွဲ့ အရာရှိ များကိုပါ ပါမောက္ခချုပ်က ဖိတ်ကြားထားကြောင်း  မြိတ်တက္ကသိုလ်နှင့် နီးစပ်သူများထံက သိရသည်။ https://www.f acebook.com/photo?fbid=6738 05274888495&set=a.583120797290277
၂၉။ ကလေးမြို့မှ ရိခေါဒါရ်မြို့ကို ဆက်သွယ်သော လမ်းကြောင်းများ စစ်ကောင်စီက စတင်ဖြတ်တောက်လာ
     November 22, 2023

ချင်းကာကွယ်ရေးပူပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့သို့ ပြေးဆွဲနေသော မော်တော်ယာဉ်လိုင်းများကို စစ်ကောင်စီက စတင်ဖြတ်တောက်ပိတ်ဆို့လာသည်ဟု သိရသည်။ စစ်ကိုင်းတိုင်း ကလေးမြို့မှ အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေစခန်းအခြေစိုက်ရာ ရိခေါဒါရ်မြို့သို့ ပြေးဆွဲသော ခရီးသည်တင်ကားနှင့် ကုန်တင်ကားများကို ကလေးမြို့အထွက် စစ်ကောင်စီတပ်ဖွဲ့၏ ၈ မိုင် စစ်ဆေးဂိတ်က ဖြတ်သန်းသွားလာခွင့်မပြုသည်မှာ ၃ ရက်ခန့်ရှိ သွားပြီဟု ဒေသခံများထံမှသိရသည်။“ကားလမ်းပိတ်ထားတာ ၃ ရက်လောက်ရှိသွားပြီ စစ်ကောင်စီက ပိတ်ထား တာ အဓိက တော့ ကလေးကနေ ရိ သွားတဲ့ကားကို ပိတ်တာပါ” ဟု တီးတိန်မြို့ဒေသခံတစ်ဦးကပြောသည်။

နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် ရိခေါဒါရ်မြို့က စစ်ကောင်စီတပ်စခန်း ၂ ခုကို ချင်းအမျိုးသားတပ်မတော် CNA ဦး ဆောင်သော ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် နို၀င်ဘာလ ၁၃ ရက်ညနေပိုင်းတွင် တိုက်ခိုက်သိမ်းပိုက် ကာ ရိခေါဒါရ်တစ်မြို့ကိုလည်း ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်နိုင်ခဲ့ကြသည်။ စစ်ကောင်စီသည် အိန္ဒိယနှင့် နယ်စပ် ကုန်သွယ်ရေးတွင် အဓိကကျသည့် ရိခေါဒါရ်မြို့ကို လက်လွှတ်လိုက်ရပြီးနောက် ကလေးမြို့မှ ရိခေါဒါရ်မြို့သို့ ထွက်ခွါမည့် ခရီး သည်တင်ကားနှင့် ကုန်တင်ကားများကို ယခုကဲ့သို့ပိတ်ပင်လာခြင်းဖြစ်သည်။ ထို့အပြင် တီးတိန်မြို့မှ ရိခေါဒါရ်မြို့သို့ ဆက်သွယ် သော ကားလမ်းကိုလည်း တီးတိန်-ရိ လမ်းခွဲတွင် စစ်ကောင်စီ ဂိတ်ချပြီး ပိတ်ဆို့ထားသည်ဟု သိရသည်။ https://www.faceb ook.com/photo/?fbid=834640798664975&set=pcb.83464095 8664959

၃၀။ တောင်ကြီး တန်ဆောင်တိုင်ပွဲလူစည်ကားရန် ကျောင်းသားများကို အဓမ္မစေလွှတ်  
    November 23, 2023

ရှမ်းပြည်နယ်(​တောင်ပိုင်း)၊​ တောင်ကြီးမြို့မှာ တန်​​ဆောင်တိုင်ပွဲကို သွားဖို့ မြို့​ပေါ်​ကျောင်း​တွေက ​ကျောင်းတစ်​ကျောင်း ကို ကျောင်းသားအယောက် ၂၀၀ ​စေလွှတ်​ပေးရ​ပြီး  စစ်ကောင်စီက ပွဲတော် လူစည်ကားအောင် လုပ်ဆောင်နေတယ်လို့ မြို့ခံ တွေထံကသိရပါတယ်။ တောင်ကြီး​ဒေသခံတစ်ဦးက“ဒေသခံတွေ ၁၀၀ မှာ ၉၉ ယောက်လောက်က ရှောင်တယ်။ မ​နေ့က ဖွင့်ပွဲ့​နေ့ဆိုတော့ ​ကျောင်းသား ၁၂၀၀ နဲ့ ​အေးသာယာမြို့သစ်ဘက်က ​နေ့စား​တွေကို ၁၀ ဘီးကားနဲ့​ခေါပြီး ချ​ပေးတာ​တွေရှိ တယ်” လို့ ​ ​ပြောပါတယ်။ တောင်ကြီးမြို့မှာ ဒီကနေ့ စစ်​ကောင်စီက တန်​ဆောင်တိုင်ပွဲကို မဖြစ်မ​နေ သွားကြည့်ကြဖို့ အသံချဲ့စက်နဲ့ ဝါဒဖြန့် လိုက်​အော်​နေတယ်လို့လည်း သိရပါတယ်။  ဒေသခံတစ်ဦးက “အရင်ဆို နေ့လယ် ၃ နာရီလောက်ဆို ကားလမ်းတွေပိတ် လူတွေ ပြုံပြီး ပွဲဈေးတန်းဆိုလည်း ကြိတ်ကြိတ်တိုး စည်ကားတာ။ အခု​တော့ ကားပိတ်ဖို့ ​နေ​နေသာသာ အရင်​နေ့​တွေထက်​တောင် ရှင်း​နေ​သေးတယ်။ ပွဲ​ဈေးဆိုလည်း ​ဝေး​​ဝေးမှ တစ်ခုမြင်ရတယ်။အရင်က အလွန်စည်ကားခဲ့တဲ့ ​တောင်ကြီး​တန်​ဆောင်တိုင်ပွဲဟာ အခုဆိုရင် သိသိသာသာ​ ခြောက်ခန်းသွားတယ်” လို့ ပြောပါတယ်။

အရင်က ပွဲကြည့်သူ​တွေရဲ့ လုံခြုံ​ရေးအတွက် မီးသတ်ကား​တွေနဲ့ ​သေ​သေချာချာ ပြင်ဆင်ခဲ့ပြီး အခုအခါ လုံခြုံ​ရေးကိုပဲ အတင်းလုပ်​နေရ​ကြောင်း သိရပါတယ်။  ဒါ့အပြင် ယခင်နှစ်က နာမည်ကြီး မီးဆရာနဲ့ မီးပုံးပျံ​တွေ မပါဝင်​တော့ဘူးလို့လည်း သိရ ပါတယ်။  တောင်ကြီးမြို့ခံတစ်ဦးက “နာမည်ကြီးမီးတွေ ဘာလို့ မပါတာလဲဆိုတော့ ရိုးရာပွဲအစစ် မဟုတ်လို့​ပေါ့၊  ​တောင်ကြီး တန်​ဆောင်တိုင် ရိုးရာကို ခုတုံးလုပ်ပြီး ဝါဒဖြန့်ဖို့လုပ်​နေ​တော့ ဘယ်သူမှလုပ်ဖို့ စိတ်မဝင်စားကြ​တော့ဘူး”လို့ ​ပြောပါတယ်။ ဖွင့်ပွဲ ​နေ့မှာ မီးပုံး ၆ လုံးသာ လွှတ်နိုင်ပြီး ယခင်က မနက် ၄ နာရီ၊ ၅ နာရီ​​လောက်မှပြီးတဲ့ပွဲက ယခု ည ၁၀ နာရီခွဲနဲ့တင် ပြီးသွားခဲ့တယ် လို့ သိရပါတယ်။ ဒေသခံတဦးက “အရင်နှစ်က ဖွင့်ပွဲညဆို မီးပုံး ၁၀ လုံး၊ ၁၁ လုံး​လောက် လွှတ်တယ်။ ပြီး​တော့ မီးပုံး တစ်​ထောင်​ရောပဲ။ မီးရှူးမီးပန်းတွေ ဆိုရင်လည်း ၁၀ မိနစ်စာ​လောက် အနည်းဆုံး ​ဖောက် တယ်။ ခုက မီးရှုးမီးပန်းကို လမ်း​ဘေးက ဝယ်လာ သလို ခဏ​လေးနဲ့ ပြီးသွားတယ်။ မီးပုံးတစ်​ထောင်​တော့ ​ဝေး​ရော​ပေါ့။ တန်ဆောင်တိုင်ပွဲလို့လည်း မသတ်မှတ်သလို သွားဖို့လည်း အစီအစဉ်မရှိပါဘူး”လို့ ​ ပြောပါတယ်။ https://burmese.d vb.no/post/626415
၃၁။ ရေတပ်ပါအသုံးပြုနေသော်လည်း ရခိုင်၌ စစ်ကောင်စီတပ်စခန်း ၄၀ ကျော်ကို AA သိမ်းပိုက်ထားနိုင်
     November 23, 2023

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် AA က ထိုးစစ်ဆင်နေသည့်ကာလအတွင်း၌ စစ်ကောင်စီတပ်များက စခန်းစွန့်ခွာမှုများ အပါအဝင် တပ်စခန်းပေါင်း ၄၀ ကျော်ကို သိမ်းပိုက်ရရှိထားသည်ဟု ရက္ခိုင့်တပ်တော်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန် သည်။ ရခိုင်ပြည်နယ်တွင် ၁၀၂၇ စစ်ဆင်ရေးအနေဖြင့် စစ်ကောင်စီတပ်စခန်းများကို ရက္ခိုင့်တပ်တော်AAက နိုဝင်ဘာ ၁၃ ရက်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ၏ နယ်ခြားစောင့်စခန်းအပါအဝင် စခန်းပေါင်း ၄ ခုကို တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ သည်။ ထို့ပြင် စစ်ဆင်ရေးဆောင်ရွက်ခဲ့သည့် ၁၀ ရက်တာအတွင်း၌ ရန်သူ့ဘက်မှ စွန့်လွှတ်သွားခဲ့သော စခန်း ပေါင်း (၄၀) ကျော် ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟုရက္ခိုင့်တပ်တော်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ရခိုင်ဒေသတွင် စစ်ဆင်ရေးစတင်ခဲ့သည့် နိုဝင်ဘာလ (၁၃) ရက်နေ့တွင်ပင် ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်နယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ခဲ့ပြီး စစ်ဆင်ရေး ဒုတိယနေ့ဖြစ်သော နိုဝင်ဘာလ (၁၄) ရက်တွင်လည်း “ချိန်ခါလီ” နယ်ခြား စောင့် တပ်စခန်းကို အပြီးသတ်သိမ်းယူ နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင်  နိုဝင်ဘာလ (၁၆) ရက်နေ့ နှင့် နိုဝင်ဘာလ (၂၁) ရက်တို့တွင်လည်း မောင်တောအခြေစိုက် “ဒုံးညို” နယ်ခြားစောင့်တပ်စခန်းနှင့် ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ “ခထီးလှ”တပ်စခန်းတို့အား အပြီးသတ်သိမ်းပိုက် နိုင်ခဲ့သည်။

စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်းအများအပြားကို သိမ်းပိုက်ထားနိုင်သည့် ရက္ခိုင့်တပ်တော်သည်  ပလက်ဝမြို့ နယ်အတွင်းရှိ စစ်ကောင်စီ၏ အခိုင်မာအထိုင်ချနေရာယူထားသော “တရွန်အိုင်ဗျူဟာ”နှင့် “နှုံးဘူးဗျူဟာ” နှစ်ခုကိုလည်း နိုဝင်ဘာလ (၁၄) ရက်မှ စတင်ကာ ယနေ့အချိန်အထိ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွား လျက်ရှိသည်ဟု ဆိုသည်။ ရခိုင်ပြည်နယ်၌ တပ်စခန်းအများအပြား ဆုံးရှုံးနေသော စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းတို့မှ စစ်ကူပေးတိုက်ခိုက်နေသည့်အပြင် ဒေသခံရာချီကိုလည်း လူသားဒိုင်းများအဖြစ် ဖမ်းဆီးမှု များပြုလုပ်နေ သည်။ ပြည်သူကို ရည်ရွယ်ချက်ရှိရှိ အနိုင်ကျင့် ခြိမ်းခြောက်သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများကို လက်ရဲဇက်ရဲဆက်တိုက် ကျူးလွန်နေသော စစ်ကောင်စီ၏ တပ်စခန်းများနှင့် လက်နက်ချအညံ့မခံသောသူများအား ရက္ခိုင့်တပ်တော်အနေဖြင့် ဆက်လက် တိုက်ခိုက်သွား မည်ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ သတိပေးဖော်ပြထားသည်။ ယမန်နေ့၌လည်း စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကြက်သွန်ခင်း ကျေးရွာ လမ်းသုံးခွဆုံအနီး၌လည်း ထီးချိုင့်မြို့အခြေစိုက် ခမရ (၃၆၇)တပ်ရင်းနှင့် ရက္ခိုင့်တပ်တော်တို့သည် တစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။ https://www.facebook.com/photo?fbid=720099633487334&set=a.583747122364

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button