သတင်း

ဘီးလင်းက နေအိမ်အချို့ စစ်ကောင်စီ လက်နက်ကြီးကြောင့် ထိခိုက်ပျက်စီး

ဓါတ်ပုံ – KNU
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၉၊ ၂၀၂၃
 
မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်များဟာ ကျေးရွာအတွင်းသို့ ယမန်နေ့ ဖေဖော်ဝါရီ ၇ ရက်နေ့က လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် အရပ်သားနေအိမ်များ ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU ထုတ်ပြန်ပါတယ်။
 
အဲဒီပစ်ခတ်မှုကို ဘီးလင်းမြို့နယ်ရှိ ကိုးနဝင်းတပ်စခန်းမှ စစ်ကောင်စီတပ်သားများက ည ၇နာရီခွဲ ဝန်းကျင်ခန့်မှာ လက်နက်ကြီး ၂လုံး ရမ်းသမ်းပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
 
အဆိုပါလက်နက်ကြီးဟာ KNU တပ်မဟာ(၁) အုပ်ချုပ်နယ်မြေ အတွင်းထဲက ဘီးလင်းမြို့နယ် တဂေးလောင်းကျေးနယ် မင်းစောရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား နေအိမ် ၉ လုံး ပျက်စီး ဆုံးရှုံးခဲ့ရတာလို့ သိရပါတယ်။
 
စစ်ကောင်စီ၏ ကိုးနဝင်းတပ်စခန်းဟာ မကြာခဏဆိုသလို မင်းစောကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်မှုရှိတယ်လို့လည်း ဒေသခံများက ပြောဆိုကြပါတယ်။
 

Related Articles

Back to top button