သတင်း

နေ့စဉ်သတင်း အကျဉ်း

#Photo-Credit

ဖေဖော်ဝါရီလ – ၂ – ၂၀၂၂

 

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လူထုလှုပ်ရှား မှုပြုလုပ်သည့်အပေါ် မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်သတ်မှုကြောင့် ယနေ့ ​ ဖေဖော်ဝါရီလ ၂ ရက်နေ့ အထိ နွေဦးတော်လှန်ရေးအတွင်း အသက် သေဆုံးသူ (၁၅၁၀) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။ ဖမ်းဆီးခံခဲ့ရသူ (၁၁၉၃၇)ဦးပြီး ဖမ်းဝရမ်းထုတ်ခံခဲ့မှုကြောင့် ထွက်ပြေးသိမ်းရှောင်နေရသူ ( ၁၉၇၂) ရှိကြောင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

 

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဆန္ဒပြပြည်သူ ၁၀၀၀ ခန့် KIA ၊ PDF နှင့် NUG ကိုထောက်ခံပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ယနေ့ ချီတက် ဆန္ဒပြကြသည်။ ဆန္ဒပြပြည်သူများ က KIA PDF တိုက်ပွဲတိုင်းမှာ နိုင်ပါစေ၊ NUG အစိုးရ ဒို့အစိုးရ ၊ ဖက်ဆစ်စစ်တပ် လုံးဝအုပ်ချုပ်ခွင့်မရစေရ ၊ ဖက်ဒရယ် ပြည် ထောင်စု ပေါ်ပေါက်ရေး ဒို့အရေး ၊ ဖက်ဒရယ် တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး ၊ နွေဦး တော်လှန်ရေး အရေးတော်ပုံ အောင်ကို အောင်ရမည် ဟု ကြွေးကြော်ကြသည်။

 

  • ‘သွေးမအေးတဲ့ နမ္မတီးမြို့၂၂၂၂၂ သပိတ်’ဖြင့် ယနေ့ ပြည်သူများက ဆက်လက် ဆန္ဒပြထုတ် ဖော်ခဲ့ကြောင်းသိရသည်။

 

  • ကြာအင်းဆိပ်ကြီး ဗကသ၊ ဝင်းရော်ဒေသ နွေဦးတော်လှန်ရေး လှုပ်ရှား လူငယ်များမှ ဒေသခံ ပြည်သူလူထုနှင့် ပူး ပေါင်း၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ်ကို ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ပြုလုပ်ခဲ့ကြသည်။

 

  • ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း၌ ဖေဖော်ဝါရီ ၂ ရက်တွင် လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံ ပညာကျောင်းသားများ သမဂ္ဂနှင့် လူငယ်များ ပူးပေါင်းကာ “၂၂၂၂၂ စိတ်ဓာတ်ကိုင်စွဲကာ ပြည်သူ့ တိုက်ပွဲ အောင်ပွဲဆင်ကြ” ဟူသော ကြွေးကြော်သံဖြင့် စစ်အာ ဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

 

  • အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ ဖြုတ်ချရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန်ကျောင်း သားပြည်သူများသည် ဖေဖေါ်ဝါရီလ ၂ ရက် ယနေ့ မွန်းလွဲပိုင်းတွင် ၃၆၀ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် လှည့်လည်ချီတက်ဆန္ဒပြကြသည်။

 

  • အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ ချေမှုန်းရေး မန္တလေး ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဦးဆောင်သည့် ရတကသ သပိတ်စစ် ကြောင်းသည် ယနေ့ ဖေဖေါ်ဝါရီလ ၂ ရက် နံနက်တွင် လှည့်လည်ကြွေး ကြော်ဆန္ဒပြကြပြီး မန္တလေးပြည်သူအချို့လည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပရိတ်ရွတ် မေတ္တာပို့ပြီး အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

 

  • မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မုံရွာ-အမြင့်လမ်း ပင်မသပိတ်စစ်ကြောင်းက ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး နှစ်ငါးလုံး သပိတ်အဖြစ် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မုံရွာမြို့နယ် အနောက် မြောက်လွင်ပြင်ဒေသ ကျေးရွာတစ်ရွာတွင် ပြည်သူများက အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခြင်းကို ယနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။

 

  • စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်တွင် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းကို ပြည်သူများ ချီတက်ဆန္ဒပြခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လုံခြုံရေးယူပေးခဲ့ကြသည်။

 

  • ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ေဖေဖာ်ဝါရီ ၂ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်၊ စုန်းချောင်းကျေးရွာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းသည် ယနေ့ ဖေဖေါ်ဝါရီလ ၂ ရက် ညနေပိုင်းတွင် လူအင်အားအမြောက်အများဖြင့် ၂ ငါးလုံးအထိန်းအမှတ် ဖက်ဆစ်စစ်တပ် ဖြုတ်ချရေး ချီတက်ဆန္ဒပြကြသည်။ ထို့အပြင် ရွာငယ်လေးတစ်ရွာရှိ ပြည်သူများ စုစည်း၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ညနေဆည်းဆာသပိတ်ချီတက်ခြင်းကို ယနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

 

  • ဆားလင်းကြီးမြောက်ခြမ်းနှင့် ယင်းမာပင် အရှေ့ခြမ်း ရွာပေါင်းစုံသပိတ် (၃၂၉) ရက် မြောက်နေ့ ကို ဒီကနေ့ ဖေဖော်ဝါရီ (၂) ရက်နေ့မှာ ဆက်လက်ချီတက်ခဲ့ကြပါတယ်။

 

  • ဆားလင်းကြီးမြောက်ခြမ်း ကံကုန်းကျေးရွာတွင် ပြည်သူများ စုပေါင်း၍ အကြမ်းဖက် ဖက်ဆစ် စစ်တပ်ဆန့်ကျင်ရေး သပိတ်ချီတက်ခြင်းကို ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

 

  • ဒီပဲယင်းမြို့နယ် ကြည်ကျေးရွာတွင် ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး နှစ်ငါးလုံး သပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • ဝက်လက်တွင် ယနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ဝက်လက်သပိတ်ဖြိုခွင်းခံရခြင်း ၁၀ လပြည့် အထိမ်းအမှတ် အနေနှင့် ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၊ ဝက်လက်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၊ အ.ထ.က (ရွှေပန်းကုံး) ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် လူငယ်အင်အားစု သပိတ်ကော်မတီ တို့ ပူးပေါင်းကာ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင် ပျောက်ကြားသပိတ်ပြုလုပ်ခဲ့ပါသည်။

 

  • လက်ပံတောင်းတောင်ဒေသတွင် ပြည်သူများနှင့်အတူ လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းက “ဘာတွေလဲဟေ့ ၅/တွေ” စာသားကို ကိုင်ဆောင်ပြီး အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ခြင်းကို ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။

 

  • တန့်ဆည်မြို့နယ် ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီ ၂ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး “ပြိုင်တူဆက်ရုန်း နှစ်ငါးလုံး” ခေါင်းစဉ်ဖြင့် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • အာဏာသိမ်းတစ်နှစ်ပြည့်သည့်နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့၊ မနေ့တွင် ထန်တလန်မြို့အတွင်း၌ စစ်ကောင်စီမှ အိမ် ၉၄ အိမ် ထပ်မံမီးရှို့ကြကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)မှ ထုတ်ပြန်ထား သည်။ စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း ထန်တလန်မြို့အတွင်း၌ စက်တင်ဘာလမှစ၍ စစ်တပ်မှ မီးရှို့သောအိမ်ယာပေါင်း ၉၂၈ အထိရှိပြီဖြစ်သည်။

 

  • ယမန်နေ့ တာချီလိတ်မြို့တွင်ပြုလုပ်တဲ့ စစ်တပ်ထောက်ခံပွဲတွင် ဗုံးပေါက်ကွဲပြီးနောက် “ဝ” လူငယ်တဦးအပါအဝင် အခြားလူငယ် ၁၀ ထက်မနည်းကို အာဏာသိမ်းစစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း သိရှိရပါတယ်။

 

  • စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မှန်တောရွာအနီးတွင် စစ်ကြောင်းထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို CDF KKG တပ်ရင်း ၄ က ယနေ့နံနက် ၉ နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ပြီး ၁ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကာ အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၃ ဦးထက်မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရကြောင်းသိရှိရသည်။ အဆိုပါဒေသတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံတပ်ဖွဲ့များကြား တိုက်ပွဲများအချိန်မရွေးဖြစ်ပွားနိုင်သည့်အတွက် ယနေ့ည ၉ နာရီမှ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့အထိ ကလေး-ဂန့်ဂေါ ပြည်ထောင်စုလမ်းကို အသုံးမပြုကြရန် CDF KKG က သတိပေးထုတ်ပြန်ထားသည်။

 

  • Hero Tiger Force က ဦးစီးတဲ့ အခြေခံစစ် ပညာသင်တန်း အပတ်စဥ် ၁/၂၂ သင်တန်း ဆင်းပွဲကို ကို ဒီကနေ့ဖေဖော်ဝါရီ (၂) ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ သင်တန်းမှာ အမျိုးသမီး ရဲဘော် ၅၀ နဲ့ အမျိုးသားရဲဘော် ၁၅၀ ပါ၀င်‌ ကြောင်းသိရပါတယ်။

 

 

#FederalJournal

Related Articles

Back to top button