သတင်း

၈၄ ကြိမ်မြောက် ဆရာတော်ဦးဥတ္တမနေ့ ရန်ကုန်အပါအဝင် ရခိုင်က မြို့နယ်များတွင်ပူဇော်

၈၄ ကြိမ်မြောက် ဆရာတော်ဦးဥတ္တမနေ့ ရန်ကုန်အပါအဝင် ရခိုင်က မြို့နယ်များတွင်ပူဇော်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

စက်တင်ဘာ ၉ ရက်၊ ၂၀၂၃။

၈၄ ကြိမ်မြောက် ဆရာတော် ဦးဥတ္တမနေ့အား ဝမ်းနည်းအောက်မေ့ဖွယ့်အဖြစ် ရန်ကုန်အပါအဝင် ရခိုင်ပြည်ရှိ မြို့နယ်များတွင် ပြုလုပ်ခဲ့ကြပါတယ်။

ဒါပေမဲ့ တချို့နေရာတွေမှာ အခမ်းအနားတွေနဲ့ပြုလုပ်တာတွေရှိသလို့ တချို့နေရာတွေမှာ အခမ်းအနားအဖြစ် ပြုလုပ်တာတွေမရှိပေမဲ့ ဆရာတော်ရဲ့ ဂုဏ်ကျေးဇူးတော်ကို အောက်မဲ့တဲ့အနေနဲ့ လွမ်းသူပန်းခွေတွေချပြီးတော့ ပူဇော်ခဲ့ကြပါတယ်။

အရင်နှစ်တွေမှာ ဆရာတော်ဦးဥတ္တမနေ့ကို စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပေမဲ့ ရခိုင်စစ်‌ပွဲကာလ၊ ကိုဗစ်ကာလတွေကစပြီး စည်းကားသိုက်မြိုက်စွာ မကျင်းပနိုင်ခဲ့ပါဘူး။

ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်မှာလည်း ‌‌နိုင်ငံတည်ငြိမ်မှုမရှိတာတွေကြောင့် ဆရာတော်ဦးဥတ္တမနေ့အခမ်းအနားကိုလည်း မကျင်းပနိုင်ကြတော့ပါဘူး။

” အရင်ကတော့ ဆရာတော် ဦးဥတ္တမနေ့ကို အခမ်းအနားတွေနဲ့ စည်စည်ကားကား ပြုလုပ်ခဲ့တာတွေရှိတယ်။ ဒါပေမဲ့ အခုနှစ်တွေမှာတော့ တချို့နေရာတွေမှာ အဲလိုမျိုး မပြုလုပ်နိုင်ကြတော့ဘူး။ နိုင်ငံရေးကလည်း မတည်ငြိမ်ဘူး။ ဒါကြောင့် လူတွေကလည်း အရင်လို မလုပ်ရဲကြတော့ဘူး” လို့ ရန်ကုန်မြို့က ဆရာတော်ဦးဥတ္တမ ပန်းခြံသို့ ပူဇော်ရန် ရောက်ရှိနေသူ တစ်ယောက်က ပြောပါတယ်။

ရခိုင်ပြည်၊ ပေါက်တောမြို့တွင် ဟောပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတွေကိုလည်း ထည့်သွင်းကျင်းပခဲ့တယ်လို့ ဦးဆောင်သူတစ်ယောက်က ပြောပါတယ်။

” ကျနော်တို့ ဒီအခမ်းအနားကို ကျင်းပရတာက ဆရာတော်ရဲ့ ထူးခြားတဲ့ ဂုဏ်သတ္တိတွေ၊ ဇွဲသတ္တိအားမာန်၊ အများလွတ်မြောက်ဖို့အတွက် စွန့်လွှတ်ဝံ့တဲ့ အာဇာနည်စိတ်ဓာတ်တွေကို ကျောင်းသားလူငယ်တွေ သိရှိနားလည်လာအောင်၊ ဆရာတော်ကို အတုယူပြီးတော့ စွမ်းရည်ထက်မြက်တဲ့လူငယ်တွေ၊ အနာဂတ် ခေါင်းဆောင်ကောင်းတွေ ပေါ်ပေါက်လာအောင်အတွက် ရည်ရွယ်ပြီးတော့ ကျင်းပရတာဖြစ်တယ်” လို့ ဆိုပါတယ်။

ဆရာတော်ဦးဥတ္တသည် မြန်မာနိုင်ငံအပါအဝင် အာရှတိုက်တစ်ခုလုံး ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် အလင်းပြကြိုးစားခဲ့တဲ့ လွတ်လပ်ရေး မီးရှူးတန်ဆောင် တစ်ပါးလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဆရာတော်ဟာ မြန်မာနိုင်ငံမှာ ပထမဆုံး နိုင်ငံရေးအမှုနဲ့ အကျဉ်းကျခံခဲ့ရတဲ့ ရဟန်းတော် တစ်ပါးလည်း ဖြစ်ပါတယ်။

ဆရာတော်ဦးဥတ္တမအား ၁၇၈၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် စစ်တွေမြို့ရူပမြောက်ရပ်ကွက်မှ ဖခင်ဦးစံမြ၊ မိခင် ဒေါ်အောင်ကြွဖြူတို့က မွေးဖွားသန့်စင်ခဲ့ပြီး ငယ်နာမည်မှာ မောင်ပေါ်ထွန်းအောင်ဖြစ်ပါတယ်။

ဆရာတော်ဟာ ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ဓါတ်ပုံ – CJ

Related Articles

Back to top button