သတင်း

မြန်မာစစ်ဘေးရှောင်များကို နှင်ထုတ်မှာမဟုတ်ဘူးလို့ မီဇိုး ဒေသန္တရအာဏာပိုင် အကြီးအကဲပြော

ဓါတ်ပုံ -(CJ) ပုံဟောင်း

ဖက်ဒရယ်ဂျာနယ် မြန်မာ

ဧပြီလ ၂၄၊ ၂၀၂၃

မြန်မာ-အိန္ဒိယနယ်စပ် မီဇိုးရမ်ပြည်နယ် ဒေသန္တရအာဏာပိုင် ဖြစ်တဲ့ Central Young Mizo Association (CYMA) အဖွဲ့ ဥက္ကဌ နှင့် ခေါင်းဆောင်များဟာ နယ်စပ် ဇိုးခေါထာရ် စစ်ဘေးရှောင်စခန်း(Zokhawthar Camp) ရောက်ရှိနေတဲ့ မြန်မာစစ်ဘေးရှာင်များနှင့် တွေ့ဆုံပြီး အသက် ဘေးအန္တရာယ် လွတ်မြောက်ရာကို စစ်ရှောင် လာကြ သူများကို ပြန်လည်နှင်ထုတ်မှာ မဟုတ်ဘူးလို့ ယမန်နေ့ ဧပြီလ ၂၃ ရက်(သောကြာနေ့)က တွေ့ဆုံချိန် ပြောဆို လိုက်တယ်လို့ သိရပါတယ်။ 

မြန်မာ-အိန္ဒိယနယ်စပ် ဇိုးခေါထာရ်ကျေးရွာလူကြီးများအပါအဝင် ဇိုးခေါထာရ် စစ်ဘေးရှောင်စခန်း(Zokhawthar Camp) ရောက်ရှိနေတဲ့ မြန်မာစစ်ဘေးရှာင်များနှင့် CYMA ဥက္ကဌ R Lalngheta တွေ့ဆုံချိန် အခုလို ပြောဆိုခဲ့တာပါ။

CYMA ဥက္ကဌ R Lalngheta ဟာ မြန်မာစစ်ဘေးရှောင်များ၏ အခြေအနေမှန်ကိုသိရှိလိုတာကြောင့် စစ်ဘေးရှောင်စခန်းကို ကိုယ်တိုင်လာရောက် ကွင်ဆင်းလေ့လာ ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အခုခိုလှုံလာသူများဟာ သွေးချင်းညီအစ်ကိုမောင်နှမများ ဖြစ်တာကြောင့် စစ်ဘေးရှောင် လာသူ ဦးရေ တိုးလာတာ နဲ့အမျှ ကူညီထောက်ပံ့ပေးမည့်သူများ လျော့နည်းသွားပေးမယ့် ကျနော်တို့ ပိုအားစိုက်ပေးရမှာဖြစ်သလို အနေကြာ အထိုင်ကျပြီးတဲ့ စစ်ဘေးရှောင် များအတွက် “ကိုယ်တိုင်အသက် မွေးဝမ်းကျောင်းပြုနိုင်ရေး” အတွက် ကူညီဖေးမ ပေးသွားမှာ ဖြစ်တယ်လို့ CYMA ဥက္ကဌ က ထပ်မံတိုက်တွန်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ ဇိုးခေါထာရ် စစ်ဘေးရှောင်စခန်းအတွင်း ရောက်ရှိနေသူ အရေအတွက်ဟာ ၅၆၀၄ ခန့် ရှိပြီး၊ အားကစား ဘော်လုံးကွင်းမှာ ယာယီ စခန်းနေရာ ချထားပေမယ့် အခုအခါ စစ်ဘေးရှောင် လူဦးရေထပ်မံ တိုးလာတာကြောင့် လူဦးရေ ပိုမိုနေထိုင်နိုင်မယ့် နေရာကျယ်ပြန့်တဲ့ စခန်းသစ်တို့ကို ဆောက်လုပ်ပေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာစစ်ဘေးရှောင်များနှင့် တွေ့ဆုံရာမှာတော့ CYMA ဥက္ကဌနဲ့အတူ YMA Champhai မှ ခေါင်း‌ဆောင်များ၊ Tuipuiral Group YMA၊ Vanhnuailiana Group YMA စတဲ့ ဒေသန္တရအာဏာပိုင် အကြီးအကဲ ခေါင်းဆောင်များလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ကိုးကား : Mizo news, ICA

Related Articles

Back to top button