သတင်း

သထုံမြို့နယ်တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ် ၂ခုမှာ ဒရုန်းဖြင့်တိုက်ခိုက်ခြင်းခံရ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၂၊ ၂၀၂၃
 
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ်ဖြစ်သော သထုံ-ဖားအံကားလမ်းပေါ်ရှိ ဒူးရင်းဆိပ်ကျေးရွာ ဒုံသမိတံတားပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် ၂ခုကို မတ်လ ၁ရက်နေ့ နံနက်ပိုင်းမှာ KNLA တပ်မဟာ ၁ နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့မှ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
 
အဆိုပါ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်၊ BGF နှင့် ရဲတပ်ဖွဲ့ဝင်များစုပေါင်းနေထိုင်ကြပြီး ဖြတ်သန်းသွားလာနေသည့် ယာဥ်များကို အခွန်ကောက်ခံမှုနှင့် စစ်ဆေးမှုများ ပြုလုပ်နေလျှက်ရှိကြောင်း သိရပါတယ်။
 
ထို စစ်ဆေးရေးဂိတ် ၂ခု အပြင် ခလရ- ၂၄ကိုလည်း ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သော်လည်း ထိခိုက်သေဆုံးမှုကိုတော့ အသေးစိတ်မသိရသေးကြောင်း သိရပါတယ်။
 
အဆိုပါတိုက်ခိုက်မှု အပြီးတွင် စစ်ကောင်စီတပ်များမှ သထုံမြို့နယ်အတွင်းရှိ ထုံးဘိုကြီးရွာနှင့် ထုံးဘိုလေးကျေးရွာထဲသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့တယ်လို့ သိရပါတယ်။

Related Articles

Back to top button