တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

နွေဦးတော်လှန်ရေးနှင့်အတူ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားဆောင်ရွက်နေတယ်လို့ TNLA ပြော

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၁၅၊ ၂၀၂၃
 
နွေဦးတော်လှန်ရေးနှင့်အတူ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားဆောင်ရွက်နေတယ်လို့ TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်မှူးချုပ် တာဖုန်းကျော်က ပြောကြားလိုက်ပါတယ်။
 
“နွေဦးတော်လှန်ရေးက တကယ်မြန်မာပြည်သူတွေအတွက် လိုအပ်တဲ့ တော်လှန်ရေ းဖြစ်တယ်လို့ မြင်တယ်။ အဲဒီတော်လှန်ရေးမှာလည်း ကျနော်တို့နဲ့ ဒီလိုဆွေးနွေးမှုတွေရှိတယ်၊ ညှိနှိုင်းမှုတွေရှိတယ်၊ လိုက်လျော် ညီထွေမှုတွေဖြစ်နိုင်မယ့် အခင်းအကျင်းတွေ ကြိုးစားဆောင်ရွက်နေတယ်”လို့ ဗိုလ်မှူးချုပ် တာဖုန်းကျော်က ပြောပါတယ်။
 
ဒါ့အပြင် NUG ၏ တနှစ် one year plan ဆောင်ရွက်နေတဲ့ အပေါ်ကိုလည်း တော်လှန်ရေးအတွက် လိုအပ်တဲ့ ပြင်ဆင်မှု ဖြစ်တယ်လို့ သူကပြောဆိုပါတယ်။
 
“ဒီမှာ ကျနော်တို့ပြောချင်တာကတော့ NUG နဲ့ ပတ်သက်ပြီးတော့မှ NUG ရဲ့ တနှစ် one year plan ဆောင်ရွက်နေတဲ့ကိစ္စတွေ NUG ရဲ့ ဆောင်ရွက်နေတဲ့ကိစ္စတွေ အကုန်လုံး ကျနော်တို့က ဒါက တော်လှန်ရေး အတွက်လိုအပ်တဲ့ ပြင်ဆင်မှုတွေ ဆောင်ရွက်မှုတွေ ဖြစ်တယ်လို့ ကျနော်မြင်တယ်။” လို့ ပြောပါတယ်။
 
ဒါ့အပြင် တော်လှန်ရေးလုပ်တဲ့အခါ ဗျူဟာကျဖို့လည်း လိုတယ်လို့ သူက ထောက်ပြပြောဆိုပါတယ်။
 
ဗိုလ်မှူးချုပ် တာဖုန်းကျော်က “ဒီမှာကတော့ တော်လှန်ရေးအတွက် အလုပ်လုပ်ရတယ်ဆိုတော့ အရေးကြီး လုပ်ငန်းတွေ ဆောင်ရွက်ရတဲ့ အခြေအနေမှာ တချို့အခြေအနေတော့ လူသိရှင်ကြား မီဒီယာတွေ ကနေအများကြီး ပြောပြီးတော့မှ အားလုံးကို စိတ်သက်သာရာရအောင် အသိပေးသင့်တဲ့ဟာကိုတော့ ပေးဖို့လိုအပ်တယ်ဆိုတာကို နားလည် ပါတယ်။ ဒါပေမယ့် အခုဟာက တကယ့်ကို ခက်ထန်ကြမ်းတမ်းတဲ့ ရန်သူကို ရင်ဆိုင်နေရတဲ့ အချိန်မှာ ဗျူဟာကျဖို့ လိုပါတယ်။” လို့ တအာင်းသတင်းဌာန ရွှေဖီမြေနဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ဖြေကြားထားတာပါ။
 
လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေ မြန်မာပြည်သူများ၏ အခြေအနေဟာ လူသားချင်းစာနာစိတ်ကင်းမဲ့တဲ့ စစ်အာဏာရှင်စနစ်အောက်ကို ကျရောက်နေကြရတဲ့ ကာလဖြစ်သလို မြန်မာပြည် တနှံတလျားမှာ မီးလောင် မောင်တိုက်မှုတွေ ဖိနှိပ်မှုတွေကို ဆိုးရွားစွာ အနိဋဿဌာရုံ ကြုံတွေ့နေရတာဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ်။

Related Articles

Back to top button