တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

ကေအဲန်ယူ- ဖားအံမြို့နယ် (EC)မှ ပြည်သူလူထု လိုက်နာရမည့် အချက်(၄)ချက်ပါသော ကြေငြာချက် ထုက်ပြန်

ကေအဲန်ယူ- ဖားအံမြို့နယ် (EC)မှ ပြည်သူလူထု လိုက်နာရမည့် အချက်(၄)ချက်ပါသော ကြေငြာချက် ထုက်ပြန်

ဖက်ဒရယ်ဂျာနယ်

ဒီဇင်ဘာ ၄၊ ၂၀၂၁ ခုနှစ်

ကေအဲန်ယူ-သထုံခရိုင်၊ ဖားအံမြို့နယ် (EC)မှ (၁-၁၂-၂၀၂၁) ရက်နေ့ ရက်စွဲဖြင့် ပြည်သူလူထုများ လိုက်နာရမည့် အချက် (၄)ချက်ပါ ကေအဲန်ယူ- ဖားအံမြို့နယ် (EC)မှ ပြည်သူလူထု လိုက်နာရမည့် အချက်(၄)ချက်ပါသော ကြေငြာချက် ထုတ်ပြန်ကြောင်း KNU-Doo Tha Htu District လူမှုကွန်ရက်စာမျက်နှာမှ တဆင့် အတွင်းရေးမှူး လက်မှတ်ပါ ကြေငြာချက်တစ်စောင်ကို ထုတ်ပြန်ထားသည်။

ကြေညာချက်တွင် ယင်းတို့ ပါရှိသည်။

ဖားအံမြို့နယ်မှ ပြည်သူလူထု လိုက်နာရန် ထုက်ပြန်ထားသော

အချက် (၄)မှာ-

(၁) ခရီးသွားလာခွင့်ကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်းသာ သွားလာခွင့်ပြုသည်။ ၎င်းကန့်သတ်ချိန်ကို ကျော်လွန်၍ ခရီးသွားလာခွင့်မပြုပါ။

(၂) သထုံခရိုင်-ဖားအံမြို့နယ်၊ တပ်ရင်း (၁)ထိန်းချုပ်နယ်မြေအတွင်း မော်တော်ယာဥ်ဖြစ်သည့် ကားဖြင့်ခရီး သွားလာပါက ကားမှန်များကို ချ၍မောင်းနှင်ရန်။

(၃) မော်တော်ကား၊ ဆိုင်ကယ် စက်တပ်ယာဥ်များဖြင့် ခရီးသွားလာရာတွင် တာဝန်အရ စစ်ဆေးလိုပါက ကြည်ဖြူစွာ လက်ခံပေးရန်။

(၄) ပြည်သူများအနေဖြင့် အရေးပေါ် ကိစ္စရပ်များ ရှိလာပါက သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များထံ ဆက်သွယ် အကြောင်းကြားရန် တို့ဖြစ်သည်။

ကေအဲန်ယူ-ဖားအံမြို့နယ်အတွင်း ဖြတ်သန်းသွားလာနေကြသော ပြည်သူများအနေဖြင့် ထုက်ပြန်ကြေငြာချက်ပါ အချက်များကို လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက ဖြစ်လာမည့် နောက်ဆက်တွဲ ပြဿနာများကို တာဝန်ယူမည်မဟုတ်ဟု ပါရှိသည်။

Related Articles

Back to top button