နွေဦးစစ်သည်
ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ဖို့
လွတ်လပ်နယ်မြေ မြိုင်တောခြေ၌
နေစားဆင်းရဲ လွန်ခက်ခဲစွာ
တိုက်ပွဲအတွက် အသက်ဆက်လို့
နေ့ရက်တိုင်းမှာ စစ်ပညာတွေ
လေ့လာသင်ယူ မညည်းညူ ဘဲ
ပြည်သူလူထု ကာကွယ်ပြုပြီး
စစ်ကျွန်စနစ် ဖြုတ်ချရေးတွက်
သွေးစည်းချစ်ကြည် စည်းလုံးညီကာ
ပီဒီအက်ဖ်ခေါ် တပ်မတော်၌
ရဲဘော်ရဲဘက် ရဲစိတ်ဓာတ်နဲ့
တွဲလက်ခိုင်မြဲ မယိုင်လဲလို့
ခက်ခဲကြမ်းတမ်း စစ်စခန်းဝယ်
ထမ်းရွက်သယ်ပိုး တိုင်းပြည်ကျိုးတွက်
မိုးထဲကျင်းတူး ဗိုလ်ဗထူးတို့
နွေဦးစစ်သည် အာဇာနည်များ
တိုင်းပြည်ချစ်စိတ် မျိုးချစ်စိတ်သည်
လိပ်ပြာလွှင့်မတတ်ပါတကား။
နွေဦးအာကာ