ကဗျာ

နှစ်သစ်ဆုတောင်း

“နှစ်သစ်ဆုတောင်း”

တော်လှန်နှစ်သစ် နစ်ဆယ့်နှစ်တွင်

စစ်အာဏာသိမ်း ဇာတ်ချုပ်ငြိမ်းပြီး

စိမ်းလန်းငြိမ်းချမ်း ရောင်စုံပန်းများ

ပွင့်လန်းဝေဆာ   လှပဖြာတဲ့

တိမ်ပြာသောနေ့ လှသောနေ့ကို

တစ်နေ့နေ့မှာ ရောက်ရှိပါစေ။

ပုန်ကန်နှစ်သစ် နှစ်ဆယ့်နှစ်တွင်

စစ်မှန်ပြည့်ဝ   လုံခြုံရပြီး

တောင်းတမျှော်သည် ဒီမိုကရေစီကို

ပြည်ထောင်စုဖွား တိုင်းရင်းသားတွေ

နှစ်များစွာတိုင် ပိုင်ဆိုင်နိုင်၍

ခိုင်မာရှည်ကြာ တည်တံ့ပါစေ။

ရောင်နီနှစ်သစ် နှစ်ဆယ့်နှစ်တွင်

စစ်ဆေးချုပ်နှောင် အကျဉ်းထောင်မှ

သေအောင်နှိပ်စက် ရိုက်ပုတ်နှက်ကာ

သတ်ဖြတ်ညှင်းဆဲ ညိုမဲစွဲသည့်

ဆင်းရဲမှုဘေး ကင်းစင်ဝေးကာ

အေးချမ်းသာယာ ချမ်းမြေ့ပါစေ။

ဖက်ဒရယ်နှစ်သစ် တစ်နှစ်ဖြစ်ဖို့

နှစ်သစ်ဆုတောင်း ဆုခြွေတောင်းသည်။

နွေဦးအာကာ

Related Articles

Back to top button