ကဗျာ

ရူးလို့တော်လှန်ခဲ့သည်        

ကဗျာ - ခန့်ဒေါင်း

FJMM ကဗျာ – ရူးလို့တော်လှန်ခဲ့သည်        

  • ကဗျာ – ခန့်ဒေါင်း

 လွတ်လပ်ခြင်းဆိုတဲ့

မျှော်လင့်ချက်တေးသွားအောက်မှာ

ငါတို့ဟာကခုန်ဖို့ အဆင်သင့်။

စနစ်တကျပွင့်လန်းဖို့ ငါတို့တက်တွေဟာ ရွက်လွင့်ပြီးသား

မျှော်လင့်ချက်ဆိုတာ ဒီလိုရိုက်ချိုးရတယ်ဆိုပြီး

အနိုင်ကျင့်ခဲ့တာ 2021 ဖေဖော်ဝါရီ ။

ဒဏ္ဍာရီတွေထဲက ကျိန်စာသင့်သောတိုင်းပြည်ငယ်

ဒုက္ခတွေထွေလီလည်း တော်လှန်သံကမြေမဟီတလွှား

ငါတို့ခံရတဲ့မတရားမှုကတိုင်တမ်းမရခဲ့

တရားတဲ့သူသာနိုင်ကြေးဆိုပြီး ကိုယ်ပိုင်ခံယူချက်နဲ့ဆုံးဖြတ်ခဲ့တာ

ငါတို့ပေးဆပ်ထားခဲ့တာ လူငယ်ဘဝရဲ့အကောင်းဆုံးအချိန်တွေ

ငါတို့ရွေးချယ်ခဲ့တာ သေနတ်နဲ့အပြာရောင်တောင်တန်းတွေ။

စစ်ကျွန်စနစ်မှ တစ်ကမ္ဘာလုံးကျွန်အဖြစ်သို့ရောက်သွားတဲ့ငါတို့လူမျိုးများအရူးများသည် တော်လှန်၍ စောက်ပေါများသည် ပျော်ရွှင်နေကြတုန်း

ငါ့ကို မျက်စောင်းလေးထိုးတာတောင်မခံသော ငါ့သူငယ်ချင်းတို့ရေ

ခုငါ့ရှေ့မှာငါ့ကိုဝိုင်းသတ်ချင်သူတွေတပုံကြီး။

မင်းတို့‌ဘယ်ရောက်နေခဲ့လဲ။

ဂျပန်မှသူ့သားကတလသိန်း80ပို့ပေးပါတယ်ဆိုတဲ့   

အမေ့သူငယ်ချင်းအန်တီကြီး လာလာကြွားနေတာကိုပြုံးပြလိုက်ပါအမေ

ငါ့သားကတစ်တိုင်းပြည်လုံးရဲ့မျှော်လင့်ချက်ကိုထမ်းဖိုးထားတဲ့သူပါလို့

အမေ့သားကလူသားဆန်စွာသိက္ခာရှိရှိရှင်သန်နေပါတယ်။

ဆောင်းမှာဝေ နွေမှာကြွေတဲ့ကောက်ရိုးမီးလို ကလေကချေ စိတ်ဓာတ်နဲ့

ဒီတိုင်းပြည်အပေါ်မဆက်ဆံခဲ့ပါဘူး။

လူဆုံတိုင်းပြောနေကြစကားတွေက

ဒီခေါက်အိမ်ပြန်ရောက်ခဲ့ရင်ပေါ့…….လို့ အစချီလျက်။

အရှုံးအမြတ်လည်းမတွက်တက်ပါဘူးအမေ။

သူရဲကောင်းတို့ရဲ့သွေးဆီမီးတို့ကြောင့်

ဒီတိုင်းပြည်ကြီးအဆုံးမဲ့ထွန်းလင်းတာကို မြင်ခွင့်ရရင်ကျေနပ်လှပါပြီ။

ဘောလုံးမကန်တတ်ရင်ဂိုးစောင့်တဲ့ ငယ်ငယ်တုန်းက ကစားသလိုမျိုး ခြေထောက်မပါတော့တဲ့သူငယ်ချင်း စခန်းစောင့်ခိုင်းတော့ သူမပျော်နေဘူး

စကြာဝဠာကြီး ဘယ်လောက်ကျယ်ကြောင်း၊ ကမ္ဘာကြီးဘယ်လောက်လှကြောင်းမသိချင်တော့သလို ကြည့်လဲမကြည့်ချင်တော့ပါဘူး လောလောဆယ် ဒီနွားခြေရာခွက်လေးမှာရှင်သန်ပြီး

ဒီတိုင်းပြည်ကိုကယ်တင်ရအုံးမယ်။

အာဏာရူးကိုဆန့်ကျင်တဲ့ ‌ကျွန်တော်တို့ဟာ

တော်လှန်ရင်း ရူးနေကြသူတွေပါ။

ဒါကြောင့် တရားမျှတမှုကိုဆောင်ကျဉ်းပေးနိုင်ဖို့

တော်လှန်ရေးကို ချစ်ပါတယ်။

ပြီးတော့ ငြိမ်းချမ်းခြင်း ကိုလည်း ချစ်ပါတယ်။

  • ခန့်ဒေါင်း

Related Articles

Back to top button