ကဗျာ

ဖက်ဒရယ်တော်လှန်ရေး

ဖက်ဒရယ်တော်လှန်ရေး

 

ကချင်မောင် ကချင်မောင် အမြောက်ကြီးကိုဆောင်။

ခွေးများကိုတောင် အသေတီး ကယား စစ်သူကြီး။

ကရင်ဖထီး စွေးစွေးနီ ဗျူဟာခင်း ကူညီ။

တူမီးကိုယ်စီ စလွယ်သိုင်း ချင်းတို့ရဲ့သမိုင်း။

တုအနှိုင်းမဲ့ ရွှေဗမာ ခွပ်ဒေါင်းသွေးတွေပါ။

ညီညီညာနဲ့ လက်မနှေး မွန်တို့ ပါဝင်ပေး။

ရခိုင်သွေးများ ရဲနီတာ အားလုံးသိမှာပါ။

ရှမ်းရာဇဝင် ဝင်းဝင်းလက် ရှေ့သို့ချီကာတက်။

တာထွက်ကြစို့ ညီနောင်-မယ် ညီညွတ်ကြစို့ကွယ်။

ဖက်ဒရယ်အစစ် ရရှိရေး ငါတို့တော်လှန်ရေး။

ဒို့အရေး… ဒို့အရေး ငါတို့တော်လှန်ရေး။ ။

 

ဧရာဝဏ်(မအူပင်)

ဖက်ဒရယ် ဂျာနယ်

စက်တင်ဘာလ ၁၀ ရက်၊ ၂၀၂၁

Related Articles

Back to top button