ကဗျာ

ဇာခြင်ထောင်လေး တထည်ဝယ်ခဲ့တယ်

အိုက်နီ(ဖြူး)

FJMM-ကဗျာ / ဇာခြင်ထောင်လေး တထည်ဝယ်ခဲ့တယ်

စကော့စျေးထဲကနေ

ပန်းဆီနုရောင်

ဇာခြင်ထောင်တထည်

ဝယ်ခဲ့တယ်။

 

ဇာခြင်ထောင်လေးက

လုံခြုံမှု နွေးထွေးမှုကို

အပြည့်အဝပေးနိုင်လိမ့်မယ်လို့

အပြည့်အဝယုံကြည်ထားတယ်။

 

မထင်မှတ်တဲ့

အခြေအနေတခုအောက်မှာ

ခြင်ယင် ပိုးမွှားတွေ

ကျူးကျော်ဝင်လာခဲ့ရင်

ကလောင်ကိုင်တဲ့

ကျနော်လက်ကလေ

လက်ဝါးနှစ်ချပ်ကို

စိန်ဗေဒါရဲ့

ပတ်မတီးသံထက်

မနိမ့်တဲ့ လက်စွမ်းမျိုးနဲ့

သူ့အတွက်ဆို

ကာကွယ်ပေးချင်တယ်။

 

သူ့သာလုံခြုံ နွေးထွေးမှု

ရမယ်ဆိုရင်

ကမ္ဘာ့စစ်ကိုတောင်

စစ်ခင်းပစ်ချင်တဲ့

ဆန္ဒမျိုးနဲ့

နွေးထွေးလုံခြုံမှု

ပေးစွမ်းချင်တဲ့

ဆန္ဒကို

အရင်းအနှီးပြုရင်း

ဇာခြင်ထောင်လေး တထည်

ဝယ်ခဲ့တယ်။

 

အိုက်နီ(ဖြူး)

Related Articles

Back to top button