ကဗျာ

တခုတည်းသော အတွေးအခေါ် အောက်က လူ ၇ ဦး

FJMM ကဗျာ – တခုတည်းသော အတွေးအခေါ် အောက်က လူ ၇ ဦး

မိုးတွေဆွေပြီး
နေရောင်မတွေ့တဲ့ ရက်သတ္တပတ်မှာ
လူ ၇ ဦး ဆုံစည်းခဲ့ကြတယ်။

အတွေးအခေါ် ၇ ခုကနေ
တခုတည်းသော အတွေးအခေါ်အဖြစ်
စုစည်းခဲ့ကြ။

ခိုင်မာတဲ့ ယုံကြည်ချက်က
အမျိုးသားလွတ်မြောက်ရေး
စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး
တညီညွတ်ထဲ ငါတို့ ဟစ်ကြွေးခဲ့ကြ။

အနာဂတ်ကို ယုံကြည်ရင်
လူငယ်တွေကို ယုံကြည်ရမယ်
အတွေးအခေါ် ရင့်ကျက်တဲ့
လူကြီးတွေရဲ့ လမ်းညွှန်မှုကို
လမ်းပြကြယ် အလား
လွတ်မြောက်ရေး လွတ်မြောက်ရေး
ငါတို့ အမျိုးသားလွတ်မြောက်ရေး ။

အိုက်နီ(ဖြူး)

Related Articles

Back to top button