တိုင်းရင်းသားများသတင်း

ကရင်နီပြည် စစ်ရေး၊ နိုင်ငံရေးနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေမှန်များကို အများပြည်သူသိရှိနိုင်အောင် PKPF ထုတ်ပြန်

ကရင်နီပြည် စစ်ရေး ၊ နိုင်ငံရေးအခြေအနေမှန်ကို အများပြည်သူသိရှိနိုင်အောင် PKPF ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်
မတ် ၃၊ ၂၀၂၂

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊  ဖေဖဝါရီလ (၁)ရက်နေ့မှ ၂၀၂၂ ခုနှစ် ဖေဖာဝါရီလ (၂၈)ရက်နေ့အထိ ကရင်နီပြည်ရဲ့ စစ်ရေး ၊ နိုင်ငံရေးအခြေအနေမှန်များ နှင့်  ကရင်နီပြည် ဒေသအတွင်း လူထုတွေအပေါ် စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများနဲ့ စစ်ရာဇဝတ်မှုကျူးလွန်နေမှုများက ဘယ်လောက်ထိ ဆိုးဝါးစွာ ကြုံတွေ့ခံစား နေရသလဲဆိုတဲ့ အချက်အလက်များကို အများပြည်သူသိအောင် သိရှိနိုင်ဖို့ သုတေသန ပြုစုထားသည့် သက်သေခံ မှတ်တမ်းများကို မနေ့က ထုတ်ပြန်ထားကြောင်း တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု (PKPF) အဖွဲ့ဝင်တဦးက ဖက်ဒရယ်ဂျာနယ်သို့ ပြောသည်။

၎င်းက “အခုလို ထုတ်ပြန်ခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကရင်နီပြည် ဒေသအတွင်း လူထုတွေအပေါ် စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများနဲ့ စစ်ရာဇဝတ်မှုကျူးလွန်နေမှုများက ဘယ်လောက်ထိ ဆိုးဝါးစွာ ကြုံတွေ့ခံစား နေရသလဲဆိုတဲ့ အချက်အလက်များကို သိရှိနိုင်ဖို့ ဖြစ်သလို၊ ဒေသတွင်း စစ်ရေး နဲ့ နိုင်ငံရေး အခြေအနေ မှန်များကို ပုံမှန်သိရှိနိုင်အောင်နှင့် မျိုးဆက်သစ်များအတွက် နောင်တချိန် သမိုင်းမှတ်တမ်း တခုအနေနဲ့ ကျန်ရှိနေအောင် သုသတေနသု ထုတ်ပြန်ရခြင်းဖြစ်တယ်” ဟု ပြောသည်။

သုတေသနပြုစု ထုတ်ပြန်တဲ့ သက်သေခံ အချက်အလက်တွေက ဘယ်လို အကျိုးသက်ရောက်ရှိလာနိုင်လဲလို့ မေးရာမှာတော့….

၎င်းက “စစ်ကောင်စီရဲ့ ကရင်နီလူထုတွေကို ဆိုးဝါးစွာ လူ့အခွင့်အရေးချိုးဖောက်နေမှုများနဲ့ စစ်ရာဇဝတ်မှု ကျူးလွန် နေမှုများအပေါ်နိုင်ငံတကာအဆင့်ရှိ အရေးယူအပြစ်ပေးနိုင်ရေးအတွက် သက်သေခံချက်များ အနေဖြင့် စုဆောင်း မှတ်တမ်းပြုစုနေသာလည်း ဖြစ်သလို ဒီသက်သေခံ အချက်အလက်တွေကို NUG ရဲ့ လူ့အခွင့် အရေးဝန်ကြီး၊ ဒုဝန်ကြီးတို့ကို ပုံမှန်ပေးပို့နေပြီး သူတို့ကနေတဆင့် နိုင်ငံတကာ မျက်နှာစာမှာ ချပြနိုင်ဖို့ တင်ပြ ဆွေးနွေးနိုင်ဖို့အတွက် ကြိုးစားဆောင်ရွက်နေသည့် လမ်းကြောင်းတွေလည်းရှိနေပြီဖြစ်လို့ ထိရောက်တဲ့ အကျိုး သက်ရောက်မှု တစုံတရာတော့ ရှိလာနိုင်မယ်လို့ယုံကြည်တယ်” ဟု ပြောသည်။

တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု (PKPF)သည် မည်သည့်အဖွဲ့အစည်း၏ ငွေကြေးထောက်ပံ့မှုများ ရယူခြင်းမရှိပဲ ကိုယ့်စာရိတ်ကိုယ်စိုက်ကာ ကရင်နီအမျိုးသားရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာနိုင်ရေးအတွက် ကရင်နီလူငယ်အများစုဖြင့် ဖွဲ့စည်းထားပြီး စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ပိုမိုအားကောင်းစွာ သုတေသနပြုစု သက်သေခံ အချက်အလက်များ ကောက်ယူနေသည့် အဖွဲ့အစည်း တခုဖြစ်သည်။

Related Articles

Back to top button