တိုင်းရင်းသားများသတင်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

စစ်ပွဲများကြောင့် တိုင်းရင်းသား ဒေသအတွင်း အရပ်သားပြည်သူများ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု၊ ဖမ်းဆီးခံရမှု၊ အိုးအိမ် ဖျက်ဆီးခံရမှုများနှင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်မှုများ အခြေအနေ

စစ်ပွဲများကြောင့် တိုင်းရင်းသား ဒေသအတွင်း အရပ်သားပြည်သူများ

သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု၊ ဖမ်းဆီးခံရမှု၊ အိုးအိမ် ဖျက်ဆီးခံရမှုများနှင့်

နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်မှုများ အခြေအနေ

(ဩဂုတ်လမှ အောက်တိုဘာလ၊ ၂၀၂၁အထိ)

၂၀၂၁ခုနှစ်၊ ဩဂုတ်လမှ အောက်တိုဘာလအတွင်း စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုကြောင့် တိုင်းရင်းသား ဒေသအတွင်း အရပ်သားပြည်သူများ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု၊ အိုးအိမ်ဖျက်ဆီး ဆုံးရှုံးမှုများနှင့် နေရပ်စွန့်ခွါ ထွက်ပြေးတိမ်းရှောင်မှုတို့ အခြေအနေကို ပြည်နယ်အလိုက် အောက်ပါအတိုင်း အကျဉ်းချုပ် စုစည်းတင်ပြအပ်ပါသည်။

(၁) ကချင်ပြည်နယ်

 သုံးလအတွင်း တိုက်ပွဲများကြောင့် ကချင်ပြည်နယ်တွင် အရပ်သား ပြည်သူ (၄)ဦး ထပ် မနည်း သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူ (၁၃)ဦး ထက် မနည်း ဖြစ်ကြောင်း သိရသည်။ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ကချင် ပြည်နယ်တွင်း ဒေသခံ ပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင် အရေအတွက် (၁၂,၄၅၀)ကျော် ထွက်ပြေးတိမ်းရှောင် နေကြရသည်။

(၂) ကယား ပြည်နယ်

အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် တိုက်ပွဲများကြောင့် ဒေသခံ ကရင်နီပြည်သူများ (၁၁၀၂၀၀)ကျော် နေရပ်စွန့်ခွါ ထွက်ပြေး သိမ်းရှောင်နေကြရသည်။ သုံးလအတွင်း တိုက်ပွဲများကြောင့် အရပ်သား ပြည်သူ (၃၁)ဦး ထက် မနည်း သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူ (၅၉)ဦး ထက် မနည်း ဖြစ်ကြောင်း သိရသည်။ ထိုပြင် ဒေသခံ ပြည်သူများ၏ နေအိမ်များ (၁၃၆) ထက် မနည်း ပျက်ဆီးဆုံးရှုံး ခဲ့ရသည်။ ဖမ်းဆီးခံခဲ့ရသည့် အရပ်ပြည်သူများ (၄၉)ဦး ထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။

(၃) ကရင် ပြည်နယ်

ဩဂုတ်လ နှင့် အောက်တိုဘာလ အတွင်း တိုက်ပွဲများကြောင့် အရပ်သား ပြည်သူ (၃)ဦး ထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူ (၂၁)ဦး နှင့် ဖမ်းဆီးခံရသူများ (၁၀)ဦး ထက် မနည်း ဖြစ်ကြောင်း သိရသည်။ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် တိုက်ပွဲများကြောင့် ဒေသခံ ကရင် ပြည်သူများ (၆၀,၀၅၀) ကျော် ဆက်လက် ထွက်ပြေး တိမ်းရှောင်နေကြရသည်။

(၄) ချင်းပြည်နယ်

အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ချင်းပြည်နယ်အတွင်း စစ်ပွဲကြောင့် အရပ်သားပြည်သူ ၆ သောင်းကျော် အိုးအိမ်စွန့်၍ ထွက်ပြေးပုန်းရှောင်နေကြသည်။

ဩဂုတ်လ နှင့် အောက်တိုဘာလ အတွင်း တိုက်ပွဲများကြောင့် အရပ်သား ပြည်သူ (၆)ဦး ထက် မနည်း သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူ (၂၆)ဦး နှင့် ဖမ်းဆီးခံရသူများ (၁၀)ဦး ထက် မနည်း ဖြစ်ကြောင်း သိရသည်။

သုံးလအတွင်း စစ်ကောင်စီတပ်များက ချင်းပြည်နယ်အတွင်း မြို့နယ် ရွာအသီးသီးမှ နေအိမ်ပေါင်း (၄၀၀) ခန့်ကို မီးရှို့ဖျက်ဆီးခံခဲ့ရသည်-

  • အောက်တိုဘာလ (၁၉) မှ (၂၃) ရက်နေ့အတွင်း မင်းတပ် ၊ မတူပီလမ်း တလျှောက် ကျေးရွာများမှ နေအိမ် (၁၀၇)လုံး ဖျက်ဆီး၊
  • အောက်တိုဘာလ တတိယပတ် အတွင်းတွင် ဖလမ်းမြို့နယ် ရမ်ထလိုနှင့် တလန်ဇာရ် ကျေးရွာတို့၍ လူနေအိမ် (၁၀၀)လုံး ဖျက်ဆီး၊
  • အောက်တိုဘာလ (၁၄) ရက်နေ့တွင် ဖလမ်းမြို့နယ်၊ တာလ်ကျေးရွာ၌ နေအိမ် (၁၂)လုံး မီးရှို့ဖျက်ဆီး၊
  • အောက်တိုဘာလ (၁၄)ရက်နေ့တွင် ဖလမ်းမြို့နယ်၊ ရဲလ်သီးကျေးရွာ၌ ဘုရားကျောင်း တလုံးအပါအဝင် နေအိမ် (၁၂)လုံး မီးရှို့ဖျက်ဆီး၊
  • အောက်တိုဘာလ (၂၉)ရက်နေ့တွင် ထန်တလန်မြို့ရှိ လူနေအိမ် (၁၆၃) လုံး နှင့် ဘုရား ကျောင်း (၂)လုံး စစ်ကောင်စီတပ်၏ လက်နက်ကြီးများ ပစ်ခတ်မှုတို့ကြောင့် မီးလောင် ကျွမ်း ဖျက်ဆီး ခံခဲ့ရကာ ရက်သတ္တပတ်အတွင်း နေအိမ်ပေါင်း (၁၀) လုံးထက်မနည်း ထပ်မံ မီးရှို့ ဖျက်ဆီး ခံခဲ့ရသည်။

(၅) မွန်ပြည်နယ်

ဩဂုတ်လ နှင့် အောက်တိုဘာလ အတွင်း တိုက်ပွဲများကြောင့် အရပ်သား ပြည်သူများ သေဆုံးသူ (၂)ဦး ထက် မနည်းရှိပြီး ထိခိုက် ဒဏ်ရာရရှိသူ (၈)ဦး နှင့် ဖမ်းဆီးခံရသူများ (၃၁၂)ဦး ထက် မနည်း ဖြစ်ကြောင်း သိရသည်။ မွန်ပြည်နယ်တွင် ဒေသခံ ပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသည့် အခြေအနေထိ မရှိသေးကြောင်း သိရသည်။

(၆) ရှမ်းပြည်နယ်

ဩဂုတ်လ နှင့် အောက်တိုဘာလ အတွင်း တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်အတွင်း အရပ်သား ပြည်သူများ (၁၁)ဦး ထက် မနည်း သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူ (၁၈)ဦး နှင့် ဖမ်းဆီးခံရသူ (၅)ဦး ထက် မနည်း ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် တိုက်ပွဲများကြောင့် ဒေသခံ ပြည်သူများ (၂၀,၂၁၀) ကျော် နေရပ်စွန့်ခွာ ထွက်ပြေးသိမ်းရှောင်နေကြရသည်။

ဖက်ဒရယ်ဂျာနယ် စုစည်း တင်ဆက်သည်။

နိုဝင်ဘာ ၂၆၊ ၂၀၂၁  

Related Articles

Back to top button