သတင်း

၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်သူ့ဆန္ဒခံယူ အတည်ပြုထား၍ ဖျက်သိမ်း၍မရ၊ ပြင်ဆင်ရန် လက်ခံဟု နစက ဥက္ကဌဆို

၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်သူ့ဆန္ဒခံယူ အတည်ပြုထား၍ ဖျက်သိမ်း၍မရ၊ ပြင်ဆင်ရန် လက်ခံဟု စကစ ဥက္ကဌဆို

ဖက်ဒရယ် ဂျာနယ်၊ အောက်တိုဘာ ၂၊ ၂၀၂၁

ဒီမိုကရေစီအရ ထိန်းသိမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲကို မှန်မှန်ကန်ကန် ပြန်လည်ကျင်းပနိုင်ရေးစီမံဆောင်ရွက်မည့်အကြောင်း စကစ ဥက္ကဌက ရှမ်းပြည်နယ်အတွင်းရှိ တာဝန်ရှိသူတို့အား အောက်တိုဘာ ၁ရက်တွင် ရှင်းပြခဲ့သည်။

ထိုသို့ရှင်းပြရာတွင် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေဥပဒေနှင့် ပတ်သက်၍လည်း ၂၀၀၈ခြေဥသည် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပ၍ အတည်ပြု ဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် ဖျက်သိမ်း၍မရကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်။

“ ခေတ်ကာလနှင့်ညီ ညွတ်မှုမရှိသော အကြောင်းအရာများအား ပြင်ဆင် ရန်အတွက် မိမိတို့အနေဖြင့်လက်ခံပါသည်”ဟု ဆက်လက်ပြောဆိုသည်။

အောက်တိုဘာ ၁ရက်က ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများအား တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားစဉ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်များအရ သိရသည်။ 

ဒီမိုကရေစီစနစ်နှင့် ပတ်သက်၍ နစကဥက္ကဌက “ ဒီမိုကရေစီစနစ် ဆိုသည် မှာ အများစု၏သဘောဆန္ဒဖြင့် ဥပဒေနှင့်အညီ အုပ်ချုပ်ဆောင်ရွက်ကြရခြင်း ဖြစ်၊ ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဆိုပါက အားလုံးလိုက်နာကြရမည်ဖြစ် သော်လည်း “လူညီလျှင်ဤကိုကျွဲဖတ်သည်” ဆိုသည့်လုပ်ရပ်မျိုး ဆောင်ရွက်၍မရ၊ဖက်ဒရယ်စနစ်ဆိုသည်မှာ အားလုံးကို လုပ်ပိုင်ခွင့်မျှမျှတတဖြင့် ခွဲဝေကျင့်သုံး ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း”ပြောဆိုခဲ့သည်။

Related Articles

Back to top button