သတင်း

ကားမိုင်း KBC ဘုရားကျောင်းဝင်းအပါ၀အင် ကျေးရွာထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဖြစ်

ဓါတ်ပုံ – CJ
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၂၃
ကချင်ပြည်နယ်၊ ကားမိုင်းမြို့နယ်ထဲက ကောင်ရာ ကချင်နှစ်ခြင်းခရစ်ယာန်(KBC) ဘုရားကျောင်းဝင်းထဲ ဒီကနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက်အစောပိုင်း အာရုံမတက်ခင် ၃း၁၀ မိနစ်ခန့်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ဘုရားကျောင်းဝင်းထဲ ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးဟာ စစ်ကောင်စီ ကားမိုင်းဗျူဟာကုန်း ဘက်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဖြစ်တယ်လို့ ဒေသခံများက ဆိုပါတယ်။
အဆိုပါ ပစ်ခတ်မှုဟာ တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်း မရှိပဲ ရမ်းသမ်း ပစ်ခတ်လိုက်တာဖြစ်ပြီး ကောင်ရာ ကချင်နှစ်ခြင်း ခရစ်ယာန်(KBC) ဘုရားကျောင်းဝင်းထဲအပါအဝင် ကျေးရွာထဲက အရပ်သားနေအိမ် နေရာတချို့ မှာလည်း ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှု ဖြစ်ခဲ့တာလို့ သိရပါတယ်။
အဲဒီလက်နက်ကြီးကျရောက်ပေါက်ကွဲချိန် အရပ်သားများ ထိခိုက်မှု တစုံတရာမရှိခဲ့ပေမယ့် အခုလို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခံရမှုကြောင့် ဒေသခံများက စိုးရိမ်မှုမြင့်တက်နေတာ ဖြစ်ပါတယ်။

Related Articles

Back to top button