စကားဝိုင်း

စစ်ကောင်စီရဲ့ ပြည်သူ့ လုံခြုံရေး အလားအလာ

(စကားဝိုင်းအနှစ်ချုပ်)

ကိုလင်းထက်အောင် (ပြည်သူ့ပန်းတိုင်)

၁။        စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ဘာကြောင့်အသက်သွင်း ခဲ့တာလဲ။

            ပြည်သူ့စစ်မှုထမ်းဥပဒေကို ဒီနှစ်မှာပဲ စစ်ကောင်စီက အသက်သွင်းလိုက်တယ်။ အသက်သွင်းတယ်ဆိုတဲ့အချိန်မှာ သူ့မှာ အားနည်းချက်တွေပေါင်းများစွာနဲ့ ဖြစ်နေတဲ့အချိန်ကာလလို့ ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော။ ကျွန်တော်ဆိုလည်း ၂၀၀၈ ခုနှစ်မှာ စစ်တပ်ထဲစရောက်တယ်ပေါ့။ စစ်တပ်ထဲစရောက်တဲ့အချိန်ကစပြီးတော့ ကျွန်တော်ထွက်လာတဲ့ ၂၀၂၁ အချိန်ထိ စစ်တပ် ဟာ အရမ်းကြီးခိုင်မာတဲ့ Institution တစ်ခုဖြစ်နေပြီလားဆိုရင်တော့ ကျွန်တော့်အနေနဲ့ဆိုရင်တော့ စစ်တပ်ထဲက ထွက်လာသမျှ No လို့ပဲပြောရမှာပေါ့နော။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာ စစ်တပ်တစ်တပ်ရဲ့ အင်အားတစ်ခုကို အချင်းချင်းလိမ်ညာမှုတွေ နောက်ပြီး တော့ စစ်တပ်ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပျက်စီးမှုတွေ၊ နောက်ပြီးတော့ အထက်အောက် စီမံခန့်ခွဲမှုအမှားတွေ နောက်ပြီးတော့ အချင်းချင်းယုံကြည်မှုပေါ့။ ဒါတွေကြားထဲမှာ ပြဿနာဖြစ်နေမှာ။ စစ်တပ်မှာတော်တော်ကို အချိန်ကြာခဲ့ပြီလို့ ကျွန်တော်တို့ပြောလို့ ရတယ်ပေါ့။

ကျွန်တော်တို့ စစ်တပ်ဟာ သူမင်းအောင်လှိုင် ခေါင်းဆောင်တဲ့၊ ခေါင်းဆောင်ပိုင်းကတော့ စစ်တပ်ကြီး အရမ်းကြီး ခိုင်မာအားအောင်တယ်။ ခေတ်အဆက်ဆက်မှာလည်း နိုင်ငံအတွင်းမှာ တိုက်လာတဲ့ စစ်ပွဲမှာသူ့အနေနဲ့ မောင်ပွဲတွေအများကြီး ရခဲ့တယ်ဆိုပြီးတော့ သူ့ကိုယ်သူ ယုံကြည်ချက်ရှိရှိနဲ့ အာဏာသိမ်းလိုက်တယ်လို့ ကျွန်တော်ကတော့ထင်တယ်။ သို့ပေမဲ့ သူထင်ခဲ့တဲ့ စစ်တပ်ဟာတကယ်တမ်းကျတော့ ၂၀၂၁ နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်တော်လှန်ရေး အသွင်ပြောင်းသွားတယ်ဆိုတဲ့ အချိန် မှာ သူ့အနေနဲ့ စစ်မျက်နှာပေါင်းစုံကို သူ့အနေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ရင်ဆိုင်ခဲ့ရတယ်ဆိုတဲ့အချိန်မှာ ကျွန်တော်ရှေ့ကပြောတဲ့ အားနည်းချက်တွေဟာ တစ်ခုချင်းစီကို ထွက်ပေါ်လာတာကို ကျွန်တော်တို့တွေ့ရတယ်။ ဥပမာ စစ်ရေးပိုင်းဆိုင်ရာ အားနည်းချက် တွေ တိုက်ပွဲမှာ ဒုနဲ့ဒင်နဲ့တိုက်သော် ငြားလည်း စစ်တိုက်လိုခြင်းမရှိတဲ့အခါပေါ့။ နောက်ပြီးတော့ ပြည်သူလူထောက်ခံမှုမရှိတဲ့အခါမှာ စစ်ပွဲမှာရှုံးနိမ့်မှုတွေဟာ တောက်လျှောက်ကိုဖြစ်ပေါ်လာတယ်ပေါ့။ တစ်နှစ်အတွင်းမှာတင် ထောင်နဲ့သောင်းနဲ့ချီတဲ့ အင်အားတွေ စစ်တပ်မှာလျော့နည်းသွားမှုတွေဖြစ်တယ်။

            အခုနောက်ပိုင်းဆိုရင် တချို့စစ်မျက်နှာတွေမှာ တပ်ရင်းအလိုက် တပ်မအလိုက် ပျက်စီးဆုံးရှုံးမှုတွေ၊ တခြားဥစ္စာတွေ အများ ကြီးကြုံတွေ့နေရတယ်။ ဒါကလည်း စစ်ရေးစွမ်းအင်ပိုင်ဆိုင်ရာ အားနည်းမှုပေါ့နော။ စစ်ရေးစမ်းအင်ပိုင်းဆိုင်ရာ အားနည်းမှုအပြင် အချင်းချင်းတိုက်ပွဲဝင်လိုစိတ်ကို မြှင့်တင်ပေးနိုင်တဲ့ သူတို့ရဲ့ Commander ပိုင်း အားနည်းမှုတွေဟာလည်း စစ်တပ်မှာတောက် လျှောက်ကို ဖြစ်ပေါ်လာတယ်။ အဲ့ဒီတော့ အဓိကအားဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဘာ့ကြောင့်ထုတ်ပြန်တာလဲဆိုရင်တော့ သူတို့ ရဲ့ ဖြစ်ပျက်လာတာကြာပြီဖြစ်တဲ့ ဖြစ်ပေါ်လာတဲ့လက်ရှိ အခင်းအကျင်းမှာ သူတို့ရဲ့ ဆေးပိုင်းဆိုင်ရာအားနည်းချက်တွေ တချို့ရဲ့ စီမံခန့်ခွဲမှုအလွဲအမှားတွေ သူတို့တပ်ဖွဲ့အတွင်းမှာတင် Heavy ဖြစ်နေတဲ့တချို့အရာတွေဟာ ဒီနွေဦးတော်လှန်ရေးနဲ့အတူ ပြိုကျ ပျက်စီးသွားတယ်။ အဲ့ဒါပြိုကျပျက်စီးသွားတဲ့အတူ သူတို့ရဲ့ အင်အားတွေ သူတို့ရဲ့ တပ်တွေ ပျက်စီးသွားတာကြောင့် သူတို့မှာ တော်တော်ကြီးကို အင်အားချိနဲ့သွားတယ်လို့ ကျွန်တော်ကတော့ မြင်တယ်။

အဲ့ဒါကြောင့်မို့လည်း သူတို့ဟာ သူတို့ရဲ့ပျက်စီးသွားတဲ့ အရာတွေကို ပြန်ပြီးတော့တည်ဆောက်နိုင်ဖို့အတွက်ကို ဒီ ၂၀၁၂ လောက်ထဲက ဒီပြည်သူ့စစ်မှုထမ်း ဥပဒေကို လေသံပစ်ပြီးတော့ အသက်သွင်းနေတာကို အသက်သွင်းဖို့ကြိုးစားနေတာကို ကျွန်တော်တို့တွေ့ရတယ်။ ၂၀၂၃ ခုနှစ်မှာ သူတို့ ဒါတွေကို ခဏခဏပြော တယ်။ ပြီးတော့ ၂၀၂၄ မှာ သူတို့ရဲ့ လော်ဘီတွေကတစ်ဆင့်သော်လည်းကောင်း တခြားဥစ္စာတွေကနေ တဆင့်သော်လည်းကောင်း တောက်လျှောက်ကိုပြောလာတဲ့အချိန်မှာ သူတို့အနေနဲ့ မလုပ်လို့မရတော့တဲ့အခြေအနေတစ်ခုနဲ့ နောက်ပြီးတော့ ပြည်သူလူထုကို လည်း ပြည်သူလူထုချင်း ပြောရမယ်ဆိုရင် ဓားစာခံအပြင် လူသားတိုင်းလို့ပဲ ကျွန်တော်တို့ ပြောလို့ရတာပေါ့နော။ လူသားတိုင်း သဖွယ် အသုံးပြုမယ်။ ပြောရမယ်ဆိုရင်တော့ အချက်အလက်တွေကတော့ များစွာရှိပါတယ်။ သို့ပေမဲ့ အဓိကအချက်ကိုပဲ ပြောရ မယ်ဆိုရင်တော့ လက်ရှိသူတို့ရဲ့ စစ်ရေးပိုင်းဆိုင်ရာ အားနည်းတာကြောင့် ဖြစ်ပေါ်လာတဲ့ အင်အားလိုအပ်ချက်တွေကြောင့် ဒီစစ်မှုတမ်း ဥပဒေကိုစတင်အသက်သွင်းခဲ့တာလို့ပဲ ကျွန်တော် ဆွေးနွေးချင်ပါတယ်။

၂။         စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် တော်လှန်ရေးအတွက်ရော ဘယ်လို အကျိုးသက်ရောက်မှု တွေရှိခဲ့လဲ။

            တော်လှန်ရေးအတွက်ကတော့ ကျွန်တော့်တစ်ကိုယ်စာအမြင်နဲ့ ပြောရမယ်ဆိုရင်တော့ တော်လှန်ရေးအတွက်က ဝန်ထုပ် ဝန်ပိုးကြီးတစ်ခုထပ်ဖြစ်လာတယ်လို့ ကျွန်တော်ကတော့မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဆိုရင်လည်း CDM ဝင်လာ ပြီးတဲ့အချိန်ကစပြီးတော့ ပြည်သူ့ရင်ခွင်အဖွဲ့ဖွဲ့ပြီးတော့ လုပ်နေတာရှိတယ်ပေါ့။ သက်ဆိုင်ရာတော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ချိတ်ဆက်နေတာတွေလည်းရှိတယ်။ ဒါ စစ်မှုထမ်းဥပဒေထုတ်လာပြီးတဲ့အချိန်မှာ ကျွန်တော်တို့ အဲ့ဒီ အပိုင်းကိုပါ ထပ်ပြီးတော့ သွားကူရတဲ့ပုံစံမျိုးဖြစ်လာတယ်။ ဥပမာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ဒီဥပဒေကို စထုတ်တယ်။ ထုတ်ပြီး တဲ့အချိန်မှာ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဆီ ဆက်သွယ်လာတာ တစ်လကျော်အတွင်းမှာ လူနှစ်သောင်းနီးပါး လောက် ဆက်သွယ်လာတယ်။ လူငယ်တွေ အဓိကအားဖြင့်ပေါ့။ ကာယကံရှင်တွေ ကိုယ်တိုင် ကိုးဆယ်ရာခိုင်နှုန်းလောက် ကျွန်တော်တို့ဆီ ဆက်သွယ်လာတယ်။ ဒီဥစ္စာတွေကို ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ပြောရရင် ချက်ချင်းကြီးဖြေရှင်းပေးနိုင်ဖို့ အတွက် အရင်းအမြစ်တွေ ကျွန်တော်တို့မှာ ပြည့်ပြည့်စုံစုံမရှိဘူးပေါ့။

ဒီလူတစ်သောင်းကျော်ကြီးကို ကျွန်တော်တို့ ခေါ်ပြီးတော့ ဘယ်နေရာကိုပို့မှာလဲ။ နောက်ပြီးတော့ ဒီတစ်သောင်းကျော်ကြီးကို ဘယ်နေရာမှာလက်ခံပြီးတော့ ဆောင်ရွက်ပေးနိုင်မှာလဲ။ ဒီလိုလာဆက်သွယ်တဲ့ သူတော်တော်များများထဲကလည်း စစ်အာဏာရှင်ကိုမကြိုက်တဲ့ စစ်တပ်ကိုမကြိုက်တဲ့ လူငယ်တွေ (အများ) က အကုန်လုံးနီးပါးလိုဖြစ်တယ်ပေါ့။ သူတို့မဝင်ချင်ဘူး။ ဒီထဲကိုဝင်ရင် ဘာဖြစ်မယ်။ ညာဖြစ်မယ်ဆိုတာလည်း သူတို့ကောင်းကောင်း သိကြတယ်။ ထွက်လာတဲ့အချိန်မှာလည်း အားလုံးရဲ့ ပြောဆိုမှုတွေကြောင့် ဒီစစ်မှုထမ်းဟောင်း ဥပဒေဆိုတာ ဘယ်သူမှကို မကြိုက် ကြဘူး။ ဘယ်သူမှလည်း မလိုလားကြဘူး။ ပြောရမယ်ဆိုရင် ကျွန်တော်တို့ တော်လှန်ရေးအတွက် ဝန်ထုပ်ဝန်ပိုး အကြီးကြီး တစ်ခု သဖွယ်ကို ယနေ့အချိန်ထိဖြစ်နေဆဲလို့ ပြောလို့ရတယ်ပေါ့။ တော်လှန်ရေးအတွက် အကျိုးသက်ရောက်မှုဆိုတာကတော့ ဆိုးကျိုးက ပိုများတယ်လို့ ကျွန်တော်မြင်တယ်။ ပြောရမယ်ဆိုရင် အခုဆိုရင် စစ်တပ်ထဲမှာ စစ်မှုထမ်းဥပဒေကြောင့် လူတစ်သောင်းနီးပါး လောက် ရောက်သွားပြီ။ အပတ်စဉ် သုံး၊ လေး၊ ငါး ပေါ့။

အခုနောက်ပိုင်းဆို အမျိုးသမီးတွေကိုပါ ထပ်ခေါ်ဖို့ သူတို့အနေနဲ့ လုပ်နေတာ တွေရှိနေတယ်။ အဲ့ဒီတော့ ဒီအင်အားကြီးတစ်ခုက စစ်တပ်ဘက်ကိုထပ်တိုးသွားမယ်ဆိုရင် ကျွန်တော်တို့ တော်လှန်ရေးတပ်တွေ အတွက် ရင်ဆိုင်ရခက်ခဲနိုင်တဲ့ အခြေအနေတစ်ခုတော့ ဖြစ်သွားနိုင်တယ်။ အခုဆိုရင် အပတ်စဉ် တစ်၊ နှစ်၊ သုံး ကဆင်းလာတဲ့ သူတွေဆိုရင် ရှေ့တန်းတွေကိုပို့နေပြီ။ အားပြန်တည်ဆောက် နေတဲ့ အနေအထားတွေကို ကျွန်တော်တို့ ပြန်ပြီးတော့ တွေ့နေရ တယ်။ နောက်ပြီးတော့ အခုဆိုရင် ပြည်သူ့လုံခြုံရေး ဥပဒေပါ ထပ်ထုတ်ပြန်ပြီးတော့ လုပ်နေတာတွေဖြစ်တဲ့အတွက် သူတို့အင်အား ဒုနဲ့ဒင်နဲ့ပြန်ပြီးတော့ ဆုံးရှုံးရတဲ့အင်အားတွေကို တစ်နှစ်အတွင်းမှာတင် အကြီးကြီးပြန်ဖြစ်လာအောင် လုပ်နေတဲ့အတွက် စစ်ရေး ဆိုင်ရာကိစ္စတွေမှာ ကျွန်တော်တို့ တော်လှန်ရေးတပ်တွေအတွက် တော်တော်များများက အခက်အခဲပေါင်းများစွာနဲ့ ထပ်ပြီးတော့ ကြုံလာတယ်။ ကြုံနိုင်တယ်ပေါ့။

            ဒါပေမဲ့ ဒါကြီးက ကျွန်တော်တို့ မဖြေရှင်းနိုင်ဘူးလားဆိုတော့ ဖြေရှင်းနိုင်တဲ့ ဥစ္စာတွေတော့အများကြီးရှိပါတယ်။ ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ ပတ်သက်ပြီးတော့ ဒီထဲကိုမဝင်ရင် ဘယ်ကိုသွားရမလဲဆိုတဲ့ လမ်းညွှန်ချက်တွေ ဆောင်ရွက်ပေးမှုတွေက ကျွန်တော်တို့ တော်လှန်ရေးဘက်မှာ တော်တော်လေးကို အားနည်းပါတယ်။ အဓိကတော့ လက်ခံဆောင်ရွက်ပေးနိုင်တဲ့ အခြေအနေ က တော်တော်နည်းတာကိုး။ ဥပမာဆို ထွက်လာတဲ့သူတွေကို ငါတို့ဆီလာပါ။ ငါတို့ဒီလိုထားပေးမယ်ဆိုတာပေါ့။ ဒီစစ်မှုထမ်းဥပဒေ က မကောင်းဘူး။ ဒါကြီးထဲကို မသွားပါနဲ့ဆိုပြီးတော့ ပြောတဲ့သူကပိုပြီးတော့များတယ်။ ဘာပဲပြောပြော အဲဒီလို အခြေအနေတွေ ကပိုပြီးတော့ဖြစ်တယ်။ ငါတို့ဆီလာပါ ငါတို့စောင့်ရှောက်ပေးထားမယ်ဆိုတဲ့သူတွေကမရှိဘူးလို့ ကျွန်တော်မပြောဘူး ရှိတယ်။ ဒီစစ်မှုထမ်းဥပဒေထွက်လာပြီးတဲ့အချိန်မှာ တချို့နေရာတွေမှာ တော်လှန်ရေးတပ်သားသစ်တွေပိုပြီး တော့ တိုးလာတဲ့အခြေအနေ တွေအများကြီးတွေ့တယ်။ ဒါပေမဲ့ ဒီဥစ္စာက ရာဂဏန်း ထောင်ဂဏန်းပဲ။ ဒီဥစ္စာကြီးကို ကြုံနေရတဲ့ ကျွန်တော်တို့လူငယ်ထု အကုန်လုံးကို ဖြေရှင်းပေးနိုင်တဲ့ အခြေအနေတစ်ခုမဟုတ်ဘူးပေါ့။ အဲ့ဒီတော့ ကျွန်တော်တို့ တော်လှန်ရေး အတွက် ဝန်ထုပ်ဝန်ပိုး တစ်ခုဖြစ်နေတယ်ဆိုတာတော့ လုံးဝကို အခုအချိန်အထိကို ကျိန်းသေနေတုန်းပဲ။

ဒီဥစ္စာကြီးကို ဖြေရှင်းနိုင်တဲ့ အခြေအနေတစ်ခု ကျွန်တော်တို့ဘက်မှာ လုံးဝ ကောင်းကောင်းမရှိသေးဘူး။ နောက်ပြီးတော့ စိတ်ဝင်စားမှုအားနည်းတယ်လို့ ကျွန်တော်မြင်တယ်။ ဒါတော်လှန်ရေးဘက်က အဖွဲ့အစည်းတော်တော်များများကို ကျွန်တော်တစ်ကိုယ်စာအနေနဲ့ပဲပြောတာပါ။ စိတ်ဝင်စားမှုအားနည်း တယ်လို့ သတ်မှတ်တယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အခုဝင်သွားတဲ့သူတွေဆိုရင် တချိူ့တွေ ကျွန်တော်တို့ ပြန်ခေါ်ထုတ်နေတဲ့ အခြေအနေတွေရှိတယ်ပေါ့။ ဒါပေမဲ့ လူတစ်ရာကိုလာချင်တယ်ဆိုရင် လူတစ်လုံးကို ကျွန်တော်တို့ ပြန်ခေါ်ထုတ် နိုင်တဲ့ အခြေအနေ က တော်တော်ကိုနည်းသေးတယ်။ တချို့တွေဆိုရင်လည်း လက်နက်နဲ့ ပြန်ထွက်လာတာတွေရှိတယ်။ ကျွန်တော်က ပြည်သူ့ ရင်ခွင်မှာလုပ်နေလို့ ပြည်သူ့ရင်ခွင်အခြေအနေကို ပြောတာပါ။ တခြားသော ကူညီနေတဲ့ အဖွဲ့အစည်း ပေါင်းများစွာလည်း ရှိပါသေး တယ်။ ဒါပေမဲ့ လုံးဝ ကူညီဆောင်ရွက်ပေးနိုင်သေးတဲ့ အခြေအနေတစ်ကမရှိဘူး။ နောက်ပြီးတော့ ဦးဆောင်တဲ့ ဥပမာ NUG လိုဟာ ပေါ့။ အစိုးရကနေပြီးတော့ ဒီဥစ္စာအတွက် ကောင်းကောင်းဖြေရှင်းပေးနိုင်တဲ့ အခြေအနေတစ်ခုကလည်း အတော်ကို အားနည်းသေး တယ်။ အဲ့ဒီအတွက် လိုတာကတော့ ဘတ်ဂျက်တွေ နေရာတွေ ဒါတွေ အများကြီးကို မလုပ်ကိုင်နိုင်သေးတဲ့ အခြေအနေဖြစ်နေတယ်။ အဲ့တော့ ဒီတော်လှန်ရေးအတွက် ကောင်းကျိုးကတော့ သိပ်ပြီးတော့မ မြင်ဘူး။ ဆိုးကျိုးတွေကပိုပြီးတော့ များလာတယ်။ ဒါပေမဲ့ ဒါကြီးကို ဖြေရှင်းမှရမယ်။

ဘာလို့လဲဆိုတော့ အခုအချိန်မှာ စစ်တပ်အနေနဲ့ နိုင်ငံရေးအရ သူတို့ထွက်ပေါက်ရဖို့အတွက် ဥပမာ ရွေးကောက်ပွဲလို လမ်းမျိုးကို သူတို့တွေလှမ်းနေတာတွေရှိတယ်။ နောက်ပြီးတော့ စစ်ရေးအရ လည်း ထွက်ပေါက်ရဖို့အတွက် တရုတ် လို နိုင်ငံတွေနဲ့ ဆွေးနွေးပြီးတော့ တချို့နေရာတွေ စစ်ရေးအရပြန်လည် တန်ပြန်ဖိအားပေးဖို့ ခြေလှမ်းတွေလှမ်းနေတာကိုလည်း ကျွန်တော်တို့တွေ့ရတယ်။ အဲ့ဒီတော့ အခုချိန်မှာ စစ်တပ်ဟာ တော်တော်လေးကို အရေးနိမ့်နေတယ်ဆိုတဲ့အချိန်မှာ ဒါကြီးကို လျစ်လျူရှုလိုက်လို့ စစ်တပ်ဘက်က ပြန်ပြီးတော့ အားသာသွားနိုင်တဲ့ အခြေအနေရှိလား ဆိုရင်တော့ ဖြစ်ကောင်းဖြစ်လာနိုင်တဲ့ အနေအထားတစ်ခုရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုချိန် သူတို့စစ်မှုထမ်းဟောင်းတွေကို ပြန်ခေါ်ပြီးတော့ ထွက်လာတဲ့ စစ်မှုထမ်း ဥပဒေကြောင့် ရောက်လာတဲ့သူတွေကို ပြန်ပြီးတော့ Train နေတာတွေရှိတယ်။ ပြောရမယ်ဆိုရင် ဝါဒမှိုင်းတွေတိုက်ပြီးတော့ စိတ်ဓာတ်တွေကို ဖျက်ဆီးပြီးလုပ်နေတာတွေလည်း အများကြီးရှိတယ်။ အဲ့တော့ ကျွန်တော်တို့ တော်လှန်ရေးကို ယုံကြည်အသက် ဝင်တယ်။

သို့ပေမဲ့ လူကိုယ်တိုင်မပါနိုင်သေးဘူးဆိုတဲ့ လူငယ်တွေက သူတို့ထဲကို ရောက်သွားပြီး စိတ်ဓာတ်တွေဖျက်ဆီးခံလိုက်ရ လို့ရှိရင် ကျွန်တော်တို့ ဘာမှလုပ်လို့မရဘူး။ သူတို့လူဖြစ်သွားနိုင်တယ်။ ဒါက ကျွန်တော် ယေဘုယျဆန်တောဆန်လိမ့်မယ်။ သို့သော် ဒါကြီးက တကယ်ဖြစ်နေတဲ့ အရာတစ်ခုဖြစ်တဲ့အတွက် ကျွန်တော်တို့က တော်လှန်‌ရေးအတွက် ကောင်းကျိုးထက် ဆိုးကျိုးကပိုများ နေတယ်။ အဲ့ဒါကြောင့် ကျွန်တော် ဒီကနေပြီးတော့ တော်လှန်နေတဲ့ အဖွဲ့အစည်းတွေကို တိုက်တွန်းချင်တယ်။ ဒါကို ကျွန်တော်တို့ ဖြေကိုဖြေရှင်းရမယ့်အရာတစ်ခုဖြစ်တယ်။ ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ ဥစ္စာလေးကို ခိုင်ခိုင်မာမာလုပ်ပြီးတော့ အားလုံးက လက်တွဲ ညီညီနဲ့ ဆောင်ရွက်သင့်တဲ့အရာတွေကို ပိုပြီးတော့ အင်အားပိုကောင်းအောင် ဆောင်ရွက်နိုင်ဖို့ကို ကျွန်တော် ဒီကနေပြီးတော့ ပြောချင်ပါတယ်။

၃။        အခုစစ်ကောင်စီအနေနဲ့ ပြည်သူ့လုံခြုံရေး အဖွဲ့ ဆိုတဲ့ ခေါင်းစဉ်နဲ့ အသက် ၃၅ ကနေ ၆၅ နှစ်အတွင်း ပြည်သူတွေကို ထပ်ခေါ်တာ ဘယ်လို ရည်ရွည်ချက်ကြောင့် ဖြစ်နိုင်မလဲ။

            စစ်ကောင်စီရဲ့ အခြေအနေကိုပဲ အရင်ပြောရမယ်ဆိုရင် စစ်ကောင်စီရဲ့ အခြေအနေကတော့ ဆိုးဆိုးဝါးဝါးဆိုတာတော့ ကျွန်တော်တို့အားလုံးသိပြီးသားပေါ့။ စစ်ရေးအရရှုံးနိမ့်နေတယ်။ တပ်တွင်းမှာလည်း ပြဿနာပေါင်းများစွာနဲ့ဖြစ်နေတယ်။ ဥပမာ အခုနောက်ပိုင်းဆိုရင် မင်းအောင်လှိုင်တို့ကိုဆိုရင် တော်တော်လေးကို တပ်တွင်းကနေပြီးတော့ ပြန်လည်ဝေဖန်ချက်တွေ ဘာတွေ ထွက်လာတယ်ပေါ့။ လက်အောက်ကိုမကြည့်ဘဲနဲ့ လုပ်ချင်ရာလုပ်နေတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ပြန်ပြီးတော့ ဝေဖန်နေတာတွေလည်း ကျွန်တော်တို့ကြားနေရတယ်။ ဥပမာ ရမခ လို စစ်ပွဲအတွင်းမှာဆိုရင် မင်းအောင်လှိုင်တို့ရဲ့ လိုအပ်ချက်တွေ အများကြီးကို ဒီကောင်တွေရဲ့ လောဘီတွေကိုယ်၌က ဒါကိုပြန်ပြီးတော့ ဝေဖန်နေတာတွေလည်း ကျွန်တော်တို့ အတော်လေးကို ကြားနေရတယ်။ အဲ့ဒီတော့ စစ်ကောင်စီရဲ့ အခြေအနေကတော့ အခုအချိန်မှာ တော်တော်လေးကို ဆိုးဆိုးဝါးဝါးဖြစ်နေတယ်။ စစ်ကောင်စီကလည်း ပြောရမယ်ဆိုရင် သူကလည်း ဒီတော်လှန်ရေးကို ချေမှုန်းဖို့ကြိုးစားတယ်ဆိုတဲ့ အချိန်မှာ သူကလည်း နောက်ဆုံးတိုက်ပွဲလိုမျိုး စဉ်းစားပြီးတော့ ပြင်ဆင်ပြီးတိုက်နေတာလို့ ပြောလို့ရတယ်။

ဘာဖြစ်လို့လဲဆိုရင် သူတို့ရှုံးရင်လည်း ဒီကနေပြီးတော့ သူတို့က နောက်ဆုံး အသေထွက်ကပိုပြီးတော့ များတာပေါ့။ အရှင်ထွက်ဆိုတာထက် သူတို့လုပ်ခဲ့တဲ့ ဥစ္စာတွေနဲ့ ဆိုရင် အသေထွက်ကပို ပြီးတော့များတော့ ဒီဥစ္စာကို သူတို့က နိုင်အောင်တိုက်မှကိုရမှာ။ ထွက်ပြေးဖို့ဆိုတာနောက်ထားပေါ့။ နိုင်အောင်တိုက်မှကိုရမှာ။ အနိုင်ဘူးဆိုရင် အားလုံးက ပျက်ဆီးသွားမှာဆိုတတော့ သူတို့ရဲ့ Network တွေ အကုန်လုံးလုံးပျက်ဆီးသွားမှာ။ သူတို့တည်ဆောက်ခဲ့ တဲ့ စီးပွားရေး တွေရော ဘာတွေရော အကုန်ပျက်ဆီးမှာဆိုတော့ သူတို့ကလည်း ဒါကို ဆုံးရှုံးမခံနိုင်တဲ့အတွက် ရတဲ့နည်းနဲ့ သူတို့ ပြန်ပြီးတော့ ဖာထေးနေတာကို ထင်ထင်ရှားရှား ကျွန်တော်တို့ တွေ့နေရတယ်။ အဲ့တော့ ဒီပြည်သူ့လုံခြုံရေးဆိတဲ့ ဥစ္စာတစ်ခုက သူတို့ရဲ့ နောက်သွားမဲ့ အရာတွေအတွက်ပေါ့။ ဆက်တိုက် ပြည်သူ့စစ်မှုထမ်း ဥပဒေထုတ်ပြီးတဲ့အချိန်မှာ သူတို့ဒါကို ကျင့်သုံးတယ်။ ဒီစစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလမှာ ထုတ်တယ်။ ပြီးတော့ ကြားထဲမှာ စစ်မှုထမ်းဟောင်းတွေကို ပြန်ခေါ်သုံးတယ်။ နောက်ပြီးတော့ အခု ပြည်သူ့လုံခြုံရေးဆိုပြီးတော့ ထပ်လုပ်တယ်။ သူတို့ ဒီအောက်တိုဘာဆိုရင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ သန်းခေါင်စာရင်းတွေ လိုက်ပြီးတော့ကောက်ဖို့ စီမံနေတာရှိတယ်။၏

အောက်တိုဘာ ၁ ရက်နေ့ စကောက်မယ်ဆိုပြီးတော့ ပြောထားတာရှိတယ်။ မကြာခင်မှာလည်း သူတို့ရဲ့ နိုင်ငံရေးထွက်ပေါက်အနေနဲ့ အခုဆို တရုတ်ကလည်း ရွေးကောက်ပွဲလုပ်ပါ ဘာညာဆိုပြီးတော့ ထောက်ခံတဲ့သဘော လေသံတွေရှိတယ်။ သူတို့ ရွေးကောက်ပွဲကို မရရအောင်လုပ်ဖို့ နည်းလမ်းကို စဉ်းစားနေတာဖြစ်တယ်။ ဒီရွေးကောက်ပွဲလုပ်ဖို့ဆိုရင် သူတို့လက်ရှိရဲ့ အခြေအနေအရ သူတို့ဘက်မှာ ခိုင်မာပါတယ်ဆိုတဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့လို နေရာမျိုးမှာတောင် ရွေးကောက်ပွဲကို လုံခြုံရေးအရ ကောင်းကောင်းမွန်မွန် လုပ်နိုင်မယ့်အခြေအနေက ပြောရမယ်ဆို Percentage တော်တော်ကို နည်းတယ်။ အဲ့ဒီတော့ သူတို့ ဒီ Percentage ကို တတ်နိုင်သမျှလျှော့ချဖို့အတွက်ကို ပြည်သူ့လုံခြုံရေးကို ထပ်ပြီးတော့ စဉ်းစားလာတာကို နည်းနည်းလေး စဉ်းစားကြည့်။ ဆိုတော့ ဥပမာထားပါတော့။ သန်းခေါင်စာရင်းကောက်မယ့်အဖွဲ့တွေဆိုရင် သူတို့ရဲ့ စစ်တပ်နဲ့ ရဲက အပြည့်အဝ အားလုံး လုံခြုံရေးမလုပ်ပေးနိုင်ဘူး။ ဒါကလုံးဝကျိန်းသေတယ်။ အရင်တုန်းက တပ်ခွဲတစ်ခွဲနဲ့ နယ်မြေတစ်ခု၊ မြို့နယ်တစ်ခုတည်းကို လိုက်ပြီးတော့ လုံခြုံရေးပေးနိုင်တယ်ဆို အခုအချိန်မှာ တပ်ခွဲတစ်ခွဲနဲ့ မပေးနိုင်တော့ဘူး။ လူ ငါးရောက် ဆယ်ရောက်နှုန်းနဲ့ မပေးနိုင်ဘူး။ အဲ့တော့ ဒီလူတွေကိုပြန်ပြီးတော့ ကာဗာပြန်လုပ်ပေးဖို့အတွက်ကို ဒီထဲကလူတွေနဲ့ပြန်သုံးမယ့် Plan ကလည်း သူတို့မှာ ရှိမှာပဲ။

ပြောရမယ်ဆို ပြည်သူ့လုံခြုံရေးကလည်း ဒီအတွက် ရည်ရွယ်ထားတယ်လို့ ကျွန်တော်ကတော့ မြင်တယ်။ နောက်ပြီးတော့ အခုဆိုရင် မန္တလေးလို နေရာမျိုးမှာ တိုက်ပွဲတွေဖြစ်လာပြီ။ ပြင်ဦးလွင်နဲ့ အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေဖြစ်လာပြီ။ မြန်မာနိုင်ငံရဲ့ အလယ်ပိုင်းဒေသတွင်းကို တဖြည်းဖြည်းနဲ့ စစ်ကရောက်လာပြီ။ ကြီးကြီးမားမားကျယ်ပြန့်တဲ့ ထိုးစစ်ကြီးလို့ ကျွန်တော်တို့ပြောလို့မရသော်ငြားလည်း မန္တလေးနဲ့ အနီးတစ်ဝိုက်က မြို့တွေ တော်လှန်ရေးတပ်တွေလက်ထဲကို ရောက်နေတာ ကျွန်တော်တို့ ဆက်တိုက် တွေ့နေရတယ်။ အဲ့ဒီတော့ မြို့၊ ရွာတွေကို ကာကွယ်ဖို့အတွက် အခုသူတို့အနေနဲ့ ပျူစောထီးလို့ခေါ်တဲ့ (သူတို့အခေါ်ကတော့ ပြည်သူ့စစ်ပေါ့) သူတွေလည်း ပြောရမယ်ဆိုရင် လောက်လောက်လားလား သူတို့ကို ခိုင်ခိုင်မာမာနဲ့ လုပ်ပေးနိုင်တဲ့ အခြေအနေက မရှိဘူး။ သူတို့ရဲ့ Plan တွေထဲမှာ လိုက်ပြီးတော့ ဆောင်ရွက်ပေးနိုင်တဲ့ အခြေအနေကမရှိဘူး။ အဲ့တော့ သူတို့အနေနဲ့ နောက်တစ်နည်းက ဒီမြို့၊ ရွာတွေကို ထပ်ကာကွယ်ဖို့အတွက်သည် သူတို့ရဲ့ စစ်တပ်ကုန်သွားပြီဆိုရင် ဘယ်သူတွေနဲ့ ကာကွယ်မလဲ ဆိုတာ ဒီပြည်သူတွေနဲ့ပဲ ပြန်လုပ်လို့ ရတယ်။ အဲ့တော့ ပြည်သူတွေကို သူတို့အနေနဲ့ အခုချိန်မှာ ပြည်သူ့လုံခြုံရေးလို အဖွဲ့တွေ ဖွဲ့ပေးပြီးတော့ လက်နက်တွေ တပ်ဆင်ပေး မယ်။ နောက်ပြီးတော့ ဒီပြည်သူ့လုံခြုံရေးအဖွဲ့တွေကို တပ်ဆင်ပေးတယ်ဆိုတဲ့ အချိန်မှာ လည်း မင်းတို့ရပ်ရွာမှာ လူ ၁၅ ယောက်ရှိ တယ်ဆိုရင် ၁၅ ယောက်လုံးကို လက်နက်ထုတ်ပေးလိုက်မှာမဟုတ်ဘူး။ သူတို့ လူတွေနဲ့ ပြန်ကွပ်ကဲဦးမှာ။

ဥပမာ ကြံ့ခိုင်ရေးလို ကောင်တွေကို အခုလောလောဆယ် တချို့နေရာတွေမှာ အုပ်ချုပ်ရေးမှူးတွေ၊ ပြောရမယ်ဆိုရင် ရပ်ရွာကတင်မြှောက်တဲ့ အုပ်ချုပ်ရေးမှူးဆိုတာထက် သူတို့ရဲ့ လူတွေနဲ့အစားထိုးနေတာတွေရှိတယ်။ ဥပမာ ကြံ့ဖွတ်လိုပါတီကကောင်တွေကို ထည့်လာတာ တွေ ကျွန်တော်တို့ တွေ့ရတယ်။ အဲ့တော့ ဒီလူတွေနဲ့ ဒီလူတွေကို ပြန်ပြီးတော့ အုပ်ချုပ်မှာဖြစ်တဲ့အတွက် ဒီပြည်သူ့လုံခြုံရေး အဖွဲ့ကလည်း သူတို့လက်ထဲကို လက်နက်ရောက်သွားလို့ ငါတို့ကတော့ စစ်တပ်ကိုပဲ ပြန်တိုက်ပါဆိုပြီးတော့ တွေးလို့မရဘူး။ သူတို့အနီးကပ်စောင့်ကြေည့်မယ်သူတွေက ရှိပြီးသား။ ပြည်သူလုံခြုံရေးအဖွဲ့ဖွဲ့တာသည် သူတို့ရဲ့ လက်ရှိခြိမ်းခြောက်ခံနေရတဲ့ မြို့၊ ရွာတွေကို ကာကွယ်ဖို့အတွက်ရယ် သူတို့သွားချင်တဲ့ နိုင်ငံရေးအရ ရွေးကောက်ပွဲ လုပ်ချင်တဲ့ အရာကိုပိုပြီးတော့ Cover ဖြစ်ဖို့ အတွက်ရယ်ကို အဓိကစဉ်းစားထားတာလို့ ကျွန်တော်ကတော့ မြင်တယ်။ သူတို့ရဲ့ စိုးရိမ်နေရတဲ့ မြို့ပြလုံးခြုံရေးတွေကို ပြည်သူ လူထုနဲ့ အသုံးချပြီးတော့ ဆောင်ရွက်ခိုင်မှာဖြစ်ပြီးတော့ သူတို့ရဲ့ ပိုလာတဲ့ စစ်အင်အားကို စစ်မျက်နှာပြင်တွေမှာ သုံးဖို့အတွက် ရည်ရွယ်ထားတဲ့ အချက်ကလည်း အရေးကြီးတဲ့အချက်တစ်ချက်လို့တော့ ကျွန်တော်ကတော့ မြင်တယ်။

၄။        စစ်ကောင်စီက ပြည်သူတွေကို ခံတပ်အဖြစ်အသုံးချနေတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့ တွေ အနေနဲ့ ဗျူဟာပြောင်းသင့်ပြီလို့ အကြံပြုချက်တွေလည်းတွေ့နေရတယ်။ တော်လှန်ရေး တပ်ဖွဲ့ တွေအနေနဲ့ တကယ်ရော ဗျူဟာပြောင်းဖို့လိုမလား။ ဘာတွေပြောင်းဖို့လိုမလဲ။

            တော်လှန်ရေးမဟာဗျူဟာပဲဖြစ်ပါစေ။ တပ်ဖွဲ့အသီးသီးရဲ့ သူတို့ဆိုင်ရာ ဗျူဟာပဲဖြစ်ပါစေ။ ဗျူဟာဆိုတာတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ ဒီနေ့ဒီအချိန်မှာ ခေတ်သစ်စစ်ပွဲတွေမှာတော့ နေရာစုံကနေပြီးတော့ ဗျူဟာအမျိုးမျိုးကို သုံးသင့်တာပေါ့။ ကျင့်သုံးသင့်တယ်။ ကျွန်တော်တို့က တစ်သမတ်တည်း ဘယ်အရာမှ သွားလို့မရဘူးပေါ့။ စစ်ရေးပဲဖြစ်ပါစေ။ နိုင်ငံရေးပဲဖြစ်ပါစေ။ ဘယ်အရောမှ တစ်သမတ်တည်းသွားလို့မရဘူးဆိုတာတော့ သေချာပါတယ်။ အခုလောလောဆယ်တော့ ပြည်သူတွေကို စစ်တပ်အနေနဲ့ တစ်ကွက်ပြီးတစ်ကွက်ကစားလာတာဖြစ်တဲ့အတွက် ကျွန်တော်တို့အတွက် အခက်အခဲပေါင်းများစွာ တော့် ရှိနေဆဲတော့ဖြစ်တယ်။ အဲ့ဒီတော့ ဘာလုပ်သင့်လဲဆိုတာထက် ကျွန်တော်တို့လုပ်နိုင်တဲ့အရာတွေကိုတော့ ကျွန်တော်တို့ လုပ်သင့်တယ်။ စစ်တပ်မှာကျတော့ ပြောရမယ်ဆိုရင် စည်းမရှိဘူး။ သူတို့လုပ်ချင်သလို လုပ်ပိုင်ခွင့်ရှိတယ်။ ဘယ်သူ့မျက်နှာထောက် စရာမလိုဘူး။ ဘယ်နိုင်ငံတကာကိုမှလည်း ကြောက်စရာလည်းမလိုဘူး။ ဘယ်လူ့အခွင့်အရေးကိုမှလည်း ဂရုစိုက်စရာမလိုဘူး။ ဒါပေမဲ့ ကျွန်တော်တို့ တော်လှန်ရေးမှာတော့ စည်းတွ၊ ဘောင်တွေထဲကနေပြီးတော့ သွားနေရတာဖြစ်တဲ့အတွက် ကျွန်တော်တို့မှာ ကျင့်သုံးရတဲ့ ဗျူဟာတွေလည်း အကန့်အသတ်တော့ရှိပါတယ်။ ဥပမာစစ်ပွဲတစ်ခုမှာ စစ်ကောင်စီရဲ့ ခံစစ်တစ်ခုကို ဝင်တိုက်မယ်ပဲ ဆိုပါစို့။ လူသားတိုင်းကာခံထားရတဲ့ ပြည်သူတွေကို သတ်ဖြတ်ပြီးတော့ ကျွန်တော်တို့ ဝင်သွားလို့မရဘူး။ အဲ့ဒါကြောင့်မလို့လည်း တချို့ဥစ္စာတွေမှာ စောင့်ထိန်းရမယ့်ဟာတွေရှိတယ်။ စစ်ပွဲတစ်ပွဲပြီးသွားလို့ စစ်သုံ့ပန်းတွေကို ငါတို့မှာ မကျွေးနိုင်ဘူးဆိုပြီးတော့ သတ်ပစ်လို့ကလည်းမရဘူး။ ဒါဥပမာပေါ့။

ကျွန်တော်တို့ တော်လှန်ရေးတပ်တွေရဲ့ တော်လှန်ရေးလုပ်နေတဲ့သူတွေရဲ့ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေထဲက အရာတွေအများကြီးထဲကတစ်ခုပေါ့။ အဲ့ဒီတော့ ကျွန်တော်တို့ တော်လှန်ရေးဗျူဟာပေါင်းများစွာကို ကျွန်တော်တို့ တော်လှန်သူတွေက သုံးနေကြပါတယ်။ ဘယ်လိုမျိုးဗျူဟာတွေလဲဆိုတာတော့ တစ်ရောပြီးတစ်ရာမှာ ကျွန်တော်တို့ တွေ့နေရတာတွေအများကြီးရှိပါတယ်။ အဲဒီလိုပဲ စစ်တပ်ကလည်း သူတို့ရဲ့ ဗျူဟာအမျိုးမျိုးနဲ့ ရခိုင်မှာပဲဖြစ်ပါစေ၊ ရှမ်းမြောက်မှာပဲ ဖြစ်ပါစေ။ နေရာပေါင်းစုံမှာ သုံးနေတာပဲ။ သို့သော်ငြားလည်း ဒီအခက်ခဲပေါင်းတွေကြားကနေပြီးတော့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ သွားနေတာဖြစ်တဲ့အတွက် ကျွန်တော်တို့ကျတော့ ဗျူဟာပိုင်းဆိုင်ရာကို အရမ်းကြီးဆွေးနွေးစရာမလိုဘူးလို့တော့ ကျွန်တော်တို့ မြင်တယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေကနေပြီးတော့ သူ့ဘာသူသွားနေကြတာဖြစ်တဲ့အတွက် ကျွန်တော်တို့ကတော့ ဗျူဟာပိုင်းနဲ့ ပတ်သက်ပြီးတော့ အများကြီးဆွေးနွေးစရာမရှိပါဘူး။

 

လွေးပိုးငယ် (အကြံပေးအဖွဲ့ဝင် – တအာင်းအမျိုးသမီး အဖွဲ့အစည်း)

၁။        စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ဘာကြောင့်အသက်သွင်း ခဲ့တာလဲ။

            အဓိကကတော့ အကြမ်းဖက် စစ်ကောင်စီက သူအင်အားတွေလျော့နည်းသွားတဲ့အခါမှာ သူ့အင်အားတွေကို ဘယ်လို ဖြည့်တင်းမလဲဆိုတဲ့ စဉ်းစားချက်တွေလည်း အများကြီးရှိသလို တစ်ဖက်မှာ ကြည့်မယ်ဆိုလို့ရှိရင် အဖက်ဖက်ယိုယွင်း ပျက်စီးနေတဲ့ အနေအထားမှာရှိတာဖြစ်တဲ့အတွက်ကြောင့်မို့ ဒါကိုဘယ်လိုပြုပြင်မလဲဆိုတဲ့ ရည်ရွယ်ချက်လည်းပါတယ်လို့ ကျွန်မကတော့ ယူဆ တယ်ပေါ့နော။ နောက်တစ်ချက်ကကျတော့ အဓိကက လူငယ်တွေကို ဖိနှိပ်ဖို့ လက်နက်တစ်ခုအဖြစ်အသုံးပြု ချင်တာဖြစ်တယ်။ ကျွန်မတို့နိုင်ငံမှာ အထူးသဖြင့် ဒီနွေဦးတော်လှန်ရေးမှာကြည့်မယ်ဆိုလို့ရှိရင် လူငယ်တွေရဲ့ တော်လှန်ရေးမှာပါဝင်တဲ့ အင်အားက သူတို့ မထင်မှတ်ခဲ့တဲ့ အနေအထား အရည်အချင်းတွေအထိတိုးတက်လာတယ်လို့ ကျွန်မက သုံးသပ်မိတယ်ပေါ့နော။ ဒါကြောင့်မို့လို့ ဒီသမိုင်းတစ်လျှောက်ကို ကြည့်မယ်ဆိုလို့ရှိရင်လည်း ကျွန်မတို့နိုင်ငံရဲ့ လူငယ်တွေလို့ပြော လိုရှိရင် ၁၈ နှစ်ကနေ ၃၅ နှစ် အဲ့ဒီလိုမမြင် စေချင်ဘူး။ သတ်မှတ်ချက်တွေရှိပေမယ့်လည်း ပြောတဲ့အချိန်မှာ Range တွေကို ပြောချင်တာဖြစ်ပါတယ်ပေါ့နော။ သုံးဆယ်ငါး အထက်လည်းပါတယ်။ လူလတ်လို့ပြောလို့လည်းရတယ်ပေါ့နော။ ဒါပေမဲ့ ပါးစပ်ကနေ လူငယ်လို့ပြောတဲ့အခါမှာ ခုဏအဲဒီဟာကိုပဲ မြင်တဲ့ဟာမျိုး ကျောင်းသားဘဝကိုပဲ မြင်တဲ့ဟာမျိုးကို မမြင်စေချင်ပါဘူးပေါ့နော။ အဲ့ဆိုတော့ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ သမိုင်း တစ်လျှောက်ကို ကြည့်မယ်ဆိုလို့ရှိရင် လူငယ်တွေကလည်း တော်တော်လေး တာဝန်ကျေခဲ့တယ်။ အဖက်ဖက်ကနေအထူးသဖြင့် အမျိုးသမီးတွေရဲ့ ပါဝင်မှု၊ လူငယ်အမျိုးသမီးတွေရဲ့ ပါဝင်မှုကလည်း အင်မတန်မှ အံ့ဩစရာကောင်းတယ်။ ချီးကျူးဂုဏ်ယူစရာ ကောင်းတယ်။

ဒီနွေဦးတော်လှန်ရေးမှာ ကြည့်ခြင်းအားဖြင့်ပေါ့။ ဒါပေမဲ့ ဒီလိုမျိုး လူငယ်တွေ သူတို့ကိုပုန်ကန်လေ သူ့အတွက်က အင်မတန်မှ သူ့ရဲ့စနစ်ကိုတည်ဆောက်ဖို့အတွက်က အခက်အခဲဖြစ်သလို တစ်ဖက်မှာကြတော့ သူ့ရဲ့ Structure ပေါ့နော။ သူ့ရဲ့ ရပ်တည်မှုအတွက် အင်မတန်မှ စိန်ခေါ်မှုကြီးတယ်ပေါ့။ စိန်ခေါ်မှုဖြစ်တယ်ဆိုတဲ့ ဥစ္စာကို သကလည်းသိတယ်၊ သိတာဖြစ်တဲ့ အတွက်ကြောင့်မို့ လူငယ်တွေကို ဖိနှိပ်ဖို့လိုတယ်။ လူငယ်တွေ သူ့ကိုတော်လှန်နေတာကို သိနေတဲ့အခါကြတော့ လူငယ်တွေကို ဖိနှိပ်ဖို့အတွက်က လက်နက်အမျိုးမျိုးစဉ်းစားတယ်။ ပြီးလို့ရှိရင် ဥပဒေပေါ့။ ဥပဒေဘောင်အတွင်းထဲက ဘယ်လိုဖိနှိပ်လို့ရလဲဆိုတဲ့ စဉ်းစားချက်ကို စဉ်းစားလာတဲ့အခါမှာ ဒီဥပဒေကို Conscription law ကို သူက ပြဋ္ဌာန်းလိုက်တယ်။ ဒီဟာက လုံးဝ လူငယ်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖိနှိပ်ဖို့ ကြိုးစားတဲ့ ဥပဒေဖြစ်တယ်လို့ ကျွန်မ သုံးသပ်မိတယ်။ အဲဒါ ဒုတိယအချက်ပေါ့နော။ နောက်တစ်ခုက ကျတော့ ဒီစစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်းအားဖြင့် သူ့ရဲ့ လက်ကိုင်တုတ်တွေကို ပိုပြီးတော့မှ အားကောင်းအောင်မွေးထုတ် တာနဲ့အတူတူပဲ။ အရင်တုန်းက စွမ်းအားရှင်ဆိုတာရှိခဲ့တယ်။ အဲ့ဒီ စွမ်းအားရှင်တွေဆိုတာလည်းပဲ တော်လှန်ရေးကို ဖြတ်ချင်တာ ဖြစ်တဲ့အတွက်ကြောင့်မို့ စွမ်းအားရှင်ဆိုတဲ့ လူငယ်တွေကို လက်နက် တပ်ဆင်ပေးတယ်။ သူက ဘယ်လိုဝါဒဖြန့်လဲဆိုတော့ ဒါက အရပ်သားအချင်းချင်းသတ်ဖြတ်နေတယ်ဆိုတဲ့ အဓိကရုဏ်းမျိုးဖြစ်အောင် ဖန်တီးတယ်။ ဒါကလည်း တော်လှန်ရေးကို အသရေဖျက် ချင်လို့ပဲဖြစ်တယ်။ နာမည်ဖျက်ချင်လို့ဖြစ်တယ်။ အခုအဲ့ဒီနည်းလမ်းကိုသုံးဖို့ ကြိုးစားတယ်လို့မြင်တယ်။ ဒါကြောင့်မို့လို့ သူသူ့ရဲ့ လက်ကိုင်တုတ်အဖြစ် မွေးထုတ်ချင်တယ်ပေါ့နော။

အခုဆိုလို့ရှိရင်လည်း အားလုံးတွေ့မှာပါ ရပ်ကွက်အလိုက် လုံခြုံရေးတွေကအစ ညဆိုလို့ရှိရင်လည်း ဝင်ဆွဲ လူငယ်တွေကို ဘယ်သူဘယ်ဝါ မဲ စာရင်းထဲမှာပါနေလဲဆိုတာလည်း ကိုယ်လည်းမသိဘူး။ ဒါပေမဲ့ ညသန်ခေါင်သူများ အိပ်တာလည်းမအိပ်ရဘူး။ ဝင်ဆွဲတာပဲ။ ဆိုတော့ ဒါမျိုးကို သူ့ရဲ့ လက်ကိုင်တုတ်အဖြစ်မွေးထုတ်ဖို့အတွက်က အင်အားများများလိုတဲ့ အခါမှာ လူငယ်တွေကို ဖိနှိပ်ဖို့အတွက် ပစ်မှတ်ထားပြီးတော့မှ လုပ်ဆောင်နေတယ်ဆိုတဲ့ ဥစ္စာကပေါ်ပေါ် ထင်ထင်ကြီးကို မြင်တွေ့ရတဲ့ အပိုင်းမှာဖြစ်တယ်ပေါ့နော။ နောက်တခုက အခုန ကျွန်မပြောသလို ဥပဒေဘောင်အတွင်းထဲမှာ သူတို့က အလုပ်လုပ်နေပါတယ်။ ဥပဒေဘောင်အတွင်းထဲမှာပဲ လုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့ ဘယ်သူ့မှ အဲ့ဒါကို တော်လှန် လို့မရဘူး။ တွန်းကန်လို့မရဘူး။ နောက်တခုက နိုင်ငံတကာကို သူကချပြချင်တယ်။ နိုင်ငံတိုင်းမှာ စစ်မှုထမ်းဥပဒေဆိုတာရှိတယ်။ စစ်မှုထမ်းဥပဒေရှိတာဖြစ်တဲ့အတွက်ကြောင့်မို့ နိုင်ငံသားကောင်းတစ်ယောက်အနေနဲ့က ကိုယ့်နိုင်ငံအတွင်းထဲမှာ စစ်မှုကတော့ မထမ်းမနေရဖြစ်တယ်ဆိုတဲ့ နိုင်ငံတကာကို ချပြချင်တဲ့အခါမှာ နိုင်ငံတကာကို သူတို့ရဲ့အလုပ်လုပ်နေတဲ့ဟာက မှန်ကန်ကြောင်း ဖြစ်ပါတယ်။ အာဏာသိမ်းတာလည်းပဲ မှန်ကန်တယ်။ တစ်ဖက်ကျတော့ နိုင်ငံသားတွေက ဒါက သူတို့ရဲ့ တာဝန်ဖြစ်တယ်ဆိုတဲ့ ဥစ္စာကို တစ်ဖက်မှာ မျက်လှည့်ပြချင်တာမျိုးရှိတယ်ပေါ့။ အဲ့ဒီအချက်တွေအပေါ်မှာ အခြေခံပြီးတော့မှ သူက ဒီစစ်မှုထမ်းဥပဒေကို လက်နက်တစ်ခုအဖြစ် အသုံးပြုပြီးတော့မှ ပြန်ဋ္ဌာန်းတယ်လို့တော့ ကျွန်မက သုံးသပ်မိပါတယ်။

၂။         စစ်ကောင်စီက စစ်မှုထမ်းဥပဒေကိုထုတ်ပြန်ပြီးတာ အခုဆိုရင် () လဝန်းကျင်ရှိခဲ့ပြီး။ () လအတွင်းမှာ ဒီ ဥပဒေ ကို စစ်ကောင်စီ ဘယ်လောက် အကောင်အထည် ဖော်နိုင်ခဲ့သလဲ။

            အခုဆိုလို့ရှိရင် ၅ ကြိမ် (ငါးသုတ်) ခေါ်နိုင်ခဲ့ပြီဆိုတော့ နည်းတဲ့အရေအတွက်မဟုတ်ဘူး။ VOA မှာ ပါတာကတော့ သင်တန်းထဲမှာ ဖောပြတာကတော့ တစ်ခါခေါ်ရင် အနည်းဆုံး လူဦးရေ ငါးထောင်ရှိတယ်ဆိုတော့ တွက်သာကြည့်လိုက်ပေါ့နော။ ဆိုတော့ အင်မတန်မှ အန္တရယ်ကြီးတယ်လို့မြင်တယ်။ ဥပဒေမဟုတ်ပေမယ့်လည်း သူ့ပါးစပ်ကနေထုတ်လိုက်တဲ့ တကယ့်တကယ် တော့ မတရားတဲ့ ဥပဒေအမိန့်တွေမို့လို့ အခုလောလောဆယ်မှာ သူဘယ်လောက်အတိုင်းအတာ ဖော်ဆောင်နိုင်လဲ။ သူကတော့ ဖော်ဆောင်မှုတွေလုပ်နေတယ်လို့ ပြောလို့ရမယ်။ ကိုယ့်ဘက်ကအားနည်းချက်တွေလည်း အများကြီးရှိတယ်ဆိုတဲ့ ဥစ္စာကတော့ အားလုံးလည်းပြောပြီးပြီပေါ့။ ဆိုတော့ ဒါကိုကြည့်ခြင်းအားဖြင့် ကျွန်မတို့ ဒီနိုင်ငံမှာ လူငယ်တွေအတွက်က ရွေးချယ်စရာလမ်းက နှစ်လမ်းပဲရှိတယ်။ ပထမတစ်လမ်းကတော့ အားလုံးပြောသလို နိုင်ငံခြားထွက်ပြီးတော့မှ အလုပ်လုပ်မှာလား။ သို့မဟုတ် တော်လှန်ရေးဘက်ကို ရွေးချယ်မလားပေါ့။ တော်လှန်ရေးအင်အားစုဘက်ကို ရွေးချယ်မလား။

ဒါပေမဲ့ တစ်ပြိုင်နက်ထဲမှာ NUG  ကနေလက်ခံပြီးတော့မှ လူငယ်တွေကိုဘယ်လို စီမံပေးရမယ်ဆိုတဲ့ စီမံကိန်းစနစ်တကျမရှိတဲ့အခါ တချို့လူငယ်တွေ လမ်းပျောက်နေတဲ့ ကိစ္စတွေလည်း အများကြီးရှိတယ်။ နောက်တစ်ခုက ဘယ်လိုသက်ရောက်မှုတွေရှိနေသလဲဆိုတဲ့အခါမှာ အခုမြန်မှာပြည်တွင်းထဲမှာ ရှိနေတဲ့ လူငယ်တွေအနေနဲ့က ခရီးသွားရင်တောင်မှ ဘယ်ကိုသွားမှဘယ်ကိုသွားရမလဲ။ သွားတယ်ဆိုလို့ ရှိရင်တောင် ဘယ်အချိန်မှာ ဘတ်စ်ကားပေါ်မှာ ကိုယ့်ကိုခေါ်သွားမလဲဆိုတဲ့ဥစ္စာက အမြဲတမ်းစိုးရိမ်ထိတ်လန့်မှုတွေနဲ့ ရင်ဆိုင်နေရတယ်။ တစ်ပြိုင်နက်ထဲမှာ တချို့ လူငယ်တွေဆိုလို့ရှိရင်မသိဘူး။ ဒါကိုမလုပ်ချင်ဘူး။ ဒါပေမဲ့ မလုပ်ချင်တဲ့ဟာကို ဘယ်လိုပုံစံမျိုးနဲ့ လွတ်မြောက်အောင်လုပ်မလဲဆိုတဲ့ဟာတွေကလ်း မရှိနေတဲ့အခါမှာ သူ့ဘက်ကနေ အင်အားတွေက အသာရနေတဲ့ အနေအထားမှာရှိနေတယ်ပေါ့။ အကြမ်းဖက်စစ်ကောင်စီက သူ ပထမအသုတ်မှာ Train ထားတဲ့ လူငယ်တွေဆိုလို့ရှိရင် ရှေ့တန်းပို့ တော့မယ်။ ရှေ့တန်းပို့နေပြီ။ ဆိုတော့ ရှေ့တန်းပို့တဲ့အချိန်မှာ သေချာပေါက် အခက်အခဲ စိန်ခေါ်မှုတွေ အများကြီးတွေ့ရမှာ ဖြစ်သလို တစ်ဖက်မှာကျတော့ မတိုက်ချင်ဘဲနဲ့ တိုက်နေရတဲ့ လူငယ်တွေလည်းရှိနိုင်တယ်။ သို့မဟုတ် တစ်ပြိုင်နက်တည်းမှာ ဒီလိုမျိုး အကြမ်းဖက် စစ်ကောင်စီရဲ့ လူဖြစ်သွားတဲ့ သူ့ရဲ့ သွပ်သွင်းမှု၊ သူရဲ့ Program ဖြန့်မှုအောက်မှာ တကယ်ထင်ပြီးတော့ ယုံကြည်သွား မယ့် လူငယ်တွေအတွက်လည်း အင်မတန်မှ ကျွန်မတို့အတွက် အန္တရာယ်ကြီးတယ်ဆိုတဲ့ဥစ္စာ။

ဒီလူငယ်တွေဆိုတာက အနာဂတ် ခေါင်းဆောင်အတွက် အညွှန့်တလူလူနဲ့ တက်ရမယ့်ကိစ္စဖြစ်တယ်။ ဒါပေမဲ့လို့ တစ်ဖက်မှာ အဲလိုသွတ်သွင်းမှုတွေ လုပ်လာတယ် ဆိုလို့ရှိရင် အနာဂတ်အတွက်လည်း မကောင်းဘူးပေါ့။ ကျွန်မတို့နဲ့ စကားပြောတဲ့ လူငယ်တွေဆိုလို့ရှိရင် ဥပမာ လေယာဉ်ကွင်းမှာ နယ်စပ်ကိုပဲဖြစ်ဖြစ် သို့မဟုတ် အလုပ်ကိစ္စနဲ့ တခြားနိုင်ငံကိုထွက်ဖို့ဆိုရင်တောင် သူတို့ ဒီဥပဒေကို ပြန်ဋ္ဌာန်းလိုက်တဲ့ အတွက်ကြောင့် မလို့ လူငယ်တွေဆို ပေးမထွက်တော့ဘူး။ သွားလာရေး အခက်အဲတွေရှိလာပြီ။ ဒါတွေက လက်တွေ့မှာ တကယ်ရင်ဆိုင်နေရတဲ့ အနေအထားမှာရှိတယ်။ ဆိုတော့ အန္တရာယ်ရှိတဲ့အပြင် တစ်ဖက်မှာကျတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကရှိနေတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုလို့ပြောတဲ့အခါမှာ လူသားတစ်ယောက်အနေနဲ့ လွတ်လပ်စွာ သွားလာခွင့်တွေလည်း မရှိတော့သလို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်မရှိတော့ဘူး။ အစကတည်းကလည်း ပျက်ဆီးနေတာကို အခုက ပိုဆိုးလာတဲ့ အနေအထားမှာရှိ တယ်။ အလုပ်လုပ်ငန်းတွေလည်း လုပ်ပိုင်ခွင့်မရှိတော့သလို ဖြစ်သွားတယ်။ မြန်မာနိုင်ငံ ပြင်ပကိုလည်းထွက်လို့မရတဲ့ အနေအထား သူက နေရာတိုင်းကို ပိတ်ပင်တဲ့ဟာမျိုးတွေလုပ်လာတဲ့ဟာက လူငယ်တွေ အထူးသဖြင့် အမျိုးသားလူငယ်တွေကို ပစ်မှတ်ထားပြီး တော့မှ အမျိုးသားတွေ ဒီနိုင်ငံထဲက ထွက်လို့မရအောင်  ပိတ်ထားတဲ့ အနေအထားမှာ ရှိနေတယ်ဆိုတာလည်း တွေ့ရတယ်။

ဒါကြောင့်မို့လို့ သူ့ရဲ့အားနည်းချက်လို့ပြောမယ်ဆိုလို့ရှိရင် ဒီစစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ဘယ်သူ့မှတော့ မကြိုက်ဘူး။ မကြိုက် ပေမဲ့လည်း ဘယ်လိုတော်လှန်ရမလဲ ဘယ်လိုတွန်းလှန်ရမလဲဆိုတဲ့ မဟာဗျူဟာတွေက နည်းနည်း အားနည်းနေသေးတယ်။ NUG မှာလည်း အားနည်းသလို တစ်ဖက်မှာ တော်လှန်ရေးအင်အားစုတွေအသီးသီးက ပြင်ဆင်ထားတဲ့ဟာမရှိဘူးပေါ့။ အဓိကကတော့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးရမည့်နေရာတွေလည်း လိုအပ်သလို ဒီလူငယ်တွေထွက်လာပြီဆိုလို့ရှိရင် သူတို့ရဲ့ ရပ်တည်ရေးအတွက် အခုနပြောသလို တချို့လူငယ်တွေက လက်နက်မကိုင်ချင်လို့မို့ အစောကြီးကတည်းက လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မဆက်သွယ်ပြီးတော့ ဘယ်လိုပြောရမလဲ နိုင်ငံရေးအံတုမှုဆိုင်ရာ အကြမ်းမဖက်နည်းနဲ့ ပါဝင်ချင်တဲ့ လူငယ်တွေ လည်းရှိတယ်။ ဒါပေမဲ့ ဒီလိုမျိုးမြေအောက်လှုပ်ရှားမှုတွေကို မလုပ်နိုင်တဲ့အခါမှာ လက်နက်ကိုင်တော်လှန်ရေးကို Join ရမယ်ဆို တဲ့ဟာမျိုးက သူတို့အတွက် စိတ်အဆင်မပြေနေတဲ့ဟာမျိုးတွေလည်း အများကြီး ရှိတယ်ပေါ့။ အဲ့ဒီလိုမျိုးရှိတဲ့ လူငယ်တွေကိုကျ တော့ ဘယ်လိုသွားရမလဲ။ ဘာလုပ်ရမလဲဆိုတာ လမ်းပျောက်နေတဲ့ အနေအထားမှာ ကျွန်မတို့ဘက်ကနေ ပြင်ဆင်ဖို့အများကြီးလို အပ်တယ်။ တချို့လူငယ်တွေဆိုလို့ရှိရင် ကျောင်းတက်နေတဲ့ အနေအထားမှာရှိတယ်။ ဒါပေမဲ့ စစ်ကောင်စီက ဂရုမစိုက်ဘူး။ ကျောင်းတက်နေတယ်ဖြစ်မစေမတက်နေသည်ဖြစ်စေ လူတစ်ယောက်ရဖို့ပဲ အရေးကြီးတယ်။

ဒါကြောင့်မလို့လည်း တွေ့တဲ့ လူငယ် တွေကိုဖမ်းတယ်ပေါ့။ အဲ့လိုမျိုးဆိုတော့ ကျောင်းတက်နိုင်ဖို့အတွက် ဘယ်လိုကူညီမှုတွေ လုပ်ပေးနေလဲ။ ဘယ်လိုချိတ်ဆက်မှု တွေလုပ်နေလဲဆိုတာ တကယ်ကို မြေပြင်အတွက်မရှင်းလင်းနေတဲ့ အနေအထားရှိတယ်ဆိုတာ ကိုလည်း တွေ့ရတယ်။ ဒါကြောင့် အားနည်းချက်တွေတော့ အများကြီးရှိတယ်။ ဒီအားနည်းချက်က တစ်ဖက်မှာ စစ်ကောင်စီအတွက် အားသာချက်ဖြစ်သွားတဲ့ဟာမျိုး မဖြစ်စေချင်ဘူး။ ဒါကြောင့်မလို့ ကျွန်မတို့ တော်လှန်ရေးဘက်တော်သားတွေအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရော၊ NUG ရော ရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေရောပေါ့။ ဒီဥပဒေက ကျွန်မတို့အတွက် အန္တရာယ်ကြီးတယ်။ စစ်ကောင်စီထုတ်လိုက်တဲ့ အမိန့်သည် နောင်တစ်ချိန်မှာ လူငယ်တွေကို ဖျက်ဆီးလိုက်တဲ့ လက်နက်တစ်ခု ဖြစ်သွားမယ်ဆိုလို့ရှိရင် ကျွန်မတို့ ပြုပြင်ရေးက အင်မတန်မှခက်ခဲသွားမယ်ဆိုတဲ့ ဥစ္စာကိုလည်း သုံးသပ်မိပါတယ်။

၃။        စစ်ကောင်စီဖော်ဆောင်နေတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ဆိုတာက အရပ်သားပြည်သူတွေအတွက် ဘယ်လောက်အထိ သက်ရောက်မှုကြီးမားနိုင်သလဲ။ တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်သား လူထုတွေကြား ပွတ်တိုက်မှုရှိလာနိုင်သလား။ 

            အခု ကျွန်မတို့ရရှိထားတဲ့ သတင်းအရ သူကတစ်ရပ်ကွက်ကို အယောက်ငါးဆယ်လောက်ကောက်တယ်ပေါ့။ ကောက်ပြီးတော့မှ အခုနပြည်သူ့လုံခြုံရေးဆိုပြီး လုပ်တယ်ပေါ့။ ပြီးရင် မင်းအောင်လှိုင် ကိုယ်တိုင်ကလည်းပြောတယ်။ ပြည်သူ့လုံခြုံရေးဆိုတာက အရပ်သားပြည်သူကနေစပြီးတော့မှဖွဲ့ရမယ်လို့ဆိုတယ်ဆိုပြီးတော့မှ တစ်ဖက်မှာကြည့်မယ်ဆိုရင် သူက တော်လှန်ရေးဘက်က လူငယ်တွေက အများဆုံးတော်လှန်ရေးဖက်ကို Join သွားကြတယ်ပေါ့။ တော်လှန်ရေးဖက်ကို Join တဲ့အခါမှာ သူ့ဘက်ကနေလည်း ဒါကိုပြည်သူလူထုက သူ့ကိုထောက်ခံပါတယ်။ အရပ်သားပြည်သူလူထုလို့ပြောတဲ့အခါမှာ အောက်ခြေမှာရှိနေတဲ့ လူထုအနေနဲ့ သူနဲ့တစ်သားတည်းရှိကြောင်းကိုလည်း တစ်ဖက်မှာပြချင်တယ်။ ဆိုလိုချင်တာကတော့ တစ်ဖက်မှာ သူ့ရဲ့တရားဝင်မှုကို သူကပြန်လိုချင်တယ်။ ပြန်လိုချင်တာဖြစ်တဲ့အတွက်ကြောင့်မို့ ဒီလုံခြုံရေးဆိုင်ရာကို အကြောင်းပြပြီးတော့မှ ပြည်သူလူထုတွေကို ပြန်အသုံးချတဲ့သဘောဖြစ်တယ်။ နောက်တစ်ခုကျတော့ ခုနကပြောသလို ပြည်သူ့လုံခြုံရေးလို့ ပြောတဲ့အခါမှာ အရပ်သားအချင်းချင်း ပြန်တိုက်တဲ့ အနေအထားဖြစ်အောင်သူတမင်လုပ်မယ်ပေါ့။

အဓိက ဘာကိုပြောချင်လဲဆိုတော့ သူ့ရဲ့လက်ကိုင်တုတ်ကို သူမွေးလိုက်တာနဲ့တူတူပဲ။ ပြည်သူ့လုံခြုံရေးအဖွဲ့ရှိတယ်ဆိုလို့ရှိရင် ဘယ်အိမ်က ဘာလုပ်နေလဲ။ ဘယ်သူကဘယ်လိုလုပ်နေလဲ။ ဘယ်လူငယ်က ဘယ်နေရာသွားလဲဆိုတဲ့ ဥစ္စာက သူ့အတွက်သတင်းအချက်အလက် တွေရရှိနိုင်ဖို့အတွက် သူကဖွဲ့စည်းတယ်လို့ ကျွန်မကတော့ သုံးသပ်မိတယ်။ ဒါကြောင့်မို့လို့ သူက ပြည်သူ့လုံခြုံရေးဆိုပြီးတော့ ခုန ကျွန်မတို့ပြောတဲ့ ပျူစောထီးတွေပိုပြီးတော့မှ အားမွေးထုတ်မယ်။ သူသုံးချင်တဲ့အချိန်ကျလို့ရှိရင် ထုတ်သုံးလိမ့်မယ်။ အဓိကအားဖြင့် ပြည်သူအချင်းချင်းသတ်ဖြတ်တယ်။ နောက်တစ်ခုက PDF တွေကို ကောင်တာဘက်ပြန်လုပ်နိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့မှ ပြည်သူ့လုံခြုံရေးတွေကိုပိုပြီးတော့မှ ရပ်ကွက်တိုင်း နေရာတိုင်း ကျေးရွာတိုင်း သူထိန်းချုပ်တဲ့နေရာတွေမှာ ရှိအောင်မွေးထုတ်လိုက် တဲ့ သဘောဖြစ်တယ်။ စစ်မှုထမ်းဥပဒေလည်းရှိတယ်။ တစ်ဖက်မှာ ပြည်သူ့လုံခြုံရေးအတွက်လုပ်နေတဲ့ Action တွေလည်းရှိလာတဲ့ အခါမှာ လူငယ်တွေကပိုပြီးတော့မှ Space မရှိတော့ဘူးပေါ့ Opportunity ဆိုတာလည်း လုံးဝမရှိတော့ဘူး။ အကုန်လုံးပိတ်မိနေတဲ့ အနေအထားမရောက်ရောက်အောင် တွန်းပို့နေတဲ့ အနေအထားမှာရှိတယ်ပေါ့။

ဒါကြောင့်မို့ အခုဆိုလို့ရှိရင် ပြည်သူ့လုံခြုံရေးဆိုပြီး တော့်မှ သင်တန်းတွေခေါ်ပေးနေတဲ့ဟာတွေ အများကြီးရှိတယ်။ ဥပမာ စစ်ကိုင်း၊ တမူး တွေဘက်မှာရှိသလို တစ်ဖက်မှာ သူထိန်းချုပ်လို့ရတဲ့ နယ်မြေတွေမှာလုပ်နေတာတွေ တွေ့ရတယ်။ ဒီလိုမျိုးဖြစ်တော့ ဒီပြည်သူ့လုံခြုံရေးက ဒီတော်လှန်ရေး အဖွဲ့ဘက်တော့ ပွတ်တိုက်မှုရှိလာနိုင်မလားဆိုတော့ သေချာပေါက်သူက ပြည်သူလူထုကို ပြန်တိုက်ဖို့ မွေးထုတ်နေတာဖြစ်တဲ့အတွက်ကြောင့် ကျွန်မတို့ကို ပြန်တိုက်မယ့်သူတွေဖြစ်တယ်ဆိုတဲ့ ဥစ္စာကတော့ ပြောနေစရာမလိုဘူးပေါ့။ အထူးသဖြင့် တစ်ချက်ကတော့ သူ့ရဲ့ ပြည်သူ့လုံခြုံရေးအကြောင်းပြပြီးတော့ သူရဲ့ Proposal ဝါဒဖြန့်တဲ့ဟာကို သူက တစ်ခါတည်းသွင်းသွားချင်လို့ဖြစ်တယ်။ အဲ့ဒီလိုသွင်းလိုက်ပြီဆိုလို့ရှိရင် လူငယ်တွေက မထောက်ခံချင်လည်း သူ့ဘက်ကိုထောက်ခံ လာမယ်။ အဲ့လို လုပ်လာတဲ့ သဘောလည်းဖြစ်တယ်ပေါ့။ အဲ့ဒီတော့ ပြည်သူလူထုရဲ့ အနေကြပ်တည်းမှုပိုများလာအောင်လုပ်လိုက်တဲ့ သဘောပဲဖြစ်ပါတယ်။ ဒီအိပ်မှာလည်း သူ့ရဲ့လူရှိတယ်။ ဟိုအိမ်မှာလည်း သူ့လူရှိတယ်။ ဘယ်အိမ်ကတော့ သူ့ကိုမထောက်ခံဘူး။ ဘယ်ကတော့ ဘယ်လိုလုပ်နေလဲဆိုတဲ့ ဥစ္စာက နေ့စဉ်နဲ့အမျှ သူ့ဆီ Report ရောက်နိုင်အေင် လုပ်နေတဲ့သဘောဖြစ်တယ်။ တစ်ဖက်မှာပြန်ကြည့်မယ်ဆိုလို့ရှိရင် သူ့လုံခြုံရေးနဲ့ပတ်သက်ပြီးတော့မှ မြန်မာနိုင်ငံမှာ ဘယ်နေရာမှ သူ့အတွက်လည်း လုံခြုံမှုမရှိသလို ကျွန်မတို့ရဲ့ ပြည်သူလူထုအတွက်လည်း လုံံခြုံမှုမရှိဘူး။ သူလည်း မကြောက်ဘူးလားဆိုတော့ ကြောက်နေတယ်။ လက်ရှိကာလအနေအထားကိုကြည့်ရမယ်ဆိုလို့ရှိရင်။

ဒါကြောင့်မို့လို့ သူ နည်းအမျိုးမျိုးနဲ့ ကြိုးစားပြီးတော့ မင်းအောင်လှိုင်က သူ့ဘေးမှာရှိနေတဲ့ လူတွေကို သူစိတ်ခယုံကြည်တဲ့ လူတောင်မှ သူမထားရဲတဲ့ အနေအထားမှာရှိသလို တစ်ဖက်မှာကျတော့ လုံခြုံရေးအားကို ပိုပြီးမြှင့်တင်ဖို့အတွက် သူ စဉ်းစားချက်နဲ့ ဒီလိုမျိုးလုပ်နေလို့ ကျွန်မက တော့ သုံးသပ်မိပါတယ်။ ဒါကြောင့်မို့လို့ လူငယ်တွေကို ပစ်မှတ်ထားပြီးတော့မှ သို့မဟုတ် ရပ်ရွာထဲမှာရှိနေတဲ့ လူတွေကို မက်လုံး တစ်ခုခုပေးပြီးတော့ ဒီပြည်သူ့လုံခြုံရေးကို မက်လုံးမပေးရင်တောင်မှ အတင်းအဓမ္မဆွဲခဲ့တဲ့ဟာမျိုးပေါ့။ တချို့ကျတော့လည်း လုပ်ပိုင်ခွင့်တွေပေးတယ်ဆိုတာကို သတင်းရတယ်။ လုပ်ပိုင်ခွင့်ပေးတယ်လို့ပြောတဲ့အခါမှာ အဓိကအားဖြင့် သူ့ကိုထောက်ခံတဲ့ လူတွေကို ပိုပြီးတော့မှ လုပ်ပိုင်ခွင့်တွေပေးပြီးတော့ မက်လုံးတွေပေးပြီးတော့ လုပ်နေတဲ့ဟာတွေက ဘာနဲ့တူလည်းဆိုတော့ အရင်တုန်းကလည်း ဒီလိုမျိုး ပြည်သူအချင်းချင်းပြန်တိုက်ပါတယ်။ ပြည်သူအချင်းချင်းချနေပါတယ်ဆိုတဲ့ ဝါဒအမျိုးမျိုးကို သူဖြန့်ချင်တာဖြစ်တယ်။ ဒီလိုဖြန့်မှသာလျင် သူ့အာဏာကိုဆက်လက်ထိန်းသိမ်းနိုင်တယ်။ ဒါကြောင့်မို့ စစ်တပ်လိုအပ်တယ်။ တွေလား။ ငါတို့မရှိရင်မဖြစ်ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ သူကတော့ ပြည်သူလူထုကိုရော နိုင်ငံတကာရော ဝေဝါးအောင်လုပ်ချင်တဲ့ အနေအထားမှာရှိတယ်။ ဒါကိုလည်း ကျွန်မက အင်မတန်မှ အန္တရာယ်ကြီးတယ်လို့မြင်တယ်။ နောက်တစ်ဖက်မှာကျတော့ အခုလောလောဆယ် ဒီပြည်သူ့လုံခြုံရေးကို အခြေခံပြီးတော့ အကြောင်းပြပြီးတော့်မှ လူမျိုးရေးပြဿနာ မဖြစ်ဖြစ်အောင် သူတွန်းပို့ နေတဲ့အနေအထားမှာရှိတယ်။ ဘာကိုပြောချင်တာလဲဆိုတော့ အခု ပြည်သူ့လုံခြုံရေးဖွဲ့တဲ့အခါမှာ သူက ရပ်ကွက်ထဲမှာရှိနေတဲ့၊ အထူးသဖြင့် သူထိန်းချုပ်လို့ရတဲ့နယ်မြေတွေမှာ အစကတည်းကလည်း သူက လူမျိုးကို အခြေခံပြီးတော့မှာ လုပ်နေတယ်။

ကျွန်မတို့ တအာင်းလူမျိုးဖြစ်တယ်ဆိုလို့ရှိရင် ဘာအကြောင်းပြချက်မှမရှိဘူး ခရီးသွားလို့မရဘူး။ အခုလည်း တရားဝင်ကို သူကြေညာတယ်။ ခရီးသွားခွင့်ပိတ်ပင်တယ်ဆိုတော့ တစ်နေရာနဲ့တစ်နေရာ ကျွန်မတို့ မန္တလေးဆင်းပြီး ဆေးကုချင်တယ်ဆိုရင်တောင်မှ သွားလာခွင့် မရှိဘူး။ သူထိန်းချုပ်တဲ့နယ်မြေဖြစ်တဲ့အတွက်ကြောင့် တအာင်းဆိုလို့ရှိရင် သွားလာခွင့်မပြုဘူး။ ဒါတွေက မျက်မြင်သက်သေအများ ကြီးရှိတယ်။ အခုတောင်မှ ကျွန်မတို့ သူငယ်ချင်းဆိုလို့ရှိရင်လည်း နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့မှ တကယ်လုပ်နေတဲ့သူမဟုတ်ဘူး။ အဓိက သူ့စီးပွားရေးနဲ့သူ စီးပွားရေးလုပ်နေတယ်ဆိုပေမယ့်လည်း နိုင်ငံပြင်ပထွက်ခွင့်မရှိဘူး။ ရန်ကုန်လေဆိပ်ရောက်တာနဲ့ မင်း တအာင်းဖြစ်တဲ့အတွက်ကြောင့် ငါတို့ပေးမဘူး ပြန်ဆိုတဲ့ပုံစံမျိုးနဲ့ လူမျိုးရေးပြဿနာမဖြစ်ဖြစ်အောင် တွန်းပို့နေတဲ့ဟာတွေရှိသလို ဒီလူမျိုးရေးကို အသုံးပြုပြီးတော့ ဆိုလိုချင်တာက ပြည်သူလူထုသူ့ဘက်ရပ်တည်လာအောင် လူမျိုးရေးအဓိကရုဏ်တွေ မဖြစ်ဖြစ်အောင် လုပ်လာနေတဲ့ အနေအထားဖြစ်တယ်လို့ ကျွန်မကတော့ မြင်တယ်။ အဲ့သလိုဖြစ်တယ်ဆိုလို့ရှိရင် ကျွန်မတို့ နိုင်ငံအတွက် နဂိုကတည်းကမှ လူမျိုးရေးနဲ့ ပတ်သက်ပြီး ထိလွယ်ရှလွယ်ရှိသလို တစ်ဖက်မှာကျတော့ မဟာ ဗမာလူမျိုးကြီးဝါဒကို ဆွဲကိုင်ပြီးတော့ သူ့ရဲ့အာဏာတည်မြဲရေးကို သူကတည်ဆောက်ခဲ့တာဖြစ်တယ်။ အခုလည်းဒါကိုပြန်သုံးပြီတော့ မဘသ တွေကိုလည်း ပိုပြီးတော့မှ အစွန်းရောက်တဲ့ လူမျိုးအစွန်းရောက်တဲ့ အယူအဆတွေပိုများလာအောင်တွန်းပို့နေတဲ့ အနေအထားမှာရှိတယ်။ ဝါဒဖြန့်နေတဲ့ အနေအထားမှာရှိတယ်ဆိုတဲ့ ဥစ္စာကိုလည်း တွေ့နေရတယ်။ ဒါကြောင့် ကျွန်မတို့ တော်လှန်ရေးအတွက်က အင်မတန်မှ အန္တရာယ်ကြီးတယ်လို့မြင်တယ်။

၄။        စစ်မှုထမ်းဥပဒေထုတ်ပြန်ခြင်းနဲ့ အခု ပြည်သူ့လုံခြုံရေးအဖွဲ့တွေပြုလုပ်ခြင်းက လူ့အခွင့်အရေးချိုးဖောက်မှုကို ဘယ်လောက်အထိဖြစ်ပေါ်စေလဲ။

            အဓိကကတော့ လူ့အခွင့်အရေးချိုးဖောက်မှုလို့ ပြောလို့ရှိရင် စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ ဥစ္စာက နိုင်ငံတကာဥပဒေကို ချိုးဖောက်တာက ကြာခဲ့ပြီးလို့ပြောလို့ရတယ်။ သိုပေမဲ့လို့ ကမ္ဘာ့ကုလသမဂ္ဂကတော့ ကျွန်မတို့နိုင်ငံမှာရှိနေတဲ့ ပြည်သူလူထုတွေရဲ့ အသံကိုလျစ်လျူရှုနေတာအတော်ကြာပြီး။ ဆိုတော့ လူ့အခွင့်အရေးချိုးဖောက်မှုက ကျယ်ကျယ်ပြန့်ပြန့်နေရာ အနှံ့ကိုဖြစ်နေတယ်ဆိုတာက ကျွန်မတို့ပြည်သူလူထုကအသိဆုံးဖြစ်တယ်။ သို့ပေမဲ့ ကမ္ဘာကတော့ မသိကျိုးကျွံပြုနေတဲ့ဟာတွေက တော့ ယနေ့အချိန်အထိပဲပေါ့။ ဆိုတော့ ဒီပြည်သူ့လုံခြုံရေးနဲ့ပတ်သက်ပြီးတော့မှ ဖွဲ့စည်းလိုက်တဲ့အခါမှာ နံပါတ်တစ် လူတွေရဲ့ လုံခြုံ ရေး၊ သူက ပြည်သူ့လုံခြုံရေးလို့ပြောပေမယ့်လည်း တကယ့်တကယ်က လူသားတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့အမိန့် တစ်ခု ဖြစ်တယ်။ ဆိုတော့ ဒီလူသားရဲ့ လုံခြုံရေးလို့ပြောတဲ့အခါမှာ UDHR မှာပါနေတဲ့ အသက်ရှင်သန်ပိုင်ခွင့်၊ လွတ်လပ်စွာသွားလာခွင့်၊ လွတ်လပ်စွာရွေးချယ်ခွင့်တွေက လုံးဝကန့်သတ်ပိတ်ပင်ထားရတာဖြစ်တယ်။

ဆိုတော့ UDHR မှာပါနေတဲ့ လူအခွင့်အရေး ချိုးဖောက် မှု။ လူ့အခွင့်အရေးတွေနဲ့ပတ်သက်ပြီးတော့ အပိုဒ် ၃၀ ရှိတဲ့ခါမှာ ဒီထဲမှာပါနေတဲ့ လူ့အခွင့်အရေးအကုန်လုံးကို သူကချိုးဖောက်နေ တာဖြစ်တယ်။ ဆိုတော့ အတင်းအဓမ္မကောက်ခံတာတွေလည်းရှိသလို တချို့ကတော့လည်း ခုနပြောသလို ရွေးချယ်ခွင့်မရှိတော့တဲ့ အခါမှာ မတတ်နိုင်တဲ့အဆုံး လက်ခံလိုက်ရတဲ့ အနေအထားတွေ အများကြီးရှိနိုင်တယ်။ ဒါကြောင့်မို့လို့ လူ့အခွင့်အရေးချိုးဖောက်မှု တိတိကျကျပြောရမယ်ဆိုလို့ရှိရင် UDHR တစ်စုံလုံးကို ချိုးဖောက် နေတာဖြစ်တယ်။ အဲဒီလိုချိုးဖောက်နေတာဖြစ်တဲ့အတွက်ကြောင့် ပြည်သူ့လုံခြုံရေးဆိုပြီး အကြောင်းပြပြီးတော့မှ ဘယ်ပြည်သူရဲ့ လုံခြုံရေးကို တာဝန်ယူရသလဲပေါ့။ သေချာတာတစ်ခုက ပြည်သူကို လုံခြုံရေးရှိအောင် ကာကွယ်ပေးတဲ့ အနေအထားမှာ မရှိဘူးဆိုတဲ့ ဥစ္စာကို ပြည်သူကိုအသုံးချပြီး ပြည်သူကိုပြန်ပြီးတော့မှ သတ်နေတဲ့ အမိန့်သာြဖစ်တယ်။ ဒါကို ကျွန်မတို့အားလုံးသိပြီး ဖြစ်တယ်။ ကျွန်မတို့လို့ ပြောတဲ့အခါမှာ တော်လှန်ရေးထဲမှာပါနေတဲ့ ပြည်သူလူထု သာမကဘူး။ တကယ့်မြေပြင်မှာ ဒီတော်လှန်ရေးထဲမှာ မပါပေမယ့်လည်း လက်တွေ့ကြုံနေရတဲ့ ပြည်သူလူထုတွေအနေနဲ့က အသိဆုံးဖြစ်နေတယ်ဆိုတဲ့ ဥစ္စာကလည်း ကျွန်မတို့သိကြတယ်။ ဒါကြောင့်မို့လို့ ဒီပြည်သူ့လုံခြုံရေးသည် တကယ့်တကယ်ပြည်သူကို ကာကွယ်ဖို့ ဖွဲ့စည်းတဲ့ ပြည်သူ့လုံခြုံရေးမဟုတ်ဘူး။ မင်းအောင်လှိုင်ကို အကာအကွယ်ပေးဖို့ဖွဲ့တဲ့ ပြည်သူ့လုံခြုံရေးပဲဖြစ်တယ်။ ဒါကြောင့်မလို့ သူကတရားခံဆိုလို့ရှိရင် သူနဲ့အတွဲလိုက် တရာခံဖြစ်အောင်လုပ်လိုက်တြ့ သဘောပဲဖြစ်ပါတယ်။ ကျွန်မတို့ လူတိုင်းမှာ မိသားစုရှိတယ်။ မိသားစုကိုထိခိုက်မှာ လူတိုင်းစိုးရိမ်တယ်။ မှန်တယ်။ ဒါပေမဲ့လို့ မတရားတဲ့ဘက်ကို ရပ်တည်မလား။ တရားတဲ့ ဘက်ကို ရပ်တည်မလားဆိုတာ ကိုယ့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်တယ်။ ဒါကြောင့်မို့ ကျွန်မကတော့ လူငယ်တွေကို အားပေးချင် တာက လူငယ်တွေပဲဖြစ်ဖြစ်ပေါ့။

ဒီရပ်ရွာအတွင်းထဲမှာ လုံခြုံရေးတပ်ထဲမှာ မပါပေမယ့် စာရင်းပေးထားရတဲ့ လူတွေပဲဖြစ်ဖြစ် သူတို့ လက်ထဲမရောက်ခင်မှာ ရွေးချယ်ပါ။ ကိုယ်က ဓမ္မဘက်ကိုရပ်တည်မလားဆိုတဲ့ဥစ္စာက ကိုယ့်ရဲ့ရွေးချယ်ဆုံးဖြတ်ချက်ဖြစ်တယ်။ ဒါကို ကျွန်မက တောင်းဆိုချင်တယ်။ ကိုယ်ကိုယ်တိုင် တရားတဲ့ဘက်ကိုရပ်တည်ဖို့လိုတယ်။ မဟုတ်ဘူးဆိုရင် သေချာတယ် မင်းအောင်လှိုင် နဲ့ အတူ အမှုတွဲပါသွားလိမ့်မယ်။ နာမည်ကတော့ကြားလို့ကောင်းတယ်ပေါ့ကွယ် ပြည်သူ့လုံခြုံရေးဆိုတော့ ဘယ်သူ့ ဘယ်ပြည်သူကို ကာကွယ်သလဲပေါ့။ ဘယ်ပြည်သူရဲ့ လုံခြုံရေးအတွက် ကာကွယ်မလဲ။ သေချာတာတစ်ခုကတော့ ပြည်သူတွေကို ကာကွယ်တာမဟုတ်ဘူး။ မင်းအောင်လှိုင် ကို ကာကွယ်ဖို့အတွက် ဖွဲ့လိုက်တဲ့ လုံခြုံရေး တပ်ဖွဲ့ပဲဖြစ်ပါတယ်။ လုံခြုံရေးလို့ပြောတဲ့ အခါမှာ ကျွန်မတို့နားလည်တဲ့ လုံခြုံရေးက Forces တစ်ခုတည်းမဟုတ်ဘူး။ သွားလာရေးအတွက် လုံခြုံရေး အိပ်နေရင်တောင်မှ လုံခြုံရေးရှိတဲ့ အနေအထားဖြစ်အောင် အခုမြန်မာနိုင်မှာက ဘယ်လုံခြုံရေးမှ ရှိမနေဘူး။ သူတို့နဲ့ Join မှ လုံခြုံလားဆိုတာလည်း မဟုတ်ဘူးဆိုတဲ့ဥစ္စာကို လူငယ်တွေအနေနဲ့ သိပြီးသားဖြစ်တယ်။ ဒီလိုသိသိကြီးနဲ့ ကိုယ်ကသွားပြီးတော့မှ ရပ်တည်ပေးတဲ့ဟာမျိုး ကတော့ မဖြစ်စေချင်ဘူး။ ဒါပေမဲ့ ရွေးချယ်စရာလမ်းမရှိဘူး။ ကိုယ့်နာမည်ပါသွားတယ်။ ဒါမှမဟုတ် အတင်းအဓမ္မ စုဆောင်းခံ ရတယ်ဆိုရင်တောင်မှ လွတ်လမ်းကိုရှာဖို့လိုအပ်တယ်လို့ ကျွန်မက တော့ အားပေးချင်တယ်။ ပြောချင်တယ်။

နောက်ဒုတိယတစ်ခု ကတော့ ဘယ်လုံခြုံရေးဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့ နိုင်ငံမှာ ဘယ်တုန်းကမှ ပြည်သူ့လုံခြုံရေးအတွက် စဉ်းစားပြီးတောမှ ဒီစစ်တပ်ကလုပ်ခဲ့တာမရှိဘူး။ သူ့အကျိုးစီးပွားအတွက် သူနဲ့အတူတူအလုပ်လုပ်နေတဲ့ သူ့ရဲ့သားသမီးတွေအတွက်ရော သူ့ရဲ့ မျိုးဆက်တွေအတွက်ရော သူ့ရဲ့စီးပွားရေးလုပ်ဖော်ကိုင်ဖက်လို့ ခေါ်တဲ့ ခရိုနီတွေအတွက်ပဲ အဓိကလုံခြုံရေးကို ယူပေးနေရာတာဖြစ် တယ်။ ဆိုတော့ သေချာတာတစ်ခုကတော့ ပြည်သူလူထုကို ကာကွယ်ပေးနေတဲ့တာ မဟုတ်ဘူးဆိုတာကို အများပြည်သူက သိပြီးသားဖြစ်တဲ့အလျောက် ဒီတော်လှန်ရေးဘက်ကို ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ပေးဖို့အတွက်က အင်မတန်မှ အရေးကြီးပါ တယ်။ လူတိုင်းဒီအချိန်မှာ အခက်အခဲရှိတယ်။ နားလည်တယ်။ ဒါပေမဲ့ ဒီအခက်အခဲကို ဒီတိုင်းထိုင်ကြည့်လို့လည်းမရဘူး။ အားလုံးရဲ့ တော်လှန်မှု အားလုံးရဲ့ ပါဝင်မှုနဲ့ တစ်နေ့နေ့ ကျွန်မတို့ရဲ့ အဓိမပန်းတိုင်ဖြစ်တဲ့ တော်လှန်ရေးရဲ့ အောင်မြင်မှုဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို အတူတကွ တည်ဆောက်နိုင်မှာဖြစ်တယ်။ ဒီလိုတည်ဆောက်နိုင်ဖို့အတွက်က လူတစ်ယောက်ရဲ့ အားလည်း ရှိရမှာဖြစ်သလို အဖွဲ့အစည်းတွေရဲ့ အားလည်းရှိဖို့လိုပါတယ်ဆိုတာကို ကျွန်မပြောချင်ပါတယ်။

၅။        စစ်ကောင်စီရဲ့ ကြီးမားတဲ့ ဖိအားပေးမှုခံနေရတဲ့ ပြည်သူတွေအတွက် တော်လှန်ရေး အင်အားစု တွေ ဖြစ်တဲ့ NUG နဲ့ PDF တွေအနေနဲ့ ပြည်သူ့ အကာအကွယ်ပေးရေး လုပ်ငန်းစဉ်တွေကို ဘယ်လိုထပ်မံ ဖော်ဆောင်ရွက်ပေးသင့်လဲ။

            အဓိကအားဖြင့်တော့ NUG က တာဝန်အရှိဆုံးဖြစ်တယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရဆိုလို့ရှိရင် အစိုးရတစ်ရပ်လို ရပ်တည်ဖို့က အင်မတန်မှအရေးကြီးတယ်ပေါ့။ အစိုးရလို့ပြောလိုက်ပြီဆိုလို့ရှိရင် ပြည်သူလူထုကို Services ပြည်သူလူထုကြုံတွေ့ နေရတဲ့ အခက်အခဲကို ဝိုင်းဝန်းဖြေရှင်းဖို့လိုတယ်။ ဒါကြောင့်မလို့ ပြည်သူလူထုက အားကိုး ထောက်ခံခဲ့တဲ့ဟာတွေက အလကား မဖြစ်စေ၊ မဖြစ်သင့်ဘူးပေါ့။ ဒါကြောင့်မို့ NUG အနေနဲ့ ပြင်ဆင်ဖို့ အားနည်းချက်တွေအများကြီးရှိခဲ့တယ်။ နှောင့်နှေးတယ်။ ဥပမာ အားဖြင့် Telegram Channel လေးဖွင့်ဖို့အရေးတောင်မှ ပြည်သူ့စစ်မှုထမ်းဥပဒေကြေညာပြီး ဒီလောက်ဆူပူတာတောင်မှ Telegram လေးဖွင့်ဖို့အရေး မဖြစ်နိုင်ခဲ့ဘူးပေါ့။ ဒါပေမဲ့လို့ ဒီလိုအချိန်မှာ အခု ခုနစ်လပဲရှိသေးတယ်ပေါ့နော။ NUG အနေနဲ့ တခြားပြင်ဆင်မှုတွ ပိုတော့လုပ်သင့်တယ်လို့မြင်တယ်။ ဥပမာအားဖြင့် ထွက်လာတဲ့ လူငယ်တွေကို ဘယ်လို Camp လုပ်မလဲဆိုတာက အလွန်အရေးကြီးတယ်။ Camp လို့ပြောတဲ့အခါမှာ ထွက်လာတဲ့လူငယ်တွေကို ဘယ်လိုလက်ခံမလဲပေါ့။ လက်ခံလာပြီဆိုလို့ရှိရင်လည်း ဒီအတိုင်းထားလို့မရဘူး။ သေချာတယ်။ NUG အစိုးရအနေနဲ့ ငွေကြေးအလုံအလောက်ရှိတာလည်း မဟုတ်သလို Technical resources တွေရော အလုံအလောက်ရှိနေဲ့ သူတွေမဟုတ်ဘူးဆိုတော့လေ။ ဒါလည်း တော်လှန်ရေးကာလ မှာ ကြုံတွေ့ရမယ့်အခက်အခဲတစ်ခုဖြစ်တယ်။

ဒီလိုမျိုးဖြစ်တဲ့အခါမှာ ဒီလိုထွက်လာတဲ့ လူငယ်တွေကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးမှ ဘယ်လိုကူညီမဲပေါ့။ ဥပမာအားဖြင့် ကျောင်းသားဖြစ်တယ်ဆိုလို့ရှိရင် ကျောင်းဆက် တက်နိုင်ဖို့အတွက် ဘယ်လိုလုပ်ပေးမလဲပေါ့။ Online Education နဲ့လည်း သွားလို့မရဘူး။ ဥပမာ ထိုင်းနိုင်ငံမှာပြဖြစ်ဖြစ် တခြား အိမ်နီးချင်းနိုင်ငံတွေမှာပဲဖြစ်ဖြစ် ကျောင်းတက်နိုင်ဖို့အတွက် ဆက်လုပ်ဖို့လိုအပ်တယ်။ ကျောင်းတက်မယ့် လူငယ်က ကျောင်းဆက် တက်မှသာလျှင် ကျွန်မတို့ရဲ့ အနာဂတ်ကြယ်ပွင့်ဖြစ်လာမှာဖြစ်တယ်။ ပညာရေးက အင်မတန်မှအရေးကြီးတယ်။ အခုတွေ့နေရတဲ့ဟာက လူငယ်တွေဖြစ်ပေမယ့်လည်း ကျောင်းသားတွေဖြစ်ပေမယ့်လည်း ကျောင်းသားဘဝကို စွန့်ခွာပြီးတော့မှ တခြားအလုပ်တွေကို ရွေးချယ်နေရတဲ့ အနေအထားမှာရှိတယ်။ ဒါက ကျွန်မတို့နိုင်ငံအတွက် အင်မတန်မှ နစ်နာတယ်။ အဲ့လိုပဲ CDM လုပ်လာတဲ့ ဌာနအသီးသီးကရှိတယ်။ တကယ်သူ့အလုပ်ကို တခြားနေရာမှာ ပြန်ပြီးတော့ အလုပ်လုပ်နိုင်ဖို့အတွက်က အင်မတန်မှ အရေးကြီးတယ်။ ဒါမှသာလျှင် လူငယ်တွေပဲပြောပြော CDM လုပ်လာတဲ့ ဝန်ထမ်းတွေပဲပြောပြော သူတို့က ပိုပြီးတော့မှ ကိုယ့်ဘက်မှာ ယိမ်းလာပြီး ရပ်တည်မှုကပိုပြီးအားကောင်းလာမှာဖြစ်တယ်။ ဆိုတော့ တော်လှန်ရေးတစ်ခု အောင်မြင်ဖို့အတွက် CDM တွေရဲ့ ပါဝင်မှုက အင်မတန်မှအရေးကြီးတယ်။

ဒါကြောင့် အလေးထားရမှာဖြစ်သလို တစ်ဖက်မှာကကျတော့ Services တွေ ပေးနိုင်ဖို့က အစိုးရတစ်ရပ်အနေနဲ့က လုပ်ကိုလုပ်ပေးရမယ်။ ဦးစားပေးလုပ်ငန်းအနေနဲ့ ထည့်သွင်းစဉ်းစားရမယ့် ကိစ္စဖြစ်တယ်လို့ မြင်တယ်။ နောက်တစ်ခုက တော့ အလုပ်အကိုင်အခွင့်အလမ်းလည်းပဲ သေချာတာတစ်ခုက NUG အနေနဲ့ စက်ရုံတွေ၊ အလုပ်ရုံတွေ ဖွင့်ပြီးတော့ လုပ်ပေးနိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ လုပ်နေတဲ့ လုပ်ငန်းရှင်တွေနဲ့ ဘယ်လိုချိတ်ဆက်မှုမျိုးလုပ်ပြီးတော့မှ ဘယ်လိုကူညီ ပံ့ပိုးမှုမျိုးတွေလုပ်မလဲပေါ့။ အဲ့ဒီဟာတွေအတွက်လည်း မဟာမိတ်တည်ဆောက်ဖို့ အင်မတန်မှအရေးကြီးတယ်။ ဆိုလိုချင်တာက မြန်မာနိုင်ငံမှာရှိနေတဲ့ လုပ်ငန်းရှင်တွေနဲ့လည်း မဟာမိတ်လုပ်ရမှာဖြစ်သလို တစ်ဖက်မှာ အိမ်နီးချင်းနိုင်ငံတွေမှာရှိနေတဲ့ တစ်သီးပုဂ္ဂလ လုပ်ငန်းရှင်တွေကိုလည်း ချဉ်းကပ်ရမှာဖြစ်တယ်။ ဒါပေမဲ့ ကျွန်မအနေနဲ့ မမြင်မိဘူးပေါ့။ စီးပွားရေး၊ ပညာရေး လုပ်ငန်းရှင်တွေကို ချဉ်းကပ်တဲ့ဟာမျိုး NUG အနေနဲ့ အင်မတန်မှ အားနည်းတယ်။ ရှိကောင်းရှိနိုင်။ သို့ပေမဲ့ အားနည်းနေတဲ့ အနေအထားမှာရှိတယ်။ ဒါတွေကိုလည်း ထည့်သွင်းပြီးတော့ စဉ်းစားဖို့လိုတယ်။ ကူညီဖို့လိုတယ်ဆိုတာကိုလည်း အကြံပြုချင်တယ်။ နောက်တစ်ခုကျတော့ Communication Channel ပေါ့။ သေချာတာတစ်ခုက PDF တွေလို့ပြောတယ်။ PDF တွေမှာကတော့ လက်နက်ကိုင် Join ချင်တဲ့ လူငယ်တွေကိုပဲ ကူညီပေးလို့ရတယ်ပေါ့။

ဒါပေမဲ့ လက်နက်မကိုင်ချင်တဲ့ လူငယ်တွေ ရွေးချယ်ချင်တာ၊ တခြားတော်လှန်ရေးမှာပါဝင်နိုင်တဲ့ လူငယ်တွေရှိကောင်းရှိမယ်။ အဲ့ဒီလို လူငယ်တွေကို Communication Channel နဲ့ ဆက်သွယ် ပြီးတော့မှ ဘယ်လိုလာရမလဲ။ ဘယ်သွားရမလဲ။ အစရှိသဖြင့် ဒါတွေက အင်မတန်မှအရေးကြီးတယ်လို့မြင်တယ်။ အထူးသဖြင့်က တော့ ပြည်သူလူထုကြားထဲမှာ စိမ့်ဝင်နေပြီးတော့မှ ပြည်သူလူထုအချင်းချင်းကနေ ဆက်သယ်နိုင်တဲ့ Channel အရေးကြီးတယ်။ ဒါတွေကိုလည်း လုပ်ဆောင်ဖို့လိုတယ်။ စစ်ကောင်စီသိအောင် Public ချပြလို့မရတဲ့ အနေအထားမျိုးမှာလည်းရှိတယ်။ ဒါပေမဲ့ ဘယ်လို Network တွေနဲ့ တည်ဆောက်ပြီးတော့ ကျွန်မတို့လုပ်ကြမလဲဆိုတာက အရမ်းကိုအရေးကြီးတယ်လို့မြင်တယ်။ တစ်ဖက်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေဆီ ရောက်လာတဲ့ လူငယ်တွေလည်းရှိသလို ဒီအကျိုးအဆက်ကြောင့်ပေါ့။ တချို့ဆို စစ်မှုမထမ်းချင်လို့ မိသားစုလိုပြောင်းလာရတဲ့ မိသားစုတွေလည်းရှိတယ်။ ဆိုတော့ ဒီလိုမှတ်တမ်းတွေကိုရော ဘယ်သူတွေက လုပ်နေလဲ။ ဘယ်လိုလုပ်နေလဲ။ တကယ့်တကယ်က NUG က ဒီမှတ်တမ်းမှတ်ရာတွေကို လုပ်ဖို့ အင်မတန်မှ အရေးကြီးတယ်။

ဒါမှ အသွင်ကူးပြောင်းရေး ကာလရောက်တယ်ဆိုလို့ရှိရင် ကုစားမှုတွေလည်း လုပ်နိုင်သလို အမှန်တရားဘက်ကို ရပ်တည်ပြီး ပါဝင်ခဲ့တဲ့ ကျွန်မတို့ရဲ့ ပြည်သူလူထု နစ်နာမှုတွေအတွက် ဘယ်လိုလုပ်ပေးမလဲ။ လယ်လိုထူထောင်ရေးတွေလုပ်ပေးမလဲဆိုတာက ကျွန်မတို့ရဲ့ တာဝန်လည်းဖြစ်သလို တော်လှန်ရေးရဲ့ တာဝန်တစ်ခုဖြစ်တယ်။ ဒါပေမဲ့ တစ်ဖက်မှာကျတော့ စစ်ကောင်စီက ဒီလိုလုပ်ခဲ့တဲ့ အပေါ်မှာ နစ်နာသူ လူထုတွေက ဘယ်လိုရှိခဲ့လဲ။ အနာဂတ်မှာ ဒါမျိုးတွေမဖြစ်အောင် ဘယ်လိုကာကွယ်မလဲဆိုတဲ့ အထောက်အပံ့ မျိုးဖြစ်အောင် မှတ်တမ်းမှတ်ရာတွေက အင်မတန်မှအရေးကြီးတယ်။ ဆိုတော့ NUG မှာလည်း မှတ်တမ်းလုပ်ရမှာဖြစ်သလို ကျွန်မတို့ တော်လှန်ရေးဘက်တော်သားတွေကလည်း မှတ်တမ်းတွေကို မှတ်ထားရမှာဖြစ်ပါတယ်။ မိသားစုလိုက်ပြောင်းလာတာ သိရသလောက်ဆိုလို့ရှိရင်လည်းအများကြီးရှိတယ်ပေါ့။ KNUနယ်မြေမှာလည်းရှိသလို တခြားသော နယ်မြေတွမှာလည်းရှိတယ်ဆိုတဲ့ ဥစ္စာတွေကလည်း သိရတယ်။ ဒီလိုပြန့်ကျဲနေတဲ့ မိသားစုတွေ ဘယ်လိုပုံစံမျိုးနဲ့ ကျွန်မတို့က မှတ်တမ်းတွေရှိပြီးတော့မှ ထူထောင်ရေး တွေကို ဘယ်လိုပုံစံမျိုးနဲ့ လုပ်ပေးနိုင်မလဲဆိုတာက အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆို တော်လှန်ရေးက မနက်ဖြန်တစ်ဘက်ခါ ပြီးသွားလိမ့်မယ်လို့ ဘယ်သူ့မှ အာမမခံနိုင်ဘူးပေါ့။ တော်လှန်ရေးကဆက်သွားရဦးမယ်။ ရပ်နေလို့မရဘူး။ ဒါပေမဲ့ ဘယ်လောက် အတိုင်းအတာအထိ ကျွန်မတို့သွားနိုင်မလဲဆိုတဲ့ဥစ္စာက သိကြားမင်းလည်းမပြောနိုင်ဘူးပေါ့။ ကျွန်မတို့ အကောင်အထည်ဖော်နိုင်တဲ့ အပေါ်မှာပဲအများကြီးမူတည်တယ်လို့ ကျွန်မမျှော်လင့်တယ်။

 

မင်းဟန်ထက် (တကသများရန်ကုန်-ပြောရေးဆိုခွင့်ရှိသူ)

၁။        ဥပဒေ အပေါ်မှာ လူထုရဲ့ တုန့်ပြန်မှုကိုရော ဘယ်လိုမြင်ရလဲ။ ဒီဥပဒေရဲ့ နောက်ဆက်တွဲ လူထုရဲ့ အခြေအနေကိုရော ဘယ်လို သုံးသပ်လို့ ရမလဲ။

            ဒီစစ်မှုထမ်း ဥပဒေပေါ်လာတဲ့အတွက် လူထုအပေါ်မှာတော့ သက်ရောက်မှုတော်တော်ကြီးတယ်။ နောက်တစ်ခုက လူထုရဲ့ တုံ့ပြန်မှုကလည်း ဒါကိုလက်မခံဘူးပေါ့ဗျာ။ ဒါကျနော်တို့အားလုံးမြင်နေရတာပဲ။ လူထုကလက်မခံဘူး။ ဒါပေမဲ့ တစ်ဖက်မှာ လူထုခံရ တဲ့ မလုံခြုံမှုတွေကတော့အများကြီးရှိသွားတယ်။ ဒါဆိုလိုချင်တာကတော့ စစ်အာဏာသိမ်းလိုက်ပြီးကတည်းက လူထုရဲ့ ဘဝမလုံခြုံ တော့ဘူး။ ကျွန်တော်တို့အားလုံးအမြင်ပဲ။ ဒါပေမဲ့ ကျွန်တော်ပြောချင်တာက အလွှာအသီးသီးမှာရှိနေတယ်။ လူထုကို တိုက်ရိုက် မထိဘူးပေါ့။ ဒီအလွှာအသီးသီးမှာရှိတဲ့ လူတိုင်းကမလုံခြုံဘူး။ အခုလိုတော့ မခံစားရသေးဘူး။ ဒါပေမဲ့ ဒီလို စစ်မှုထမ်း ဥပဒေ ဖြစ်လာ တဲ့အခါကြတော့ အလွှာအသီးသီးမှာရှိတဲ့ လူထုတွေက မလုံခြုံဘူးလို့ သူတို့ခံစားလာရတယ်ပေါ့။ ဆိုလိုချင်တာက ဆန္ဒပြပွဲမှာပါသည် ဖြစ်စေ၊ မပါသည်ဖြစ်စေ ကျွန်တော်ပြောချင်တာ ဒီ PDF တွေနဲ့ ပတ်သက်သည်ဖြစ်စေ၊ မပတ်သက်သည် ဖြစ်စေ၊ တောထဲကို ထောက်ပို့လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ခင်ဗျာကို အိမ်ပေါ်တက်ပြီးတော့ အချိန်မရွေး ခေါ်သွားနိုင် တယ်ဆိုတဲ့ အခြေအနေ မျိုးကတော့ ဖြစ်လာတာပေါ့ဗျာ။

နောက်ပြီးတော့ သူက တရားဝင်လိုမျိုး စာရွက်စာတမ်းကြီးနဲ့ တရားဝင် ပြဋ္ဌာန်းပြီးတော့ ဥပဒေ ကဲ့သို့ လုပ်လာကြတဲ့အခြေအနေတော့ဖြစ်လာတာပေါ့။ ဆိုတော့ လူထုအနေနဲ့ မလုံခြုံမှုပိုများတယ်။ တစ်ဖက်မှာကောင်းတဲ့ အချက် က စစ်တပ်ကိုနာကျည်းမုန်းတီးမှုတော့ ပိုများလာတာပေါ့။ အဲ့လိုပုံစံမျိုးတော့ ဖြစ်လာတယ်လို့ ကျွန်တော်မြင်တယ်။ ဆိုလိုချင်တာက အစောပိုင်းကာလတွေမှာ တော်လှန်ရေးဖြစ်နေတယ်။ ဒါပေမဲ့ ကိုယ်နဲ့ အဲ့ဒီ တော်လှန်ရေးနဲ့ နည်းနည်းလှမ်းနေသေးတဲ့ လူတွေကပါ သူတို့နဲ့ တိုက်ရိုက်သက်ဆိုင်လာပြီးလို့ စဉ်းစားမိကြပြီးတော့ ပြိုပြီးတော့ ဒီတော်လှန်ရေးကို အာရုံစိုက်ဖြစ်လာတဲ့ ကိစ္စမျိုးတွေပေါ့ ဗျာ။ အဲ့ဒီဟာမျိုးတွေတော့ ကျွန်တော်တော့ ရှိလာတယ်လို့ မြင်ပါတယ်။

၂။         စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် တော်လှန်ရေးအတွက်ရော ဘယ်လို အကျိုးသက်ရောက်မှု တွေရှိခဲ့လဲ။

            လူထုမှာ သူတို့ရဲ့ကိုယ်ပိုင်အမှုတွေ ပိုများသွားတာပေါ့ဗျာ။ ဆိုလိုချင်တာက စားဝတ်နေရေး ပြဿနာတွေ၊ ကုန်ဈေးနှုန်း ပြဿနာတွေနဲ့အတူ ဒီစစ်မှုထမ်း ဥပဒေအပူပေါ့။ ဒီဟာပိုပြီးကြီးလာတဲ့အခါမှာ လူထုက တော်လှန်ရေးဘက်ကို အရမ်းကြီးမလှည့် နိုင်တဲ့ အခြေအနေမျိုးတွေလည်း တွေ့ရတယ်။ ဒါပေမဲ့ ပြောရရင် ထူထုကို ကျွန်တော်တို့ အားရတဲ့အခြေအနေမျိုးရှိတယ်။ အလှူ‌ငွေ လှူဒန်းမှုမှာသော်လည်းကောင်း ကျန်တဲ့ ပါဝင်မှုတွေမှာသော်လည်းကောင်းပေါ့။ ဒီလိုဟာတွေမှာ လူထုအနေနဲ့ ကိုယ့်ကိုယ်ကို ဖြေရှင်းနေရတာနဲ့ တစ်ဖက်မှာလျော့သွားနိုင်တယ်ဆိုတဲ့ အခြေအနေလည်းရှိတယ်။ ဆိုတော့ ကျွန်တော်တို့ ဒီတော်လှန်ရေးထဲကို လူငယ်တွေဝင်လာကြတဲ့ အခြေအနေတွေတော့ရှိတာပေါ့ဗျာ။ ကျွန်တော်တို့ ကျောင်းသားတပ်တွေဆိုလည်း အသစ်တွေ ဝင်လာကြ တယ်။ တခြားသော တပ်အသီးသီးကိုလည်း ဝင်လာကြတယ်။ ကျွန်တော်တို့ ဒါတွေကိုပဲ မြင်လို့တော့မရဘူးပေါ့။ တစ်ဖက်မှာလည်း ဝန်ထမ်းသောင်းဂဏန်းနဲ့ချီတဲ့ တခြားသော လူငယ်တွေကလည်း စစ်တပ်ထဲကို ရောက်သွားတယ်ဆိုတဲ့အချက်ပေါ့။ အဲ့ဒီဟာကို လည်း ကျွန်တော်တို့ထည့်စဉ်းစားရမှာပဲ။ ကျွန်တော်တို့အနေနဲ့ဆိုလို့ရှိ ရင် စစ်တပ်ရဲ့ Problem ပေါ့ဗျာ။ Propaganda သူတို့ရဲ့ ဝါဒဖြန့်ချီမှုကို ကျွန်တော်က အရမ်းကြောက်စရာကောင်းတယ်လို့ မြင်တယ်။ ပြီးတဲ့အခါမှာ တကယ့်ကို နိုင်ငံရေးအရမ်းကြီး မပြည့်ဝ တဲ့ လူငယ်တွေပေါ့။ နိုင်ငံရေးအကြောင်းအများကြီးနားမလည်တဲ့ လူငယ်တွေက စစ်တပ်ရဲ့ ယန္တရားထဲကိုရောက်သွားခဲ့ရင် သူတို့ အနေနဲ့ သူတို့ရဲ့ အတွေးအခေါ်က သေချာပေါက် ဖျက်ဆီးခံရမှာပဲ။

ပြီးတဲ့အခါမှာ စစ်တပ်က တိုက်နေတဲ့ တိုက်ပွဲဟာ မှန်တယ် ပေါ့ဗျာ။ တရားတယ်ဆိုတဲ့ အခြေအနေမျိုးပေါ့။ အဲ့ဒီဟာမျိုး ဖြစ်သွားမဘ်လို့ ကျွန်တောကမြင်တယ်။ ဆိုလိုချင်တာက ဟိုးအရှေ့ အစဉ်အဆက်ဆက်မှာလည်း ဒီလိုစစ်တပ်ထဲက အမာခံတွေဆိုတဲ့ ကိစ္စက သူတို့အချင်းချင်း မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာ တာပေါ့။ အဖေက တပ်ထဲကမို့လို့ သားက တပ်ထဲရောက်သွားတယ်လို့။ အဘိုးက တပ်ထဲကမိုလို့ ဆက်ပြီးတော့ သူတို့က တပ်ထဲ ရောက်ကြတယ်တဲ့ခါမျိုးပေါ့။ တစ်ဆင့်ကမ်းလာတဲ့ သူတို့ရဲ့ အဲဒီလို အယူအဆတွေ အတွေးအခေါ်တွေရှိတယ်။ စစ်တပ်ကို ကြောက် စရာကောင်းတဲ့ Probable ကဏ္ဍပေါ့။ ဆိုတော့ ကျွန်တော်တို့က အခုနကပြောတဲ့ လူငယ်တွေက အဲ့ဒီထဲရောက်သွားပြီးရင် သေချာ ပေါက် သူတို့ဖျက်ဆီးခံရလိမ်မယ်။ နောက်ပြီးတော့ စစ်တပ်ကလုပ်နေတာပဲ။ ဒါကတော့ တော်လှန်ရေးအတွက် တော်တော်ကြီး အန္တရာယ်များတဲ့ကိစ္စ ဖြစ်တယ်။ ဆိုတော့ ဘယ်လိုဖြေရှင်းမလဲဆိုရင်တော့ လက်တွေ့ လက်ငင်း ဖြေရှင်းရမယ့် အဖြေကတော့ ကျွန်တော်တို့မှာလို့ ကျွန်တော်ကမြင်တယ်။ ကျွန်တော်တို့ အဲဒါကို ပြန်ပြီးတော့ ကုစားနိုင်တဲ့ဟာတွေ ကုစားနိုင်တယ်ဆိုရင် ကျွန်တော်တို့ စွမ်းသလောက်ကုစားနိုင်တဲ့ဟာလေး တွေပဲရှိ ကောင်းရှိလိမ့်မယ်။ လူငယ်တွေ စစ်တပ်ထဲလည်း မဝင်ချင်ဘူး ဆိုတဲ့ လူငယ်တွေကို ကျွန်တော်တို့ လက်ခံထားနိုင်ဖို့။ ဒါတော်လှန်ရေးထဲဝင်ချင်လား။ ကျွန်တော်ပြောချင်တာက လက်နက်ကိုင်တော်လှန် ပေါ့ဗျာ။ စစ်သားဆိုလည်း ဒီတော်လှန်ရေး လက်နက်ကိုင်တော်လှန်ရေး ရဲဘော်တစ်ယော်ဖြစ်ချင်လား။ တကယ်လို့ လက်နက်ကိုင် တော်လှန်ရေး ရဲဘော်တစ်ယောက် မဖြစ်ချင်ဘူးဆိုလည်း သူ ဘာတတ်လဲ။ ကျွန်တော် ဆိုလိုချင်တာက နည်းပညာကို တတ်တယ်ဆို လည်း နည်းပညာပိုင်းနဲ့ ကူလို့ရတယ်။ တခြား စိုက်ပျိုးရေး၊ မွေးမြူရေး စသည်ဖြင့်ပေါ့။ ဒီလိုဟာတွေကို ကူနိုင်တဲ့ အခြေအနေမျိုး တွေကို ကျွန်တော်တို့က စီစဉ်ဖို့လိုတယ်။ မြို့ပေါ်မှာ ဆက်မနေနိုင်ဘူးဆိုလို့ရှိရင် မင်းတို့တောထဲလာကြ။ ဒီဘက်မှာ မင်းတို့ကို စစ်သင်တန်း တက်ခိုင်းမယ်။ ပြီးရင် ငါတို့ စစ်တိုက်ကြမယ်ဆိုတဲ့ဟာ။

ဆိုလိုချင်တာ သူတို့မှာ ရွေးချယ်စရာတစ်ခုပဲရှိတယ်။ သူတို့မြို့ ပေါ်မှာမနေချင်ဘူးဆိုရင် သေချာပေါက် လက်နက်ကိုင်တော်လှန်ရေးသူတို့ လုပ်ရတော့မယ်။ လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ အတွက် လူတိုင်းမှာ အကန့်အသတ်ရှိတယ်။ ကျွန်တော်ပြောချင်တာဒီမှာ တချို့တွေ တကယ်လက်နက်မကိုင်နိုင်တဲ့ အခြေအနေရှိ တယ်။ ကျန်းမာရေး အခြေအနေအရသော်လည်းကောင်း တခြားသော သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေအရသော်လည်း ကောင်းပေါ့။ ဆိုတော့ အဲ့ဒီလို လူငယ်တွေအတွက် ကျွန်တော်တို့မှာ ဖန်တီးပေးနိုင်မှု အားနည်းတယ်။ ဆိုတော့အဲဒါတွေကို ကျွန်တော် တို့လုပ်ဖို့လိုတယ်။ တခြားသော သူတို့ရဲ့ မိသားစုတွေ ရှောင်ဖို့လိုလားပြုလားဆိုတာ ဒီမှာ တစ်ပါတည်း ကျွန်တော်ပြောရရင် ကျွန်တော်တို့ ကျောင်းသားလက်ရုံးတပ်တော်ကနေဆိုလို့ရှိရင် ခိုလှုံနေပေါ့ဗျာ။ အဲ့ဒီလိုမျိုး မိသားစုတွေ လူငယ်တွေကို နေလို့ရတယ် ဆိုတဲ့ ပုံစံမျိုးနဲ့ ကျွန်တော်တို့ နေရာတွေကို ဖန်တီးထားတာ တည်ဆောက်ထားတာမျိုးရှိတယ်။ လာနေလို့ရတယ်။ ဒါပေမဲ့ ကျွန်တော် တို့ လုပ်နိုင်တဲ့ ဘောင်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ယှဉ်ရင် သေးသေးလေးပေါ့။ အများကြီးမလုပ်နိုင်ဘူးပေါ့။  ဒါမျိုးတွေကို စီစဉ်ဖို့လိုတယ် ပေါ့ဗျာ။ ပြဿနာတစ်စုံလုံးကို ဖြေရှင်းတာတော့မဟုတ်ဘူး။

ဒါပေမဲ့ ပြဿနာကို နည်းနည်းလေး ကျွန်တော်တို့က ဖာထေးနိုင်မလား ဆိုတဲ့ အခြေအနေလောက်ပဲပေါ့။ တစ်ဆက်တည်းဒီနေရာမှာ NUG အစိုးရရဲ့ ဒီပေါ်မှာ ကိုင်တွယ်ပုံ အရမ်းအားနည်းတယ်လို့ ကျွန်တော်မြင်တာကိုး။ စစ်မှုထမ်းဥပဒေစထုတ်ပြီးတော့ လူငယ်တွေကို ပေါ်တာတွေဆွဲလာပြီ။ ဖမ်းလာပြီ ဆိုတဲ့အခြေအနေမှာလည်း NUG အစိုးရရဲ့ ထုတ်ပြန်ချက်၊ ထုတ်ပြန်ချက်ဆိုတာထက် ပြောစကားတွေက လက်တွေ့မကျတာတွေ ကျွန်တော်တို့မြင်နေရတယ်။ ဥပမာ ဝင်သွားပေါ့လေ။ ဝင်သွားပြီးတဲ့အခါကြတော့မှ အဲ့ဒီထဲက လက်နက်တွေဘာတွေရတော့ ယူပြီး ပြန်ထွက်လာခဲ့လို့။ သူတို့ကိုပြန်တိုက်ရမှာပေါ့ဆိုတဲ့ အခြေအနေမျိုးပေါ့ဗျာ။ အဲဒါတွေက တကယ်လက်တွေ့မကျတဲ့ ဖြေရှင်းနည်းလို့ ကျွန်တော်မြင်တယ်။ ဒီထက်ပိုလက်တွေ့ကျတဲ့ ဖြေရှင်းနည်းတွေကတော့ ကျွန်တော်တို့မှာ ရှိသင့်တယ်။ တစ်စုံလုံးဖြေရှင်းဖို့အတွက် ကတော့ အရမ်းခက်ခဲတယ်လို့ မြင်တယ်။ ကျွန်တော်တို့ တတ်သလောက်မှတ်သလောက် ဖာထေးကြရုံပဲ။

၃။        စစ်ကောင်စီဖော်ဆောင်နေတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ဆိုတာက အရပ်သားပြည်သူတွေအတွက် ဘယ်လောက်အထိ သက်ရောက်မှုကြီးမားနိုင်သလဲ။ တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်သား လူထုတွေကြား ပွတ်တိုက်မှုရှိလာနိုင်သလား။ 

            ကျွန်တော်တို့တော်လှန်ရေးက ကြာလာတာနဲ့အမျှ ကျွန်တော်တို့ လူ့အဖွဲ့အစည်းတစ်ခုနဲ့ တခုကြားထဲမှာ သံသယဝင်လာ ကြတဲ့အခြေအနေမျိုးရှိတယ်ပေါ့။ ဆိုတော့ ကျွန်တော်တို့ အစောကာလတွေမှာဆိုလည်း ဒလန်ရှင်းတဲ့ ကိစ္စမျိုးစသည်တို့ပေါ့။ အစောပိုင်မှာတော့ ပြဿနာသိပ်မရှိဘူး။ ဒလန် ဟုတ်သည်မဟုတ်သည်ဆို ကိစ္စက ရှင်းရှင်းလင်းလင်းရှိတယ်။ ဒါပေမဲ့ ရေရှည်မှာ ဒလန်ရှင်းတဲ့အခါမှာ ပြဿနာရှိလာကြတယ်။ ဥပမာဆိုလိုချင်တာက ကိုယ်ကျိုးပါလာတယ်ပေါ့။ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြဿနာအရသော်လည်းကောင်း ဒလန်မဟုတ်ဘဲနဲ့ ဒလန်ဆိုပြီး ရှင်းလိုက်တဲ့ဟာမျိုး ဒါကကျွန်တော်တို့ ဒီဘက်ပေါ့။ ဒီဘက်ဆိုတာက စစ်ကိုင်း၊ မကွေး စသည်ဖြင့်မှာတွေ့နေမြင်နေရတဲ့ ကိစ္စမျိုးတွေဖြစ်လာကြတယ်။ ဆိုတော့ ဒါကို ကျွန်တော်တို့ စဉ်းစားတာက ရေရှည်မှာ လူ့အဖွဲ့အစည်းတစ်ခုနဲ့တစ်ခုကြား အလွှာတစ်ခုနဲ့တစ်ခုကြားမှာ ယုံကြည်မှုနည်းလာနိုင်တယ်။ နောက်တစ်ခုက ရဲဘော်အချင်းချင်းကြားထဲမှာပဲဖြစ်စေ။ ဒါမှမဟုတ် သူနဲ့တော်လှန်ရေး ရဲဘော်ကြားထဲမှာပဲဖြစ်ဖြစ်ပေါ့။

အဲတော့ အခုနကပြောတဲ့ ပြည်သူ့လုံခြုံရေးဆိုတဲ့ ကိစ္စ‌တွေက ဒီမှာ စစ်တပ်ကို ကျွန်တော်တို့ကြည်ပြီဆိုလို့ရှိရင် စစ်သာတွေရှိမယ်။ နောက်ပြီး ပျူစောထီးလို လူတွေရှိမယ်။ ပြီးတဲ့အခါမှာ သူ့ရဲ့ ဝန်ထမ်းတွေပေါ့။ ဆိုတော့ ကျွန်တော်တို့အနေနဲ့ အဲ့ဒီဘက်မှာ မြင်ရတာက ပျူစောထီးလောက်ပဲရှိတာပေါ့။ ပျူစောထီးဆိုတာက အရပ်သားထဲမှာရှိနေတာ ပျူစောထီးရယ် ဒလန်ရယ် ဒီလောက်ပဲ ရှိနေတာ။ ဒါပေမဲ့ ရေရှည်မှာ အခုနပြောတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တို့ရှိတဲ့အခါကျရင် ရန်သူလား ကိုယ်လားပေါ့လေ။ ဆိုလိုချင်တဲ့ကိစ္စက မကွဲပြားတဲ့ကိစ္စတွေလည်း အများကြီးရှိလာနိုင်တယ်လို့ ကျနော်ထင်တယ်။ နောက်ပြီးတော့ အခုနပြောတဲ့ တော်လှန်ရေးကြာလာလေ အဖွဲ့အစည်းတွေကြားထဲမှာ သံသယတွေများလာတဲ့အခါ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်နိုင်တယ်။ ကျွန်တော်တို့က စစ်ယူနီဖောင်းဝတ်ထားတဲ့ သေနတ်ကိုင်တဲ့ကောင်ကိုပဲဖြစ်ဖြစ် စစ်မြေပြင်မှာတိုက်ပြီး ရှင်းရတဲ့ကိစ္စက လွယ်ကူပေမဲ့ သို့သော် မလိုလားအပ် ဥပမာ ဒလန်ရှင်းလင်းတဲ့ ကိစ္စ။ ပြည်သူ့လုံခြုံရေးအဖွဲ့ဆိုပြီးတော့ အရပ်သားတွေကြားထဲမှာ ရှင်းရမဲ့ကိစ္စတွေရှိလာတဲ့အခါ ရေရှည်မှာ ပြဿနာရှိတယ်။ လူမှားပြီးရှင်းတာမျိုးတွေ ပြီးရင် သူ့လူလား ကိုယ့်လူလားမသေးကွဲ ကိစ္စမျိုးတွေပေါ့။

အဲ့ဒီလို ပုံစံမျိုးတွေ ကျနော်တို့ဘက်မှာ ပိုများလာနိုင်တယ်လို့ ကျွန်တော်မြင်တယ်။ နောက်တစ်ခုက လက်ရှိအချိန်ထိ တော်လှန်ရေးတစ်လုံးက စနစ်တကျသွားနေတာမဟုတ်ဘူးလို့ ကျွန်တော်ပြောချင်တယ်။ တကယ်ရှိတဲ့ အဖွဲ့တွေ အားလုံးက လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို အဓိကပြောချင်တာဖြစ်တယ်။ ရှိတဲ့အဖွဲ့အားလုံးက Convention ကောင်းကောင်းနဲ့ မူဝါဒတစ်ခုအောက်မှာစသည်ဖြင့် သွားနေတာမဟုတ်ဘဲနဲ့ အများပြန့်ကျဲပြီးတော့ လုပ်ကိုင်နေကြတာတွေရှိတယ်။ ဆိုတော့ ကျွန်တော်တို့ လူထုနဲ့ ထိတွေ့ပြီး ကဲ ပြည်သူတစ်ယောက်ကို မယုံဘူးဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ တစ်ခုခုလုပ်ပြီပဲထား ဒီနေရာမှာ အခုနကပြောတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့လိုဟာမျိုးရှိရင် ပိုဆိုးတာပေါ့ဗျာ။ ဒီကောင်က ပြည်သူ့လုံခြုံရေးအဖွဲ့မို့၊ ဒီကောင်က ပြည်သူ့စစ်မို့၊ ဒီကောင်က ဒလန်မို့ဆိုတဲ့ အကြောင်းပြချက်မျိုး တွေနဲ့ပေါ့။ အဲ့ဒါတွေက ကျွန်တော်ပြောနဲ့တဲ့ကိစ္စက ကိုယ့်ရဲ့ တော်လှန်ရေးပုံရိပ်ကို ထိခိုက်စေနိုင်တဲ့ အရာတွေပါ။ ရေရှည်မှာ ပိုများလာနိုင်တယ်ဆိုတဲ့ကိစ္စမျိုးတွေလည်းရှိနိုင်တယ်။ ဆိုတော့ သူတို့ဘက်ကပိုပြီးတော့ မျက်စိတွေ နားတွေပိုကျယ်လာတာပေါ့။ စစ်ကောင်စီဘက်နေပြီးတော့ သူတို့နေရာအလိုက်ရှိနေမယ်။ ကျေးရွာတွေ ရပ်ကွက်တွေ မြို့နယ်တွေမှာ သူတို့ရဲ့ လူတွေရှိလာမယ်။ ဆိုတော့ ကျွန်တော်တို့ ဒါတွေကို ပိုပြီးတော့ ရုန်းကန်ရမယ့်ကိစ္စမျိုးတွေပေါ့။

ဒီနေရာမှာ တစ်ခုပြောချင်တာက ကျွန်တော်တို့အနေနဲ့ ပိုပြီးတော့ စည်းစနစ်ကျတဲ့ လက်နက်ကိုင် မူဝါဒကို သေသေချာချာပုံစံမျိုးနဲ့ ကျွန်တော်တို့သွားဖို့လိုတယ်။ မဟုတ်ရင် ရေရှည်မှာ လူထုနဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ ဆက်ဆံတဲ့အခါမှာ ပွတ်တိုက်မှုတွေရှိနိုင်တယ်။ ဆိုတော့ ပွတ်တိုက်မှုက အများကြီးရှိလာနိုင်တယ်လို့ ကျွန်တော်မြင်တယ်။ ရေရှည်မှာ သံသယပိုများလာတတ်ကြတယ်။ ပြီးတော့ တော်လှန်ရေး အဖွဲ့အစည်းတွေမှာလည်း သူတို့အလျောက်သူတို့ရဲ့ စိတ်ဒဏ်ရာတွေစသည်ဖြင့်ပေါ့။ ပြည်သူတွေကြားမှာလည်း ထို့အတူပါပဲ။ သတို့ရဲ့ စိတ်ပင်ပန်းမှုတွေ ရုန်းရကန်ရ အရမ်းပင်ပန်းနေတာ စသည်ဖြင့်ပေါ့။ အဲ့ဒီအခါကျရင် ခုနပြောတဲ့ အမြင်မတူမှုတွေက ပိုပြီးတော့ ပေါ်လာနိုင်ဖို့များတယ်လို့ ကျွန်တော်မြင်ပါတယ်။ ဆိုတော့ ဒီအထဲမှာမှ ကျွန်တော်တို့က ပြည်သူယောင်ဆောင်ထားတဲ့ ရန်သူတွေ သို့မဟုတ်လည်း တကယ်ပဲ ပြည်သူစစ်စစ်တွေစသည်ဖြင့် ကျွန်တော်တို့က ခွဲခြားမသိမြင်တော့ဘူး။ ရွေးထုတ်ရမဲ့ ကိစ္စမျိုးတေါကျရင်တော့ ကျွန်တော်တို့ တော်လှန်ရေးလည်းထိခိုက် ပြည်သူရဲ့ ယုံကြည်မှုလည်း ပျက်လိမ့်မယ်ပေါ့။ ဆိုတော့ ဒီဟာကိုတော့ ကျွန်တော်တို့ ဂရုစိုက်ကိုင်တွယ်ရလိမ့်မယ်လို့ ကျွန်တော်မြင်ပါတယ်။

 

နိုင်မာဃ (တာဝန်ခံ -မွန်ပြည် လွတ်မြောက်ရေး တပ်တော်-M.L.A)

၁။        ဥပဒေ အပေါ်မှာ လူထုရဲ့ တုန့်ပြန်မှုကိုရော ဘယ်လိုမြင်ရလဲ။ ဒီဥပဒေရဲ့ နောက်ဆက်တွဲ လူထုရဲ့ အခြေအနေကိုရော ဘယ်လို သုံးသပ်လို့ ရမလဲ။

            အခုထုတ်လိုက်တဲ့ ဥပဒေနဲ့ပတ်သက်ပြီးတော့ သေချာတာတစ်ခုကတော့ ဥပဒေတစ်ရပ်လို့ ကျွန်တော်တို့ကတော့မမြင်ဘူး။ လက်လည်းမခံဘူးပေါ့။ ဘာလိုဆိုတော့ ဒီကာကွယ်ရေးဦးစီးချုပ်ကနေပြီးတော့ စစ်တပ်ကနေပြီးတော့ ဒီလက်နက်အားကိုး အာဏာ သိမ်းပြီးတဲ့နောက်ဆက်တွဲမှာ သူတို့ထုတ်ပြန်လာတဲ့အရာကို ကျွန်တော်တို့က ဥပဒေလို့ မသတ်မှတ်ထားဘူး။ နောက်တစ်ခုက ဒါသူတို့အုပ်ချုပ်တာက ဥပဒေထက် အမိန့်ပုံစံ ကျွန်တော်တို့ အရပ်သား လူထုအပေါ်မှာ သူတို့ စစ်တပ်ရဲ့ အမိန့်အာဏာကိုသုံးပြီး တော့ ပြည်သူလူထုအပေါ်မှာ သက်ရောက်မှုတစ်စုံတစ်ရာရှိလာအောင်လို့ သူတို့ကြိုးစားလာတယ်လို့ မြင်တယ်။ အဲ့ဒီအပေါ်မှာ ကျွန်တော်တို့ ပြည်သူလူထုက သေချာတာတစ်ခုကတော့ ကောင်းမွန်တဲ့ ရလဒ်ဘာတစ်ခုမှရှိမှာ မဟုတ်ဘူးဆိုတာလည်း သေချာ တယ်။ ဘယ်လောက်ထိအောင် တိုးပွားလာလဲဆိုလို့ရှိရင် အစောနကလည်း ပြောကြသလိုပေါ့လေ ပြည်သူလူထုကတော့ ပထမတော့ သူတို့နဲ့မဆိုင်သလိုပေါ့။ တတ်နိုင်သမျှ ခပ်ခွာခွာနေကြပေမဲ့ တဖြည်းဖြည်းနဲ့ သူတို့နဲ့ ဆိုင်လာတယ်ဆိုတဲ့ ခံစားချက်ကိုရလာတာမျိုး တွေရှိတယ်။ အဲ့ဒီအပြင်ကိုမှ ဘာထပ်ဖြစ်လာလဲဆိုလို့ရှိရင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်အပေါ်မှာ ပြည်သူတွေရဲ့ နာကျည်း ချက်တွေ မုန်းတီးချက်တွေက ပိုများလာနိုင်တယ်။ အဲ့ဒီအပြင်ကိုမှ ဒီဟာကို ဘယ်လိုတွန်းလှန်ရမလဲဆိုတဲ့ အတွေးအခေါ်မျိုးကို ချဉ်းကပ်ဖို့အတွက် သူတို့လမ်းဖောက်ပေးလိုက်တယ်လို့ ကျွန်တော်မြင်တယ်။ နောက်ဆက်တွဲ ဘယ်လောက်ထိတောင်မှ ဆိုးရွားမှု ဖြစ်ခဲ့လဲဆိုတော့ ကျွန်တော်တို့ပြည်သူတွေ မလုံခြုံခြင်းဆိုတဲ့ အရာတစ်ခုကို သူတို့ပြည့်ပြည့်ဝဝ တွန်းပို့လိုက်သလိုပဲဖြစ်လာတယ်။

ကိုယ့်အိမ်ကိုယ်ယာမှာ ကိုယ်နေပြီးတော့ ကိုယ့်အလုပ်ကိုယ်လုပ်နေရင်းနဲ့ကိုမှ  နိုင်ငံတကာမှာပြဋ္ဌာန်းထားတဲ့ ဥပဒေကို အသုံးချပြီး တော့ ပြည်သူလူထုရဲ့ မလုံခြုံမှုဘဝကို သူတို့ကတွန်းပို့လိုက်တာနဲ့ အတူတူပဲဖြစ်တယ်။ အဲ့ဒီအပြင် လက်ရှိဒီဥပဒေ ဘယ်အချိန်မှာ စထွက်လာလဲဆိုတာကို ကျွန်တော်တို့ တစ်ချက်ပြန်လေ့လာသုံးသပ်ကြည့်ရင် ၁၀၂၇ (One zero two seven) ပထမစစ်ဆင်ရေး အပြီးမှာ လှုပ်ခတ်မှုစပြီးတော့ ရိုက်ထွက်လာတာဖြစ်တယ်။ ဘာကိုဖော်ပြနေလဲဆိုတော့ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်မှာ နောက်ချန် အင်အားမရှိတော့သလို တပ်အင်အားပြုန်းတီးမှုတွေကို ပြန်အစားထိုးဖို့အတွက် လူငယ်ဆိုတာ တိုင်းပြည်ရဲ့ အသီးအပွင့် အညွှန့် အခက်တွေဖြစ်တယ်ဆိုတဲ့ဟာကို မေ့ပြီးတော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်ကို ထိထိရောက်ရောက်တိုက်ရိုက် ရိုက်ချိုးနေတာနဲ့အတူတူပဲလို့တော့ ကျွန်တော်က သုံးသပ်တယ်။ ကျွန်တော်တို့ ပြည်သူလူထုကလည်း ဒီလိုပဲ သုံးသပ်မှာဖြစ်တယ်။ ကျွန်တော်တို့ ပြည်သူလူထုတွေ ဒီအချိန်မှာဖြစ်နေတဲ့ အခြေအနေက အားမသန်လို့မာန်လျှော့ထားပြီး နီးရာဓားကို ကြောက်နေရ တာလို့မြင်တယ်။

            ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေသာ ပြည်သူတွေရဲ့ နီးစပ်ရာကို ကျွန်တော်တို့ရောက်အောင်သွားနိုင်လေလေ ကျွန်တော်တို့ ပြည်သူတွေက ဒီတော်လှန်ရေးထဲမှာ စိတ်ဓာတ်ခွန်အား လူအင်အားအပြည့်အဝနဲ့ ပူးပေါင်းနိုင်ရင်လည်း နိုင်လာလေ ဖြစ်မယ်လို့ ကျွန်တော်ကတော့ ယုံကြည်တယ်။ ဒီအချိန်မှာတော့ ကျွန်တော်တို့ပြည်သူတွေက အားမသန်လို့မာန်လျှော့ထားပြီး မီးဟာဒါကို ကြောက်နေရတယ်လို့မြင်ပါတယ်။

၂။         အခုစစ်ကောင်စီအနေနဲ့ ပြည်သူ့လုံခြုံရေး အဖွဲ့ ဆိုတဲ့ ခေါင်းစဉ်နဲ့ အသက် ၃၅ ကနေ ၆၅ နှစ်အတွင်း ပြည်သူတွေကို ထပ်ခေါ်တာ ဘယ်လို ရည်ရွည် ချက်ကြောင့် ဖြစ်နိုင်မလဲ။

            ပထမအဆင့်ကတော့ လူငယ်တွေကို ပေါ့။ ကျန်နေသေးတဲ့ လူတွေအကုန်လုံးကို တစ်နိုင်ငံလုံးအတိုင်းအတာကိုပြောမယ်ဆိုရင်တော့ မတ်တပ်ရပ်ပြီးမှ အကုန်လုံးနီးပါး သူတို့အာဏာတည်မြဲဖို့အတွက် ရှိသမျှနည်းပုံထဲမှာ ပေါ်ထွန်းလာတယ်လို့မြင်တယ်။ ဒီစစ်တပ်ရဲ့ အခြေအနေက အားလုံးမြင်တဲ့အတိုင်း ဆုံးရှုံးမှုများတယ်။ အေးနေတာကတော့ နည်းနည်းပဲ။ သူ့ရဲ့ ကျဆင်းလာတဲ့ ပုံရိပ်တွေကလည်း မနည်းမနောရှိနေတယ်။ စစ်တပ်ရဲ့ အခြေအနေကတော့ တော်တော်ဆိုးဆိုးဝါးဝါးဖြစ်နေတယ်လို့မြင်တယ်။ ဘာလို့သူတို့ ဒီဟာကိုထုတ်တာလဲဆိုတော့ ကျွန်တော့်အမြင်က ရွေးကောက်ပွဲ အတွက် သူတို့လူဦးရေးစစ်တမ်းကောက်ဖို့အတွက် ပထမအဆင့်အနေနဲ့ ပြည်သူထဲကနေပြီးတော့မှ ပြည်သူကို ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တဲ့ ပုံစံမျိုးဖြစ်နေတယ်။ ဒီနောက်ကနေ သူတို့စစ်တပ်က အကာအကွယ်ယူထားတဲ့ပုံစံမျိုးနဲ့လုပ်နေတာ။ ပြီးတော့ ရွေးကောက်ပွဲအတွက် သူတို့လမ်းစ စပြီးတော့ ဖောက်တယ်လို့မြင်တယ်။ နောက်တစ်ခုဘာထပ်ဖြစ်လဲဆိုတော့ အကဲဆတ်တဲ့နေရာ တွေမှာ အုပ်ချုပ်ရေးယန္တရား လက်လွတ်ဆုံးရှုံးထားတဲ့အတွက် သူတို့ ဒါကို ပြန်လည်တည်ဆောက်တယ်လို့ မြင်တယ်။

နောက်တဆင့် အနေနဲ့ နောက်ချဲ့အင်အားကို လုံခြုံရေးအင်အားအတွက်ကို သူတို့ပြန်လည်ဖြည့်တင်းပြီးတော့ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေတဲ့ ဒေသတွေဆီ ပို့ဆောင်နိုင်ဖို့အတွက် ရည်ရွယ်တာဖြစ်တယ်။ ဒီနှစ်ခုက ချိတ်ဆက်လို့ရတယ်။ ဥပမာ စစ်မှုမထမ်းမနေရ ဥပဒေအရ ဒီထဲမှာပါသွားတဲ့ လူငယ်တွေကို တစ်ဖက်မှာ သူတို့ရှိတဲ့အင်အားနဲ့ ရောပြီးတော့ တိုက်ပွဲစစ်မျက်နှာပြင်ကို ပို့ဖို့အတွက်ပေါ့။ ပြန်ကြည့်လို့ရှိရင် လုံခြုံရေးလျော့သွားတဲ့နေရာမှာ သူတို့ပြန်ဖြည့်ပြီးသားဖြစ်တယ်။ နောက်တစ်ခုပြန်ထပ်ကြည့်မယ်ဆိုရင် ရွေးကောက်ပွဲအတွက် သူတို့အဖြေတစ်ခုရသွားပြီ။ သေချာပြန်လေ့လာ ခွဲခြမ်းစိတ်ဖြာကြည့် လို့ရှိရင် စောနကပြောသလို ကြံ့ခိုင်ရေးကလူတွေရှိမယ်။ ပျူစောတီးတွေရှိမယ်။ နဂိုကတည်းက စကစ နဲ့ လက်တွဲပြီးအလုပ်လုပ်နေတဲ့ ပြည်သူ့စစ်တွေရှိမယ်။ ဒီလူတွေကိုပဲ သူတို့ဦးစားပေးပြီးတော့မှ ကျန်တဲ့လူတွေကို သူတို့က ပြန်ထိုးထည့်တာဖြစ်တယ်။ အဓိကတော့ ရွေးကောက်ပွဲအတွက် သူတို့စပြီးခြေလှမ်းတာလို့ ကျွန်တော်မြင်တယ်။

၃။        စစ်ကောင်စီက ပြည်သူတွေကို ခံတပ်အဖြစ်အသုံးချနေတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့ တွေ အနေနဲ့ ဗျူဟာပြောင်း သင့်ပြီလို့ အကြံပြုချက်တွေလည်းတွေ့နေရတယ်။ တော်လှန်ရေး တပ်ဖွဲ့ တွေအနေနဲ့ တကယ်ရော ဗျူဟာပြောင်းဖို့လိုမလား။ ဘာတွေပြောင်းဖို့လိုမလဲ။

            စစ်ကောင်စီကတော့ ပြည်သူတွေကို ခံတပ်အဖြစ်အသုံးချနေတာက အခုမှမဟုတ်ပါဘူး။ ကျွန်တော်တို့ စလုံရေစ ဆိုတာရှိ ကတည်းက သူတို့ဒီဟာကို အသုံးချလာတာဖြစ်တယ်။ အခုဆိုပိုပြီးတော့ တင်ရှားလာ ပိုပြီးတော့ သိသာမြင်သာတာလို့ ကျွန်တော် ကတော့ သုံးသပ်မိပါတယ်။ အားလုံးလည်း သတိထားမိမယ်လို့ ကျွန်တော်ယုံကြည်တယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ အနေနဲ့ ဗျူဟာပြောင်းသင့်ပြီးလား။ ကျွန်တော်တို့တွေကတော့ စစ်ကောင်စီကို အမြဲတမ်းစစ်ရေးသဘောအရ ချဉ်းကပ်ပြီးတော့ သွားရမယ့် နည်းလမ်းကို စောင့်ကြည့်နေတာတွေရှိတယ်။ တစ်ဖက် ဘယ်လိုဗျူဟာတွေပြောင်းသင့်တယ် ဘာတွေလုပ်သင့်တယ်ဆိုတာက စစ်ရေးရာဖြ်စတဲ့အတွက် ဒီလိုနေရာမှာတော့ ကျွန်တော်တို့ ထုတ်ဖော်ဆွေးနွေးဖို့မသင့်တော်ဘူး။ မဆွေးနွေးပါစေနဲ့။ ဒါပေမဲ့ ကျွန်တော်တို့တော့ ပြောင်းလဲမှုတော့ရှိတယ်။ ဘယ်လိုပြောင်းလဲမလဲ။ ဘာတွေလုပ်မလဲဆိုတာကိတော့ ဒီမှာတော့ ဆွေးနွေးဖို့ မသင့်တော်လို့ ဒါလေးကိုနားလည်ပေးစေချင်တယ်။

Related Articles

Back to top button