တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 24, March 22, 2024)

၁။ နားဖော့ဗျူဟာစခန်းအား KIA ပူးပေါင်းတပ် သိမ်းပိုက်
   March 21, 2024

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်ဟောင်းနေရာဖြစ်သည့် နားဖော့ ဗျူဟာစခန်းနှင့် စခန်းငယ်များအား သိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း  KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။ ၎င်းက “ သူတို့(စစ်ကောင်စီ)တပ်ထဲမှာ ကျနော်တို့အဖွဲ့တွေ နယ်မြေရှင်းလင်းရေးလုပ်နေပြီ၊ သိမ်းတဲ့ သဘောတော့ ဖြစ်ပါတယ်။ နားဖော့ကနေ ထွက်ပြေးသွားတဲ့သူတွေကို လိုက်ပြီးရှင်းလင်းနေတဲ့ တိုက်ပွဲတွေလည်း ဆက် ဖြစ်နေပါတယ်” ဟု ပြောသည်။ နားဖော့ဗျူဟာတပ်စခန်းကုန်းသည်  KIA ဌာနချုပ် လိုင်ဇာမြို့မြောက်ဘက်၊ နမ်ဆန်ယန်ကျေးရွာ၏ အရှေ့ဘက် တွင် တည်ရှိပြီး လိုင်ဇာမြို့အား အနီးကပ်ခြိမ်းခြောက်နေသည့် တပ်စခန်းဖြစ်သည်။ ထို့ပြင် ယင်းစခန်းကုန်းသည် KIA ၏ လိုင်စင်တောင်စခန်းကုန်းများနှင့် နီးကပ်ပြီး ဒေသတွင်း အရေးပါသည့် ဗျူဟာစခန်းကုန်းတခုလည်း ဖြစ်သည်။

ဗိုလ်မှူးကြီးနော်ဘူက “ လိုင်ဇာအတွက် လုံခြုံရေးကို နားဖော့က ခြိမ်းခြောက်တဲ့စခန်းဖြစ်တယ်၊ လက်နက်ကြီး တကမ်းစာလောက်ဝေးတဲ့ နေရာဖြစ်ပါတယ်။ အရေးကြီးပါတယ်။ နောက်ပြီး လိုင်စင်တောင်အတွက်လည်း တော်တော်လေးအရေး ကြီးတဲ့ ဗျူဟာမြောက် စခန်းဖြစ်ပါတယ်” ဟုပြောသည်။ ၁၉၈၇ ခုနှစ်၊ ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်တွင်  KIO ဌာနချုပ်နားဖော့ ဗျူဟာစခန်းကုန်းအား စစ်တပ်က ထိုးစစ်ဆင် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အထိုင်ချတပ်စွဲထားသည့်စခန်းဖြစ်သည်။ နားဖော့ဒေသ အတွင်း တိုက်ပွဲဖြစ်ပွားသကဲ့သို့ မိုးမောက်မြို့နယ်၊ နွယ်လန်းကျေးရွာဘက်ရှိ စစ်ကောင်စီ တပ်စခန်းများအား KIA ပူးပေါင်းအဖွဲ့ က တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲ ပြင်းထန်နေကြောင်းလည်း သိရသည်။ KIA ပူးပေါင်းအဖွဲ့သည် မတ်လ ၇ ရက်နေ့မှ စတင် ပြီး မြစ်ကြီးနား-ဗန်းမော်လမ်းတလျောက်ရှိ တပ်စခန်းများအား ထိုးစစ်ဆင်လျက်ရှိရာ ယနေ့အထိ စစ်ကောင်စီတပ်စခန်းအကြီး အသေး ၃၀ ကျော် သိမ်းပိုက်ရရှိထားပြီဖြစ်သည်။ https://www.facebook.com/photo?fbid=819964043510118&set=a.60 0722605434264
၂။ မီဇိုရမ်ဘက်သို့ ထွက်ခွာလာသည့် ဆမီးမြို့ဒေသခံ  ၃၀ နီးပါး MDF  စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရ
   March 21, 2024

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ ဒေသခံ အယောက် ၃၀ နီးပါးသည် မရာလဲန်းကာကွယ်ရေးတပ် (MDF)၏ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးထိန်းသိမ်းခံရကြောင်း ဒေသခံများထံကသိရသည်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်သို့ စစ်ဘေး ရှောင်ရန်နှင့် ကျမ်းစာကျောင်း တက်ရောက်ရန် ကားတစ်စီးဖြင့် ထွက်ခွာသွားသည့် လူငယ်အယောက် ၃၀ နီးပါးကို ဒေသခံ ချင်း ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် (MDF)၏ စစ်ဆေးရေးဂိတ်တွင် မတ်လ ၂၀ ရက်နေ့၊ ညနေပိုင်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။ “မီဇိုရမ်ဘက်မှာ စစ်ဘေးရှောင်ဖို့ သွားတဲ့ လူငယ်တွေနဲ့ ကျမ်းစာကျောင်းတက်ဖို့ လူငယ်တွေပါ။ အကုန်လုံးက ဆမီး ဘက်က လူငယ်တွေချည်းပဲ။ ဘာကြောင့် ဖမ်းသွားသလဲဆိုတာ မသိရသေးဘူး။ အဖမ်းခံရကတည်းက အဆက်သွယ်လည်းမရ သေးဘူး။ အခုထိလည်း ပြန်မလွှတ်ပေးသေးဘူး။ အဖမ်းခံရတဲ့ထဲမှာ မိန်းကလေးတွေလည်းပါတော့ စိတ်ပူရတယ်” ဟု ဖမ်းဆီးခံ ရသည့် မိသားစုဝင်တစ်ဦးက ပြောသည်။

ဖမ်းဆီးထိန်းသိမ်းခံရသည့် လူငယ်များသည် ဆမီးမြို့ရှိ ကျေးရွာလေးရွာမှ လူငယ်များဖြစ်ပြီး ၎င်းတို့ထဲတွင် မိန်းကလေး များနှင့် အသက်မပြည့်သေးသည့် လူငယ်အချို့လည်းပါဝင်နေ၍ မိသားစုဝင်များကစိုးရိမ်လျှက်ရှိကြောင်း သိရသည်။ “ကျွန်တော်တို့ MDF တပ်ဖွဲ့က အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးတာတွေ မရှိခဲ့ဖူးဘူး။ အခုသတင်းကလည်း မြေပြင်နဲ့ အဆက် သွယ်မရ သေးဘူး။ ဒါကြောင့် ကျွန်တော်အနေနဲ့လည်း မသိရသေးဘူး။ ပြီးခဲ့တဲ့ လိုင်လင်းပီဖြစ်စဥ်က ပါဆင်းရွာသား နှစ်ဦးကိုတော့ ကျွန်တော်တို့ MDF တပ်ဖွဲ့က ဖမ်းတာ ဟုတ်ပါတယ်။ သူက CNA ၊ CDF တွေကို ကျွန်တော်တို့ရဲ့ စစ်ရေးလှုပ်ရှားမှုကို သတင်းပေး တယ်။ ကျွန်တော်တို့က ခိုင်လှုံတဲ့ သက်သေအထောက်ထားနဲ့ ဝင်ဖမ်းဆီးတာဖြစ်တယ်”ဟု ကာကွယ်ရေးအတွင်းရေးမှူး  ဒူဝန် က ပြောသည်။ မရာလဲန်းကာကွယ်ရေးတပ်(MDF)သည် ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့က  မတူပီခရိုင်၊ လိုင်လင်းပီမြို့ ပါဆင်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ညီဖြစ်သူတို့ကို ဖမ်းဆီးခဲ့ပြီး ထိုသို့ဖမ်းဆီးခြင်းမှာ ၎င်းတို့၏  စစ်ရေးလှုပ်ရှားမှုများကို CNA၊CDF ထံ နေ့စဥ်သတင်းပေးပို့ကြောင်း ခိုင်လှုံသည့် သက်သေအထောက်ထားများနှင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း MDF က ဆိုထားသည်။ https://www.facebook.com/photo/?fbid=740031 034932585&set=a.583120810623609
၃။  ရပ်စောက်မှာ  SSPP ကအခွန်တွေအပြင် တပ်သားသစ်ပါ အများအပြားတောင်းခံတာကြောင့် ဒေသခံတွေ အခက်  တွေ့နေ
  March 21, 2024

ရှမ်းတောင် ရပ်စောက်မြို့နယ် နောင်လုံအုပ်စုဖက်မှာ ရှမ်းပြည်တိုးတတ်ရေးပါတီ SSPP က တပ်သားအတင်းအဓမ္မ ကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နောင်လုံအုပ်စုမှာ ရွာပေါင်း ၉ ရွာရှိပြီး ကျေးရွာကြီးတဲ့ရွာကို တပ်သား အယောက် ၄၀ ၊ရွာလတ်တွေဆို တပ်သား ၃၅ ယောက်၊ ရွာငယ်တွေတော့ တပ်သား ၁၅ ယောက် ကောက်ခံတာဖြစ်တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။“အတင်းအဓမ္မ မဖမ်းဖို့တောင်ဆိုချင်တယ်။ အခုက ရွာမှာ ညဆို မနေရဲတော့ဘူး လေ။ ကျနော်တို့ရွာက ဆန်လဲပေးတယ်။ ကားတွေလဲ အခွန်ဆောင်တယ်။ ပြည်သူစစ်ဆိုလဲ ပေးပြီးပြီ။ အခွန်တွေက ပေးနိုင်ပါ တယ်။ လူကောက်တာကျတော့ များတယ်လေ အဲတာကျတော့ ဘယ်သူမှစိတ်မဝင်စားတော့ ရွာလူကြီးတွေပဲ ဒုက္ခရောက် တယ်” အိမ်ထောင်စုတစ်ခုမှာ အမျိုးသား ၃ ယောက်ရှိရင် ၂ ယောက်သွားရမှာဖြစ်ပြီး အမျိုးသား ၂ ယောက်ရှိလည်း အဖြစ်မနေ စစ်မှုထမ်းဖို့ တစ်ယောက်သွားရမှာဆိုပြီး အတင်းအဓမ္မခေါ်နေတယ်လို့ သူကဆိုပါတယ်။

နှစ်စဉ်အခွန်ဆိုပြီး နှစ်တိုင်း ဆန်အိတ် ၁၂၀ အိတ်ပေးဆောင်ရပြီး ကားရှိတဲ့အိမ်တိုင်း ကားခွန်ဆိုပြီး တစ်နှစ်စာ ၂ သောင်းခွဲကနေ ၁ သိန်းအထိ ပေးဆောင်ရတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ နောက်ထပ် လုံခြုံရေးအရ အမည်မဖော်လို့တဲ့ ကျေးရွာ သား တစ်ဦးကလည်း “ အရင်ရက်တွေကဆိုရ ညတိုင်း ကျနော်တို့ရွာထဲ ဝင်ဖမ်းတယ်လေ အခုတလောတော့ ည ဝင် မဖမ်းတော့ဘူး။ နေ့လည်ခင်းတွေမှာ ဝင်ခေါ်တာ။ သူတို့စီမှာ စာရင်းတွေရှိတယ်လေ သွားရမယ့် စာရင်းအတိုင်း အဲဒီလူတွေ ဝင်ဖမ်းတာ။ သူတို့ စာရင်းအရ သွားရမယ့်လူဆို မရမက တွေ့အောင်ရှာတယ် ” လို့ ပြောပါတယ်။ နောင်လုံအုပ်စုမှာတော့ ရှမ်းရွာ ၇ ရွာ၊ ဓနုရွာ ၂ နဲ့ တအာင်းရွာ တစ်ရွာဖြစ်ပြီး အဆိုပါရွာတွေကတော့ နောင်လုံး၊ ပန်ဟိုက်၊ ခဲချဥ်၊ ကုန်သာ၊ ညောင်ပင်သာ၊ နောင်ရမ်း၊ ကုန်ညောင်၊ ပင်ပိန်၊ သာစည်ရွာတို့ပဲဖြစ်ပါတယ်။ https://www.facebook.com/photo?fbid=7 3934651837261 5&set=a.404503215190282
၄။ ချင်းပြည်နယ်က CDM မူလတန်းပြဆရာမတစ်ဦးကို စစ်ကောင်စီက တသက်တကျွန်းထောင်ဒဏ်ချမှတ်
   March 21, 2024

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်က CDM ကျောင်းဆရာမတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးရိုက်နှက်ပြီးနောက် စစ်ခုံရုံးဖြင့် တသက်တကျွန်း ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။ တွန်းဇံမြို့နယ်၊ ပညာရေးဌာနမှ အသက် ၂၃ နှစ်အရွယ် မူလတန်းပြ ဆရာမ လျာ-ဝုန်ဟွဲကိမ်သည် စစ်ကောင်စီ၏ ဖမ်းဆီး ချုပ်နှောင်ခံလိုက်ရပြီး နှစ်လခန့်အကြာ မတ်လ ၁၃ ရက်က တသက် တကျွန်း ထောင်ဒဏ် ချမှတ်ခံခဲ့ရကြောင်း တွန်းဇံမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မတ်လ ၁၈ ရက်က ထုတ်ပြန်ထားသည်။“သူက အဖမ်းခံရပြီး၊ တော်တော်လေးကိုလည်း နှိပ်စက်ခံရတယ်။ ပြီးတော့ စစ်ခုံရုံးကနေပဲ  တစ်သက်တစ်ကျွန်း နဲ့ ထောင်ဒဏ် ချလိုက်တယ်။ ဘာကြောင့် ဖမ်းခံရသလဲဆိုတော့ CDM ကျောင်းဆရာမဖြစ်တယ်။ Non – CDM သမားတွေရဲ့ တိုင်ကြားမှုလည်း ပါတယ်။ အဲဒါနဲ့ ဖမ်းခံလိုက်ရတာပါ” တွန်းဇံမြို့နယ်  ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်က CDM မူလတန်းပြဆရာမ လျာ-ဝုန်ဟွဲကိမ်နှင့် ဖခင်ဖြစ်သူတို့သည် တွန်းဇံမြို့ရှိ ၎င်းတို့ နေထိုင်ရာအိမ်မှ ဖမ်းဆီး ခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက CDM ဆရာမ လျာ-ဝုန်ဟွဲကိမ်ကို အိန္ဒြေသိက္ခာကို မငဲ့မကွက်ပဲ နည်းမျိုးစုံဖြင့် ရိုက်နှက် စစ်ဆေးကြပြီး မတရားပုဒ်မများဖြင့် တရားစွဲဆိုကာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ဖခင်ဖြစ်သူကိုလည်း ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့သည်ဟုသိရသည်။  ဆရာမ လျာ-ဝုန်ဟွဲကိမ် နှင့်ဖခင်ဖြစ်သူကို စစ်ကောင်စီမှ မတရားပုဒ်မများ တပ်ကာ ဖမ်းဆီး ထောင်ဒဏ်ချခြင်းကို အပြင်းအထန် ကန့်ကွက် ရှုတ်ချကြောင်း တွန်းဇံ- ပအဖက ဆိုသည်။ https://www.facebook.com/photo?fbid=916075333854854&set=pcb.91607 5503854837
၅။  ကရင်နီပြည်မှာ စစ်ပဋိပက္ခအတွင်း လက်နက်ကြီးကြောင့် သေဆုံးတဲ့ အရပ်သား ၁၀၀ ကျော်ရှိ
    March 21, 2024

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ပဋိပက္ခ သုံးနှစ်အတွင်း ကန္တာရဝတီတိုင်း( မ် ) ရဲ့ လက်လှမ်းမှီသလောက် ကောက်ယူထားတဲ့ စာရင်းအရ ကရင်နီပြည်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အရပ် သား ၁၃၆ ဦး နဲ့ ဒဏ်ရာရရှိသူ ၁၇၇ ဦး ရှိနေပါတယ်။ ဒီအချက်အလက်တွေဟာ ကောက်ယူထားနိုင်တဲ့ စာရင်းသာဖြစ်ပြီး မြေပြင်မှာ တော့ အဲ့ဒီထက် ပိုများနေပါတယ်။ အဲ့ဒီအထဲ  ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စတင်လိုက်တဲ့ ၁ လေးလုံးစစ်ဆင်ရေး အတွင်း လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးခဲ့ရသူ အများဆုံးဖြစ်ပါတယ်။ ၂၀၂၃ခုနှစ် တစ်နှစ်အတွင်း ကောက်ယူထားတဲ့ စာရင်းအရ လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးသူ ၉၇ ဦးအထိရှိနေပါတယ်။ ၂၀၂၃ခုနှစ်အတွင်း လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သားပြည်သူသေဆုံးတဲ့စာရင်းဟာ ၂၀၂၂ ခုနှစ်ကထက် နှစ်ဆကျော် ပိုများနေပြီး လွိုင်ကော်မြို့နယ်က အများဆုံးနဲ့  ၇၃ ဦး ရှိပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက စစ်ကောင်စီတပ်ဟာ သုံးနှစ်အတွင်း တိုက်ပွဲအတွင်းသာမက အရပ်သားရှိတဲ့နေရာတွေကိုပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါ တယ်။“စစ်ကောင်စီက စစ်ဖြစ်တဲ့ နေရာတွေသာမက စစ်မဖြစ်တဲ့ နေရာတွေမှာလည်း လက်နက်ကြီးတွေနဲ့ ပစ်တာမျိုးတွေရှိ ပါတယ်။ အရပ်သားပြည်သူတွေ နေထိုင်တဲ့ နေရာတွေ စစ်ရှောင်စခန်းတွေကို ပစ်တာတွေကတော့ ဒါဒီသုံးနှစ်ကာလ အတွင်းမှာ အမြဲတမ်းဖြစ်သွားတဲ့ အရာတွေပါ။”လို့ KNDF သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။“ဒီးမော့ဆို အနောက် ဘက်ခြမ်းမှာတော့ လက်နက်ကြီးတွေ လေယာဉ်တွေ စိုးရိမ်ပူပန်မှုတော့ရှိတာပေါ့။ ဘယ်လိုမျိုးလဲဆိုတော့ စစ်ကောင်စီက တိုက်ပွဲဖြစ်တဲ့နေရာကိုပဲ လေယာဉ်တွေကြဲတာမလုပ်ဘဲနဲ့ တခါတလေ ပြည်သူတွေရှိတဲ့နေရာတွေကို လေယာဉ်တွေကြဲတာတို့ လက်နက်ကြီးပစ်တာတို့ ရှိတယ်လေနော။ ပြည်သူတွေကတော့ စိုးရိမ်ပူပန်ကြတယ်။ လက်နက် ကြီးပစ်ခတ်တာကတော့ ၂၀၂၂၊ ၂၀၂၃ ခုနှစ်မှာ ပစ်တာအများဆုံးလို့ ပြောလို့ရတယ်ပေါ့နော။ စစ်ကောင်စီက ပြည်သူတွေရှိတဲ့နေရာကို လေယာဉ်တွေ လက်နက် ကြီးတွေ ဦးတည်ပြီးတော့ ပစ်ခတ်တာအများဆုံးရှိခဲ့တာကို တွေ့ခဲ့ရတယ်။ အခု ၂၀၂၄ ခုနှစ်ကတော့ သိပ်မကြားရဘူးပေါ့နော။” လို့ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။ www.kantarawaddytimes.org
၆။ ဟိုပင်တွင် SNA စစ်ကြောင်း ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီးနှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ
   March 21, 2024

ရှမ်းနီအမျိုးသားများတပ် (SNA) စစ်ကြောင်း ယမန်နေ့ နံနက် ၁၁ နာရီခန့်က မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့တွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရသဖြင့် နှစ်ဦးသေဆုံးပြီး သုံးဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။ အင်အား ၅၀ ခန့်ပါရှိသည့် စစ်ကြောင်းကို မြို့အဝင်နန့်စွန်းရပ်ကွက်အနီးတွင် ဒရုန်းဖြင့် ဗုံးသုံးလုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဟိုပင် KPDF တပ်ဖွဲ့ဝင် တစ်ဦး က ပြောသည်။“သူတို့ ရှမ်းနီတပ်တွေဒီဘက်ကို စစ်ကြောင်းထိုးလာတာလေ။ အဲဒီအချိန်မှာ ဒီဘက်ကနေပြီးမှအရင်ဆုံး လက်ဦးလိုက်တဲ့ပုံစံပေါ့။ ဒရုန်းမှတ်တမ်းထဲမှာတော့သေတာ နှစ်ယောက်တွေ့မိတယ်။ ပြီးတော့ဆက်လိုက်ကြည့် တာတော့ ဒဏ်ရာရတဲ့ သုံးယောက်ကတော့ မြစ်ကြီးနားဘက်ကိုပို့လိုက်ပြီတဲ့။ စစ်ကောင်စီတွေတော့မတွေ့ဘူး။ ရှမ်းနီတွေပဲပါတယ် ပျောက်ကြား ဝတ်စုံတွေနဲ့” ဟုဆိုသည်။

အဆိုပါတိုက်ခိုက်ခံရမှုတွင် စစ်ဝတ်စုံဝတ်ဆင်ထားသည့် SNA တပ်ဖွဲ့ဝင်နှစ်ဦးနှင့် အရပ်ဝတ် ဝတ်ဆင်ထားသူ တစ်ဦး သေဆုံးခဲ့ပြီး အရပ်သားဟုတ်၊ မဟုတ်အတည်မပြုနိုင်ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ဟိုပင်မြို့ခံတစ်ဦးက ဆိုသည်။“ဖြစ်တာ ကတော့ မိုးကောင်းကနေ ဟိုပင်အဝင်နားမှာပေါ့။ သူတို့ဘက်က စစ်သားနှစ်ယောက်နဲ့ အရပ်သား တစ်ယောက်ပေါ့သေတယ်။ အရပ်သားက ရိုးရိုးအရပ်သားပဲလား ဒါမှမဟုတ် ရှမ်းနီပြည်သူ့စစ်ပဲလားတော့မသိဘူး အရပ်ဝတ်နဲ့ပေါ့။ ကျန်တဲ့နှစ်ယောက်က တော့ ယူနီဖောင်းနဲ့” ဟုဆိုသည်။ ထို SNA စစ်ကြောင်းမှာ ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီးနောက် ပြည်လည်ဆုတ်ခွာသွားကြောင်း သိရသည်။ https://www.facebook.com/photo/?fbid=730880742572930&set=pcb.730880972572907
၇။  မြောက်ဦးတွင် စစ်ကောင်စီလေကြောင်းပစ်ခတ်မှုကြောင့် ကလေးငယ်အပါအဝင် ၅ ဦးသေ၊ ၉ ဦးဒဏ်ရာရ
   March 21, 2024

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်းဒေသရှိ အထက်လေညှင်းတောင်ကျေးရွာကို မတ်လ ၂၁ ရက် နံနက် ၈ နာရီကျော်အချိန်တွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ၅ ဦးသေဆုံးပြီး ၉ ဦးဒဏ် ရာရရှိခဲ့သည်။  သေဆုံးသူများမှာ မောင်သားထူး (၃)နှစ်၊ မောင်လင်းမြတ်ကို (၅)နှစ်၊ မအိခိုင်မွန်(၉)နှစ် မခင်သန္တာ (၁၃) နှစ်၊ ဒေါ်မသိန်းယဉ် (၃၅)နှစ် တို့ဖြစ်သည်။ ဒဏ်ရာရရှိသူများမှာ မဖူးပွင့်အိမ် (၄)နှစ်၊ ဒေါ်သန်းအေးတင် (၄၇)နှစ်၊ မဝေမာ (၃၆)နှစ်၊ ဒေါ်မညွှန့်စိန် (၆၈)နှစ်၊ ဒေါ်ခင်အေးမြင့် (၄၆)နှစ်နှင့် ဦးအောင်တင်မောင်(၅၇)နှစ်၊ ဒေါ်ခင်အေးလှိုင် (၃၅)နှစ်၊ ဦးမောင်နိုင်စိုး (၃၃)နှစ် အပြင် အသက် (၁၂)နှစ်အရွယ် ကလေးငယ်တစ်ဦး တို့ဖြစ်သည်။“မနက်ပိုင်းဆိုတော့ ရွာသားတွေက ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေထိုင်နေကြတယ်။ အဲဒီအချိန်မှာ ဂျက်တိုက်လေယာဉ်နဲ့ လာပြီးဗုံးကြဲသွားလို့အခုလို ဖြစ်သွားခဲ့ရတာ။ ကလေးတွေက ဆော့ကစားနေရင်းနဲ့ သေဆုံးသွားခဲ့ရတယ်” ဟု အထက်လေညှင်းတောင်ကျေးရွာသားတစ်ဦးက ပြောသည်။

ရခိုင်တွင် စစ်ရေးအရအရေးနိမ့်နေသော စစ်ကောင်စီသည် လေကြောင်းကိုအသုံးပြုကာ မြို့ရွာရပ်ကွက်စသည့် အရပ်သားပြည်သူများနေထိုင်ရာကို ပစ်မှတ်ထားတိုက်ခိုက်နေမှုကြောင့် အရပ်သားများ နေ့စဉ်ရက်ဆက် ထိခိုက်သေဆုံးနေကြ ရသည်။ မတ်လ ၁၈ ရက်တွင်လည်း မင်းပြားမြို့နယ်၊ သာဒေ(မွတ်ဆလင်)ကျေးရွာကို စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် လာ ရောက်ဗုံးကြဲမှုကြောင့် ဒေသခံစုစုပေါင်း ၅၀ ကျော် အစုလိုက်အပြုံလိုက် သေဆုံး၊ ဒဏ်ရာရရှိခဲ့သည်။“စစ်ကောင်စီက စစ်ရာဇဝတ်မှုတွေကို လုံးဝကျူးလွန်နေပြီး လူသားမဆန်တဲ့လုပ်ရပ်တွေကို လုပ်ဆောင်နေတယ်” ဟု ရခိုင်က လူ့အခွင့် အရေး လှုပ်ရှား သူတစ်ဦးက ပြောသည်။ ရခိုင်တွင် တိုက်ပွဲစတင်ဖြစ်ပွားသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်အထိ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးသူ (၁၁၁) ဦးနှင့် ဒဏ်ရာရရှိသူ (၃၅၇) ဦးအထိရှိသည်ဟု AA က ထုတ်ပြန်ထားသည်။ https://www.faceb ook.com/photo/?fbid=805871 398253125&set=pcb.805872771586321
၈။ သထုံမှာ ဒလန်ရှင်းလင်းစဉ် ညီဖြစ်သူ မှားယွင်းပစ်ခတ်ခံရလို့ သေဆုံး
   March 21, 2024

မွန်ပြည်နယ် သထုံမြို့နယ် ဂေါ့ကျေးရွာမှာ မတ် ၂၁ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်က အစ်ကိုဖြစ်သူ စစ်ကောင်စီ သတင်းပေး ဒလန်အား လာရောက်ရှင်းလင်းစဉ် ညီဖြစ်သူ မှားယွင်းပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ မွန်ပြည်နယ် ပကဖ ကဝန်ခံပါတယ်။ ဂေါ့ကျေးရွာလမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်းလာတဲ့ စစ်ကောင်စီသတင်းပေးဒလန် ကိုသားငယ်ရဲ့ ညီ ဖြစ်သူ အသက် ၃၃ အရွယ် ကိုဝင်းထွန်းကို သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးကမှားယွင်းပစ်ခတ်ခဲ့တာပါ။ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ကိုဝင်းထွန်းဟာ ဦခေါင်းနဲ့လက်တွေမှာ ကျည်ဖောက်ဝင် ဒဏ်ရာတွေ ရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။ မွန်ပြည်နယ် ပကဖ ဒုတာဝန်ခံက ကိုဝင်းထွန်းဟာ သူရဲ့ အစ်ကိုဖြစ်သူနဲ့ ရုပ်ချင်းဆင်တာ၊ သူအစ်ကို စီးနင်းနေတဲ့ ဆိုင်ကယ်မောင်းနှင်းလာတဲ့အတွက် မှားယွင်းပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။

မှားယွင်းပစ်ခတ်မှုကြောင့် သေဆုံးသွားသူရဲ့ မိသားစုဝင်နဲ့ပြည်သူတွေကို အနူးအညွတ် တောင်ပန်းကြောင်းနဲ့ နောက် ပိုင်းမှာ ဒီလိုဖြစ်စဉ်တွေ ထပ်မဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ ကိုဝင်းထွန်းရဲ့ အစ်ကိုဖြစ်သူ ကိုသားငယ်ဟာ စစ်ကောင်စီ ရဲတပ်ဖွဲ့ထံ သတင်းပေး လုပ်ဆောင်နေတယ်လို့ ပြောဆိုကြပေမယ့် သီခြားအတည် ပြုနိုင်တာ မရှိပါဘူး။ ပြီးခဲ့တဲ့ မတ် ၁၀ ရက်နေ့ကလည်း သထုံမြို့နယ် မြတ်စံကျေးရွာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ရပ်ကျေးဥက္ကဌ ဦးရွှေလှဦးဟာ အမည်မသိသေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးထားပါတယ်။ https://www.facebook.com/photo/?fbid=463202569603888&set=a.290136596910487

၉။  မိုးညှင်းမှာ စစ်မှုထမ်းဖို့ မဲနှိုက်ရွေးချယ်ရာမှာ အုပ်ချုပ်ရေးမှူးရဲ့အမျိုးတွေ မပါဝင်တာကြောင့် ရွာသားများကအုပ်ချုပ် ရေးမှူးကို ဝိုင်းဝန်းရိုက်နှက်
  March 21, 2024

ကချင်ပြည်နယ်၊မိုးညှင်းမြို့၊ ဇောတိကုန်း(ဘောဓိ)ကျေးရွာမှာ စစ်မှုထမ်းဖို့ မဲနှိုက်ရွှေးချယ်တဲ့အချိန် အုပ်ချုပ်ရေးမှူးရဲ့ အမျိုးတွေ မပါဝင်တာကြောင့် ရွာသားတွေက အုပ်ချုပ်ရေးမှူးကို ဝိုင်းဝန်းရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးဟာ တစ်အိမ်တစ်ယောက် နာမည်စာရင်းကောက်ပြီးတော့ မတ်လ ၂၀ ရက်နေ့မှာ အစည်းအဝေးပြုလုပ် တဲ့အချိန် ဝိုင်းဝန်းရိုက်နှက်ခံခဲ့ရတာဖြစ်ပါတယ်။ “အဲဒီမှာမဲစနစ်နဲ့ စစ်သားလုပ်ဖို့အတွက် မဲထည့်၊ မဲနှိုက်ခိုင်းတဲ့အထဲမှာ အုပ်ချုပ် ရေးမှူးရဲ့ အမျိုးတွေက မပါတဲ့အတွက် သူတို့အချင်းချင်း ငြင်းခုံကြပြီးနောက် ရိုက်နှက်ကြတာတဲ့။ အဲဒါနဲ့ အုပ်ချုပ်ရေးမှူးကို ဝိုင်း ရိုက်ကြတာတဲ့။”လို့ ဒေသခံက ဆိုပါတယ်။ အထက်ပါဖြစ်စဉ်ကြောင့် အစည်းအဝေးလည်း ပျက်သွားခဲ့ရပြီး အုပ်ချုပ်ရေးမှူးက တော့ ဘယ်လောက်ထိ ထိခိုက်ဒဏ်ရာရရှိခဲ့သလဲဆိုတာ မသိရှိရဘူးလို့ ဆိုပါတယ်။

အစည်းဝေးပြုလုပ်ချိန် အနှောက်အယှက်မရှိစေဖို့ရုံးခြံဝင်းအပြင်ဘက်မှာ စစ်သားနဲ့ရဲတွေလုံခြုံရေးယူထားကြားက အခု လိုရိုက်နှက်ခံခဲ့ရတာဖြစ်တယ်လို့  နောက်ထပ်ဒေသခံတစ်ဦးကပြောပါတယ်။  အဲဒီကျေးရွာဟာ ၂၀၁၄ သန်းခေါင်းစာရင်းအရ လူဦးရေ ၁,၀၀၀ ကျော်လောက်နေထိုင်တဲ့ ကျေးရွာတစ်ခုဖြစ်ပြီး မိုညှင်းဘူတာအနောက်ဖက် ဟဲလုံကျေးရွာသွားတဲ့ လမ်းပေါ်မှာ တည်ရှိတာဖြစ်ပါတယ်။ စစ်ကောင်စီဟာ လွန်ခဲ့တဲ့ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက် ပြီး မတ်လ လဆန်းပိုင်းလောက်ကတည်းက နိုင်ငံအနှံ့ရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေပါမကျန် စစ်မှုထမ်းဖို့ ဆင့်ခေါ်နေပြီး တော့ ကချင်ပြည်နယ်မှာလည်း ခရိုင်မြို့တွေက ရပ်ကွက်/ကျေးရွာတွေမှာ ဆင့်ခေါ်စာတွေ ရောက်ရှိနေပါတယ်။ https://www. facebook.com/photo?fbid=430567976316868&set=a.2660019 99440134
၁၀။ စစ်သင်တန်းတက်ဖို့ ခေါ်ဆောင်ခံရတဲ့ ရိုဟင်ဂျာခုနစ်ဦးအလောင်း စစ်ကောင်စီပြန်ပို့
   March 22, 2024

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်းမှာ စစ်သင်တန်းတက်ဖို့ အတင်းအဓမ္မ ခေါ်ဆောင်ခံရတဲ့ ရိုဟင်ဂျာတွေထဲက အ လောင်းခုနစ်လောင်းကို မတ်လ ၁၂ ရက်နေ့က စစ်ကောင်စတပ်က မိသားစုတွေထံ လာရောက်ပို့ဆောင် ခဲ့တယ်လို့ ရွာသား တွေက ပြောပါတယ်။ သဲချောင်းလက်သမားရွာက ငါးဦး၊ သက်ကယ်ပြင်ရွာက တစ်ဦးနဲ့ သဲချောင်းရွာက တစ်ဦး၊ စုစုပေါင်း ရိုဟင်ဂျာ ခုနစ်ဦးရဲ့ ရုပ်အလောင်းတွေကို ရဲကားနဲ့ လာပို့သွားတာလို့ ဆိုပါတယ်။ သူတို့ဟာ စစ်သင်တန်း တက်နေရင်း ထွက်ပြေး ရာကနေ မိုင်းနင်းမိပြီး သေဆုံးသွားတာဖြစ်ကြောင်း လာပို့တဲ့ စစ်ကောင်စီတပ်သားတွေက ပြောဆိုခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက ပြောပါတယ်။

“အလောင်း ခုနစ်လောင်းကို ရဲကားနဲ့လာပို့ပါတယ်။ သူတို့က စစ်သင်တန်းတက်ဖို့ စစ်ကောင်စီတပ်က ခေါ်သွားတဲ့သူတွေပါ။ လာပို့တဲ့သူတွေကို မိသားစုဝင်တွေက မေးကြည့်တော့ သင်တန်းတက်တုန်းမှာ ထွက်ပြေးရင်း မိုင်းနင်းပြီးသေသွားတာ လို့ ပြောပါတယ်။ အလောင်းတွေကတော့ ခြေပြတ်၊ လက်ပြတ်တွေ မြင်လိုက်ရပါတယ်။ ကျည်ဒဏ်ရာတွေပါလား၊ မပါလား တော့ မသိပါဘူး” စစ်တွေမြို့နယ်က ရိုဟင်ဂျာတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစလို့ စစ်သင်တန်းတက်ဖို့အတွက် ရွာကြီးရင် လူသုံးဆယ်၊ ရွာငယ်ရင် လူနှစ်ဆယ်ပေးဖို့ ကျေးရွာတာဝန်ခံတွေကတစ်ဆင့် အတင်းအဓမ္မ လူစုခိုင်းတာဖြစ်ပြီး ဒုက္ခသည်စခန်း တွေက ရိုဟင်ဂျာတွေအများစုကိုလည်း စစ်သင်တန်းတက်ဖို့ ခေါ်ဆောင်သွားတာ ရှိတယ်လို့ လည်း ဆိုပါတယ်။  လက်ရှိမှာတော့ အဲဒီ ရိုဟင်ဂျာတွေကို စစ်ကောင်စီတပ်ရဲ့ စစ်တွေမြို့အခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ထဲမှာ စစ်သင်တန်းတွေ ပေးနေ တာလို့ ဒေသခံတွေက ပြောပါတယ်။  https://www.facebook.com/photo/?fbid=825182096309861&set=a.583637430 464330
၁၁။ မော်လမြိုင်မှာ လူငယ်တွေကို ဖုန်းစစ်ပြီး ဆက်တိုက်ဖမ်းဆီးနေ
   March 21, 2024

မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာလူငယ်တွေကို လုံခြုံရေး အကြောင်းပြချက်နဲ့ ဖုန်းတွေကိုပါ စစ်ဆေးပြီး ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေးအကြောင်းပြချက်နဲ့ မြို့တွင်းရှိ လူစည်ကားရာနေရာတွေ၊ မြို့အဝင်အထွက်နေရာတွေ အပြင် လမ်းဆုံလမ်းခွတွေမှာ အင်းအားအများအပြားအသုံးပြုပြီး နေ့ရောညပါ စစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေတာပါ။ အဲဒီလိုစစ်ဆေးရေးမှာ ဖုန်းတွေကိုပါ စစ်ဆေးလာသလို စစ်ကောင်စီက လိုင်စင်ပိတ်သိမ်းထားတဲ့ သတင်းဌာနတွေရဲ့ သတင်း တွေကို မှတ်ချက်ပြုရေးသားတာ၊ ပြန်လည်မျှဝေတာတွေ တွေ့ရှိပါက ဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်နေပါတယ်။

မော်လမြိုင်မြို့ခံတစ်ဦးက စစ်ကောင်စီဟာ ဒေသခံပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို ယာဉ်စစ်လို့ ပြောဆိုကာ ဆိုင်ကယ် တွေကို စစ်ဆေးတဲ့အပြင် ဖုန်းတွေကိုပါ စစ်ဆေးပြီး အကြောင်းအမျိုးမျိုးပြပြီး ငွေတောင်းခံမှုတွေ ကျူးလွန်နေတယ်လို့ ပြောပါ တယ်။“အခုဟာက ဆိုင်ကယ်တွေ့လို့ရှိရင် ယာဉ်စစ်လို့ ပြောတယ်။ ယာဉ်စစ်ဆိုတော့ ဆိုင်ကယ်မောင်းတဲ့သူတွေက ရပ်ပေး လိုက်တယ်။ ရပ်ပေးပြီး ဖင်ထိုင်ခုံလှန်ပေးပြီးရင် ဖင်ထိုင်ခုံထဲမှာ မည်သည့်ပစ္စည်းမှမတွေ့ဘူး။ မတွေ့ရင် လွတ်ပေးလား ဆိုတော့ မဟုတ်ဘူး။ အခုက ကိုယ်ရေးကိုယ်တာ တခါမှမတွေ့ဖူးတဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက် ဖုန်းထဲကဟာတွေ လိုက်ကြည့် ပြီးတော့ နောက် ဆုံး ဘာမှမရတော့ရင် တစ်ခုခုကို အကြောင်းပြပြီးတော့ သူတို့ပါးစပ်ကထွက်တဲ့ ဈေးနဲ့ လုပ် စားနေတယ်”လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေးအကြောင်းပြချက်နဲ့ ဖုန်းတွေကို စစ်ဆေးပြီးနောက် ငွေကြေး အဆမတန် တောင်းခံတာတွေရှိနေပြီး ငွေကြေးမပေးဆောင်ပါက ဖမ်းဆီးအမှုဖွင့်တာတွေ လုပ်ဆောင်နေတာပါ။ https://www.facebook.com/photo?fbid=462783796312432&set=a.290136596910487

၁၂။ ရှားတောမြို့သိမ်းတိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတာကြောင့် ဒေသခံတွေ နေရပ်မပြန်နိုင်သေး
   March 21, 2024

ကရင်နီပြည်၊ ရှားတောမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းယူနိုင်ခဲ့ပြီးနောက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေ ဆဲဖြစ်တဲ့အတွက် စစ်ဘေးရှောင်နေကြတဲ့ ဒေသခံတွေနေရပ်ကိုမပြန်နိုင်ကြသေးဘူးလို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားစဉ်က ရှားတောမြို့တွင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့နေရာအပြင် မြေမြှုပ် မိုင်း အန္တရာယ်ရှိနေနိုင်တာကြောင့် မပြန်ခိုင်းသေးဘူးလို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။“လက်ရှိအချိန်ထိရွာကို ပေး ပြန် နေတာ မရှိသေးဘူး။ ပေးပြန်နေလို့လည်း မရသေးဘူးပေါ့နော်။ ပြီး နယ်မြေရှင်းလင်းရေး လုပ်ရတာ ရွာကို သန့်ရှင်းရေးပြန် လုပ်တာ အခုလောလောဆယ်က သူတို့ မြောက်ပိုင်းဘက်မှာ ရွာကို သန့်ရှင်း ရှင်းလင်းရေး လုပ်တယ်။ တောင်ပိုင်း အရှေ့ပိုင်း တွေမှာ လုပ်တယ်ပေါ့နော်။ စေတီ အနီးအနားတဝိုက်မှာ သူတို့ လေယာဉ်နဲ့ လက်နက်ကြီး တွေ တအားလာကြဲတဲ့နေရာဆို ပို အန္တရာယ် ရှိတဲ့နေရာဆို သူတို့ကိုတော့ မလုပ်ခိုင်းသေးဘူးပေါ့နော် အခုလောလောဆယ်က ရွာမှာ ပြန်နေတာ တစ်အိမ်မှ မရှိသေးဘူးပေါ့နော်။ “ လို့ အဆိုပါ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

နေရပ်မပြန်နိုင်သေးတဲ့ ရှားတောမြို့ပေါ်က စစ်ဘေးရှောင်တွေဟာ နေ့စဥ် စားသောက်ရေး နဲ့ နေရာထိုင်ခင်းအတွက် မိုးကာ၊ ဆေးဝါးတွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။ လက်ရှိ ရှားတောမြို့ခံတွေ ထွက်ပြေးတိမ်းရှောင်တဲ့ စစ်ဘေးရှောင် စခန်းမှာ အိမ်ခြေ ၄၇၇ အိမ် ရှိပြီး လူဦးရေ စုစုပေါင်း  ၁,၇၃၁ ရှိတယ်လို့ သိရပါတယ်။ ရှားတောမြို့အတွင်းက စစ်ကောင်စီတပ် စခန်းအားလုံးကို တော်လှန်ရေးတပ်ဖွဲ့တွေက ယခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာပဲ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး  ရှားတောမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်ပြီလို့လည်း အသိပေးထားခဲ့ပါတယ်။ သိမ်းပိုက်ထားတဲ့ နေရာတချို့ တွေမှာ ပြန်လည်နေထိုင်နိုင်ပေမယ့် တချို့နေရာကတော့ လုံခြုံရေးအရ ပြန်လည်နေထိုင်လို့ မရသေးဘူးလို့ ကရင်နီအမျိုးသား များ ကာကွယ်ရေးတပ် (KNDF) သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။  www.kantarawaddytimes.org
၁၃။ တနင်္သာရီနဲ့ ပုလောမှာ လက်နက်ကြီးကျည်ထိမှန်သူ တစ်ရက်တည်းမှာတင် သုံးဦးရှိ
  March 21, 2024

တိုက်ပွဲဖြစ်ပွါးတာမရှိဘဲ စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက်ကြီးပစ်ခတ်လိုက်တာကြောင့် ဒီနေ့တစ်ရက်တည်း မှာတင် တနင်္သာရီနဲ့ ပုလောမြို့နယ်ထဲက သက်ကြီးပိုင်းသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။  တနင်္သာရီမြို့နယ်၊ ဇဝဲရွာ အခြေစိုက် စစ် ကောင်စီတပ်ရင်း ခမရ (၅၅၆) ကနေ သုံးမိုင် နီးပါးကွာဝေးတဲ့ ရမ်းဖိုရွာတဝိုက်ကို ဒီက နေ့ မနက် ၈ နာရီခွဲလောက်က စပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ အဲ့ဒီနောက် မနက် ၁၀ နာရီခွဲအချိန်မှာပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ရမ်းဖိုရွာဒေသခံတွေ စစ်ဘေးရှောင်နေတဲ့ တောတွင်းတစ်နေရာကို ကျရောက်ပေါက်ကွဲခဲ့ပြီး သက်ကြီး ပိုင်း အမျိုးသားနှစ်ဦး လက်နက်ကြီးကျည်စထိမှန်ခဲ့တယ်လို့ ရွာခံ စစ်ရှောင် အမျိုးသားတစ်ဦးက ပြောပြပါတယ်။“ နောက်ဆုံး ပစ်တဲ့ အချက်မှာမှ ထိသွားတာဗျ။ အဲ့ဒါပြီးတော့ ထပ်မပစ်တော့ဘူး။ ယာယီတဲတွေလည်း နည်းနည်းပျက်စီးသွားတယ်” လို့ ရမ်းဖိုရွာခံက ပြောပါတယ်။

လက်နက်ကြီးကျည်စထိမှန်ခဲ့သူတွေကတော့ အသက် (၆၀) ဝန်းကျင်အရွယ်တွေဖြစ်တဲ့ ဦးရွှေဝင်းနဲ့ ဦးဝင်းအေး တို့ ဖြစ်ပြီး နှစ်ဦးစလုံး ရရှိတဲ့ ဒဏ်ရာတွေက စိုးရိမ်ရတယ်လို့ ရမ်းဖိုရွာခံတွေဆီက သိရပါတယ်။ ဦးရွှေဝင်းဟာ ဦးခေါင်းအနောက် ဘက်မှာ ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဦးဝင်းအေးကတော့ ဆီးခုံမှာ ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ကာ ခန္ဓာကိုယ်ထဲမှာလည်း ကျည် စတွေဝင်ခဲ့တယ်လို့ ရမ်းဖိုရွာခံတွေကပြောပါတယ်။ အဲ့ဒီတစ်နေ့တည်းမှာပဲ ပုလောမြို့နယ်ထဲရှိ မင်းပြင်ရွာကိုလည်း စစ်ကောင်စီ တပ်သားတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေပြုလုပ်ခဲ့လို့ မင်းပြင်ရွာခံ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး လက်နက်ကြီး ကျည်စ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ထိခိုက်ခဲ့သူက အသက် ၅၀ ကျော်အရွယ် ဒေါ်ကြေးမုံဖြစ်ပြီး ဒီက နေ့မနက် ၉ နာရီအချိန် လောက်မှာ သူ့ရဲ့နေအိမ်မှာရှိနေချိန် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ ကျည်စထိမှန် ဒဏ်ရာ ရခဲ့တာဖြစ်ပါတယ်။“ဇာဒီတောင်ပေါ်ကနေ တက်လာပစ်တာ။ မနက်ကတည်းက ခဏခဏပစ်နေတယ်။”လို့ သက်လတ် ပိုင်းအရွယ် ပလမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ https://www.facebook.com/photo?fbid=435738815510540&se t=pcb.435738908843864
၁၄။  KNU တပ်မဟာ ၅ နယ်မြေရှိ စစ်ကောင်စီ၏ တပ်ရင်း အမှတ် ၁၉ ကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ စစ်တပ်က  လေကြောင်းဖြင့် တန်ပြန်ပစ်ခတ်မှု နေအိမ် ၇ လုံး ပျက်စီး
  March 22, 2024

ကရင်ပြည်နယ်၊ KNU တပ်မဟာ နယ်မြေအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်း အမှတ် ၁၉ အတွင်းသို့ ဒရုန်း ဖြင့် ဗုံးကျဲခြင်း၊ စနိုက်ပါဖြင့် ပစ်ခတ်ခြင်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း KNU မူတြော် သတင်းစဉ်က တရားဝင်သတင်းထုတ်ပြန်သည်။ မတ် ၂၁ ရက် ညနေ ၃ နာရီခန့်က KNU အမှတ် ၅ တပ်မဟာ၏ ဒရုန်းတပ်ဖွဲ့မှ အကြမ်းဖက်စစ်ကောင်စီ၏တပ်ရင်း ၁၉ တပ်စခန်းအတွင်းသို့ ဗုံးသီးကျဲချခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ မတ်လ ၂၀ ရက်နေ့ကလည်း KNU အမှတ် ၅ တပ်မဟာ၏ လက်ဖြောင့်စစ်သည်များမှ အကြမ်းဖက် စစ်ကောင်စီ ၏ တပ်ရင်း ၁၉ အတွင်းရှိ စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ စစ်သား ၂ ဦး သေ ဆုံးပြီး ၃ ဦးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ မတ်လ ၂၁ ရက် မွန်းတည့် ၁၂ နာရီ ၄၅ မိနစ် အချိန်ခန့်က လူသောမြို့နယ်၊ ဘောသေထာ ကျေး ရွာအုပ်စု၊ ပနောကလဲကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ နေအိမ် ၇ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ဝက် ၈ ကောင်နှင့် ဆိတ် ၆ ကောင်လည်း ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ မကြာမီ အချိန်အတွင်း နောက် ထပ်ဂျက်တိုက်လေယာဉ်တစ်စီး ထပ်မံရောက်လာကာ ဒွယ်လိုးကျေးရွာအတွင်းသို့ ဗုံးသီး တစ်လုံး ထပ်မံ ပစ်ချခဲ့ကြောင်း သိရ သည်။ ထို့ပြင် မတ်လ ၂၁ ရက်နေ့  မွန်းတည့် ၁၂ နာရီ ၃၈ မိနစ်မှ ၂ နာရီ ၁၂ မိနစ်အတွင်း လူသောမြို့နယ်၊ဘောသေထာကျေး ရွာအုပ်စုအတွင်းရှိ ထူမောဒဲ၊ နီးဒိုထာနှင့် တာဒိုထာကျေးရွာများ အတွင်းသို့ စစ်တပ်က ဒရုန်းဖြင့် ဗုံး သီး ၄၃ လုံး ၊ မွန်းလွဲ ၁ နာရီ ၃ မိနစ် အချိန်မှ ၂ နာရီ ၇ မိနစ်အချိန် အထိ ဘူးသိုမြို့နယ်၊ မယ်ကလော ကျေးရွာ အုပ်စုအတွင်းရှိ ဘော့ထာကျေးရွာအတွင်းသို့ စစ်တပ်က ဒရုန်းဖြင့် ဗုံးသီး အလုံး၂၀ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ https://www.facebook.com/photo/?fbid=773 240314903577&set=a.568142278746716
၁၅။ မင်းတပ်မှာ လူငယ်သုံးဦး စစ်ကောင်စီတပ်ထဲ ဖမ်းဆီးစစ်ဆေးခံနေရ
   March 22, 2024

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ မတ်လ ၂၁ ရက် မနေ့က ဒေသခံ လူငယ်သုံးဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီး သွားပြီး မင်းတပ်အခြေစိုက် ခလရ (၂၇၄) တပ်ရင်းထဲမှာ စစ်ဆေးခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီလူငယ် တွေ ဟာ မင်းတပ်မြို့နယ်၊ ချိုင်ရွာကဖြစ်ပြီး မင်းတပ်မြို့ပေါ်ကို ဈေး၀ယ်ဖို့လာချိန် မြို့အ၀င်နားမှာ ဖမ်းဆီးခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “စစ်ကောင်စီရဲ့ ကင်းလှည့်ချိန်နဲ့ လူငယ်သုံးဦး တိုးသွားတယ်။ အဲမှာ ဖုန်း တွေကိုစစ်ပြီး ဖမ်းခေါ်သွားဝာာ။ အခုအချိန်အထိ ပြန်မလွှတ်သေးဘူး” ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ အသက် ၂၀ ကျော်အရွယ် အမျိုးသားတွေဖြစ်ပါတယ်။ ချိုင်ကျေးရွာဟာ မင်းတပ်မြို့နဲ့ ၂၅ မိုင်ခန့်ကွာဝေးပြီး အဲဒီက‌ ဒေသခံတွေဟာ စားသောက်ကုန်နဲ့ လူသုံးကုန် ပစ္စည်းတွေကို မင်းတပ်မြို့ပေါ်ကို လာရောက်၀ယ်ကြရဝာာဖြစ်ပါတယ်။ https://www.facebook.com/photo/? fbid=825157782978959&set=a.583637430464330
၁၆။ ရေးမှာ ရိုဟင်ဂျာ ၈၀ နီးပါး ဖမ်းဆီးခံရ
   March 21 ,2004

မွန်ပြည်နယ် ရေးမြို့နယ် ကုလားကုတ်ကျွန်းရဲ့  အနောက်တောင်ဘက်ပင်လယ်ပြင်မှာ ရိုဟင်ဂျာ ၇၈ ဦးကို စစ်ကောင်စီ ရေတပ်က ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မတ် ၁၉ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ ဇွဲခေတ်ဆန်း အမည် ရှိ စက်လှေကို စစ်ကောင်စီရေတပ်အဖွဲ့က တားဆီးစစ်ဆေးရာ လှေပေါ်မှာ ရိုဟင်ဂျာတွေ တွေ့ရှိတာကြောင့် ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာတွေထဲမှာ အမျိုးသား ၄၄ ဦးနဲ့ အမျိုးသမီး ၃၄ ဦးပါဝင်ပြီး လတ်တ လောမှာ ကုလားကုတ်ကျွန်းမှာပဲ ဆက်လက်ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကနေ မလေးရှားနိုင်ငံထဲ သွားရောက်ကြမယ့်သူတွေလို့ သိရပါတယ်။ ဖမ်းဆီးခံ ရိုဟင်ဂျာတွေကို စစ်ကောင်စီက ရေးမြို့ထံပို့ဆောင်ပြီး လဝကအက် ဥပဒေနဲ့ အမှုဖွင့်အရေးယူဖို့ စီစဉ်ထားတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်နေ့က လည်း သံဖြူဇရပ်မြို့နယ် ဝါခရုရွာရော်ဘာခြံထဲမှာ ပုန်းခိုနေတဲ့ ရိုဟင်ဂျာကလေးငယ် ၉ ဦးအပါအဝင် စုစုပေါင်း ၁၁၇ ဦးကို စစ်ကောင်စီဘက်က ဖမ်းဆီးခဲ့သေးတာဖြစ်ပါတယ်။ တဖက်မှာတော့ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာတွေကို စစ်မှုထမ်းဖို့ဖမ်းဆီးတာနဲ့ စာရင်းကောက်ယူတာတွေ လုပ်ဆောင်နေတယ်လို့ ရိုဟင်ဂျာအရေးကူညီဆောင်ရွက်သူတွေက ပြော ပါတယ်။ https://www.facebook.com/photo?fbid=462772896313522&set=pcb.462773129646832

၁၇။  တီးတိန်တွင် စစ်တပ်က လူငယ်များကို ဖမ်းဆီးပြီး စစ်မှုထမ်းရန် စာရင်းသွင်းနေ
   March 21, 2024

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ စစ်ကောင်စီတပ်က စစ်မှုထမ်းဆောင်ဖို့ လူဦးရေစာရင်းတွေ ကောက်ယူနေတယ်လို့ တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။ မတ် ၁၈ ရက်က စတင်ကာ စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင် တွေက တီးတိန်မြို့ပေါ်က လမ်းသွားလမ်းလာ လူငယ်တွေကို ဖမ်းဆီးပြီး စစ်မှုထမ်းဆောင်ဖို့ စာရင်းသွင်းတာတွေ လုပ်ဆောင် နေတယ်လို့ သိရပါတယ်။ တီးတိန်မြို့ပေါ်က စစ်ကောင်စီတပ်သားတွေ ထိန်းချုပ်ထားတဲ့ စကောလမ်းရပ်ကွက်နဲ့ မြို့မရပ်ကွက် တွေမှာလည်း လူဦးရေစာရင်း ကောက်ယူတာတွေ အဓိက လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက “မြို့ထဲမှာတော့ သူတို့ သုံးဖွဲ့ခွဲပြီးတော့မှပေါ့။ တွေ့သမျှလူငယ် တွေ ဖမ်းပြီး ဖောင်ဖြည့်ခိုင်းတယ်၊ နာမည်၊ မှတ်ပုံတင်နံပါတ်၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ် တောင်းတယ်။ ပြီးမှ ပြန်ပြီးဆက် သွယ်မယ်ဆိုပြီး ပြန်လွှတ်ပေးတယ်။ စစ်မှုမထမ်းမနေရ သူတို့ချပြထားတဲ့ မူဝါဒအပေါ်မှာ လူငယ်တွေကို သူတို့က စာရင်း ကောက်နေတယ်။ စစ်ရေးအရ ဆိုရင်လည်း သူတို့က အင်အားနည်းနေတော့ သူတို့ အင်အားလည်း ဖြည့်ချင်တဲ့သဘောပေါ့” လို့ ပြောပါတယ်။ တီးတိန်မြို့မရဲစခန်း၊ တီးတိန် ၂၆၈ တပ်ရင်း၊ လျှပ်စစ်ရုံး၊ MPT ဖုန်းတာဝါ စတဲ့နေရာတွေမှာ စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့ဝင် အင်အား ၁၅၀ ကျော် နေရာယူထားတယ်လို့ သိရပါတယ်။ https://burmese.dvb.no/post/644417
၁၈။ ဆွမ်ပရာဘွမ်ဒေသ စစ်ဘေးရှောင်တွေတွက် အစားသောက်နဲ့ နေရာထိုင်ခင်းပြင်ဆင်ပေးဖို့ကူညီလိုအပ်နေ
   March 21, 2024

ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူ တစ်ထောင်ကျော်အတွက် နေရာထိုင်ခင်းနဲ့အစားသောက် ကူညီထောက်ပံ့ဖို့လိုအပ်နေတယ်လို့ ဆွမ်ပရာဘွမ်ဒေသခံ အသင်း တော် တာဝန်ရှိသူတွေက ပြောပါတယ်။ မတ်လ ၉ ရက်နေ့ကစတင်ခဲ့တဲ့ ဆွမ်ပရာဘွမ်မြို့စခန်းသိမ်းတိုက်ပွဲအတွင်း ဒေသခံ ပြည်သူ စုစုပေါင်း ၁၃၀၀ ဝန်းကျင်ဟာ နီးစပ်ရာ တောတောင်တွေနဲ့ ကျေးရွာတွေဆီ ထွက်ပြေးတိမ်းရှောင်နေရတာ ခုဆိုရင် ၁၀ ရက်ကျော်ရှိလာပြီဖြစ်ပြီး ဆေးဝါးနဲ့အစားအသောက်လိုအပ်လာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။“တချို့က တောတောင်တွေထဲ တိမ်းရှောင်နေတယ်။ တချို့က ကျေးရွာတွေထဲ တိမ်းရှောင်နေတယ်။ အခုအရေးပေါ်က ရက်ကြာလာတာ တော့ ဆေးဝါးနဲ့ အစားအသောက်တွေ လိုအပ်နေတယ်။ အခုက ရွာတွေထဲရှိတဲ့ စျေးဆိုင်တွေကနေပဲ ဖြစ်သလို ဝေစားမျှစား ဖြေရှင်းနေတယ်။ ကားလမ်းလည်းပိတ်ထားတော့ အချိန်ကြာလာတာနဲ့ တော်တော်ဒုက္ခရောက်မဲ့ အနေအထားဖြစ်နေတယ်”လို့ ဆွမ်ပရာဘွမ်ဒေသ အသင်းတော်တာဝန်ရှိသူ တစ်ဦး ကပြောပါတယ်။

တိုက်ပွဲအခြေအနေကြောင့် မြစ်ကြီးနား–ပူတာအိုကားလမ်းမကြီး ပိတ်ထားတဲ့အတွက် မြို့ဘက်ကနေကူညီမှုတွေ ပို့ပေး နိုင်ဖို့လည်းခက်ခဲနေတယ်လို့ ဆိုပါတယ်။ လက်ရှိ ဆွမ်ပရာဘွမ်မြို့ဒေသခံပြည်သူတွေထဲက တော၊ တောင်တွေထဲတိမ်းရှောင် နေသူ  ၂၀၀ ကျော်ရှိပြီး မြစ်ကြီးနားအဆင်းဘက် ကားလမ်းမတစ်ကြောကျေးရွာတွေမှာ အများအပြားတိမ်းရှောင်နေတယ်လို့ သိရပါတယ်။ ဆွမ်ပရာဘွမ် – မြစ်ကြီးနား ကားလမ်းမတစ်ကြောရှိ ဆူယာန်(Su Yang)၊ မိုင်ထောင်း( Mai Htawng)၊ ခဂရန်းယန် (Hka garan Yang)၊ အင်တားဂလိုကျေးရွာ( Nta galu mare) စတဲ့ ကျေးရွာ ၄ ခုမှာ အများပိုင်းတိမ်းရှောင်နေတယ်လို့  သိရပါ တယ်။ စစ်ရှောင်နေတဲ့ လူဦးများတဲ့အတွက် ကျေးရွာတွေထဲပျံ့ကြဲပြီး တိမ်းရှောင်နေသူတွေအတွက်လည်း ရက်ကြာလာရင် အဆင်မပြေသလို တောထဲတွေမှာ ထွက်ပြေးတိမ်းရှောင်နေသူတွေအတွက်လည်း နေရာသတ်မှတ်ပြီး နေရာထိုင်ခင်း ပြင်ဆင် ပေးဖို့လို အပ်နေတယ်လို့ သိရပါတယ်။ https://burmese.kachinnew s.com/2024/03/20/ld1-129/
၁၉။ ဖယ်ခုံပြည်သူ့ဆေးရုံကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်
   March 22, 2024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ့ဆေးရုံအပါအဝင် အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူအချို့ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။“ ဒီမနက် တိုက်ပွဲ ဖြစ်တာမျိုးလည်းမရှိဘဲ လာကြဲသွားတာ” ဟု ဖယ်ခုံဒေသခံ ၁ ဦးက ပြောသည်။ ယနေ့ နံနက် ၁၀ နာရီခန့်တွင် ဖယ်ခုံမြို့ နယ်ရှိ လအိပြည်သူ့ဆေးရုံကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၄ ကြိမ် တိုင်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ၁၀၀၇ တပ်ရင်းက ထုတ်ပြန် ထားသည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံဝန်းကျင်ရှိ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံကား ၁ စီးနှင့် ဆေးရုံ အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ လအိပြည်သူ့ဆေးရုံသည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် -NLD အစိုးရလက်ထက်က နိုင်ငံတော်အစီအမံဖြင့်တည်ဆောက်ခဲ့သော ဆေးရုံဖြစ်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်တွင်လည်း  ဒီးမော့ဆိုမြို့နယ် ဒေါဆီးအီကျေးရွာရှိစာသင်ကျောင်း နှင့် လွိုင်နန်းဖ ကျေးရွာရှိ စာသင်ကျောင်းအနီးတဝိုက်ကို စစ်ကောင်စီက လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ပြီး ကလေးငယ် ၄ ဦး သေ ဆုံးကာ ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ ဆောင်းဖွေးဒုက္ခသည်စခန်းရှိ ဆေးခန်းများကိုလည်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီ ၂၅ ရက်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ဆေးခန်းသုံးကိရိယာများပျက်စီးဆုံးရှုံးခဲ့ ရသလို မွေးလူနာ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ https://thanlwinkhet.net/?p=8581
၂၀။ ဒုံးတပ်အပါ ထောက်ပို့တပ်စခန်းအကြီးဖြစ်တဲ့ နွမ်လန့် တပ်စခန်း ၂ ခုကို KIA က တစ်ရက်ထဲ သိမ်းပိုက်တိုက်ပွဲမှာ ၂ ဖက် ထိခိုက်သေဆုံးမှုရှိ
  March 22, 2024

မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်မှာရှိတဲ့ ဒုံးတပ်အပါ စစ်တပ်ရဲ့ ထောက်ပို့တပ်စခန်းတစ်ခုဖြစ်တဲ့ နွမ်လန့်တပ်စခန်း ကြီးကို KIA ပူးပေါင်းတပ်တွေက မတ်လ ၂၁ ရက်နေ့ တစ်ရက်တည်းမှာပဲတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ နွမ်လန့် တပ်စခန်းမှာ ခမရ ၄၃၈ တပ်ရင်း နဲ့ ခမရ ၆၁၆ ဒုံးတပ် ၂ ခုတည်ရှိတာဖြစ်ပြီး ညနေပိုင်း ၅ နာရီလောက်မှာ ခမရ ၄၃၈ ကို စသိမ်း နိုင်ခဲ့သလို ည ၇ နာရီလောက်မှာ ဒုံးတပ်ကိုပါ သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA နဲ့ နီးစပ်တဲ့ နွမ်လန့် ဒေသခံအမျိုးသားတစ်ဦးက ပြော ပါတယ်။“ ၄၃၈ နဲ့ ၆၁၆ တပ်စခန်း ၂ ခုကိုတော့ မနေ့ည ၇ နာရီလောက်မှာ အပြီးသတ်သိမ်းပိုက်ထားနိုင်ပြီ။ ဒီကနေ့ ကတော့ တပ်စခန်းအတွင်းထဲကနေ လက်နက်ခဲယမ်းတွေကို သိမ်းယူတော့မယ်လို့ကြားတယ်။ တစ်ရက်ထဲမှာပဲ သိမ်းလိုက်တာဖြစ်ပါ တယ်”လို့ ပြောပါတယ်။

နွမ်လန့်(Numlang) တပ်စခန်း ၂ ခုနဲ့ နောင်ကွန်(Nawng Kawn) အမြှောက်တပ်ဟာ ဒေါ့ဖုန်းယန်အနီးကျန်နေတဲ့ တပ် စခန်း ၅ ခုထဲမှာပါဝင်နေတာဖြစ်ပြီး တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်ကထိခိုက်သေဆုံးမှုများပြီး တပ်တွင်းကျန်ရှိတဲ့ စစ်ကောင်စီ တပ်သားတွေ ည ၇ နာရီလောက်မှာ ထွက်ပြေးသွားကြတာကြောင့် စခန်းကိုသိမ်းလိုက်နိုင်တာဖြစ်တယ်လို့သိရပါတယ်။ နွမ်လန့် တပ်စခန်းဟာ ခံစစ်အများအပြားနဲ့ လုံခြုံရေးယူထားတဲ့ တပ်စခန်းအကြီးတစ်ခုဖြစ်တာကြောင့် မနေ့က တိုက်ပွဲမှာ KIA ဘက်က ၆ ဦး ကျဆုံးသွားပြီး ၁၀ ဦးကျော်လောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပြပါတယ်။ လက်ရှိ နွမ်လန့် တပ်စခန်းတစ်ခုလုံးကို KIA က ထိန်းချုပ်ထားပြီဖြစ်ပြီး မတ်လ ၂၂ ရက်နေ့ ဒီကနေ့မှာ စခန်းအတွင်း ရှင်းလင်းရေးလုပ် ဆောင်နေတယ်လို့ သိရပါတယ်။ KIA က ထပ်မံသိမ်းယူလိုက်တဲ့ နွမ်လန့်တပ်စခန်းဟာ မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်မှာ KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ ဒေါ့ဖုန်ယန် ခလရ ၁၄၂ တပ်ရင်း၊ ဒါဆိုင်း ခလရ ၂၃၇ တပ်ရင်းတို့နဲ့ အလားတူ အရေးပါတဲ့ တပ်စခန်းကြီး ဖြစ်သလို ဒုံးတပ်အထိုင်ချထားတဲ့တပ်ရင်းဖြစ်ပါတယ်။ https://burmese.kachinnews.com/2024/03/22/yl1-192/
၂၁။ စစ်တွေမြို့က ရာနဲ့ချီတဲ့ရိုဟင်ဂျာတွေ AA အလိုမရှိကြောင်း ဆန္ဒပြ
   March 22, 2024

ရခိုင်ပြည်နယ် စစ်တွေမြို့က ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ရက္ခိုင့်တပ်တော် (AA) အလိုမရှိကြောင်းနဲ့ တိုက်ပွဲအလိုမရှိ ကြောင်း မတ်လ ၂၁ ရက်နေ့က စစ်တွေမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်၊ ကသဲရပ်ကွက်နဲ့ သန်တော်လီရပ်ကွက်တွေက ရိုဟင်ဂျာတွေ ကန့်ကွက်ဆန္ဒပြတာလို့ စစ်ကောင်စီက မတ်လ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါ တယ်။ ဆန္ဒပြသူတွေက စစ်တွေမြို့ကို ကာကွယ်ဖို့နဲ့ ပြည်တွင်းစစ်ကို မလိုလားကြောင်းလည်း ကြွေးကြော်ဆန္ဒပြခဲ့တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းမီဒီယာတွေမှာ ရုပ်သံနဲ့သတင်းဖော်ပြပါတယ်။ မတ်လ၁၉ ရက်နေ့ကလည်း ဘူးသီးတောင် မြို့က ရိုဟင်ဂျာတွေဟာ ရက္ခိုင့်တပ်တော်(AA) အလိုမရှိကြောင်းနဲ့တိုက်ပွဲအလိုမရှိကြောင်း ဘူးသီးတောင်မြို့ပေါ်မှာ လှည့်လည် ဆန္ဒပြခဲ့ပါတယ်။

ဘူးသီးတောင်မြို့ကဆန္ဒပြပွဲဟာ စစ်ကောင်စီက နောက်ကွယ်က ကြိုးကိုင်ဆောင်ရွက်တာလို့ ဒေသခံတွေနဲ့ ရိုဟင်ဂျာ အရေးလှုပ်ရှားသူတွေက ဝေဖန်ပြီး လူမျိုးရေးပဋိပက္ခဖြစ်အောင် စစ်ကောင်စီက လုပ်တာလို့လည်း ထောက်ပြကြပါတယ်။ ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ ဆန္ဒပြတာနဲ့ ပတ်သက်ပြီး AA အနေနဲ့ သေသေချာချာစောင့်ကြည့် နေပြီး လိုအပ်သင့်တော်သလို တုံ့ပြန်သွားမယ်လို့ ပြောထားပါတယ်။ https://www.rfa.org/burmese/news/rohingyasittwe aa-03212024125758.html
၂၂။ ကရင်နီ IEC အနေဖြင့် အခြေခံပညာကျောင်းပေါင်း ၃၀၀ ကျော်ကို ‌ထောက်ပံ့ကူညီ၊ ဆေးတက္ကသိုလ် ဖွင့်လှစ်နိုင်ရန်  စီစဉ်
  March 21, 2024

ကရင်နီပြည်နယ်အတွင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ပညာရေး ဌာနအနေဖြင့် အခြေခံပညာ ရေး နှင့် အဆင့်မြင့်ပညာရေးအတွက် အကောင်ထည်ဖော် ကြိုးစားဆောင်ရွက်မှုများရှိနေပြီး ယခုအခါ အခြေခံပညာကျောင်း ပေါင်း ၃၀၀ ကျော်နှင့် ဆရာ၊ ဆရာမ ၃,၀၀၀ ကျော်ကို ကူညီထောက်ပံ့မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ IEC ပညာရေး ဌာနအနေဖြင့် အခြေခံပညာနှင့် အဆင့်မြင့်ပညာ‌ရေးများကို ပြင်ပ အလှူရှင်အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုနှင့်အတူ ဒေသခံ ပညာရေးအဖွဲ့အစည်းများ၊ မြို့နယ်ဘုတ်အဖွဲ့၊ ဆရာများသမဂ္ဂအအဖွဲ့များနှင့် ချိတ်ဆက်ကာ ကြိုးပမ်းဆောင်ရွက်မှုများ ပြုလုပ် နေပြီး အခြေခံပညာကျောင်းပေါင်း ၃၀၀ ကျော်ရှိ ဆရာ၊ ဆရာမ ၃,၀၀၀ ခန့်ကို ထောက်ပံ့ကြေးများနှင့် သင်ထောက်ကူပစ္စည်း များ ကူညီပံ့ပိုးပေးနေကြောင်း သိရသည်။ “ပညာရေးမှာ လက်ရှိအဓိကလိုအပ်နေတာက တော့ ကလေးတွေရဲ့ လုံခြုံရေးဖြစ်ပါ တယ်။ စစ်‌ကောင်စီက ကျောင်းတွေကိုပစ်မှတ်ထားပြီး လေယာဥ်နဲ့ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ထုတာတွေကြောင့် ကလေးတွေ ထိခိုက် သေဆုံးတာတွေရှိပါတယ်။ နောက်တစ်ခါ ငွေကြေးနဲ့ နည်းပညာထောက်ပံ့မှုပဲ ဖြစ်ပါတယ်။  ကျောင်းသုံးပစ္စည်းနဲ့ ဆရာ၊ ဆရာမ မလုံလောက်တဲ့ပြဿနာလည်းရှိပါတယ်။ ကျောင်းသားဦးရေလည်း အဆမတန်များလာ တာကြောင့် လိုအပ်ချက်က များစွာရှိနေပါတယ်” ဟု IEC ပညာရေးဌာနမှ ဌာနမှူးကြီး ဆရာမ မော်မိမာ က ပြောသည်။

အဆင့်မြင့်ပညာရေးတွင်လည်း ပြည်နယ်အတွင်း ဖွင့်လှစ်ထားသည့် တက္ကသိုလ်၊ ကောလိပ်၊ Alternative ကျောင်းများ နှင့် ချိတ်ဆက်ကာ လိုအပ်သည့် ပံ့ပိုးမှုများကို ကူညီဆောင်ရွက်လျှက်ရှိ‌ကြောင်း သိရသည်။ ထို့ပြင် ကရင်နီပြည်နယ်အတွင်း ဆေးတက္ကသိုလ် ဖွင့်လှစ်နိုင်ရန်စီစဉ်နေပြီး သူနာပြု တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်၊ ကရင်နီအမျိုးသားကောလိပ်၊ ဆယ်သဲ ကောလိပ် စသည့် အဆင့်မြင့်ပညာရပ်များကို သင်ကြားပေး‌နေသည့် ကျောင်းများရှိကြောင်းလည်း သိရသည်။ “လက်ရှိမှာ ကျောင်းအများစုဖွင့်လှစ်ကြပါတယ်။ စစ်ရှောင်စခန်းတွေမှာလည်း စာသင်ကျောင်းတွေရှိကြပါတယ်။ ကျွန်မတို့ကရင်နီပြည်မှာ စစ်ကောင်စီ ကျောင်းတွေ မရှိတော့ပါဘူး။ ကျောင်းအားလုံးက တိုင်းရင်းသားနဲ့ ရပ်ရွာအခြေပြု ကျောင်းတွေ ဖြစ်ကြပါတယ်။ အဓိကက‌တော့ ကလေးတွေပညာရေး အဆက်မပြတ်သွားစေဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ဒေသခံလူထုများနှင့်ပူးပေါင်း၍ တတ်နိုင်သည့် နည်းလမ်းဖြင့် ပညာရေးလုပ်ငန်းများကို ကြိုးစားအကောင်အထည်ဖော်နေပါတယ်” ဟု ဌာနမှူးကြီး ဆရာမ မော်မိမာ က ဆက်လက်ပြောကြားသည်။ https://www.facebook.com/photo/?fbid=739883734947315&set=pcb.7398 83908280631
၂၃။ နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် သုံးသန်းနီးပါးရှိလာ
   March 21, 2024

မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲတွေကြောင့် မတ်လ ၁၈ ရက်နေ့အထိ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေး ဒုက္ခသည် ၂ သန်း ၈ သိန်းကျော် ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) က မတ်လ ၂၀ ရက်နေ့ အစီရင် ခံစာမှာ ဖော်ပြပါတယ်။ တိုက်ပွဲတွေကြောင့်  စစ်ကိုင်တိုင်း ကလေးနဲ့ ကနီမြို့နယ်တွေက လူ နှစ်သောင်းခွဲခန့်ဟာ အိုးအိမ်မဲ့ခဲ့ရပြီး ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်မှာလည်း လူ တစ်သောင်းကျော် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။ အလားတူ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာလည်း တိုက်ပွဲနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူတစ်သောင်းကျော်ဟာ အိုးအိမ် စွန့်ခွာထုတ်ပြေးနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်မှာလည်း မြို့နယ် ၁၇ ခုထဲက ၁၅ မြို့နယ်အထိ ဒေသခံတွေဟာ တိုက်ပွဲဒဏ်ခံနေရတယ်လို့ ဆိုပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းတွေဟာ စစ်ဘေးဒုက္ခသည်တွေအတွက် ဆက်လက်ကူညီဆောင် ရွက်ပေးနေပေမယ့် ရန်ပုံငွေအခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့လည်း UN OCHA ရဲ့ မတ်လ ၂၀ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ UN OCHA ရဲ့ မတ်လ ၄ ရက်နေ့အထိ စာရင်းအရ စစ်ဘေးဒုက္ခသည် ၂ သန်း ၇ သိန်းကျော်ရှိနေပြီး မတ်လ ၁၈ ရက်နေ့ အထိ စာရင်း အရ  ၂ သန်း ၈ သိန်းကျော်ရှိလာတာကြောင့် တစ်လမပြည့်ခင် လူတစ်သိန်းနီးပါး နေရပ်စွန့်ခွာခဲ့ကြရတာ ဖြစ်ပါတယ်။ မတ်လ ၁၈ ရက်နေ့ UN OCHA ကဖော်ပြတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက်ထဲက သုံးသိန်းခန့်က စစ်တပ်အာဏာမသိမ်းခင်က စစ်ဘေး ဒုက္ခသည်အရေအတွက် ဖြစ်ပါတယ်။ https://www.facebook.com/photo/?fbid=824523223042415&set=a.5836374304 64330
၂၄။ ထားဝယ်၊ အရှေ့တောနယ်ရှိ စစ်ရှောင် (၇,၀၀၀) ကျော် နေရာထိုင်ခင်း အရေးပေါ်လိုအပ်နေ
    March 21, 2024

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ အရှေ့တောနယ်ဒေသရှိ စစ်ဘေးရှောင် ပြည်သူ (၇,၀၀၀) ကျော်အတွက် နေရာ ထိုင်ခင်းအရေးပေါ်လိုအပ်လျက်ရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်ထံမှ သိရသည်။ အရှေ့တောနယ်ဒေသတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၁၇)ရက်နေ့မှစတင်ပြီး အာဏာသိမ်းစစ်ကောင်စီ၏ လေကြောင်း တိုက် ခိုက်မှုများနှင့် ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်မှုများကြောင့် မေတ္တာမြို့၊ ရွှေချောင်း၊ တောင်သုံးလုံး၊ ကျောက်မဲတောင်၊ ဝကုန်းရွာအပြင် ၎င်းအနီးရှိ ကျေးရွာ(၁၂)ရွာမှ ဒေသခံ(၇,၀၀၀)ကျော် စစ်ဘေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာက ပြောသည်။

၎င်းက “သူတို့လေကြောင်းတိုက်ခိုက်တဲ့နေရာမှာ မေတ္တာမြို့ကို အဓိကပစ်မှတ်ထားပြီး တိုက်ခိုက်နေတာ။ မေတ္တာမြို့ ထဲမှာ စစ်ကောင်စီစခန်းရှိတယ်လေ။ ဒါပေမဲ့သူတို့ဗုံးကြဲနေတာက လေယာဉ်တိုက်ခိုက်နေတာက ရွာထဲမှာ။ အထူးသဖြင့် မေတ္တာမြို့ တစ်မြို့လုံးနီးပါးလောက်က အိမ်တွေက အကုန်လုံးပျက်စီးနေတယ်။ ပြီးတော့ မေတ္တာအပြင်မှာလည်း သူတို့ကြဲနေ တယ်။ အခု နောက်ဆုံးကျတော့ ရွာထဲမှာ ဗုံးကြဲတာလည်းရှိတယ်။ အဲ့ဒီလေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှု ကြောင့် ကျနော်တို့မေတ္တာမြို့မှာ အိမ်ခြေပေါင်းများစွာ ပျက်စီးနေတယ်။ ဒါပေမဲ့ အထိ အနာဆုံးကတော့ မေတ္တာမြို့ပါပဲ။”ဟု ပြောသည်။ “အခု ကျနော်တို့ထပ်လိုတာက အမိုးတွေအကာတွေ အိုးအိမ်အပျက်အစီးတွေ အဲ့တာတွေလိုတာ။ ဒါပေမဲ့ ရေရှည် တိုက်ပွဲသော်လည်းကောင်း၊ ရန်သူရဲ့လေကြောင်းတိုက်ခိုက်မှုသော်လည်းကောင်း တစ်လနှစ်လ ထက်ကြာမယ်ဆိုရင် စားနပ် ရိက္ခာပြဿနာတွေလည်း ကြုံတွေ့လာနိုင်တယ်။ တိမ်းရှောင်တဲ့ ပြည်သူ လူထုတွေလည်း အခုလောလောဆယ် ကလေးနဲ့ အသက်ကြီးသူတွေ များတာပေါ့နော်။ ပြီးတော့ အမျိုးသမီး သူတို့အတွက်လည်း ဆေးဝါးပစ္စည်းတွေက လုံလောက်မှုမရှိဘူး။” ဟု ပဒိုစောအယ်နာက ပြောသည်။ https://kicnews.org/2024/03/%e1%80% 91%e1%80%ac%e1%80%b8%e1%80%9d% e1%80%9a%e1%80%ba%e1
၂၅။ ပြည်သူများလှူဒါန်းထားသည့် ဘတ် ၃ သိန်းနီးပါးကို  ထောက်ပို့အဖွဲ့ဝင်တစ်ဦးက လိမ်ပြေးသွားဟုဆို
   March 21, 2024

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံသို့ ပြည်သူများလှူဒါန်းထားသည့် ထိုင်းဘတ် ၃ သိန်းနီးပါး (မြန်မာငွေကျပ်သိန်း ၃၀၀ ဝန်းကျင်)ကို ထောက်ပို့အဖွဲ့ဝင်တစ်ဦးဖြစ်သည့် တောင်ပံနီ(ခ)မနွယ်နီအား လက်နက်ခဲယမ်းဝယ် ခိုင်းရာမှ အလှူငွေများ လိမ်လည်သွားသဖြင့် အဖွဲ့မှထုတ်ပယ်လိုက်ကြောင်း မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရ သည်။ တောင်ပံနီ(ခ)မနွယ်နီသည် မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထောက်ပို့အဖွဲ့ဝင်အဖြစ် ၂၀၂၂ ခုနှစ်၊နှစ်ကုန်ပိုင်းမှ စတင်ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများဝယ်ခိုင်းရာ ၁ နှစ်ကျော်ကြာသည်အထိ လက်နက်ခဲယမ်းတစ်စုံတစ်ရာ ရောက်ရှိ လာခြင်းမရှိဘဲ လိမ်ညာထွက်ပြေးသွားခြင်းဖြစ်ကြောင်း အထက်ပါအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“သူကို(မနွယ်နီ) ပထမတစ်ခါ ဘတ် ၁ သိန်းကျော်ဖိုး လက်နက်ဝယ်ခိုင်းသေးတယ်၊ အဲဒီ အခေါက်အဆင်ပြေတယ်။ အခုနောက်တစ်ခါလက်နက်ဝယ်ဖို့ ဘတ် ၂၉၄၃၀၀ လွှဲပေးလိုက်တယ်၊ ငွေလွဲပြီးအဆက်အသွယ်ရသေးတယ်။ လက်နက်ခဲယမ်း တွေပို့ လိုက်မယ်၊ နယ်စပ်ဘက်ရောက်နေပြီဆိုပြီ နှစ်ခါပြောတယ်။ ဒုတာဝန်ခံသွားစောင့်ယူတာ ပထမတစ်ခါမရောက်လာဘူး။ အဆက်အသွယ်ရလို့မေးတော့ သူပို့ခိုင်းထားပြီးပြီ ပို့မဲ့လူကမပို့သေးဘူးလို့ပြောတယ်။ ဒုတိယအကြိမ်လည်းဒီလိုပဲပြောလို့  ဒုတာဝန်ခံပြန်တက်ယူတယ် ရောက်မလာဘူး။ လူလည်းငှက်ဖျားမိပြီး မစောင့်နိုင်လို့ ပြန်လာခဲ့ရတယ်၊ နောက်မေးကြည့်တာ သူမှာထားတဲ့လူကပစ္စည်းတွေအဖမ်းခံရသလိုလို ဘာလိုလိုအကြောင်းပြတယ်၊ အချိန်တစ်နှစ်ကျော်ကြာသွားတာ၊ အဲဒါကြောင့် အဖွဲ့က ထုတ်ပစ်တာပါ”ဟု ၎င်းကရှင်းပြသည်။ လက်နက်ဝယ်ရန်ပြည်သူများ လှူဒါန်းထားသည့်ငွေကြေးများ ယခုကဲ့သို့ဆုံးရှုံး သွားသဖြင့် အလွန်စိတ်မကောင်းဖြစ်ရပြီး ပြည်သူများအား အနူးညွတ်တောင်းပန်ကြောင်း ၎င်းကဆက်လက်ပြောသည်။ https://mpapress.com/%e1%80%9e%e1%80%90%e1%80%84 %e1%80%ba%e1%80%b8/42963/
၂၆။ လဲချားမှာ စစ်မှုမထမ်းဘဲ ထွက်ပြေးသွားသူတွေရဲ့ နေအိမ်ကို SSPP ချိပ်ပိတ်
   March 22, 2024

ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်၊ ပန်ဆန်ကျေးရွာအုပ်စုထဲက ကျေးရွာတွေကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ဖွဲ့က စစ်မှုထမ်းဖို့ခေါ်ယူတာကြောင့် မိသားစုအလိုက် ထွက်ပြေးတာတွေ ရှိခဲ့ပါတယ်။ အဲ့ဒီ့ထွက်ပြေးတဲ့ မိသားစုတွေရဲ့ နေအိမ် တွေကို SSPP တပ်ဖွဲ့က ချိပ်ပိတ်တယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။“ ကျွန်မသားအကြီးတစ်ယောက်က အရင် ကတည်းက RCSS တပ်ထဲမှာ တာဝန်ထမ်းဆောင်တာ သားငယ်တစ်ယောက်က SSPP ထဲဝင်တာ၊ သားအချင်းချင်းမတိုက်ချင် တာကြောင့် သားတွေက အကုန်ထွက်ပြေးလာတယ်။ အဲ့တာကြောင့် မိသားစုအလိုက် ထိုင်းနိုင်ငံမှာ ထွက်ပြေးလာလိုက်တယ်” လို့ပြောပါတယ်။

မိသားစုနေအိမ်ကို ပြီးခဲ့တဲ့ဖေဖော်ဝါရီ လကုန်မှာ SSPP တပ်ဖွဲ့က ချိပ်ပိတ်လိုက်ပြီး ပိုင်ဆိုင်ထားတဲ့ လယ်ယာတွေကို လည်း သိမ်းဆည်းလိုက်တယ်လို့ သူက ဆက်ပြောပါတယ်။“ တော်သေးလို့ ထော်လာဂျီရောင်းလိုက်တယ် အိမ်မှာတန်ဖိုးပစ္စည်း တွေကိုအကုန် ရောင်းလိုက်လို့ တစ်ချို့သူတွေအိမ်ဆိုရင် မရောင်းပဲထားခဲ့တာ SSPP ကအကုန်သိမ်းလိုက်တယ်။ အဓိကလယ် တွေ အရမ်းနှမျှောတယ်” လို့ သူကဆက်ပြောခဲ့ပါတယ်။ ရှမ်းတောင်က SSPP ရှိတဲ့နယ်မြေဖြစ်တဲ့ မိုင်းကိုင်မြို့၊ လဲချားမြို့၊ မိုင်းရှူးမြို့ ၊ ကျေးသီးစတဲ့ မြို့နယ်တွေမှာ စစ်သားစုဆောင်လို့ ထိုင်းနိုင်ငံထွက်ပြေးလာခဲ့သူတွေ များလာပြီး ဖမ်းဆီးမှုတွေလည်း ရှိပါတယ်။ https://www.facebook.com/photo/?fbid=439751275077989&set= pcb.439751351744648
၂၇။ ဆိုက်ခေါင်တွင် အရပ်သား ၁ ဦးကို PNA ပြည်သူ့စစ် ပစ်သတ်
   March 21, 2024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်စံပြကျေးရွာရှိ အရပ်သားတဦးကို ပအိုဝ်းအမျိုးသားပြည်သူ့စစ် (PNA) က မတ် ၁၈ ရက် ညမှာ သေနတ်နဲ့ ပစ်သတ်လိုက်ကြောင်း ကျေးရွာနေသူတွေက ပြောပါတယ်။ ဆိုက်ခေါင်စံပြကျေးရွာ အောင်သုခရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားတဦးကို မတ် ၁၈ ရက်က စစ်ကောင်စီတပ်သားတွေက PDF တွေနဲ့ ဆက်စပ်တယ် ဆိုတဲ့ သတင်းကြောင့် စစ်မေးဖို့ အိမ်ကိုသွားတဲ့အချိန်မှာ တံခါးကို မဖွင့်ပေးဘဲ ထွက်ပြေးတာကြောင့် ရွာထဲမှာရှိတဲ့ PNA စစ်သား တွေက ပစ်သတ်လိုက်တာလို့ ဆိုပါတယ်။

အောင်သုခရပ်ကွက်မှာ နေထိုင်သူတဦးက “အစက ဗမာစစ်သားတွေက သူ့ကိုမေးဖို့ဆိုပြီး အိမ်ကိုသွားတာ၊ စစ်သားတွေ လည်း အများကြီးပဲ။ သူက တံခါးမဖွင့်ပေးဘဲ ပြတင်းပေါက်ကနေ ထွက်ပြေးသွားတာ။ အဲဒါကိုသိတော့ ဗမာစစ်သားတွေက အိမ်ရှေ့မှာပဲ အပေါ်ကိုထောင်ပြီး သေနတ်တချက် ဖောက်လိုက်တာ၊ ပြီးတော့ PNA ကို ဖုန်းဆက်ပြီး ပြောလိုက်တာ၊ ဟိုကလည်း ရွာထဲမှာ စစ်သားတွေ ကင်းချထားပြီးသားဆိုတော့ အဲ့ ကင်းစောင့်စစ်သားတွေက လိုက်ဖမ်းတာ မမိလို့ သေနတ်နဲ့ လေးချက်ပစ် တာ အချက်တိုင်းမှန်တယ်၊ အဲ့လူလည်း တခါတည်းသေသွားတယ်” လို့ ပြောပါတယ်။ သေနတ်နဲ့ ပစ်သတ်ခံရတဲ့ အမျိုးသားမှာ အသက် ၄၀ ဝန်းကျင်ရှိ ကိုညွန့်နိုင် ဖြစ်ပြီး သေဆုံးသွားတဲ့ အလောင်းကိုလည်း PNA က မိုးကာတခုနဲ့ပတ်ပြီး သယ်ယူသွားတယ် လို့ သိရပါတယ်။ ဆိုက်ခေါင်ကျေးရွာက ဇောတိကာရာမ ဘုန်းကြီးကျောင်းဝန်းအပြင် ကျေးရွာ အနောက်ဘက်မှာလည်း စစ်ကောင်စီရဲ့ ခမရ ၄၂၃၊ ၄၂၄ တပ်သားတွေနဲ့ PNA တပ်သား ၃၀၀ ကျော် တပ်စွဲထားတယ်လို့ အရပ်သားတွေ ပြောပြချက်အရ သိရပါတယ်။ https://burmese.dvb.no/post/644485
၂၈။ စစ်မှုထမ်းရန် လူမပေးနိုင်သဖြင့် မာန်အောင်မြို့တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂၀ ခန့် နုတ်ထွက်
    March 21, 2024

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်မှာ စစ်ကောင်စီဘက်က တောင်းခံလာတဲ့ စစ်မှုထမ်းဖို့ လူစာရင်း မပေးနိုင်တာ ကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအနေနဲ့ အခုရက်ပိုင်းအတွင်း နုတ်ထွက်မှုတွေ များလာကြောင်း မြို့နယ်အုပ်ချုပ်ရေးရုံးနဲ့ နီးစပ်သူတွေထံက သိရပါတယ်။ စစ်ကောင်စီအနေနဲ့ မာန်အောင်မြို့နယ်ထဲက စစ်မှုထမ်းလူစာရင်းကို မတ် ၁၆ ရက် အပြီးသတ် ကောက်ခံပေးဖို့ မာန်အောင်မြို့နယ် စီမံဗိုလ်မှူးက ဖိအားပေးထားကြောင်းနဲ့ အဲဒီတာဝန်ကို ဆက်လက်မထမ်းဆောင်ချင်တော့ တာကြောင့် နုတ်ထွက်စာတင်ရခြင်း ဖြစ်တယ်လို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတဦးက ပြောပါတယ်။

“သံတွဲက ရပ်ကျေးရပ်အုပ်ချုပ်ရေးမှူးတွေက ၁၈ ရက်နေ့က နုတ်ထွက်ကြတယ်ကြားလို့ ကျနော်တို့ မာန်အောင် ဘက် ကလည်း အဲဒီနောက်ပိုင်း နုတ်ထွက်စာ တင်ခဲ့ကြတာ။ မနက်ကအထိ အားလုံး ၁၈ ဦး လက်မှတ်ထိုးပြီး နုတ်ထွက်စာတင်ထား ပါတယ်။” မာန်အောင်မြို့နယ်အတွင်းမှာ မြို့ပေါ်ရပ်ကွက် ငါးခုနဲ့ ကျေးရွာအုပ်စု ၃၆ အုပ်စုရှိကာ ရပ်ကျေးအုပ်စုတခုကို စစ်မှု ထမ်းဖို့ လူခုနှစ်ဦးစီ ကောက်ခံပေးဖို့ စစ်ကောင်စီက ညွှန်ကြားထားကြောင်း သိရပါတယ်။ စစ်ကောင်စီအနေနဲ့ တောင်ကုတ်၊ မာန်အောင်၊ ဂွနဲ့ သံတွဲမြို့နယ်တွေမှာ ပြည်သူ့စစ်မှုထမ်း ခေါ်ဆောင်မှုတွေကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေတာကြောင့် လူငယ်နဲ့ လူလတ်ပိုင်း အရွယ်တွေအကြား စိုးရိမ်မှုတွေလည်း မြင့်တက်နေ​ပါတယ်။ https://burmese.dvb .no/post/644479
၂၉။ စစ်ရှောင်စခန်းမှာ ရေရရှိရေးအတွက် ပုံးဝါ ၃ ပုံးကို တစ်ထောင်ကျပ်နဲ့ ရောင်းချပေး
   March 22, 2024

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ရေရှားပါးတဲ့ စစ်ရှောင်စခန်းတစ်နေရာမှာ စစ်ရှောင်တွေ ရေရရှိရေး အတွက်ရည်ရွယ်ပြီး ပုံးဝါ ၃ပုံးကို တစ်ထောင်ကျပ်နဲ့ ရောင်းချပေးနေတယ်လို့ သိရပါတယ်။ အဆိုပါရေကို တောင်ပေါ်‌ ရေထွက် ပေါက် တစ်နေရာကနေ စစ်ရှောင်စခန်းရှိရာအထိ မီးစက်နဲ့ ရေစုပ်တင်လာတာဖြစ်ပြီး ရေသွားခပ်ဖို့ အဆင်မပြေသူတွေ ၊ ဓာတ်ဆီဖိုး မတတ်နိုင်သူတွေအတွက် ရည်ရွယ်ပြီး ပြုလုပ်ပေးတာ ဖြစ်တယ်လို့ ရေရရှိရေးအတွက် ဦးဆောင်ပေးနေတဲ့ ကျောင်း ဆရာ ခူးဦးရယ်က ပြောပါတယ်။“အဓိကတော့ ဓာတ်ဆီဖိုး မတတ်နိုင်ကြဘူးပေါ့နော်။ ရေကန်လည်း အောက်က ရေကန်လည်း ခမ်းသွားပြီ။ ခါတိုင်းနှစ်ဆို နှစ်ကန်ရှိတယ်လေ။ အပေါ်တစ်ကန်နဲ့ အောက်တစ်ကန်။ ခုခမ်းသွားတော့ မသွားနိုင်ကြတော့ဘူး။ ရေဆိုလည်း ပုံမှန်မချိုးနိုင်ကြဘူးပေါ့။ ချိုးလို့ရအောင်လို့ အဲ့မှာရေချိုးခန်းလေးလည်း လုပ်ပေးထားတယ်။ နီးနီးနားနားမှာပေါ့ နော်။ ဒါပေမယ့် ဆီဖိုးတော့ ပြန်ထည့်တဲ့အနေနဲ့ပေါ့နော်။ ၃ ပုံး ၁ ထောင်နဲ့ ပြန်လုပ်ပေးထားတယ်” ရေရရှိရေးအတွက် ဦးဆောင် ပေးနေတဲ့ ကျောင်းဆရာ ခူးဦးရယ်က ပြောပါတယ်။

အခုလို ရေကို ရောင်းချပေးနေတာ ၁ လကျော်ရှိိနေပြီလို့ သိရပါတယ်။ ယခင် ရေမရရှိခင်မှာတော့ အသွားအပြန် ဓာတ်ဆီ ၁ လီတာ ကုန်ကျတဲ့ ရေရှိရာနေရာမှာ သွားရောက်ခပ်ယူရပြီး ရေပုံးဝါ ၂ ပုံးကိုသာ သယ်ယူနိုင်တယ်လို့ ဆိုပါတယ်။ စစ်ရှောင်စခန်းအနီးအနားမှာ ရေရောင်းချပေးတဲ့အတွက် ဓာတ်ဆီဖိုး သက်သာတယ်လို့ ရေလာခပ်တဲ့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။“အခုလို အနီးအနားမှာရေရတော့ အဆင်ပြေတယ်။ အဝေးကြီးသွားခပ်စရာ မလိုတော့ဘူး။ ဓာတ်ဆီဖိုးလည်း သက်သာတယ်။” လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။ ရေရောင်းချပြီး ရရှိလာတဲ့ ၀င်ငွေတွေကို ပညာရေးအတွက် ကျောင်း ရန်ပုံငွေမှာ ပြန်လည် အသုံးပြုသွားမယ်လို့ ခူးဦးရယ်က ​ဆက်ပြောပါတယ်။ https://www.kantarawa ddytimes.org/%e1% 80%85%e1%80%85%e1%80%ba%e1%80%9b%e1%80%be%e1%80
၃၀။ ရေတလျောက်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦး ထိုင်းနိုင်ငံထဲသို့ ထပ်မံထွက်ပြေး
    March 21, 2024

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်/တပ်မဟာ(၆) ကော့ကရိတ်မြို့နယ် ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ရှိ ရေတလျောက် စစ်ကောင်စီတပ်စခန်းမှ တပ်ဖွဲ့ဝင် ၂၆ ဦး မတ်လ ၂၁ ရက် နံနက်တွင် ထိုင်းနိုင်ငံ ပန်ခလန်ကျေးရွာထဲသို့ ထပ်မံထွက်ပြေးခဲ့သည်ဟု သိရသည်။ နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုမရှိဘဲ နံနက် ၆ နာရီခွဲကျော် အချိန် ခန့်တွင်  အဆိုပါ စခန်းမှ စစ်ကောင် စီတပ်ဖွဲ့ဝင်များက ၎င်းတို့စခန်းစွန့်ခွာကာ လက်နက်အပြည့်အစုံနှင့်အတူ ပိုင်ခလန်ကျေးရွာ ထဲသို့ ထွက်ပြေးဝင်ရောက်လာခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံ ကျေးရွာတာဝန်ရှိသူတစ်ဦးက ပြောသည်။ ၎င်းက“ ဒီမနက်ပစ်ခတ်တာမရှိဘူး။ သူတို့အစောကြီး ဝင်လာတယ်။ ရွာသားတွေက လာအကြောင်းကြားတာ နယ်စပ်မှာလည်း ဂိတ်တွေ ပိတ်တော့ သူတို့ဘယ်တောင်ကျော်ပြီး ဝင်လာ တာလဲမသိဘူး။ ထိုင်းစစ်သားတွေကတော့ အခုသူတို့ကို ကြည့်ရှုထိန်းသိမ်းထား တယ်။” ဟု ပြောသည်။

ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများ၏ ပြောပြချက်အရ ရေတလျောက်စစ်ကောင်စီတပ် စခန်းတွင် တပ်ဖွဲ့ ဝင်စုစုပေါင်း ၂၆ ဦးသာရှိပြီး လက်ရှိအချိန်တွင် စခန်းတွင် ၎င်းတို့၏ တပ်ဖွဲ့ ဝင်မရှိတော့ကြောင်းပြောဆိုသည်ဟု အဆိုပါ ဒေသခံ တာဝန်ရှိသူက ဆက်ပြောသည်။ ထွက်ပေါ်လာသည့် ဓာတ်ပုံများတွင် ထိုင်းဘက်ထွက်ပြေးသွားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် များနှင့်အတူ လက်နက်ခဲယမ်းအပါအဝင် ၎င်းတို့၏ အသုံးဆောင်ပစ္စည်းများသယ်ဆောင်လာသည့် ခြင်းကျားများနှင့် စစ်ဦးထုပ် လည်း ပါဝင်ကြောင်း တွေ့ရှိရသည်။ ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့တွင်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်မှုကြောင့် မယ်သရောထ စစ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦး စခန်းစွန့် ခွာပြီး ပိုင်ခလန်ကျေးရွာထဲသို့ အလားတူ ထွက်ပြေးခဲ့သေးသည်။ https://kicnews.org
၃၁။ ရှမ်းတောင် မိုင်းပန်၊ မိုးနဲ၊ မောက်မယ်၊ လင်းခေးတို့မှာ စစ်ထဲဝင်ဖို့လူငယ်တွေ မရှိတော့
   March 21, 2024

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပန်၊ မိုးနဲ၊ မောက်မယ်နဲ့ လင်းခေးမြို့နယ်တွေက ရွာတွေမှာ စစ်ကောင်စီရဲ့ စစ်သားစုဆောင်းမှု ကို မလိုလားလက်မခံတဲ့ အသက်ဘောင်ဝင်တဲ့ လူငယ်တွေဟာ မြို့ရွာတွေကနေ စွန့်ခွာသွားနေကြတာ ရာထောင်ချီနေပြီလို့ ဒေသအရင်းအမြစ်တွေထံက သိရပါတယ်။ မိုင်းပန် က လူငယ်တစ်ဦးကတော့ “ရွာဖက်ကော မြို့ပေါ်ကော တော်တော်များများ တော့ ဆင့်ခေါ်စာမရောက်ခင် RCSS ဖက် သင်တန်းတက်ဖို့ သွားကြလေရဲ့၊ ရှောင်တဲ့သဘောပေါ့၊ RCSS ဖက်က သင်တန်း သွားတက်ရင် အနည်းဆုံးအိမ်တော့ ပြန်လာလို့ရသေးတယ်ဆိုပြီး သွားကြတာ များတယ်”လို့ မတ်လ ၂၀ ရက်က ပြောပါတယ်။ မဲနှိုက်ဖို့ခေါ်တဲ့ နှုန်းထားဦးရေက တစ်ရပ်ကွက်နဲ့ တစ်ရပ်ကွက်မတူကြောင်းနဲ့ တချို့ရပ်ကွက်ကခေါ်ပြီး တချို့ရပ်ကွက်က မခေါ် သေးဘူးလို့  ပြောပါတယ်။

အလားတူ မိုးနဲ၊ မောက်မယ်ဘက်က အသက်အကျုံးဝင်တဲ့ လူငယ်တွေ ရာချီမကမြို့တွေပေါင်းရင် ထောင်ချီပြီး လွတ်ရာ ကျွတ်ရာပြေးကုန်ကြပြီလို့ ဒေသခံတွေက ပြောပါတယ်။“ထိုင်းဖက်ပြေးတာများတယ်၊ ဗမာတပ်ဝင်မယ့်အစား ရှမ်းတပ်ထဲ ဝင် မယ်ဆိုပြီး RC နဲ့ SSPP ထဲ အများဆုံးသွားကြတယ်၊ စစ်ထဲမဝင်ချင်လို့ ရှောင်တာက ထိုင်းဖက်သွားတာများပြီး ထိုင်းဖက် မသွား နိုင်တဲ့ သူတွေကတော့ ရှမ်းတပ်တွေထဲ ကိုယ့်လူမျိုးအချင်းချင်းဆိုပြီး ဝင်တာများတယ်” လို့ လင်းခေးဒေသခံ တစ်ဦးကပြောပါ တယ်။ လင်းခေးက ပုန်းတွန်ရွာမှာဆိုရင် ဗမာတစ်ယောက်ပဲ တပ်ထဲဝင်ပြီး ကျန်လူငယ်ရာကျော်က ရှမ်းတပ်ထဲ ကိုယ့်ထမင်းစား ပြီးဝင်မယ်လို့ အစည်းအဝေးမှာကိုပြောပြီး သွားကြတယ်လို့သိရပါတယ်။ ယင်း မိုင်းပန်၊ မိုးနဲ၊ မောက်မယ်၊ လင်းခေးမြို့တွေက RCSS ဌာနချုပ်ရှိတဲ့ လွယ်တိုင်းလျန်းကိုသွားမယ်ဆိုရင် ဟိုမိန်းကနေတဆင့် သံလွင်မြစ်တာဆွတ်တိန်းကနေ လမ်းသင့် တယ်လို့ သိရပါတယ်။ https://www.facebook.com/photo/?fbid=43923605 5129511&set=pcb.4392361 41796169
၃၂။ AA သိမ်းထားသည့် ရခိုင်ပြည်နယ်မြို့နယ်များ၌ ဘဏ်စနစ်မလည်ပတ်နိုင်သဖြင့် ငွေသား ပြတ်လပ်နေ
   March 22, 2024

ရက္ခိုင့်တပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ် မြို့နယ်တွေမှာ ဘဏ်စနစ်လည်ပတ်မှု မရှိတော့တာကြောင့် ငွေသားပြတ်လပ်မှုနဲ့ ကြုံလာနေကြရတယ်လို့ ငွေလွှဲ ငွေထုတ်လုပ်ငန်း လုပ်ကိုင်နေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ရခိုင် ပြည်နယ်မှာ AA ကသိမ်းပိုက်ထားတဲ့ မြို့ပေါင်းကိုးမြို့အထိရှိပြီး အဲဒီမြို့တွေနဲ့စစ်ရေးပြင်းထန်နေတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီ ရဲ့ ဘဏ်တွေနဲ့ ပုဂ္ဂလိက ဘဏ်တွေ အားလုံးဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကတည်းက ရပ်တန့်သွားကြတာ ဖြစ်ပါတယ်။ ဘဏ် စနစ်လည်ပတ်နိုင်မှုမရှိတာကြောင့် ငွေသားလည်ပတ်မှုမှာ လုံးဝနီးပါး ရပ်တန့်နေတဲ့အတွက် ငွေကြေးတတ်နိုင်တဲ့သူတွေဆီက နေ ငွေသားကို ဝယ်ယူ သုံးစွဲနေကြရတယ်လို့ ကျောက်တော်မြို့နယ်က ငွေလွှဲ ငွေထုတ်လုပ်ငန်း လုပ်ကိုင်သူတဦးက ပြောပါတယ်။

“ဘဏ်တွေရပ်တန့်နေတာ လေးလနီးပါးရှိလာတော့ ငွေသားပြတ်လပ်မှု ပြဿနာလည်း ကြီးမားလာတယ်။ ဘဏ်တွေ ရပ်တန့်ထားတာကြောင့် ဘဏ်အကောင့်ထဲက ငွေတွေက ထုတ်မရတော့ဘူး။ ငွေလွှဲ ငွေထုတ်လုပ်ငန်း လည်ပတ်ဖို့တောင် ငွေကြေးတတ်နိုင်တဲ့ သူတွေဆီက ငွေသားကို ရာခိုင်နှုန်းပေးပြီး ဝယ်နေကြရတယ်။” ရခိုင်မှာ ဘဏ်စနစ်ရပ်တန့်တာကြောင့် ငွေလွှဲ ငွေထုတ် လုပ်ငန်းတွေကို အွန်လိုင်း ငွေကြေးစနစ်ကိုသာ အဓိကထားပြီး လုပ်ကိုင်နေကြရပြီး ငွေသားပြတ်လပ်လာတဲ့ အတွက် ငွေထုတ်ခ ၁၀၀,၀၀၀ ကို ရာခိုင်နှုန်းအဖြစ် ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ ပေးနေကြရတယ်လို့ သိရပါတယ်။ ပုဏ္ဏားကျွန်းမြို့ခံတဦးက “ရခိုင်ဘက်က ဘဏ်စနစ်က ရပ်တန့်နေတာကြောင့် ငွေလွှဲ ငွေထုတ်ကို အွန်လိုင်းစနစ်နဲ့ပဲ အဓိက လွှဲ နေကြရတယ်။ ငွေထုတ်တဲ့အခါမှာလည်း အေဂျင့်တွေမှာ ငွေသားတွေ ပြတ်တောက်လာတာကြောင့် ငွေထုတ်ခတွေ ၁၀၀,၀၀၀ ကို ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ ပေးပြီးထုတ်ရတယ်။ ကိုယ့်အတွက် သိပ်မှမကျန်တော့ဘူး။ တာဝန်ရှိသူတွေကိုတော့ ဘဏ်စနစ်တွေ အမြန်ဆုံး လည်ပတ်နိုင်အောင်တော့ တခုခု စီစဉ်ပေးစေချင်တယ်” လို့ ပြောပါတယ်။ https://burmese.dvb.n o/post/644527
၃၃။ ဆောင်းပြောင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်အသေများလို့ ဒုချုပ်ကိုယ်တိုင် ဦးစီးနေတယ်လို့ ဆို
   March 21, 2024

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းနဲ့ဖယ်ခုံကြားက ဆောင်းပြောင်း တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေသလို စစ်ကောင်စီ ဘက် အကျအဆုံးများတဲ့အတွက် စစ်ကောင်စီ ဒုကာချုပ်ကိုယ်တိုင် တပ်မ-၅၅ မှာထိုင်ပြီး ကိုယ်တိုင်ဦးစီးနေတယ်လို့ စစ်ရေး အရင်းအမြစ်တွေထံက သိရပါတယ်။ မတ်လ ၂၀ ရက်မှာ KNDF နဲ့ PDF ပူးပေါင်းတပ်တွေက စစ်ကြောင်း ၃ ကြောင်းနဲ့ ဆောင်းပြောင်း-တောင်မဲသင်းလမ်းခွဲ အရှေ့ဘက်၊ တောင်ဘက်ကနေ ဆောင်းပြောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို လာရောက် ထိုးစစ်ဆင်ရာမှာ မနက် ၁၀ နာရီလောက်က တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ ဒေသအရင်းအမြစ်တွေထံက သိရပါ တယ်။ စစ်ကောင်စီဖက်က နေ့လည် ၁၂ နာရီခွဲလောက်မှာ ရဟတ်ယာဉ်ပစ်ကူလာပြီးတဲ့နောက် လက်နက်ကြီး ပစ်ခတ်နေတာ ရှိပြီး တိုက်ပွဲငြိမ်သွားတယ်လို့ သိရပါတယ်။

“ဟိုဖက်တော့ အထိအခိုက်မသိရပေမယ့် ကျတာတွေရှိတယ်လို့ကြားတယ်၊ ဒီဖက်တော့ ကား ၂ စီးနဲ့ သေဆုံးဒဏ်ရာရ တာတွေ အပြည့်သယ်ပြီး အမြန်မောင်းသွားတာတွေ့တယ်” ဟု အောင်ပန်းကို ဆောင်းပြောင်းက စစ်ရှောင်လာသူ ၁ ဦးက ပြော ပါတယ်။ ဆောင်းပြောင်းရွာသားတွေဟာ ထီဗီဘက်ကို စစ်ဘေးရှောင်ပေမယ့် ညနေ ၄ နာရီလောက်မှာ ထီဗီရွာတောင်ဘက်ကို လက်နက်ကြီး ၃ လုံးကျလာလို့ ညောင်ရွှေကနေ အောင်ပန်းဘက်ကို ထပ်ရှောင်ရတယ်လို့ ပြောပါတယ်။“ဒီမှာလဲ ဒုကာချူပ် ကိုယ်တိုင် ခုတင် ၇၀၀ စစ်ဆေးရုံကို လာတာသိရတယ်၊ ဒဏ်ရာရတာ ရာနဲ့ချီတယ်လို့လဲကြားတယ်၊ ဒီမှာတောင် ရဲတကက ကနေ ငြိမ်းထားတဲ့ မြင့်တင်တောင် ရာထူးတိုး ကြယ်ကြီးတပ်ပြီး သေနတ်နဲ့ လူကြီးလမ်းကြောင်းယူပေးနေတာတွေ့ရတယ်၊ တပ်မ ၅၅ ထဲမှာ ဒုကာချုပ်ရောက်နေတယ်လို့လဲ ကြားတယ်၊ ခုတင် ၇၀၀ ကိုတော့ စစ်ကားတွေ အဝင်အထွက်များနေတယ်၊ လုံခြုံရေးလဲ အရင်ထက် ပိုချထားတာတွေ့ရတယ်” လို့ အောင်ပန်းဒေသခံတစ်ဦး က ပြောပါတယ်။ https://www.facebook.com/photo/?fbid=439213295131787&set=a.285900490463069

 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button