ကဗျာ

တခေတ်ထဲစီးတဲ့ မြစ်တွေ အကြောင်း

တခေတ်ထဲစီးတဲ့ မြစ်တွေ အကြောင်း

ယုံကြည်ချက်ချင်းတူလို့
ရင်ဘက်ချင်း နီးခဲ့ကြပေမဲ့
ငါတို့ဟာ ညီအစ်ကိုတွေထက် ပိုခဲ့တယ် ။

ဦးညွှတ်မိတဲ့ အလံတော်အောက်မှာ
မကြောက်တရားကို ငါတို့ အတူ နာခဲ့ကြ
ဘဝစာမျက်နှာတွေကို ငါတို့ အတူ ဖြတ်သန်းခဲ့ကြ
မပြည့်တဲ့အိုးတွေက အသံ ပိုကျယ်တဲ့ ခေတ်ပျက်ထဲမှာ
တယောက်အားနည်းချက်ကို တယောက်ဖြည့်ရင်း
ငါတို့ တွဲလက်တွေ ပိုခိုင်ခဲ့ကြတယ် ။

ရောင်နီဦးကို ငါတို့ အတူ မော်ဖူးဖို့
ယုံကြည်ချက်တွေနဲ့ အတူ ရှေ့ဆက်ကြမယ် ရဲဘော် ။

ပျော်ရွှင်မှုဟာ ဘဝရဲ့ အဓိပ္ပါယ်ကို
တိုင်းတာတဲ့ ညွှန်းကိန်း တခုဆို
ငါတို့ အတူ ရေးခြစ်ခဲ့ကြတဲ့
ပျော်ရွှင်ဖွယ် မှတ်စုများဟာ
ငါတို့ကို နေပျော်စေခဲ့
ငါတို့ကို သေပျော်စေခဲ့ပြီ မဟုတ်လား ။

နောင် ဆယ်စုနှစ်တွေ အကြာ
တယောက်ကို တယောက် ရိုးသားမှုတွေ
အန်ထုတ်ကြတဲ့ စကားဝိုင်းမှာ
ငါတို့ ထပ်ဆုံကြမယ် ။ ။

– အခါလွန်မိုး

Related Articles

Back to top button