တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 12, February 9, 2024)

၁။ ရှားတောတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ကလေးများအပါ ၆ ဦး ပစ်သတ်ခံရ
  February 8, 2024

ကရင်နီပြည် (ကယားပြည်နယ်)၊ ရှားတောမြို့နယ်၌စစ်ဘေးရှောင်နေသည့် ကိုယ်ဝန်ဆောင်အပါအဝင် အမျိုးသမီး ၃ ဦး နှင့် အသက် ၁၀ နှစ်အောက် ကလေး ၃ ဦးတို့ကို စစ်ကောင်စီတပ်က ပစ်သတ်သွားကြောင်း ကရင်နီတပ်မတော် (KA) ဘက်က ပြောသည်။ ဖေဖော်ဝါရီ ၄ ရက်တွင် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ-၂၄၉ သည် ရှားတောမြို့နယ်အတွင်းသို့ စစ်ကြောင်း ထိုးလာပြီး လမ်း၌တွေ့သည့် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦး နှင့် ကလေး ၃ ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း KA ထံမှ သိရသည်။ ဖေဖော်ဝါရီ ၅ ရက်တွင် ဖမ်းခံရသည့် အမျိုးသားမှာ ထွက်ပြေးလွတ်မြောက်လာခဲ့သော်လည်း ကိုယ်ဝန်ဆောင် အပါအဝင် အမျိုးသမီး ၃ ဦးနှင့် ကလေး ၃ ဦးတို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်သတ်ခြင်းခံလိုက်ရကြောင်း KA ဘက်က ဆိုသည်။ ကိုယ်ဝန်ဆောင် အပါအဝင် ရုပ်အလောင်း ၆ လောင်းကို KA နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပူးပေါင်း တပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းစဉ် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အသတ်ခံရသည့် အမျိုးသမီး ၃ ဦးသည် အသက် ၃၀ နှင့် ၄၀ ကြား အမျိုးသမီးများဖြစ်ပြီး ကိုယ်ဝန်ဆောင်တဦးနှင့် မသန် စွမ်းအမျိုးသမီး ၂ ဦးတို့ ဖြစ်ကြောင်း၊ ၎င်းတို့မှာ ရှားတောမြို့နယ်တွင် နေထိုင်သည့် ဒေါ်စိုးမယ်၊ ဒေါ်လော်မယ်၊ ဒေါ်မယ်မိုဖြစ်ပြီး ကလေးများမှာ ဒေါ်စိုးမယ်၏မြေး၊ ဒေါ်လော်မယ်၏ သမီးနှင့် ဘော်ရယ်ဆိုသည့် ကလေးတဦးတို့ဖြစ်ကြောင်း KA ထံမှ သိရ သည်။ KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ရှားတောမြို့နယ်တွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းနှင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များကြား တိုက်ပွဲဖြစ်ထားပြီး တိုက်ပွဲကို စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းက စစ်ရှောင်များကို ဖမ်းကာ သေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ်ကြောင်း မြေပြင်သတင်းများကို ကိုးကား၍ ပြောသည်။ ရှားတောမြို့နယ်တွင် စစ်ကောင်စီ တပ်နှင့် ကရင်နီပူးပေါင်းတပ်များကြားဖြစ်သည့် တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ လက်နက်ခဲယမ်းများကို ပူးပေါင်းတပ်များက သိမ်းဆည်းမိထားကြောင်း ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောသည်။ https://www.face book.com/photo/?fbid=793165112856 678&set=a.600722605434264
၂။ချ‌င်းလဲန်းကောင်စီက ချင်းညီနောင်အဖွဲ့ဝင်များနှင့်တွေ့ဆုံရန် ညီနောင်အဖွဲ့ဝင်အသီးသီးထံသို့စာပေးပို့ထားပြီးတွေ့ဆုံမည်
  February 8, 2024

ချင်းလဲန်းကောင်စီ(Chinland Council)နှင့် ချင်းညီနောင်မှ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF)၊ ချင်းကာ ကွယ်ရေးတပ်ဖွဲ့(မင်းတပ်)နှင့် ZFU(PDF-Zoland)တို့ မကြာခင်တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်း ချင်းလဲန်းကောင်စီထံက သိရသည်။ ချင်းလဲန်းကောင်စီကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် အတည်ပြုဖွဲ့စည်းခဲ့ပြီး ချင်းလဲန်းကောင်စီက ချင်းပြည် နယ်အစိုးရအဖွဲ့ကို ဝန်ကြီးဌာန ၁၄ ခုဖြင့် ၂၀၂၄ ခုနှစ်၊ ဖေ‌ဖော်ဝါရီလ ၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ချင်းလဲန်းကောင်စီအနေဖြင့် ချင်းညီနောင်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရာတွင် ချင်းပြည်၊ ချင်းလဲန်းဖွဲ့စည်းမှုအခြေခံဥပဒေနှင့်အညီ ချင်းလဲန်းကောင်စီမှ ချမှတ်ထားသော မူဝါဒအတိုင်းတွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။“ကျွန်တော်တို့က ချင်းလဲန်းကောင်စီအနေနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် စာပေးပို့ထားတာရှိပါတယ်။ ချင်းညီနောင်ရဲ့အဖွဲ့ဝင်တွေဖြစ်တဲ့ ချင်းအမျိုး သားကာကွယ်ရေးတပ်ဖွဲ့(CNO/CNDF)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၊ ZFU(PDF-Zoland) တွေကို အဲ့ဒီအဖွဲ့သုံးဖွဲ့ကို တစ်ဖွဲ့ချင်းစီသီးခြားနဲ့ ကျွန်တော်တို့ စာပို့တာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကြားထဲမှာ ဘယ်လောက်အတိုင်းအတာအထိ ညှိနှိုင်းဆောင်ရွက်နိုင်မလဲ ဆိုတာတော့ တွေ့ဆုံဆွေးနွေးတဲ့ ရလဒ်ပေါ်မူတည်ပြီးတဲ့ အချိန်မှပဲ အဖြေရလဒ်ကို သိရမှာဖြစ်ပါ တယ်”ဟု ချင်းလဲန်းကောင်စီအတွင်းရေးမှူး ဆလိုင်းပေါလ်က ပြောသည်။

ချင်းပြည်နယ်သည် တော်လှန်ရေးအင်အားကောင်းမွန်သော ပြည်နယ်ဖြစ်သည်နှင့်အညီ တော်လှန်ရေးအဖွဲ့အစည်းများ လည်း အလွန်များပြားလျက်ရှိပြီး အချို့သော တော်လှန်ရေးအဖွဲ့အစည်းများက အမျိုးသားအဆင့် ရပ်တည်နိုင်ရန် ကြိုးစားမှုများ ရှိနေကြောင်း သိရသည်။“ကျွန်တော်တို့ချင်းလူမျိုးတွေရဲ့ အခုလိုမျိုးအခွင့်အခါမျိုးမှာ ချင်းလူမျိုးတွေကြားထဲမှာ လွတ်လွတ် လပ်လပ်ပြောဆိုညှိနှိုင်းရမယ့် အခင်းအကျင်းမျိုးက ဒီလိုကာလမှပဲ ပထမဦးဆုံးရတဲ့ အခွင့်အခါဖြစ်တဲ့အချိန်ကျတော့ အမြင်မတူ တာတွေရှိမယ်။ နားလည်မှုလွဲတဲ့ အရာလေးတွေရှိမယ်။ အပေးအယူမမျှတာလေးတွေ ကျွန်တော်တို့ကြားထဲမှာရှိ မယ်။ အဲ့ဒါတွေ ကို ညှိနှိုင်းတဲ့ အဖြေရှာတဲ့ နေရာမျိုးမှာတော့ ကျွန်တော်တို့အနေနဲ့ အတတ်နိုင်ဆုံး အကောင်းမွန်ဆုံးအဖြေကို ရှာပြီးတော့မှ အဲ့လိုရှာတဲ့ အချိန်ကာလတစ်ခုကိုလည်း ပြည်သူလူထုတွေအနေနဲ့ နားလည်သည်းခံပေးဖို့အတွက် ဒီကနေပဲ မေတ္တာရပ်ခံတိုက် တွန်းလိုပါတယ်”ဟု ဆလိုင်းပေါလ်က ဆိုသည်။ ချင်းလဲန်းကောင်စီတွင် ကလေး-ကဘော်-ဂန်ဂေါ(KKG)၊ ချင်း ကာကွယ်ရေးတပ် ဖွဲ့(CDM-Siyin)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ဟွာလ်ငိုးရမ်)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ဟားခါး)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ထန်တ လန်)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ဇိုဖေ)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (လောက်တူ)၊ ချင်းကာကွယ် ရေးတပ်ဖွဲ့ (ဇိုတုန်)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(မရာ)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ဒိုင်)၊ ချင်းကာကွယ် ရေးတပ်ဖွဲ့(ပလက်ဝ)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)မှ တပ်ရင်းတချို့တို့ ပါဝင်ကြောင်းသိရသည်။ https://www.facebook.com/photo?fbid=7171931 70549705&set=pcb.717193287216360
၃။ စစ်သင်္ဘောသုံးစင်းကို AA ပစ်ခတ်လို့ နစ်မြုပ်သွားကြောင်း မြောက်ပိုင်းသုံးဖွဲ့ထုတ်ပြန်
  February 9, 2024

ရခိုင်ပြည်နယ်က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောသုံးစင်းကို ရက္ခိုင့်တပ်တော် (AA) က ပစ်ခတ်လို့ နစ်မြုပ်သွားတယ်လို့ ဖေဖော်ဝါရီလ ၈ ရက်နေ့ညမှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။ ဘယ်နေရာမှာ တိုက်ခိုက် နစ်မြုပ်ခဲ့တယ်ဆိုတာကိုတော့ တိတိကျကျ ထည့်သွင်းပြောမထားပါဘူး။ စစ်ကောင်စီရဲ့ ကမ်းထိုးယာဉ်နဲ့ တိုက်ခိုက်ရေး ယာဉ် တွေဖြစ်တဲ့ စစ်သင်္ဘောသုံးစင်းကို ဖေဖော်ဝါရီ ၇ ရက်နဲ့ ၈ ရက်နေ့တွေက တိုက်ခိုက်နစ်မြုပ်ခဲ့တာဖြစ်ပြီး နောက်ထပ်စစ်သင်္ဘော တစ်စီးကိုလည်း ထိခိုက်ပျက်စီးအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်နက် ချ အညံ့ခံဖို့ပြောပေမဲ့ လက်မခံတာကြောင့် စစ်သင်္ဘောပေါ်ကနေ ထွက်ပြေးတဲ့သူတွေကို ဆက်လက်ရှာဖွေတိုက်ခိုက်နေတယ် လို့လည်းဆိုပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၈) ရက်နေ့ဟာ ရက္ခိုင့်တပ်တော်ရဲ့သမိုင်းဝင် ပင်လယ်ပြင်ထက်မှာ အောင်ပွဲရေးထိုးနိုင်ခဲ့ တဲ့နေ့လို့လည်း ရေးသားထားပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ် မြောက်ဦးမြို့က စစ်ကောင်စီရဲ့ ရဲတပ်ရင်း ၃၁ ကိုလည်း သိမ်းယူ နိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒေသခံတွေနဲ့ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်တွေကိုနှစ်ရှည်လများ ဒုက္ခပေးလာတဲ့ မြောက်ဦးမြို့ စစ်ကောင်စီရဲ့တစ်ခုတည်းသော ကျန်ရှိနေတဲ့“ရဲတပ်ရင်း (၃၁)”ကို ရက္ခိုင့်တပ်‌တော်က သိမ်းယူနိုင်ခဲ့တာလို့ဆိုပါတယ်။ တစ်လ ကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့အပြီးမှာ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး စတဲ့မြို့နယ်သုံးခုမှာရှိတဲ့ စစ်ကောင်စီရဲ့ စကခ ၉ လက်အောက်ခံ တပ်ရင်း ဆယ်ရင်းကို သိမ်းဆည်းနိုင်ခဲ့ပြီလို့ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ကထုတ် ပြန်ထားပါတယ်။ https://www.rfa.org/burmese/news/aa-military-vessel-rakhine-military-02082024155638.html
၄။ ဘောလခဲမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ၁၂ မိုင်ကုန်း စခန်းကို တိုက်ခိုက် သိမ်းပိုက်
  February 8, 2024

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ၏ ၁၂ မိုင်ကုန်း စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ Jammer စက် တစ်လုံးအပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Force for Federal Democracy-FFD မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဖေဖော်ဝါရီလ ၅ ရက်နေ့မှစတင်၍ ဘောလခဲမြို့နယ်အတွင်းရှိ အကြမ်း ဖက် စစ်ကောင်စီ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး Jammer စက် ၁ လုံး အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်၊ ဗုံးသီးမျိုးစုံ သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

“မြေပြင်ရဲဘော်တွေနဲ့ အဆက်အသွယ်ကောင်းကောင်းမရသေးလို့ဗျ၊ စစ်ကောင်စီဘက်က အထိအခိုက်အကျဆုံးကို တော့ အတည်ပြုလို့မရသေးဘူး၊ ထွက်ပြေးလွတ်မြောက်သွားသူတွေလည်းရှိနိုင်ပါတယ်။ သေချာတော့ အတည်ပြုလို့ မရသေး ဘူး”ဟု Force for Federal Democracy-FFD မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါ တိုက်ခိုက်မှုကို Force for Federal Democracy- FFD Drone တပ်ဖွဲ့နှင့်အတူ မဟာမိတ် တပ်ဖွဲ့များဖြစ်သော ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး(ကလလတ)၊ ဘော်လခဲ PDF တပ်ဖွဲ့များနှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုများက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ ယင်းတိုက်ခိုက်မှုအတွင်း Force for Federal Democracy- FFD Drone တပ်ဖွဲ့မှ Drone ဖြင့် ဗုံးသီး စုစုပေါင်း ၄၅ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ၊ FFD Drone တပ်ဖွဲ့သည် ဆီဆိုင်မြို့တွင်လည်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ စစ်ရေးလှုပ်ရှားမှုများ ပြုလျက်ရှိကြောင်း သိရှိရသည်။ https://www.facebook.com/photo/?fbid=749108840650058&set =pcb.749109303983345
၅။ ဖားကန့်-ကားမိုင်းလမ်းရှိ မအူပင်ရွာမှ နေအိမ် ၁၂ အိမ် မီးရှို့ ခံရပြီး ပြည်သူ ၃ ဦး ဖမ်းဆီးခံရ
  February 8, 2024

ကချင်ပြည်နယ်၊ ဖားကန့်-ကားမိုင်းလမ်းဘက်ရှိ မအူပင်ရွာမှာ ဖေဖော်ဝါရီ ၇ ရက်နေ့ မနက်ပိုင်း ၁၀ နာရီကျော်ခန့်က ပြည်သူတွေရဲ့ နေအိမ် ၁၂ လုံးကို စစ်ကောင်စီတပ်က  မီးရှို့ ပြီး ရွာခံပြည်သူ ၃ ဦးလည်း ဖမ်းဆီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဒီမနက် ၁၀ နာရီ နဲ့ ၁၁ နာရီ လောက်မှာ ရွာဘက် ရုတ်တရက် တက်လာပြီး လက်နက်တွေပစ်ထည့်ပြီး မီးလည်း ရှို့သွားတယ်။ အခုအကုန်ပြန်လှည့်သွားပြီ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ မီးရှို့ခံရတဲ့နေအိမ်တွေက ဒေါ်အင်ခွမ်ရွယ်ဂျာ၊ မရူဘောက်ဒင်၊ မရန်ဘောက်နန်၊ အသင်းထောက်ဦးယောဟန်၊ လဂွေဆောင်ဝ်နမ်၊ အသင်းထောက်ဦးဝင်းဇော်၊ မရန်လာ့နူး၊ ဖကောန်ကိုင်ထန်၊ ဇင်ထုန်းလာ့နန်၊ ဦးအောင်တင့်၊ လဂွေဆောင်းဝ်ဆောင်၊ ဒွမ်ဖောက်ဝမ် တို့ရဲ့ နေအိမ်တွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒေသခံတွေ အများစု ကတော့ စစ်ကောင်စီတွေ တက်လာတာကြားလို့ ကြောက်ရွံ့ပြီး ထွက်ပြေး တိမ်းရှောင်သွားကြ တယ်လို့ ဆိုပါတယ်။ “တိုက်ပွဲတော့ မရှိဘူး။ နန့်ယားဘက်ကနေ စစ်ကောင်စီ အင်အား ၅၀ ခန့် တက်လာပြီး ရွာကို မီးရှို့ခဲ့ပြီး တော့ ပြန်လှည့်ပြန်သွားတာ။ စစ်ကောင်စီတွေ တက်လာနေတဲ့ သတင်းကြားတော့ အကုန်ထွက်ပြေးသွားလို့ စိတ်ဆိုးပြီး အိမ် တွေ မီးရှို့ထားခဲ့ပြီး ပြန်လှည့်သွားတာ” လို့ နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။ အသင်းထောက်ဦးဝင်းဇော်ရဲ့သား ဇော်ဝင်းအောင်၊ အသင်းအုပ်ဆရာ Rev. လရှီးတူးလွမ် နဲ့ ဦးကျော်ဆန်း တို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွား တယ်လို့ သူက ပြောပါတယ်။  https://www.facebook.com/photo?fbid=41568434081801 6&set=pcb.415684937484623
၆။ သံဖြူဇရပ်မှာ အမျိုးသမီးတဦး မြေမြှုပ်မိုင်းနင်းမိလို့ ပြင်းထန်ဒဏ်ရာရ
   February 8, 2024

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကရုပ္ပိကျေးရွာမှာ ဖေဖော်ဝါရီလ ၇ ရက် ညနေ ၃ နာရီခွဲခန့်က အမျိုးသမီးတဦး မြေမြှုပ် မိုင်းနင်းမိလို့ ခြေတဖက်ပြတ် သွားသလို နောက်တဖက်မှာလည်း ပြင်းထန်ဒဏ်ရာတွေရသွားတယ်လို့ ဒေသခံတွေက ပြောပါ တယ်။“ခြံဘက်ကို ဆင်းသွားတာ၊ သူတယောက်တည်းပဲ၊ နင်းမိတာ တော်တော်ဆိုးတယ်ဗျာ၊ ခြေထောက်တွေဆို လုံးဝ ရစရာ မရှိ ဆုတ်ပြတ်သွားတာနှစ်ဖက်စလုံးက” လို့ ဖြစ်စဉ်ကို သိရတဲ့ ကရုပ္ပိကျေးရွာဒေသခံတဦးက ပြောပါတယ်။ မြေမြှုပ်မိုင်းနင်းမိ သွားတဲ့သူဟာ ကရုပ္ပိကျေးရွာက အသက် ၅၂ နှစ်အရွယ် ဒေါ်မလေးဖြစ်ပြီး ဖေဖော်ဝါရီလ ၇ ရက် ညနေ သုံးနာရီခွဲလောက်က ရော်ဘာခြံထဲကို သွားရောက်ချိန် မြေမြှုပ်မိုင်းနင်းမိခဲ့တာ ဖြစ်ပါတယ်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေါ်မလေးရဲ့ ဘယ်ခြေ ထောက် ပြတ်ထွက်ဒဏ်ရာနဲ့ ညာဘက်ခြေထောက် စုတ်ပြဲဒဏ်ရာတွေရရှိခဲ့ပြီး ဒေသတွင်း လူမှုကူညီရေးအသင်းကားနဲ့ သံဖြူဇရပ် မြို့နယ်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကု  သမှုခံယူဖို့ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

“အသက်အန္တရာယ်ကမရှိပေမဲ့၊ ခြေထောက်ကဖြတ်ရတော့မှာ ကြည့်ရက်စရာတောင်မရှိတော့တာ”လို့ နယ်မြေခံ လူမှု ကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။ အဲဒီမြေမြှုပ်မိုင်းကို ဘယ်အဖွဲ့ကထောင်ထားသလိုဆိုတာ မသိရပေမဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေး အင်အားစုတွေဘက်ကတော့ သူတို့လက်ချက်မဟုတ်ကြောင်း နှစ်ဖက်စလုံးက ငြင်းဆိုထားပါတယ်။ ဒါပေမဲ့ အခု မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ နေရာတွေဘက်ကို တော်လှန်ရေးအင်အားစုတွေဘက်က မကြာ ခဏဝင်ရောက်လာလေ့ရှိ ကာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်က ကရုပ္ပိကျေးရွာအနီးက ရော်ဘာခြံမှာ ပြည်သူ့စစ်ခေါင်းဆောင်အပါအဝင် ငါးဦးကို တော်လှန် ရေးအင်အားစုတွေက ဝင်ရောက်ဖမ်းဆီးခဲ့ပါသေးတယ်။“ဒီနယ်မြေက စစ်သားတွေပဲများတယ်၊ တခါတခါ PDF အဖွဲ့တွေ ဝင်လာတာရှိတယ်၊ ဒီတလောဆို ခဏခဏ ဝင်လာတာရှိတော့ စစ်သားတွေကပဲ သူတို့ အကာအကွယ်အတွက် လုပ်ထားတာပဲ ထင်တယ်”လို့ သံဖြူဇရပ်မြို့ခံတဦးက ပြောပါတယ်။ https://www.facebook.com/photo/?fbid=792237859615960&s et=a.605723148267433
၇။ နယ်ခြားစောင့်တပ်နဲ့ ARARSOတပ်တွေ ဆက်စပ်မှုရှိနေတဲ့အထောက်အထားတွေရထားတယ်လို့ AAပြော
  February 8, 2024

စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်နဲ့ ARA၊RSO တို့ကြား ဆက်စပ်မှုရှိနေတဲ့ အထောက်အထားတွေကို မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ် တောင်ပြိုစခန်းသိမ်းတိုက်ပွဲတွေအတွင်းရခဲ့တယ်လို့ ရခိုင့်တပ်တော် AA က ထုတ်ပြန် အသိ ပေးထားပါတယ်။ မောင်တောမြောက်ပိုင်းက တောင်ပြို(လက်ယာ)နဲ့ တောင်ပြို(လက်ဝဲ)စခန်းတွေကို AA က တိုက်ခိုက် သိမ်းပိုက်ချိန်မှာ ARA၊RSO တပ်ဖွဲ့တွေက အထက်ပါစခန်းတွေထဲကနေ စစ်ကောင်စီဘက်ကပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါ တယ်။ စစ်ကောင်စီနယ်ခြားစောင့်တပ်နဲ့ ARA၊RSO တပ်တွေဟာ “ကြိုတင်ပူးပေါင်းထားတာ”လို့ AA က ဖော်ပြထားပါတယ်။ တိုက်ပွဲအပြီး စခန်းသိမ်းနိုင်ချိန်မှာလည်းစစ်ကောင်စီနယ်ခြားစောင့်တပ်ဖွဲ့ဝင်ရုပ်အလောင်းအများအပြား၊ ARA နဲ့RSO တပ်ဖွဲ့ဝင် တွေရဲ့ ရုပ်အလောင်းတချို့နဲ့လက်နက်ခဲယမ်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေရဲ့ထွက်ဆိုချက်တွေအရ တောင်ပြို လက်ဝဲနဲ့လက်ယာ စခန်းနှစ်ခုလုံးက နယ်ခြားစောင့် တပ်မှူးတွေဟာ ထွက်ပြေးရမယ့်အခြေအနေနဲ့ကြုံ လာရရင် အဲ့ဒီစခန်းတွေမှာရှိတဲ့ လက်နက်ခဲယမ်းတွေကို ARA နဲ့ RSO တပ်တွေဆီ ဘင်္ဂလားဒေ့ရှ်ငွေ တာကာ ဆယ်သန်းနဲ့ရောင်းချဖို့ သဘောတူထားသလို တဖက်နိုင်ငံအတွင်း ထွက်ပြေးနိုင် ဖို့ကိုပါ ညှိနှိုင်းထားကြတာလို့ AA က ဆိုပါတယ်။ ဒါ့အပြင် နယ်ခြားစောင့်တပ်တွေနဲ့ ARA အဖွဲ့တို့ကြား ရင်းနှီးတဲ့ဆက်ဆံရေး ရှိသလို အပေးအယူတွေနဲ့ နားလည်မှု ရှိရှိနေခဲ့ကြတယ်လို့ သုံ့ပန်းတွေကထွက်ဆိုထားသလို ARA တပ်စခန်းနဲ့တောင်ပြို လက်ဝဲ စခန်းတို့ကြား မီတာ တထောင်(ပေသုံးထောင်ကျော်)သာဝေးပြီး စခန်းနှစ်ခုကို ဆက်သွယ်ထားတဲ့ လူသွားလမ်းကိုလည်း တွေ့ရ တယ်လို့ ဆက်လက်ဖော်ပြထားပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာလက်နက်ကိုင်တွေအဖြစ် လူသိများတဲ့ ARA နဲ့ RSO တပ်ဖွဲ့တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက အကြမ်းဖက်တပ်ဖွဲ့တွေအဖြစ် ထုတ်ပြန်ပြော ဆိုလေ့ရှိပါတယ်။ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေး အဖွဲ့ RSO ဟာ လက်နက်ကိုင်လှုပ်ရှားမှု ကာလကြာရှည်ရှိခဲ့တဲ့ အဖွဲ့အစည်းတခု ဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တိုက်ခိုက်မယ်ဆိုပြီး ထုတ်ဖော်ပြောဆိုခဲ့ပါ သေးတယ်။ လက်ရှိမှာ AA အနေနဲ့ ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေကို စစ်ဆေးမေးမြန်းမှုတွေ ဆက်လုပ်နေတယ်လို့လည်း ဆိုပါတယ်။ https://www.facebook.com/photo?fbid=79220389295 2690&set=pcb.792206942952385
၈။ လားရှိုးမှာ ဗုံးထပ်ပေါက်၊ ပြည်သူ ၂ ဦးထက်မနည်းထိခိုက်
  February 8, 2024

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ညဈေးနားက ဟိုတယ်အနီးမှာ ဖေဖော်ဝါရီ ၇ ရက်နေ့ ၄ နာရီခွဲ ကျော်ခန့်က ဗုံးပေါက် ကွဲမှုဖြစ်ပွားပြီး အနီးနားရှိ ပြည်သူ ၂ ဦး ထက်မနည်း ထိခိုက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။  စန်းရွှေဟိုတယ် အနီး မှာ ပေါက်ကွဲတာဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် အနီးနားမှာရှိတဲ့ ပြည်သူတစ်ဦး လက်မောင်းကိုထိခိုက်သွားပြီး နောက်တစ်ဦးက တော့ လန့်ပြီး သတိလစ်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “သေဝောာ့ မသေဘူး။ တစ်ယောက်က လက်ထိသွား တယ်။ လက်မောင်းထိသွားတယ်။ တစ်ယောက်ကတော့ လန့်သွားလို့ သတိလစ်သွားတယ်။ စန်းရွှေဟိုတယ်က လုံခြုံရေး ဝန်ထမ်း တစ်ယောက်ကလည်း ချော်လဲတာလားဘာလားမသိဘူး။ လဲသွားတယ်” လို့ သူတစ်ဦးက ပြောပါတယ်။

ဗုံးဖောက်ခွဲသူတွေက ဗုံးကို ဆိုင်ကယ်ပေါ်ကနေ ချိန်ပစ်လိုက်တာဖြစ်ပြီး ဆိုင်ကယ်တစ်စီးလည်း ထိခိုက်ပျက်စီးသွား တယ်လို့ ဖြစ်စဉ်အနီးနားမှာရှိတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဗုံးဖောက်ခွဲကိုသူတော့ မသိရသေးဘူးလို့ သူက ပြောပါ တယ်။  လားရှိုးမြို့မှာ ဒီတစ်ကြိမ်ဗုံးပေါက်ကွဲမှုအပါအဝင် ပြီးခဲ့တဲ့ ၁၀ရက်အတွင်း ၃ကြိမ်ဗုံးပေါက်ကွဲခဲ့ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ ညနေပိုင်းကလည်း လားရှိုးရပ်ကွက် ၈ မှာတစ်ကြိမ် ဇန်နဝါရီလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ရပ်ကွက် ၃ က ကုန်မာ ဆိုင်ရှေ့မှာတစ်ကြိမ် ပေါက်ကွဲခဲ့ပြီး ဗုံးပေါက်ကွဲမှုတွေကြောင့် အမျိုးသားတစ်ဦး သေဆုံးသွားကာ ကလေးငယ်တစ်ဦးနဲ့ အလုပ် သမားတစ်ဦး ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။ https://www.facebook.com/photo?fbid=415790 537474063&set=pcb.415791 350807315
၉။  ကန်ပက်လက် စစ်ရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျှောရောဂါခံစားနေရပြီး အရေးပေါ်အကူအညီလိုအပ်နေ
  February 8, 2024

ကန်ပက်လက်မြို့နယ်မှ စစ်ရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျှောရောဂါခံစားနေရပြီး အရေးပေါ်အကူအညီများလိုအပ် လျက်ရှိကြောင်းသိရသည်။ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကြောင့်ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက စတင်ထွက်ပြေးတိမ်းရှောင်ခဲ့ ရသည့် စစ်ရှောင်ပြည်သူသုံးထောင်ဝန်းကျင်ခန့်ရှိပြီး အစားအသောက်နှင့် ဆေးဝါးအကူညီများလိုအပ်နေသည်ဟု စစ်ရှောင်အ ရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။“စစ်ရှောင်တစ်ယောက် ဝမ်းပျက်၊ဝမ်းလျှောဖြစ်လို့ တနေ့က တစ်ယောက် သေတယ်။ ကျန်တဲ့လူတွေလည်းဖြစ်တယ် ပြင်းထန်နေတယ်ပေါ့။ အဓိက ရေနဲ့ အိမ်သာကြောင့်ဖြစ်နေတာ။ နောက်ပြီးတောထဲ ဆိုတော့ ခြင်တွေလည်းအရမ်းကိုက်တော့ ငှက်ဖျားတွေလည်း ဖြစ်ကြတယ်” ဟုဆိုသည်။ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ နှင့် ကျင်ဒွေးမြို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ဒေသခံပြည်သူများထွက်ပြေး တိမ်းရှောင်နေရသည်မှာ ၄၅ ရက်ခန့်ရှိပြီဖြစ်သည်။

လုံလောက်သည့် အကူအညီများမရရှိသည့်အပြင် ကန်ပက်လက်မြို့နယ်တွင် စစ်ရှောင်ဦးရေမှာ ယခင်ထက် ပိုမိုများပြား လာသောကြောင့် အခက်အခဲများစွာကြုံနေရသည်ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။“ဒီကျင်ဒွေးနဲ့နီးတဲ့ရွာတွေဆို တော့ သူတို့လေကြောင်းအန္တရာယ်ကြောက်လို့ဆိုပြီးတော့ တောထဲ၊ တောင်ထဲတွေ၊ ဥယျာဉ်ခြံတွေမှာနေကြတာ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ပဲ ရှာဖွေစားသောက်ကြရတာပေါ့။ စစ်ရှောင်ရတာဆိုကတည်းကတော့ နေရေး၊ စားရေး၊ သောက်ရေးကတော့ အကုန်လုံးအခက်ခဲဖြစ်တယ်” ဟုဆိုသည်။ ထို့ကြောင့် နိုင်ငံတကာရောက် ကန်ပက်လက်ဒေသခံများက မှတ်တမ်းရုပ်ရှင်ကြည့်ရှု နိုင်သည့် လက်မှတ်များ ဝယ်ယူကာ စစ်ရှောင်ပြည်သူများကို ကူညီလှူဒါန်းနိုင်ရန် Kanpetlet Freedom Fund ဟူသည့် ဝက်ဘ်ဆိုက်ကို ပူးပေါင်းတည်ထောင်ထားကြောင်း တာဝန်ခံတစ်ဦးကပြောသည်။ www.kanpetletfreedomfund.site တွင် မှတ်တမ်းရုပ်ရှင်လက်မှတ် ဝယ်ယူရန် အမျိုးသားညီညွတ်ရေးအစိုးရ၏ NUG Pay နှင့် SDB အပါအဝင် နိုင်ငံတကာတွင် အသုံးပြု သည့် ငွေပေးချေစနစ်များကိုလည်း အသုံးပြုနိုင်ကြောင်း သိရသည်။ https://www.facebook.com/photo/?fbid=70711834 4949170&set=a.53586740 5407599
၁၀။ ဆီဆိုင်မြို့တိုက်ပွဲမှာ ပြည်သူ့စစ် ၂ ဦး ဖမ်းမိတယ်လို့ PNLA ထုတ်ပြန်
  February 8, 2024

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် ယမန်နေ့က ထိတွေ့ပစ်ခတ်မှုဖြစ်ပြီး ပြည်သူ့စစ် ၂ ဦး ဖမ်းဆီးရမိတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဖေဖော်ဝါရီ ၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၆ ရက် နေ့က ဒေသတွင်းလုံခြုံရေးဆောင်ရွက်နေသည့် PNLA လုံခြုံရေးတပ်ဖွဲ့ကို စစ်ကောင်စီနဲ့ အပေါင်းအပါများက ဆီဆိုင်မြို့နယ် တနေရာတွင် ချောင်းမြောင်းပစ်ခတ်သဖြင့်  ချောင်းမြောင်းပစ်ခတ်သူကို ပိတ်ဆို့ဖမ်းဆီးရာ ပြည်သူ့စစ် ၂ ဦးကို အရှင်ဖမ်းဆီးရမိ ခဲ့ တယ်လို့ဆိုပါတယ်။

စစ်ကောင်စီနဲ့ အပေါင်းပါတွေဟာ လွယ်ပွတ်ကျေးရွာအတွင်းသို့ ဝင်ပြေးပြီး ဒေသခံပြည်သူတွေရဲ့ မော်တော်ယာဉ် တွေကို လုယက်ယူဆောင် ထွက်ပြေးသွားခဲ့တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ ဖေဖော်ဝါရီ ၆ ရက်မှာလည်း ဆီဆိုင်မြို့ မြောက်ဘက်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားရာ စစ်ကောင်စီအလောင်း ၆ လောင်းနှင့်လက်နက် ၅ လက်သိမ်း ဆည်းရမိခဲ့ကြောင်း PNLA ကကြေညာထားပါတယ်။ ထိတွေ့မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီနဲ့အပေါင်းအပါတွေကစစ်ရေး ပစ်မှတ်မဟုတ်တဲ့ လွယ်ပွတ်ကျေးရွာကို လက်နက်ကြီးပစ်ခတ်တာ လေယာဉ်နဲ့ ဗုံးကြဲတာတွေ ပြုလုပ်ခဲ့တာမှာ ကလေးငယ် ၂ ဦးသေဆုံးခဲ့ပါသေးတယ်။ https://www.facebook.com/photo/?fbid=415658280820622&set=pcb.415658330820617
၁၁။ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ရေးမြို့နယ်တွင်း ကလေးငယ်၂ ဦးအပါအဝင် ၅ ဦးဒဏ်ရာရ
  February 9, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကျုံလောင်ရွာဟောင်းအတွင်းသို့ စစ်ကောင်စီ၏ အမြှောက်တပ်(အမတ-၃၁၆) တပ်ရင်းမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၂ ဦးအပါ အဝင် အရပ်သား ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့-YGF ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ စစ်ကောင်စီ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ် နှစ်ဦး နှင့် အရပ်သား (၅) ဦးကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့ပြီး နှစ်ဦးမှာဒဏ်ရာပြင်းထန်သည့်အပြင် နေအိမ် ထိခိုက်မှုများလည်းရှိခဲ့သည်ဟု ရေးပြောက်ကျားတပ်ဖွဲ့-YGF ၏ တာဝန်ရှိ သူကယခုလိုပြောသည်။“စကစရဲ့အမြှောက်တပ်(၃၁၆)တပ်ရင်းကနေကျေးရွာထဲကို လက်နက် ကြီးပစ်ခတ်ခဲ့တယ်။ အရပ်သား ထိခိုက်တာက စုစုပေါင်း ၇ ယောက်ပေါ့။ ကလေး နှစ်ယောက်ပါတယ်။ နှစ်ယောက်ကတော့ ထိခိုက်မှုနည်းနည်းများတယ်။ သေဆုံးတော့မရှိဘူး။ ရွာထဲက နေအိမ်ထိတာလည်းရှိတယ်”ဟု YGF တာဝန်ရှိသူက ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်၏ အမြှောက်တပ်မှ ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ကျေးရွာထဲရှိ ဒေသခံ ပြည်သူများအနေဖြင့် ဘေးကင်းသည့် ကိုင်းခြံမြေများထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုလည်း အမည်မဖော်လိုသူ ကျုံလောင်းရွာသားတစ်ဦးကပြောသည်။ ၎င်းက“တိုက်ပွဲသံလည်းမကြားရဘဲနဲ့သူတို့စခန်းကုန်းကနေ လက်နက်ကြီ ဆက်တိုက် ပစ်ထည့်နေတယ်။ မနေ့ညက ကလေးတွေလည်း ထိတော့ ရွာကလူတွေ ထပ်ထိမှာစိုးလို့ ရွာအပြင်ဘက်က ကိုင်းတောတွေ ဘက်ကို ထွက်ပြေးကြပြီး။ ဒီနေ့တော့ ပြန်တဲ့သူကတော့ ပြန်နေကြပြီး။ မပြန်ဘဲနေတဲ့ သူတွေလည်းရှိနေသေး တယ်။ အခုတော့ အသံ ပြန်ငြိမ်နေတယ်”ဟု ပြောသည်။ https://kicnews.org/2024/02/%e1%80% 85%e1%80%85%e1%80%ba%e1%8 0%80%e1%80%b1%e1%80%ac%e1
၁၂။ လောင်းလုံးမှာ ဗုံးခိုကျင်းတူးကြဖို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တိုက်တွန်း
   February 8, 2024

ပြည်သူတွေရဲ့ ရပ်ကွက်၊ ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်တာတွေလုပ်လာ နိုင်လို့ မြို့နယ်အတွင်း ဗုံးခိုကျင်းတူးတာတွေလုပ်ဆောင်ကြဖို့ လောင်းလုံ ပအဖက ထုတ်ပြန်ချက် ထုတ်ပြီး တိုက်တွန်းထားပါ တယ်။ လောင်းလုံးမြို့နယ်မှာ လက်ရှိအချိန်ထိလေကြောင်း တိုက်ခိုက်မှုမရှိသေးပေမဲ့ ရေကြောင်း၊ ကုန်းကြောင်းတွေကို အသုံး ပြုပြီး လူနေရပ်ကွက်၊ ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကိုတော့ စစ်ကောင်စီတပ်က လုပ်ဆောင်နေပါတယ်။ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ကိုဟိန်းထက်ကတော့ ကုန်းကြောင်း၊ ရေကြောင်းအပြင် လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေ အချိန်မရွှေး ဖြစ်လာနိုင်တာကြောင့် ဗုံးခိုကျင်းတွေက အရေးတကြီးလုပ်ဖို့ လိုလာတယ် လို့ ဆိုပါတယ်။ “လွန်ခဲ့တဲ့ ရှစ်လလောက်ကတည်းက ကျနော်တို့ မြို့နယ်ပအဖ အစီအစဥ်တွေနဲ့ ဗုံခိုကျင်းတွေ လုပ်ဆောင် နေတာရှိပါတယ်။ အခုကတော့ ပြည်သူတွေကို ကျယ်ကျယ်ပြန်ပြန့်သိဖို့နဲ့ပြင်ဆင်နိုင်ကြဖို့ တိုက်တွန်းတာဖြစ်ပါတယ်” လို့ ကိုဟိန်းထက် က ဆက်ပြောပါတယ်။

ဗုံးခုံကျင်းတူးတဲ့ နည်းနာတွေနဲ့ ပတ်သက်လို့ အကူအညီလိုအပ်ရင်လည်း လောင်းလုံး ပအဖကိုဆက်သွယ်ပြီး အကူအညီ တောင်းခံနိုင်တယ်လို့လည်း ပအဖရဲ့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့လကုန်ပိုင်းကစလို့ တနင်္သာရီတိုင်းအတွင်းက ပုလော၊ တနင်္သာရီ၊ ထားဝယ်နဲ့ ကျွန်းစုမြို့နယ်တွေမှာ Mi – 2 ရဟတ်ယာဥ်တွေကို အသုံးပြုပြီး ဗုံးကြဲ တိုက်ခိုက်တာနဲ့ စက်သေနတ်နဲ့ပစ်ခတ်တာတွေကို လုပ်ဆောင်လာပါပြီ။ တနင်္သာရီတိုင်းမှာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ ပြီးခဲ့ တဲ့ နှစ်ကုန်အထိ ရေဖြူမြို့နယ်က လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်သာရှိခဲ့ပေမဲ့ အခုနှစ်အတွင်းမှာတော့ တပတ်အတွင်း ငါးကြိမ်အထိရှိနေပြီဖြစ်ပါတယ်။ https://www.facebook.com/photo/?fbid=412299841187771&set=pcb.41237854428
၁၃။ စစ်ရှောင်စခန်းက အမျိုးသမီးနဲ့ ကလေးတွေ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ ပိုမိုကြုံတွေ့လာ
   February 9, 2024

စစ်ကောင်စီရဲ့လေယာဉ်နဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် စစ်ရှောင်စခန်းက အမျိုးသမီးနဲ့ ကလေးငယ်အများစု ဟာ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ ပိုမိုကြုံတွေ့လာတယ်လို့ ကယန်းအမျိုးသမီးအစည်းအရုံး (KyWO)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။“စစ်ရှောင်အမျိုးသမီးတွေအနေနဲ့ အများစုဟာ စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေကို ရင်ဆိုင်နေရ တာကိုတွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်နေရာပဲထွက်ပြေးတိမ်းရှောင်နေပါစေ လေယာဥ်နဲ့ တိုက်ခိုက်ခံရတာတို့ လက်နက်ကြီးပစ်လို့ ထိခိုက်ခံရတာတို့ပဲများနေတော့ သူတို့ဟာ အမြဲတမ်း မိမိအတွက်သော်လည်းကောင်း၊ ကလေးငယ်လေး တွေအတွက်သော်လည်းကောင်း စိတ်ပူပန်နေရတာကိုတွေ့နေရပါတယ်။” လို့ KyWO မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ စစ်ရှောင်အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေနဲ့ စိတ်ဖိစီးမှုတွေ အများဆုံး ကြုံတွေ့ခံစားနေကြရပြီး အားပေးနှစ် သိမ့်မှုတွေလိုအပ်နေသလို လတ်တလောမှာလည်း အမျိုးသမီးနဲ့ ကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာကုစားမှု ပေးနိုင်ဖို့အတွက် စစ်ရှောင်စခန်းတွေမှာ သင်တန်းပို့ချပေးနေတယ်လို့ ဆိုပါတယ်။

စစ်ရှောင်စခန်းတွေမှာ အမျိုးသမီးငယ်တွေအတွက် သီးသန့်ရေချိုးခန်း၊ အိမ်သာမရှိတဲ့အတွက် မလုံခြုံမှုခံစားနေရတာ ကြောင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကနေ ကာကွယ်နိုင်ဖို့လည်း စကားဝိုင်း၊ သင်တန်းတွေ ပို့ချပေးနေတယ်လို့ သူက ဆက် ပြောပါတယ်။“ စိတ်ပိုင်းဆိုင်ရာ စိတ်ဓါတ်မြှင့်တင်ရေး စကားဝိုင်း/သင်တန်းတွေ ပြုလုပ်ပေးတာတွေ အထူးသဖြင့် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုကနေပြီး ကာကွယ်နိုင်ဖို့” လို့ KyWO တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။ လေယာဉ်ဗုံးကြဲမှုကို ကိုယ်တိုင်မြင်တွေ့ရတဲ့ ကလေးတွေဟာ ကားအသံကြားရင်တောင် စိတ်ခြောက်ချားမှုရှိနေပြီး ဘေးနားမှာ လူကြီးတစ်ယောက် ရှိမှသာ အိပ်ပျော်နိုင်ကြတယ်လို့ ကလေးမိခင်တစ်ဦးက ပြောပါတယ်။ “ညအိပ်ဆို ကားအသံကြားတယ်လေး လမ်းမှာပေါ့နော။ ကားအသံကြားရင်လည်း မို့မို့(အမေ) လေယာဥ်လာတယ်။ အဲ့လိုမျိုးပေါ့ ခြောက်ချားတယ်။ ထအော်တယ်။ ထယောင်တယ်”လို့ ကလေးမိခင်တစ်ဦးက ပြောပါတယ်။ https://www.kantarawaddytimes.org/%e1%80%85%e1%80%85%e1%80%ba %e1%80%9b%e1%80%be%e1%80
၁၄။ ရှမ်းမြောက်မှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက တစ်နှစ်စာအခွန်အပြင် တခြားအခွန်ပါ ထပ်ကောက်
  February 8, 2024

ရှမ်းမြောက်ရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက တစ်နှစ်စာအခွန်အပြင် တခြားသော အခွန်ပါ ထပ်ကောက်ခံ နေတာကြောင့် အခက်တွေ့နေကြတယ်လို့ ကားသမားတွေက ပြောပါတယ်။ လားရှိုး-နမ္မတူ-နမ့်ခမ်း-မူဆယ် လမ်းကြောင်းတစ် လျှောက်မှာ တအာင်းတပ်မတော်- TNLA၊ ကချင်တပ်မတော်- KIA၊ ရှမ်းတပ်မတော်- SSPP တို့ရဲ့ စစ်ဆေးရေးဂိတ်မှာ ကောက် နေတာပဲ ဖြစ်ပါတယ်။ နမ္မတူမြို့နယ် မိုင်းတတ်ရွာအနီး စစ်ဆေးရေးဂိတ် ထားရှိတဲ့ KIA က ကားသမားနဲ့ ကုန်တင်ကား သမား တွေဆီကနေ ငွေ အဆမတန် တောင်းခံနေတယ်လို့ ပေးဆောင်ခဲ့ရတဲ့ ကားသမားတစ်ဦးက ပြောပါတယ်။ “ဟုတ်တယ်။ အဲနေ ရာက အရမ်းတောင်းတယ်။ မိုင်းတတ်ရွာအကျော်နားမှာ တောင်ကုန်းရှိတယ်။ ဒီတောင်ကုန်းမှာ သူတို့စစ်ဆေးရေးဂိတ်ဖွင့်ပြီး ဘီးခွန်အပြင် ကုန်တင်တဲ့ ခရီးသည်ကားတွေ အကုန်ပေးဆောင်ရတယ်။ အိမ်စီးကားတွေတောင် နှစ်သောင်းကျော် ပေးရတယ်” တစ်နှစ်စာ ဘီးခွန်ကို ၁ သိန်း ပေးဆောင်ရပြီး ကုန်တင်တဲ့ ခရီးသည်တင် ကားတွေက ၄ သောင်း ပေးဆောင်ရသလို အိမ်စီး ကား တွေက ၂ သောင်း ပေးဆောင်ရတယ်လို့ သူကပြောပါတယ်။

လားရှိုး-နမ့်ဆန်ဘက်သွားတဲ့ နောင်မွန် မန်ဆန်ရေကျလမ်း ပန်လုံရွာအထိ ဂိတ် ၃ ခုဖွင့်ပြီး စောင့်နေတဲ့ SSPP တပ်က လည်း ၃ သောင်းကနေ သိန်းဂဏန်းအထိ ကန့်သတ်ချက်မရှိ ဂိတ်တိုင်းက ကောက်ခံနေတယ်လို့ အမည်မဖော်လိုတဲ့ ကား သမား တစ်ဦးက ပြောပါတယ်။“မန်ကျန်နဲ့ လွယ်ပန်မွန်းရွာအနီးမှာလဲ ကောက်တယ်။ သူတို့တောင်းရင် ကားတစ်စီးကို ငါးသောင်း အထိ တောင်းတယ်။ ကန့်သတ်ချက်လည်း မရှိဘူး။ တစ်ခေါက်နဲ့တစ်ခေါက် မတူဘူး။ ဘောင်ချာ လက်မှတ်တွေလည်း မပေး ဘူး။ မန်ကျန်ကနေ လားရှိုးမြို့ထဲကို ဂိတ်ကြေးတောင် တစ်သိန်းနီးပါး ပေးဆောင်နေရတယ်” နမ့်ဆန်မြို့အထွက်နဲ့ မန်တုံမြို့ နယ်ထဲ TNLA တပ်ဖွဲ့ကလည်း ကားသမားတွေဆီကနေ တစ်နှစ်စာ အခွန်အပြင် ကုန်တင်အခွန်ကိုပါ ထပ်မံ ကောက်ခံနေတယ် လို့ ဒေသခံတွေက ပြောပါတယ်။ ပေးဆာင်ရတဲ့အခွန်နဲ့ ရရှိတဲ့ ကုန်ခတွေက တွက်ခြေ မကိုက်တာကြောင့် ကားသမားတွေက အခက်ကြုံနေကြတယ်လို့ ပြောပါတယ်။ https://www.facebook.com/photo/?fbid=716032910703976&set=a.40450321 5190282
၁၅။ မိုးညှင်းမြို့နယ်တွင် ဆက်ကြေးလိုက်ကောက်သည့် ကားပစ်ခတ်ခံရပြီး နယ်ထိန်းရဲတစ်ဦးသေဆုံးဟုဆို
   February 8, 2024

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးအရှေ့ဘက်ကမ်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ ယနေ့ နံနက် ၆ နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် နယ်ထိန်းရဲတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ အင်းသာနှင့် ဟဲပါးကျေးရွာ ကြားတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နယ်ထိန်းရဲတစ်ဦးသေဆုံးကာ တစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု တော်လှန်ရေး တပ် ဖွဲ့ဝင်များနှင့်နီးစပ်သူတစ်ဦးက ပြောသည်။“သူတို့အမြဲသွားနေတာ ဆီကားတွေကို ပိုက်ဆံလိုက်တောင်းကြတာ။ မနက်က လုံခြုံရေးအရ ကင်းပတ်နေတဲ့အချိန် အင်းတော်ကြီးနယ်ထိန်းရဲနဲ့ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုဖြစ်တာ။ နယ်ထိန်းကတော့ နေရာ မှာပဲ သေသွားတယ်။ သူ့တပည့်တစ်ယောက်ကတော့ လက်ထိသွားတယ်လို့ ကြားထားပါတယ်ဗျ” ဟုဆိုသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် ထိုလမ်းပိုင်းကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များကခေတ္တပိတ်ထားခဲ့ပြီး သေဆုံးသွားသည့်စစ်ကောင်စီ တပ်ဖွဲ့ဝင်၏ ရုပ်အလောင်းကို သယ်ဆောင်သွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးကဆက်ပြောသည်။“အသံထွက် တာတော့ ဒီမနက် ၆ နာရီလောက်မှာဟုတ်တယ်။ ကြားတာတော့ ကားရပ်ခိုင်းတာမရပ်လို့ ပစ်ကြတယ်လို့ကြားတာပါ့။ မနက်ကဖြစ်တဲ့ အချိန်မှာတော့ အဲ့နေရာပိတ်ထားလို့ ကလေးတွေတောင် ကျောင်းမသွားရဘူး ကိုးနာရီနောက်ပိုင်းလောက်မှပြန်သွားခိုင်းတယ်” ဟုပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးစီးနင်းလာသည့် အေဒီဘင်ကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အခင်း ဖြစ်ပွားရာနေရာတွင် မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။ အင်းတော်ကြီး KPDF ကလည်း တပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်း ရေးလုပ်ဆောင်နေစဉ် လုံးတုံကျေးရွာမှထွက်ခွာလာသော စစ်ကောင်စီရဲကားတစ်စီးနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး နယ်ထိန်း ခေါင်းဆောင် ဖြစ်သူသေဆုံးသွားကြောင်း ထုတ်ပြန်ထားသည်။ https://www.facebook.com/photo/?fbid=70777509821 6828&set=pcb.707783201549351
၁၆။ ဇရပ်ကြီးမြို့ရှိ ခလရ ၇၃ တပ်ရင်းနှင့် စစ်ကောင်စီတပ်စခန်း ၆ ခုကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်
   February 8, 2024

ပဲခူးတိုင်း၊ ဇရပ်ကြီးမြို့၊ ထန်းတပင်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းရဲစခန်း ခြောက်ခုနှင့် ဇရပ်ကြီးမြို့အခြေစိုက် ခလရ ၇၃ တပ်ရင်းတို့ကို ဖေဖော်ဝါရီ  ၇ ရက်နေ့ နံနက်အစောပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။ တော်လှန် ရေးအင်အားစုများ စခန်းသိမ်း တိုက်ပွဲ ဖော်ဆောင်နေစဉ်အတွင်း  စစ်ကောင်စီသည် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများ လုပ်ဆောင်နေပြီး တိုက်ပွဲလည်းဆက်လက် ပြင်းထန်နေကြောင်းသိရသည်။

“မနက်အ​စောပိုင်းမှာ တိုက်ပွဲတွေဖော်ဆောင်ခဲ့တာပါ။  ပဲခူးတိုင်းအတွင်းက ကျေးရွာတွေကို ဟောင်ဝစ်ဇာ အမြောက် လက်နက်ကြီးတွေနဲ့ ညတိုင်းထုနေတဲ့ ခလရ-၇၃ တပ်ရင်းနဲ့ အခြားစခန်းတွေကိုသိမ်းပိုက်နိုင်ခဲ့တာ။ စစ်ကောင်စီကလေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်နေတယ်။ တိုက်ပွဲလည်းဆက်လက်ပြင်းထန်နေတယ်” ဟု မြေပြင်တိုက်ပွဲဝင်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ အဆိုပါ စခန်းသိမ်းတိုက်ပွဲကို KNLA ၊ BPLA၊ တော်ဝင်ဒေါင်း ၊ အာဠာဝက၊ Spring Warrior နှင့် ဧရာဝတီ အမှတ် (၃)တပ်ရင်းတို့မှ ပူးပေါင်းဆင်နွဲနေခြင်းဖြစ်ကြောင်း မြေပြင် တော်လှန်ရေး တပ်ဖွဲ့ဝင်ထံက သိရသည်။  https://www.facebook.com/photo/?fbid=716442437291445&set=pcb.716442617291427
၁၇။ မင်းပြား၊ ကျောက်တော်၊ မြောက်ဦးမြို့တွေရှိ စစ်ကောင်စီတပ်စခန်းတွေ အားလုံးကို AA က သိမ်းပိုက်
  February 8, 2024

ရခိုင်ပြည်နယ် မြောက်ပိုင်း မြောက်ဦးမြို့က ရဲတပ်ရင်း (၃၁) ကလွဲပြီး  မင်းပြား၊ ကျောက်တော်၊ မြောက်ဦးမြို့တွေက စစ်ကောင်စီတပ်စခန်း အားလုံးကို AA က သိမ်းပိုက်လိုက်တယ်လို့ ညီနောင်သုံးဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၇ ရက်နေ့ တိုက်ပွဲတွေအတွင်းမှာ ရေကြောင်းတိုက်ပွဲတစ်ခုလည်း ပါဝင်ပြီး စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်းတွေသာမက ရေတပ်ပါ အထိနာနေတယ်လို့ ညီနောင်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဟိုင်ဂင် သဘောတူညီချက်ကြောင့် ၁၀၂၇ စစ်ဆင် ရေးမှာ ရှမ်းမြောက်တွင် တိုက်ပွဲတွေ မရှိသလောက်နည်းပါး ခဲ့ပေမယ့် ရခိုင်ဒေသမှာ တိုက်ပွဲတွေကြောင့်  ၁၀၂၇ စစ်ဆင်ရေးမှာ ရက္ခိုင်ဒေသစစ်ဆင်ရေးလို့ ဆိုရလောက်တဲ့ အထိဖြစ်ခဲ့ပြီး ကြီးမားထင်ရှားတဲ့ အပြောင်းအလဲတွေ ဖြစ်နေခဲ့တယ်လို့ ညီနောင် သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရက္ခိုင့်တပ်တော် AA အနေနဲ့ တစ်လကျော်ကြာ ထိုးစစ်အပြီးမှာ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး မြို့ကို သုံးမြို့က စစ်ကောင်စီတပ်ရင်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။ https://www.faceb ook.com/photo/?fbid=732235579007611&set=a.603254748572362

၁၈။ ဝိုင်းမော်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KIA ထိတွေ့တိုက်ပွဲဖြစ်ပွား
  February 8, 2024

လိုင်ဇာမြို့အနီးရှိ အင်တပ်ဘွမ် (Ntap Bum) မှ ဆင်းလာသော စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ မြစ်ကြီးနား – ဗန်းမော်လမ်းရှိ နားလုံနှင့် ရှဒန်ပါကျေးရွာအနီးတွင် စစ်ကောင်စီ ခြေလျင်တပ် (ခ.လ.ရ – ၂၃၆) နှင့် KIA တပ်ရင်း ၂၄ တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KIA တပ်ဖွဲ့ဝင်တစ်ဦးက ပြော သည်။“အင်ဒပ်ဘွမ်းကနေ ခရာရွာအောက် ရှာဒန်ပါဘက်ဆင်းလာတဲ့ တံတားကြီးတစ်ခုနားမှာ ကျွန်တော်တို့အဖွဲ့တွေနဲ့ စစ်ကောင်စီတွေ့ပြီး တိုက်ပွဲဖြစ်ကြတာ။ စစ်ကောင်စီတွေကမိုင်းမိတော့စိတ်တိုပြီးလက်နက်ကြီးတွေ ပစ်ကြတာ”ဟုပြောသည်။

ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ဖွန်းပြန်ဘွမ် (Hpun Pyen Bum) ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညနေ ၅ နာရီခန့် အထိ အနီးပတ်ဝန်းကျင်သို့ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံပြည်သူများထံက သိရသည်။ ဝိုင်းမော်မြို့နယ် ကဇူးယန်ကျေးရွာအနီးတွင်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့က ရိက္ခာပို့ရန်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်မဟာ (၅) လက်အောက်ရှိ တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ https://www.facebook.com/photo/?fbid=706648864996118&set=a.535867405407599

၁၉။ K3C နဲ့ NUG တို့ရဲ့ တော်လှန်ရေး ဘုံသဘောတူညီချက် ဝေဖန်ကန့်ကွက်ခံရ
  February 8, 2024

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ K3C လို့ ခေါ်တဲ့ KNU၊ KNPP၊ CNF တို့ပူးတွဲထုတ်ပြန်ထားတဲ့ တော်လှန်ရေးဆိုင် ရာ ဘုံသဘောတူညီချက်တွေကို အခြေခံနဲ့အဆင့်မြင့်ပညာရေး အထွေထွေသပိတ်ကော်မတီက ကန့်ကွက်လိုက်ပါတယ်။ စစ်အာ ဏာရှင်စနစ်ချုပ်ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ ဘုံသဘောတူညီချက်ဆိုပြီး NUG နဲ့ K3C တို့က ဖေဖော်ဝါရီ ၁ ရက်မှာထုတ်ပြန်ခဲ့ပေမယ့် အဲ့ဒီအချက်တွေကို အမျိုးသားညီညွတ်ရေးအ တိုင်ပင်ခံကောင်စီ (NUCC) မှာအသိပေး၊ ဆွေးနွေးတိုင်ပင်ခဲ့တာမရှိဘူးလို့ဆိုပါတယ်။ ဒါဟာဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ပြဌာန်းချက်တွေကို ချိုးဖောက် ရာ ရောက်နေပြီး တရားမဝင်ဘူးလို့ ပညာရေး သပိတ်ကော်မတီကဝေဖန်ပါတယ်။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ကောင်စီ NUCC မှာ NUG အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုတွေ ပါဝင်ကြ တာဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကတော့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေ စုပေါင်း ရေးဆွဲ ပြဌာန်းထားတဲ့ တော်လှန်ရေးဆိုင်ရာ ကတိကဝတ်တရပ် ဖြစ်ပါတယ်။ အဲ့ဒီပဋိညာဉ်မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အကောင်အထည်ဖော်လုပ်ဆောင်မှုတွေ ခိုင်မာအားကောင်းစေဖို့ NUCC နဲ့ ညှိနှိုင်းဆောင်ရွက်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုတည်ထောင်ရေးအတွက် NUCC ရဲ့ မူဝါဒရေးရာ ဦးဆောင်မှုနဲ့အညီဆောင်ရွက်ဖို့ပြဌာန်းထားပါတယ်။

“NUCC အနေနဲ့ကတော့ဒီကိစ္စကိုထုတ်ပြန်ပြီးမှသိတာဖြစ်တဲ့အတွက်ကြောင့် NUG ရဲ့ဒီသဘောထားနဲ့ ပတ်သက် ပြီး NUCC ဘက်ကတာဝန်ခံပေးဖို့၊တာဝန်ယူပေးဖို့မရှိပါဘူး”လို့ ပညာရေးသပိတ်ကော်မတီ တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုနောင်ချို ကပြောပါတယ်။ ဒါ့အပြင် အဲ့ဒီဘုံသဘောတူညီချက်မှာ စစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းချက်ပါဝင်နေတာဟာ နွေဦး တော်လှန်ရေးအတွင်း ပါဝင်နေတဲ့တော်လှန်ရေးအင်အားစုတွေရဲ့ သဘောထားမှတ်ချက်တွေကို အလေးထားမှုမရှိတာလို့လည်း ထုတ်ပြန်ချက်မှာထောက်ပြထားပါတယ်။ NUG နဲ့ K3C တို့ကထုတ်ပြန်ခဲ့တဲ့ ဘုံသဘောတူညီချက်ထဲမှာ သူတို့ရဲ့နိုင်ငံရေးဦးတည် ချက်ခြောက်ချက်ကို မြန်မာစစ် တပ်ခေါင်းဆောင်တွေက လက်ခံလာရင် အာဏာသိမ်းမှုအဆုံးသတ်ဖို့နဲ့ အာဏာပြန်လွှဲပြောင်းဖို့ ဆွေးနွေး မယ်လို့ပါရှိပါတယ်။ ဒါ့အပြင်သက်ဆိုင်သူတွေအားလုံးလက်ခံနိုင်တဲ့ ဖက်ဒရယ်နဲ့ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့၊ အဲ့ဒီအခြေခံဥပဒေနဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအသစ် တည်ဆောက်ဖို့၊ပဋိပက္ခအတွင်းမတရားကျူးလွန် ခံရသူတွေအတွက် တရားမျှတမှုနဲ့ အသွင်ကူးပြောင်းရေးကာလတရားမျှတမှုရရှိရေး လုပ်ငန်းစဉ်ဖော်ဆောင်ဖို့စတဲ့ အချက် ခြောက်ချက်ဖော်ပြထားတာပါ။ အခြေခံနဲ့အဆင့်မြင့်ပညာရေး အထွေထွေသပိတ်ကော်မတီကတော့ အာဏာသိမ်းခဲ့တဲ့အဖွဲ့ အစည်းဖြစ်သလို အကြမ်းဖက်သတ်ဖြတ်မှုတွေလည်းစတင်ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီဘက်က စေ့စပ်ညှိနှိုင်းဖို့တကြိမ်တခါမှမ ပြောထားဘဲ NUG ဘက်ကစပြီး စေ့စပ်ညှိနှိုင်းဖို့ အခုလိုလေသံပစ်လာတာဟာ တော်လှန်ရေးကိုသစ္စာဖောက်တဲ့လုပ်ရပ်လို့ ပြင်း ပြင်းထန် ထန်ဝေဖန်ထားပါတယ်။ https://www.facebook.com/photo/?fbid=791856379654108&set=a.6057231826743
၂၀။ ရှားတောက စစ်ရှောင်ကလေးအပါအဝင် လူကြီးပါ ကူးစက်တဲ့ အရေပြားအနာဖြစ်ပွားနေ
  February 9, 2024

ကရင်နီပြည်၊ ရှားတောမြို့နယ်အတွင်းက စစ်ရှောင်စခန်းတွေမှာ အရေပြားပေါ်မှာအနာဖြစ်ပြီး အဖုတွေထွက်နေတာကို မြင်တွေ့ခဲ့ပါတယ်။ ကလေးရော၊ လူကြီးပါ အသက်အရွယ်မရွေး ဖြစ်ပွားနေတယ်လို့ စစ်ရှောင်စခန်းမှာ နေထိုင်သူတွေက ပြောပြပါတယ်။ စတင်စစ်ရှောင်ရတဲ့ အချိန်ကတည်းက ဖြစ်ပွားနေပြီး လက် ချောင်းကြားမှာအပြင် တကိုယ်လုံး အဖုထွက်တာ ကြောင့် ညဘက်မှာ အိပ်မပျော်တာတွေလည်း ဖြစ်လာတယ်လို့ သူမရဲ့ ကလေးဖြစ်သူ အရေပြားအနာ ဖြစ်ပွားနေတဲ့ မိခင်တစ်ဦး က ပြောပါတယ်။ “ဒီမှာ ရောက်လာတော့ စဖြစ်တာ။ အခုချိန်ထိ ဆို ၂ လလောက်ရှိပြီ ထင်တယ်။ အမြဲတမ်းကုတ်နေရတယ်။ ညအိပ်ရင် ယားတယ်ဆိုပြီးတော့ အမြဲကုတ်ခိုင်းတယ်”လို့ အဆိုပါ မိခင်က ပြောပါတယ်။ တချို့မှာ စစ်မရှောင်ရခင်ကတည်းက ဖြစ်ပွားနေကြပြီး စစ်ရှောင်ရလို့ တောထဲသွားရောက် နေထိုင်ရချိန်မှာ ပိုမိုဖြစ်ပွားလာတယ်လို့ ဆိုပါတယ်။

စစ်ရှောင်နေတဲ့အချိန်မှာ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာတွေ၊ သစ်ရွက်ခြောက်တွေကနေ ပိုးယားတွေ ထိတွေ့ တာတွေကြောင့်လည်း ယားနာတာပိုမိုဖြစ်ပွားနေတယ်လို့ စစ်ဘေးရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ စေတနာ့ ၀န်ထမ်း CDM ဆရာမ တစ်ဦးက ပြောပါတယ်။“စစ်ရှောင်ကလူတွေ ယားနာဖြစ်တယ်ဆိုတာ တစ်ကိုယ်ရေ သန့်ရှင်းရေးနဲ့ လည်း ဆိုင်တာပေါ့။ ပြီးရင်ရေ…နောက်ပြီးတော ဒီဘက်အခြေအနေကလည်း ပိုးယား အရမ်းများတယ်ပေါ့နော်။ သစ်ရွက် ခြောက်တွေ ဒီတိုင်းကြည့်ရင်တော့ သစ်ရွက်ခြောက်ပဲ။ ဒါပေမယ့် အဲမှာ သွားသွားလာလာ လုပ်လိုက်ဆို မကြာဘူး ကလေးတွေ ကလေ အဖုတွေ ထွက်လာတယ်။ ကုတ်ရင်း အဖုတွေ ထွက်လာတယ်။ လက်သည်းမညှပ်ထားဘူးဆို အဲကနေ infrection (ကူးစက်မှု) ၀င်လာနိုင်တယ်ပေါ့နော်။ အရေပြားတွေ ပွန်းပဲ့ပြီးတော့လေ” လို့ အဆိုပါ ဆရာမ က ပြောပြပါတယ်။ စစ်ရှောင် ကာလ ၂ ပတ်လောက်အထိ ဆေးတွေပေးနိုင်သေးပေမယ့် ယခုနောက်ပိုင်းမှာ အရေပြားအနာ ဖြစ်ပွားနေသူတွေ ပိုမိုများပြားလာ တာကြောင့် ဆေးတွေပြတ်လပ်သွားတယ်လို့ သူက ဆက်ပြောပါတယ်။ လက်ရှိ အရေပြားအနာ ဖြစ်ပွားနေတာဟာ စစ်ရှောင် စခန်းတခုတည်းသာမကဘဲ တခြားစစ်ရှောင်စခန်းတွေမှာလည်း ဖြစ်ပွားနေကြတယ်လို့ သိရှိရပါတယ်။ https://www.kant arawaddytimes.org/%e1%80%9b%e1%80%be%e1%80 ac%e1%80%b8%e1%80%90%e1%80
၂၁။ တနင်္သာရီ၊ ဘန်လောကနေ စစ်ကောင်စီစစ်ကြောင်းပြန်ဆုတ်လို့ စစ်ရှောင်တချို့ နေရပ်ပြန်
   February 9, 2024

တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာအုပ်စုထဲက ရွာတွေမှာ စစ်ရေးလှုပ်ရှားမှုတွေလုပ်နေတဲ့ စစ်ကောင်စီစစ်ကြောင်း တပ်ပြန်ဆုတ်သွားလို့ စစ်ရှောင် ဒေသခံတချို့ နေရပ်ပြန်ပေမဲ့ တချို့ကတော့ မပြန်ရဲဘဲ စောင့်ကြည့်တာတွေ ရှိနေတယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့လ ၃၁ ရက်နေ့ကစပြီး တနင်္သာရီမြို့ဘက်ကနေ ကျေးရွာချင်းဆက်ရွာတွေဖြစ်တဲ့ ဘန်လေ၊ အရှေ့ဘန်လောကျေးရွာ၊ ငါးမိုင်၊ ခြောက်မိုင်ရွာနဲ့ ညောင်ပင်ကွင်းကျေးရွာအုပ်စု ထုံထော်ရွာတွေဘက်ကို စစ်ကောင်စီစစ်ကြောင်းထိုးခဲ့လို့ အဲဒီရွာတွေက ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေခဲ့တာပါ။ အဲ့ဒီစစ်ကြောင်းဟာ အခုလ ၂ ရက်နေ့ မနက်ပိုင်းက လေကြောင်းပစ်ကူ ခေါ်ရလောက်တဲ့ အထိ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့ပြီး အဲဒီနေ့ညမှာပဲတပ်ပြန်ဆုတ်သွားတာလို့ တနင်္သာရီမြို့နယ် (ပကဖ)၊ မြိတ်ခရိုင်တပ်ရင်း(၂)နဲ့ SWDF ပြန်ကြားရေးတာဝန်ခံတွေဆီက သိရပါတယ်။

မြိတ်ခရိုင်တပ်ရင်း(၂)ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုးက “ ၆ မိုင်(ရွာ)ထိ ပြန်တိုးလာသေးတယ်။ ခဏပဲ၊ ပြန်ဆုတ် သွားတယ်။ တောလမ်းအတိုင်းပဲ တိုးလာတာ။” လို့ ပြောပါတယ်။ တပ်ပြန်ဆုတ်ပြီးနှစ်ရက်အကြာ အခုလ ၄ ရက်နေ့မှာတော့ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ အိမ်ထောင်စုတချို့ နေရပ်စပြန်ခဲ့ကြတာလို့ စစ်ရှောင်ကူညီနေသူနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် တွေက ပြောပါတယ်။“တချို့ကျန်သေးတယ် တချို့ပဲပြန်တာ။ သူတို့(စစ်ကောင်စီ)က ဘယ်အချိန်ပြန်ဝင်လာမှန်းမသိ သတင်း တွေကလည်း အမျိုးမျိုးဖြစ်နေတော့ အားလုံးပြန်မဝင်ရဲကြသေးဘူး။” လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့အမျိုးသားတစ်ဦးက ပြောပါတယ်။ တနင်္သာရီတိုင်းမှာ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ စစ်ကောင်စီစစ်ကြောင်းတွေကြောင့် စစ် ရှောင်နေရပြီး နေရပ်မပြန် နိုင်တဲ့ ပြည်သူအရေအတွက်က ပြီးခဲ့တဲ့ နှစ်ကုန်အထိ ငါးသောင်းကျော် ရှိပါတယ်။ https://www.facebook.com/photo?fbi d=412833287801093&set=pcb.412833347801087
၂၂။  စစ်ဘေးရှောင်နေကြသော ပလက်ဝမြို့ခံအများစု နေရပ်မပြန်နိုင်ကြသေး
   February 9, 2024

ချင်းပြည်နယ်တောင်ပိုင်း၊ပလက်ဝမြို့ပေါ်တွင် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအတွင်း ထွက်ပြေး တိမ်းရှောင်ခဲ့ကြသော မြို့ခံပြည်သူအများစုမှာ ယနေ့ချိန်ထိ နေရပ်သို့မပြန်နိုင်ကြသေးကြောင်းသိရသည်။ ပလက်၀မြို့ပေါ်တွင် ဇန်နဝါရီလဆန်းပိုင်းကစ၍ ရက္ခိုင့်တပ်တော် နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲအပြင်း အထန်ဖြစ်ပွားခဲ့ပြီးနောက် မြို့ခံ အများစုမှာ ကုလားတန်မြစ် အထက်ပိုင်းနှင့်အောက်ပိုင်းက ကျေးရွာများသို့ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။ ယခုအခါ ပလက်၀မြို့ပေါ်နှင့် မြို့နယ်တစ်ခုလုံးကို ရက္ခိုင့်တပ်တော်က တိုက်ခိုက်သိမ်းပိုက်ထားသည်မှာ ၃ ပတ်ခန့်ရှိ လာခဲ့ပြီဖြစ်သော် လည်း စစ်ရေးအခြေအနေကြောင့် စစ်ဘေးရှောင်ပြည်သူများကို ရက္ခိုင့်တပ်တော်က နေရပ်ပြန်ခွင့် မပြု သေးခြင်းဖြစ်သည်ဟု ပလက်၀မြို့ဒေသခံတစ်ဦးကပြောသည်။

“မြို့ထဲက လူတွေက မများသေးဘူး။ ပလက်ဝမြို့ပေါ်ကနေ ကုလာတန်အထက်ပိုင်း မှာပြေးတဲ့ သူတွေလည်း ဝင်ခွင့် မပေးသေး ဘူး၊ နောက်အောက်ဖက်ကိုပြေးတဲ့ သူတွေကိုလည်း ဝင်ခွင့်မပေးသေးဘူး၊ ကျန်တဲ့ သူတွေလည်း အခုလာ ရင်လည်း ဝင်ခွင့်မပေးသေးဘူး၊ သူတို့အကြောင်း ပြတာကတော့ မြို့ထဲမှာ လူတွေများလာရင် ဗုံးကျဲတဲ့အခါမှာ အသေအပျောက်များမယ် အဲ့တာကြောင့်မို့ ပြန်မလာသေးတာက ကောင်းတယ်လို့ပြောတယ်။” ဟု ပလက်ဝမြို့ခံတဦးက ပြောသည်။ ပလက်၀မြို့ပေါ်တွင် အိမ်ထောင်စု (၁၇၀၀) ၀န်းကျင်ခန့်ရှိရာ လက်ရှိမြို့တွင်း နေထိုင်သည့်ပြည်များသည် အိမ် ထောင်စု ၃၀၀ ခန့်သာရှိပြီး ၎င်းတို့မှာ လည်း တိုက်ပွဲအတွင်း မတိမ်းရှောင်ပဲ ကျန်နေကြသူများနှင့် ပလက်ဝမြို့ အနီးအနားတွင် ထွက်ပြေးတိမ်းရှောင်ကာ ပြန်လာ ကြသူများဖြစ်သည်ဟု ဆိုသည်။ ယခုလက်ရှိတွင် ပလက်ဝမြို့နယ် တခုလုံးဆက်သွယ်ရေး ဖုန်းလိုင်းများပြတ်တောက်နေဆဲ ဖြစ်ကာ ဖုန်းပြောဆိုလိုပါက ပလက်၀မြို့မှ ၅ နာရီခန့်သွားရသော မီးဇာကျေးရွာဘက်သို့သော်လည်းကောင်း၊ ဖုန်းလိုင်းမိသည့် တောင်ကုန်းပေါ်သို့ တက်သွားရသည်ဟု သိရသည်။  https://www.facebook.com/photo?fbid=889101469885574&se t=pcb.889102546552133
၂၃။ လေကြောင်း တိုက်ခိုက်မှုကြောင့် တစ်လကျော်အတွင်း ကလေးငယ် ၂ဝ ဦး သေဆုံး
   February 8, 2024

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကနေ ဖေဖော်ဝါရီ ၇ ရက်အထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံ တစ်ဝန်းက အသက် ၁၈ နှစ်အောက် မိန်းကလေး ၄ ဦးနဲ့ ယောက်ျားလေး ၁၆ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း- AAPP ထုတ်ပြန်ထားတဲ့ စာရင်းအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်က ကရင်နီပြည် နယ် ဒီးမော့ဆိုမြို့နယ်ရှိ ဒေါ်ဆီအီးနဲ့ လွိုင်နန်းဖရွာရဲ့ စာသင်ကျောင်းနှစ်ကျောင်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသား ၄ ဦး သေဆုံးခဲ့သလို ကျောင်းသူကျောင်းသား ၂၉ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်တပ်ရဲ့ အကြမ်းဖက် လုပ်ရပ်ကြောင့် နိုင်ငံတစ်ဝန်းက အမျိုးသမီး ၇၅ ဦး သေဆုံးခဲ့ပြီး သေဆုံးသူတွေထဲ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ် ၁၂ ဦး ပါဝင်ပြီး​တော့ သေဆုံးသူ ၇၅ ဦးအနက် ၂၂ ဦးဟာ စစ်ကိုင်းတိုင်းကဖြစ်ပြီး ၃၂ ဦးဟာ လက်နက်ကြီး ကြောင့် သေဆုံးခဲ့ရတာလို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

အာဏာသိမ်းမှု ၃ နှစ်အတွင်း နွေဦးတော်လှန်ရေးကာလတစ်လျှောက် ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့ အရပ်သား ၄ ထောင်ကျော် (၄,၅ဝဝ ဦး)သေဆုံးခဲ့ပြီး ပုဒ်မအမျိုးမျိုး တပ်ပြီးတော့ ဖမ်းဆီးခံရသူပေါင်း ၂ သောင်း​ ၆ ထောင်ကျော် (၂၆,ဝ၁၃ ဦး) ရှိခဲ့ပြီး (၂ဝ,ဝ၆ဝ)ဦးဟာ ထိန်းသိန်းခံထားရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ထိန်းသိမ်းခံထားရသူတွေထဲမှ ၈ ထောင်ကျော် (၈၇၆၆ ဦး)ဟာ ထောင်ဒဏ် ချမှတ်ခံထားရသလို ဖမ်းဆီးခံရပြီးနောက် ​၆ ထောင်နီးပါး (၅,၉၅၃)ဦးက ပြန်လည်လွတ်မြောက်လာခဲ့တယ် လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နွေဦးတော်လှန်ရေးကာလအတွင်း ဖမ်းဆီးခံရပြီး သေဒဏ်(မျက်ကွယ်ပြစ်ဒဏ်) ချမှတ်ခံထားရသူ ၁၁၉ ဦး ရှိပြီးတော့ ၄၃ ဦးက မျက်ကွယ်သေဒဏ် ချမှတ်ခံထားရတာကြောင့် စုစုပေါင်း သေဒဏ်ချမှတ်ခံသူ ၁၆၂ ဦးအထိ ရှိသွားပြီလို့ ဆိုပါတယ်။ https://www.facebook.com/photo/?fbid=716149224025678&set=pcb.7161493 37359000
၂၄။ စစ်အာဏာရှင်အမြစ်ပြတ်ရေး ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် လီဆူလူငယ်အဖွဲ့ ဖွဲ့စည်း
   February 8, 2024

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် လီဆူလူငယ်အစည်း အရုံး ( Lisu Youth Congress- LYC) ကို ဖွဲ့စည်းလိုက်ကြောင်း ဒီကနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာပဲ လီဆူလူငယ်အစည်းအရုံးရဲ့ ဖေ့ဘုတ်စ်စာမျက် နှာက ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီအဖွဲ့အစည်းထဲမှာတော့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ ပြည်တွင်း၊ ပြည်ပက တက်ကြွလှုပ်ရှားသူလီဆူလူငယ်တွေနဲ့ဖွဲ့စည်းထားတာဖြစ်ပြီး လီဆူလူငယ်အစည်းအရုံး ဖွဲ့စည်း ရတဲ့ ရည်ရွယ်ချက် ကို လီဆူလူငယ်အစည်းအရုံး(LYC)က အထွေထွေအတွင်းရေးမှူးက အခုလိုပြောပါတယ်။“ကျနော်တို့လုပ်ဆောင်မှာက အဓိက တော့ အကြမ်းမဖက်တဲ့နိုင်ငံရေးနည်းနာတွေနဲ့ စစ်အာဏာ ရှင်ကိုအမြစ်ပြတ်တော်လှန်မယ်၊ လူမျိုးကြီးဝါဒတွေကိုတိုက်ဖျက် မယ် ပြည်သူလူထု တွေကို ဂုတ်သွေးစုပ်နေတဲ့ အရင်းရှင်စနစ်ကိုတိုက်ဖျက်မယ် ပြီးရင် ကျနော်တို့ကို လူမျိုးရေး၊ ဘာသာရေး အရ ခွဲခြား မှုတွေကိုတိုက်ဖျက်ဖို့နဲ့ လီဆူလူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိသင့်ရှိထိုက်တဲ့ ကျနော်တို့ရဲ့ အခွင့်အရေးတွေကို အပြည့် အဝ ရရှိဖို့လုပ်ဆောင်သွားမယ်”လို့ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတစ်ဝှမ်း ဒေသအစုံက လီဆူလူငယ်တွေ၊ လီဆူပြည်သူလူထုရဲ့ ဆန္ဒကို နားစွင့် ပြီး လီဆူလူထုကို ကိုယ်စားပြုနိုင်ဖို့လည်းရည်ရွယ်သလို သဘောထားတူညီတဲ့နိုင်ငံရေးအဖွဲ့အစည်းတွေ တော်လှန်ရေးအင်အားစုတွေနဲ့ ချိတ် ဆက် ပြီးတော့ နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်ဆောင်သွား မယ်လို့ သူကဆက်ပြောပါတယ်။ လက်ရှိ လီဆူလူငယ်အစည်းအရုံး (LYC) အဖွဲ့ အစည်းထဲမှာတော့ ကချင်ပြည်နယ်၊ ရှမ်းပြည်တောင်ပိုင်း၊ မြောက်ပိုင်းနဲ့နိုင်ငံတစ်ဝှမ်းက လီဆူလူငယ်တွေအပါ အဝင် ပြည်ပက လီဆူလူငယ် တွေနဲ့ဖွဲ့စည်းထားတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တစ်ဖက်မှာ လီဆူလူငယ်တွေအနေနဲ့လည်း နိုင်ငံရေး နယ်ပယ်တွေမှာ ပိုမိုပါဝင်လာဖို့ တစိုက်မတ်မတ် ကြိုးစားလုပ်ဆောင်သွားမှာဖြစ်သလို လီဆူလူငယ်တွေအနေနဲ့လည်း အတူ ပါဝင်ကြဖို့ လီဆူလူငယ်အစည်းအရုံး (LYC) က အထွေထွေအတွင်းရေးမှူးက တိုက်တွန်းပါတယ်။ အဆိုပါ လီဆူလူငယ်အစည်း အရုံးဖွဲ့စည်းဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်ကောင်စီတပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းကစပြီး ဒီအဖွဲ့ကိုဖွဲ့စည်းဖို့ ကြိုးစားခဲ့ကြတာဖြစ်ပြီး ရှုပ်ထွေးလာတဲ့ နိုင်ငံရေး အခြေနေတွေကြောင့် ၂၀၂၃ ဒီဇင်ဘာလ ၄ ရက်နေ့မှ တရားဝင်ဖွဲ့စည်းနိုင်ခဲ့ရာ ဒီကနေ့မှ တရားဝင် ထုတ်ပြန်ခြင်းဖြစ်တယ်လို့ လီဆူလူငယ်အစည်းအရုံးရဲ့ အထွေထွေ အတွင်းရေးမှူးက ပြောပါတယ်။ https: //burmese.kachinnews.com/2024/02/08/am1-91/
၂၅။ စစ်ကောင်စီ၏ လေကြောင်းရန်ကို ကြောက်ရွံ့၍ ရခိုင်ရှိ UN အဖွဲ့အစည်းများခေါင်မိုးပေါ်တွင် UN ဟု ဆေးသုတ်နေရ
  February 9, 2024

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်းက စစ်‌ကောင်စီနှင့်ရက္ခိုင့် တပ်တော် (AA) ဖြစ်ပွားခဲ့သည့် တောင်ပြိုလက်ယာနှင့် တောင်ပြိုလက်ဝဲဗျူဟာကုန်း တိုက်ပွဲတွင် စစ်ကောင်စီ၏ စခန်းများ အသိမ်းခံခဲ့ရသည့်အတွက် စစ်ကောင်စီက မောင်တောမြို့ပတ်ဝန်းကျင်ကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ တိုက်ပွဲစတင်ဖြစ်ပွားသည့် နေ့မှစ၍ စခန်းသိမ်းနိုင်ခဲ့သည့်ရက်ထိ စစ်ကောင်စီက မေယုတောင်ကြောတဝိုက်နှင့် မောင်တောမြို့နယ်အတွင်းကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခြင်းများ အဆက်မပြတ်ပြုလုပ်ခဲ့ကြောင်းသိရသည်။ ထိုသို့ စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကို ကြောက်ရွံ့သည့် အတွက် မောင်တောတွင် ရောက်ရှိ‌နေသည့် ကမ္ဘာ့ကုလသမဂ္ဂ ကုလသမဂ္ဂ (UN) အဖွဲ့အစည်းများက ၎င်းတို့ရုံးဌာနများပေါ် စစ်ကောင်စီက လေယာဉ်ပေါ်မှ ဗုံးမှားမကြဲမိစေရန် ရုံးခေါင်မိုးပေါ်တက်ကာ UN အမှတ် အသားရေးပြီး ဆေးပြာသုတ် ကာကွယ် နေကြောင်း သိရသည်။

“လေယာဉ်နဲ့ဗုံးကြဲနေတာ ၄ ရက်နေ့ကတည်းက ခပ်စိတ်စိတ်လာကြဲတယ်။ ရပ်ကွက်ထဲကျပြီး အိမ်တွေပျက်စီးကုန် တယ်။ UN နဲ့ NGO အဖွဲ့တွေကတော့ ၅ ရက်နေ့လောက် ကတည်းက ခေါင်မိုးတွေပေါ် အမှတ်အသားလုပ် ဆေးတက်သုတ်နေ တာ။ ကူညီရမယ့် အဖွဲ့အစည်းကတောင် ကြောက်တယ်ဆိုတော့ ကျွန်တော်တို့က ဘာဆက်လုပ်ရမလဲ” ဟု မောင်တော ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ယခုဖေဖော်ဝါရီလ ပထမအပတ်အတွင်းတွင်ပင် ရခိုင်ဒေသဖွံ့ဖြိုးရေးအတွက် ရောက်ရှိ ကူညီ နေကြသော UN အဖွဲ့အစည်းများ၊ NGOနှင့် INGOများသည် စစ်ရေးပြင်းထန် နေသည့် မောင်တော၊ မင်းပြား၊ ကျောက်တော်နှင့် ရမ်းဗြဲမြို့များမှနေ၍ စတင်စွန့်ခွာ သွားကြပြီး ကူညီမှုဆိုင်ရာ ရုံးအချို့သာကျန်ရှိတော့ကြောင်း NGO အဖွဲ့များထံက သိရသည်။ ကုလသမဂ္ဂလူသားချင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA မှ ဦးဆောင်၍ တခြား ကူညီကယ်ဆယ်ရေးအဖွဲ့များကို စစ်ရေး ပြင်းထန်နေသည့်ဒေသများမှနေ၍ မြို့တော် စစ်တွေသို့ပြောင်းရွှေ့ပေးနေပြီး စစ်တွေမှတဆင့် ရန်ကုန်သို့ ထွက်ခွာနေကြ ကြောင်း သိရသည်။ https://www.facebook.com/photo?fbid=717539593848396&set=pcb.717539643848391
၂၆။ ကွတ်ခိုင်တွင် ကချင်အမျိုးသားအလံကို TNLA တပ်ဖွဲ့ဝင်အချို့ ဖြုတ်ချ
   February 8, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် ကချင်အရပ်သားများ လွှင့်ထူထားသည့် ကချင်အမျိုးသားအလံကို ဖေဖော်ဝါရီ ၅ ရက်တွင် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်အချို့က ဖြုတ်ချယူ ဆောင်သွားကြောင်း ကွတ်ခိုင်ကချင်တမန်အဖွဲ့က ထုတ်ပြန်သည်။ ကွတ်ခိုင်ကချင်တမန်အဖွဲ့သည် ကွတ်ခိုင်မြို့နယ်အခြေ စိုက် ကချင်အရပ်ဘက်အဖွဲ့အစည်းတခုဖြစ်ပြီး ကချင်စာပေယဉ်ကျေးမှုအဖွဲ့များနှင့်လည်း ချိတ်ဆက်မှုရှိသည်။ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း TNLA သည် စစ်ကောင်စီတပ်ကို တိုက်ခိုက်ပြီးနောက် ကွတ်ခိုင်မြို့ကို ထိန်းချုပ်ထားသည်။ ကွတ်ခိုင်အခြေစိုက် ကချင်တိုင်းရင်းသားများက ဖေဖော်ဝါရီ ၅ ရက်တွင် ကျရောက်သော ၆၃ နှစ်ပြည့် ကချင်အမျိုးသားတော်လှန်ရေးနေ့ အထိမ်း အမှတ်အဖြစ် အမျိုးသားအလံ လွှင့်ထူထားစဉ် TNLA တပ်ဖွဲ့ဝင်အချို့က အထက်အမိန့်အရဟုဆိုကာ ဖြုတ်ချခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ရေးသားထားသည်။

ထို့ပြင် TNLA တပ်ဖွဲ့ဝင်အချို့သည် လက်နက်မဲ့အရပ်သားများကို သေနတ်ဖြင့် ချိန်ရွယ်ခြင်းများ ပြုလုပ်ခဲ့ပြီး ယင်း လုပ်ရပ်များအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ကွတ်ခိုင်ကချင်တမန်အဖွဲ့က ဆိုသည်။ လုံခြုံရေးအရ အမည်မဖော်လိုသည့် ကွတ်ခိုင်ကချင်တမန်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက နောက်ပိုင်း လူမျိုးရေးပဋိပက္ခအသွင် ဖြစ်လာမည်ကို စိုးရိမ်သဖြင့် ကြေညာ ချက် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း၊ လူမျိုးရေးအသွင်ဆောင်သည့် ပဋိပက္ခများမဖြစ်စေရန် TNLA တာဝန်ရှိသူများအနေဖြင့် ကွတ်ခိုင်မြို့တွင် ပြည်သူလူထုနှင့်တွေ့ဆုံဆွေးနွေးရန်လိုကြောင်း ပြောသည်။ ၎င်းက “ပြဿနာတွေ မတက်အောင်အခုဦး ဆောင်နေတဲ့သူတွေက ပြည်သူလူထုနဲ့ တွေ့ဆုံဖို့လိုတယ်။ ပြီးလို့ရှိရင် သူတို့ရဲ့ ဦးဆောင်မှုနဲ့ပတ်သက်ပြီး လူထုကိုချပြရမယ့် အနေ အထားရှိတာပေါ့။ လိုအပ်တဲ့ အခက်အခဲပြဿနာ ရှိရင်လည်း အချိန်နဲ့တပြေးညီ ချိတ်ဆက်ဖို့လည်း လိုနေတာပေါ့” ဟု ဆိုသည်။ TNLA ခေါင်းဆောင်ပိုင်းသည် ၎င်းတို့ သိမ်းပိုက်ထားသည့် မန်တုံ၊ မိုင်းလုံနှင့် မိုင်းငေါ့မြို့များသို့ သွားရောက်ကာ မြို့မိ၊ မြို့ဖများနှင့် တွေ့ဆုံထားသော်လည်း ကွတ်ခိုင်မြို့တွင်မူ ထိုသို့တွေ့ဆုံဆွေးနွေးမှုများ မရှိသေးကြောင်း သိရသည်။ KIA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကလည်း တော်လှန်ရေး ကာလ အတွင်း တော်လှန်ရေးအဖွဲ့များကြား နိုင်ငံရေးရည်မှန်းချက်နှင့် လှုပ်ရှားနယ်မြေတူညီမှုကြောင့် အချင်းချင်း အချေအတင် ပွတ်တိုက်အငြင်းပွားမှုများ ရှိနေကြောင်း ၆၃ နှစ်ပြည့် ကချင်တော်လှန်ရေးနေ့ မိန့်ခွန်းတွင် ထည့်ပြောထားသည်။ https://w ww.facebook.com/photo/?fbid=793114856195037&set=a.600722605434264

၂၇။ ဆိုက်ခေါင် ဇောတိကရာမကျောင်းတိုက်အတွင်း စစ်ကောင်စီတပ်စွဲနေထိုင်
   February 8, 2024

သျှမ်းပြည် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာရှိ ဇောတိကရာမကျောင်းဝန်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေထိုင်ကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။ ဖေဖော်ဝါရီလ ၆ ရက် ညနေပိုင်းမှစပြီး လူအင်အား ၃၀၀ ကျော်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သားများသည် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာရှိ ဇောတိကရာမ ကျောင်း ဝန်းအတွင်း လာရောက်တပ်စွဲထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။“အခုဆိုင်ခေါင် ဇောတိကရာမကျောင်းတိုက်ရဲ့ ကျောင်းဝန်းထဲမှာ စစ်ကောင်စီ တပ်လာစွဲထားတယ်။ လူအင်အား ၃၀၀ ကျော်လောက်ရှိတယ်။ အခုအဲ့ဒါတွေကြောင့် ပိုပြီးတိမ်းရှောင်သွားကြတာ” ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ဇောတိကရာမကျောင်းတိုက်၏ အရှေ့ဘက် ၂ မိုင်အကွာတွင် စစ်ကောင်စီတပ်ဖွဲ့မှ အမြှောက်တပ်စွဲ ထားသေး ကြောင်း သိရသည်။ ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲအချိန်ကြာလာသည်နှင့်အမျှ စစ်ကောင်စီတပ်ဖွဲ့နှင့် လက်အောက်ခံ ပြည်သူ့ စစ်အဖွဲ့ PNO တို့သည်ဆိုက်ခေါင်ကျေးရွာထဲသို့ လူအင်အား၊ လက်နက်အင်အားဖြည့်တင်နေလျက်ရှိသည်။“အခုသူတို့ပစ်လိုက် တဲ့လက်နက်တွေက ပြောလို့ကိုမရတော့ဘူး။ ၁ မိနစ်ကို ၁၅ ထောင့်လောက်ထွက်တဲ့အရာမျိုး ပစ်နေကြတာ။ အခုကတော့ ဆီဆိုင်မြို့ကို PDFတွေကဝိုင်းထားသလို ဖြစ်သွားတာ။ အဲ့ဒါကြောင့်မို့လို ဒီဘက်က တပ်တွေလွှဲရင် ဘယ်နေရာကျကျ အကုန်ပစ် တော့တာပဲ” ဟု ဆိုက်ခေါင် ကျေးရွာဒေသခံတစ်ဦးက ပြောသည်။ https://burmese.shann ews.org/archives/39924
၂၈။ ဒီးမော့ဆိုမြို့နယ် စာသင်ကျောင်းများ ဗုံးကြဲခံရမှု စစ်အုပ်စုကို အရေးယူနိုင်ရေး NUG ဆောင်ရွက်မည်
  February 8, 2024

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲက စာသင်ကျောင်းတွေ ဗုံးကြဲတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီးတော့ အကြမ်းဖက် စစ်အုပ်စုကို အရေးယူနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ် လို့ ပြောပါတယ်။ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ‌ဒေါဆီအီရွာနဲ့ လွိုင်နန်းဖရွာတွေထဲက စာသင်ကျောင်းတွေကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက် မနက်ပိုင်းမှာ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် လွိုင်ကော် ဘက် မှာ အခြေချတဲ့ စစ်ကောင်စီတပ်တွေက စာသင်ကျောင်းတွေ ရှိတဲ့ဘက်ကို ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ၆ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြတာပါ။ အဆိုပါ တိုက်ခိုက်မှုကြောင့် အသက် ၁၁ နှစ်ကနေ ၁၃ နှစ်ကြား ကလေး ၄ ယောက် အပါအဝင် ၅ ယောက် သေဆုံးခဲ့ပြီး ပြည်သူ ၃၆ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ NUG အစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့်မို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရရှိရေး ဆိုတဲ့ ဦးတည်ချက်တွေနဲ့ အကြမ်း ဖက်စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို အပြစ်ပေး အရေးယူနိုင်ရေး အစွမ်း ကုန် တာဝန်ယူဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်း ၃ နှစ် ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်းအပြစ်မဲ့ကျဆုံးပြည်သူ အယောက် ၄,၅၀၀ နဲ့ ဖမ်းဆီးထိန်းသိမ်းခံရ သူပေါင်း ၂၆,၀၁၃ ယောက်ထိ ရှိလာခဲ့ပြီလို့ သိရပါတယ်။ https://burmese.dvb.no/post/637 677
၂၉။ မူဆယ်မြို့တွင်း ဓားပြတိုက်မှုဖြစ်၊ ဓားပြတိုက်သူတွေက စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်ဖြစ်နေ
  February 9, 2024

ရှမ်းမြောက် မူဆယ်မြို့ ဈေးရပ်ကွက်မှာ ဓားပြတိုက်မှု ထပ်မံ ဖြစ်ပွားပြီး ဓားပြတိုက်သူ ၂ ဦးကိုလည်း ဖမ်းမိထားတယ် လို့ ဒေသခံ တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက် ည ၇ နာရီဝန်းကျင်က M2 ဟိုတယ်အနောက်က လမ်းကြားမှာ ဖြစ်ပွားခဲ့ပြီး ဓားပြတိုက်သူဟာ Crown ကား အဖြူရောင်တစ်စီးနဲ့ အမျိူးသား ၄ ဦးဟာ လက်နက်ကိုယ်စီ ကိုင်ဆောင်ပြီး နေအိမ် ထဲဝင်ကာ အမျိုးသားတစ်ဦးက ကားပေါ်မှာ ကျန်ခဲ့တယ်လို့ ဆိုပါတယ်။ ဓားပြတိုက်သူ ၂ ဦးကို အဲဒီနေ့မှာပဲ ဖမ်းမိပြီး အဲဒီ ၂ ဦး ဟာ စစ်ကောင်စီ လက်အောက်ခံ မန်ဂျယ်ပြည်သူ့စစ်ကဖြစ်တယ်လို့ ဖြစ်စဉ်သိရှိတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ကားပေါ်မှာတစ်ယောက်အားလုံး ၅ ယောက်‌ပေါ့။ ၂၄ နာရီအတွင်းမှာပဲ ၂ ယောက်ကိုဖမ်းမိတယ်။ မန်ဂျယ်ပြည်သူ့စစ် ကလေ။ မန်ဂျယ်ပြည်သူ့စစ်ခေါင်းဆောင်ရယ်။ သူတို့တွေတော့ ထွက်ပြေးသွားတာပေါ့။ သူတို့က ကားကိုယူသွားတာ။ သက်သေ ခံပစ္စည်းတွေလည်း ပြန်ရတယ်။ ဒါပေမဲ့ တရားဝင် အမှုလာမဖွင့်ဘူး။ စကစတော့ ခေါ်ထားတယ်။ ပြည်သူ့စစ်ဖြစ်နေလို့ ပြန်လွှတ်ရင် တစ်ခုခုလုပ်မှာ ကြောက်တာနေမှာ” ဓားပြ ဝင်တိုက်တဲ့ ဗီဒီယိုဖိုင်ထဲမှာလည်း စစ်ကောင်စီတပ်ရဲ့ဝတ်စုံ ဝတ်ထား တဲ့ အမျိုးသားတစ်ဦး တွေ့ရပါတယ်။ ဓားပြတိုက်ခံရလို့ ပါသွားတဲ့ ပစ္စည်းကတော့ မီးခံသတ္တာတစ်လုံးနဲ့ ကားတစ်စီး ပါသွားပြီး အမျိုးသား ၃ ယောက်ကတော့ လွှတ်မြောက်သွားတယ်လို့ သူက ဆက်ပြောပါတယ်။ https://www.facebook.com/photo/?fb id=716296780677589&set=pcb.716297040677563
၃၀။ လွိုင်ကော်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၂ ဦးအပါအဝင် ၆၅ ဦးလွတ်မြောက်
   February 8, 2024

ကရင်နီ (ကယား) ပြည်နယ် လွိုင်ကော်အကျဉ်းထောင်ကနေ  နိုင်ငံရေးအကျဉ်းသား/သူ ၁၂ ဦး အပါအဝင် အကျဉ်းသား ၆၅ ဦးကို စစ်ကောင်စီအကျဉ်းဦစီးဌာနကနေ လွှတ်ပေးလိုက်ကြောင်း ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) က ထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်က မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) နဲ့ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) တို့ ပူးပေါင်းပြီး လွိုင်ကော်အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်း သားများအပါအဝင် အခြားအကျဉ်းသားများ လွတ်ရက်စေ့ပေမယ့်  ထပ်မံထိန်းသိမ်းခံထားနေရကြောင်း ကြေညာချက်ထုတ်ပြန် ခဲ့အပြီး အခုလို လွှတ်ပေးလိုက်တာလို့ KPPA ရဲ့ သတင်းနှင့်ပြန်ကြားရေး ထားဖိုးက ပြောပါတယ်။

“အခုလွတ်လာတဲ့ အကျဉ်းသား ၆၅ ဦးဟာ ပြီးတဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ နိုင်ငံတော်က ပေးတဲ့ လွတ်ငြိမ်းချမ်း သာခွင့်နဲ့ လွှတ်တဲ့လူ ၁၄ ဦးပါတယ်။ ပြီးရင် နိုင်ငံရေးပုဒ်မနဲ့ ၁၂ ဦးက သူတို့လွတ်ရက်စေ့တာ လပိုင်းလောက်ရှိပြီပေါ့နော်။ စစ်ကောင်စီကနေ ပြန်မလွှတ်ပေးဘူး။ စစ်ကောင်စီအနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရှိတဲ့အကျဉ်းသားတွေ, လွတ်ရက်စေ့တဲ့ အကျဉ်းသားတွေကို မလွှတ်ပေးတာက မြန်မာနိုင်ငံသားတွေရဲ့ အခွင့်အရေးကို ဆော်ကားလိုက်တာပဲပေါ့ အဲဒီပုံစံနဲ့ ကျနော်တို့ ထုတ်ပြန်ချက် ထုတ်ပြန်တယ်။ ထုတ်ပြန်ပြီးတော့ ၂ ရက်လောက်မှာ ဖေဖော်ဝါရီလမှာ ပြန်လွတ်လာတာပေါ့။” ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသား ၁၂ ဦးကတော့ စိုင်းဝဏ္ဏ၊ ရဲထွန်းနိုင်၊ မောင်ဝိုင်း၊ စောအယ်ထောနယ်ဆွီ၊ ဆာကာရီးရာ၊ ဆာဘလုမူး၊ ဆူရယ်၊ သန်းကိုစတီးနိုး၊ အာကာပတေရု၊ ကလောရယ်၊ မြာရယ်နဲ့ ဒေါ်လင်းလင်းခိုင် တို့ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ပါတယ်။ “အခုလွတ်လာတဲ့ နိုင်ငံရေးကျဉ်းသား ၁၂ ယောက်က  ပုဒ်မ ၅၀၅ ပါမယ်၊ နောက် မတရားအသင့် ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ပါမယ်။ တချို့ကတော့ ဓာတ်ပုံကြောင့် အဖမ်းခံရတာတွေ ရှိတယ်။ တချို့က လုံးဝ အရပ်သားပြည်သူစစ်ပဲ။ သို့မဟုတ် လမ်းမှာ စစ်တပ်နဲ့တွေပြီး ဖမ်းချုပ်ခံရတဲ့ပြည်သူတွေဖြစ်တယ်ပေါ့နော်”လို့ ထားဖိုးက ပြောပါတယ်။ https://burmese.dvb.n o/post/637735
၃၁။ မိုးမောက်-လွယ်ဂျယ်လမ်းပြင်သည့်လုပ်ငန်းရပ်နားထားသဖြင့် လိုင်းဆွဲယာဉ်မောင်းသမားများ အခက်တွေ့
   February 8, 2024

လမ်းလုပ်သားများ ဓားပြတိုက်ခံရသောကြောင့်ဟုဆိုကာ လုပ်ငန်းရပ်နားထားသဖြင့် မိုးမောက် – လွယ်ဂျယ်လမ်း ယာဉ် မောင်းများ အခက်အခဲကြုံနေရသဖြင့် အမြန်ဆုံးလာရောက်ပြုပြင်စေလိုကြောင်း သိရသည်။ မိုးမောက် – လွယ်ဂျယ်လမ်းပိုင်းကို နိုင်လွန်ကတ္တရာခင်းရန် မြေအကြမ်းထိုးပြီးနောက် ဆက်လက်ဆောင်ရွက်ခြင်းမရှိဘဲ ရပ်နားထားဖြင့် လမ်းပိုင်းအချို့နေရာများ တွင် သွားလာရအလွန်ခက်ခဲနေသည်ဟု ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။“ကုမ္ပဏီကလမ်းကို အကြမ်း ထိုးပလိုက် တာဗျာ၊ အခုအချိန်ထိလမ်းက အချောလည်းပြန်မသတ်ဘူး။ အဲဒီလိုထိုးထားတာ တစ်လကျော်ရှိပြီ။ လမ်းထိုးထိုးချင်းတော့ မောင်းရတာဘယ်လောက်မှမကြာဘူး မိုးရွာလိုက်ရင်တော့ တော်တော်သွားရတယ်။ (လမ်းက) ခါတိုင်းလိုပါပဲဗျာ ထိုးပြီးလည်း ဒီပုံစံ၊ မထိုးပြီးလည်း ဒီပုံစံပဲ” ဟုဆိုသည်။ လမ်းစတင်ပြုပြင်စဉ်က မြေညှိထားချိန် ကောင်စွာသွားလာနိုင်သော်လည်း ဆက်လက် ဆောင်ရွက်ခြင်း မရှိသဖြင့် လက်ရှိအချိန်တွင် လမ်းများပျက်စီးလာပြီး အခက်အခဲများကြုံတွေ့နေရကြောင်း ယာဉ်မောင်းတစ်ဦး က ပြောသည်။

“အရင်က ကျွန်တော်တို့ကားတွေမှာ ပျက်ဆီးမှုလည်းများတယ် ဆုံးရှုံးမှုလည်းများတယ်။ သူတို့လမ်းတွေ ပြင်ပြီး နောက်ပိုင်းမှာ တော်တော်လေးလည်းကောင်းတယ်ဗျ။ အဆင်လည်းပြေကြတယ်။ ကားသမား အကြီးရော၊ အသေးရော အကုန် ပျော်ကြတယ်။ အခုသူတို့မပြင်ဆင်တဲ့နောက်ပိုင်းမှာတော့ ကားသမားတွေကတော့ အခက်အခဲဖြစ်သွားတာပေါ့” ဟုပြောသည်။ လမ်းစီမံကိန်းကို Hong Xiang Zhang Ba Constrution ကုမ္ပဏီက လုပ်ဆောင်နေခြင်းဖြစ်ပြီး လမ်းလုပ်သားများ ဓားပြတိုက် ခံရပြီး တရုတ်နှစ်သစ်ကူးနီးကပ်လာသောကြောင့် ယာယီရပ်နားထားခြင်းဖြစ်သည်ဟု ကုမ္ပဏီနှင့် နီးစပ်သူတစ်ဦးကပြောသည်။“နားတယ်ဆိုတာက စောနားသွားတဲ့သဘောပါပဲ။ ခါတိုင်းဆိုလည်း နှစ်သစ်ကူးဆိုလို့ရှိရင်နားတယ်ပေါ့။ စောနားသွားတာက တော့ ခုနကလိုမျိုး(ဓားပြတိုက်ခံရမှုဖြစ်စဉ်ကြောင့်)ဖြစ်သွားတာပေါ့။ နှစ်သစ်ကူးပြီးတာနဲ့အမြန်ဆုံးတော့စချင်တယ်၊ လွယ်ဂျယ် မြို့မှာ ကချင်ပြည်နယ်အတွက် အဓိကကျသည့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်ရှိရာ နယ်စပ်မြို့တစ်မြို့ဖြစ်ပြီး တရုတ် ပြည်ဘက်သို့တင်သွင်းသည့် ကုန်စည်အများစုမှာလည်း လွယ်ဂျယ်မြို့မှတစ်ဆင့် ဝင်ရောက်ခြင်းဖြစ်သည်။ https://www.fac ebook.com/photo?fbid=707583228236015&set=pcb.707583428235995

၃၂။ လမ်းမဖွင့်သေးတဲ့ ကွတ်ခိုင်နဲ့ ၁၀၅ မိုင်မှာ စက်သုံးဆီ တစ်လီတာကို ၁ သောင်းအထိ ပေးဝယ်နေရ
   February 8, 2024

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်နဲ့ မူဆယ် ၁၀၅ မိုင်မှာ လမ်းကြောင်းပိတ်ပြီး ကုန်စည်စီးဆင်းမှု ရပ်တန့်နေတာကြောင့် စက်သုံးဆီ ၁ လီတာကို ၁ သောင်းကျပ်အထိ ဈေးမြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ဖြစ်ပွား ပြီးနောက် ကွတ်ခိုင်မြို့နယ်မှာ လမ်းကြောင်း ပိတ်ဆို့နေပြီး စက်သုံးဆီကို နမ္မတူမြို့နယ်ဘက်ကနေ သယ်ယူရတာကြောင့် ဈေးမြှင့်တက်နေတာလို့ ကွတ်ခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “အဓိက လမ်းမဖွင့်ဘူးလေ။ လမ်းမဖွင့်တော့ အဲဒီကွင်းလမ်းဘက်သွားပြီး သယ်ကြတာပေါ့။ လမ်းမှာ အခွန်အခလည်း ပေးသေးတယ်လေ။ သူတို့ပြောတာတော့ လက်နက် ကိုင်အစုံပဲ ပေးရတာ။ လမ်းမှာလည်း ပေးရတော့ သူတို့အတွက် သိပ်မကျန်ဘူးတဲ့။ အဲကြောင့် ဈေးကြီးတာ”  ညီနောင်မဟာမိတ် ၃ ဖွဲ့ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ၁၀၅ မိုင်မှာလည်း စစ်တပ်က မူဆယ်ကနေ ၁၀၅ မိုင်ဘက် စားသောက်ကုန်နဲ့ တစ်ခြားကုန် ပစ္စည်း တင်သွင်းခွင့် မပြုတာကြောင့် ကွင်းလမ်းကနေ သွားနေရလို့ ဓာတ်ဆီဈေးနှုန်း တက်နေတာလို့ ဆိုပါတယ်။

မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက “မူဆယ်အထွက် နမ့်ခွန်ရွာမရောက်ခင် မုဒ်ဦးအထွက်နားလေးမှာ စစ်ကောင်စီ စောင့် တယ်လေ။ ဒီမူဆယ်ကနေအထွက် ၁၀၅ မိုင်ဘက်ထွက်သွားဖို့ကမလွယ်ဘူး။ တချို့တော့ ကွင်းလမ်း သွားကြတာပေါ့။ ကွင်းလမ်း မှာ ဆိုင်ကယ် ကယ်ရီခတောင်မှ ၁ သိန်းခွဲလောက် ပေးရတာ။ ပတ်ပြီးတော့ သွားတာ” လို့ ပြောပါတယ်။ စက်သုံးဆီဈေး တက် နေတာကြောင့် အရေးပေါ်အခြေအနေ မဟုတ်ရင် ဆိုင်ကယ်၊ ကားတွေ သိပ်မစီးကြတော့ဘူးလို့ အထက်ပါ ကွတ်ခိုင်ဒေသခံ အမျိုးသမီးက ဆက်ပြောပါတယ်။ “ဓာတ်ဆီတွေ မရှိဘူးလေ။ ကျမဆို တိုက်ပွဲစဖြစ်ကတည်းက ဈေးကို မသွားတော့တာ။ တောင်ယာတွေ ဘာတွေ သွားရင်လည်း ဆိုင်ကယ် မစီးနိုင်တော့ဘူး။ ဟိုနားဒီနားဆိုရင်လည်း ဆိုင်ကယ် မစီးဖြစ်တော့ဘူး။ တချို့လည်း စီးကြပါတယ်” စက်သုံးဆီဈေးအပြင် ဆန်၊ ဆီနဲ့ တခြားသော အခြေခံ စားသောက်ကုန်ပစ္စည်းတွေလည်း အဆမ တန် ဈေးမြှင့်တက်နေပါတယ်။ https://www.facebook.com/photo/?fbid=7160 22184038382&set=a.404503215190282
၃၃။ လျှပ်စစ်မီးပြတ်တောက်နေတဲ့အတွက် ဖားကန့် ပြည်သူတွေ အခက်အခဲကြုံတွေ့နေရ
   February 8, 2024

ကချင်ပြည်နယ် ဖားကန့်ဒေသတစ်ခုလုံးမှာ လျှပ်စစ်မီးပြတ်တောက်နေတာ တစ်ပတ်နီးပါးရှိလာနေတဲ့အတွက် ပြည်သူ‌ တွေ အစစအရာရာခက်ခဲလာနေတယ်လို့ ဖားကန့်နေပြည်သူတွေက ပြောပါတယ်။ ဖေဖော်ဝါရီလ ၃ ရက်နေ့က ကချင်လွတ်လပ် ရေးတပ်မတော် KIA ဒေသကာကွယ်ရေးတပ်ဖွဲ့ KPDF ပူးပေါင်းတပ်တွေက နန့်တိန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ချိန် စစ်တပ်က နန့်တိန်းဘက်ကို လက်နက် ကြီးအချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တာကြောင့် နန့်တိန်းတစ်လျှောက်ရှိ မိုးကောင်း– ဖားကန့်လိုင်း ဓာတ်အားလိုင်းကြိုးများပြတ်ပြီး ဓာတ်တိုင်များကျိုးကျ ပျက်စီးတာတွေရှိနေတဲ့အတွက် လျှပ်စစ်မီးပြတ်တောက်နေတာလို့ သိရ ပါတယ်။ ခုလို လျှပ်စစ်မီးများပြတ်တောက်တာ အချိန်ကာလကြာမြင့်လာတာနဲ့အမျှ အခက်အခဲတွေရှိလာတယ်လို့ ဖားကန့် ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

“နဂိုကတည်းက ဖားကန့်က အခြားဒေသတွေထက် အစစ၊ အရာရာ ကုန်ဈေးနှုန်းကြီးတဲ့ဒေသပေါ့၊အခုလို မီးမလာတာ တွေ ကြာလာခဲ့ရင်၊ မီးစက်တွေမောင်းရတော့မယ်၊ အခုတောင် ကျွန်တော်တို့ဆိုင်မှာ မီးစက်မောင်း‌ပြီး၊ ဖုန်းအားသွင်းဖို့ လုပ်ပေး ထားရတယ်”လို့ ဖားကန့်မြို့မှာ လက္ဘရည်ဆိုင် ဖွင့်လှစ်ရောင်းချနေသူ ကိုမောင်မောင်(အမည်လွှဲ)ကပြောပါတယ်။ လက်ရှိ လျှပ်စစ်မီးပြတ်တောက်နေတာကြောင့် ဖားကန့်နေပြည်သူတွေဟာ အင်တာနက်လိုင်းတွေရနေပေမယ့် ဖုန်းအားသွင်းဖို့လည်း ခက်ခဲနေတာကြောင့် သတင်းသိရှိရမှု နှောင့်နှေးလာတယ်လို့ ‌ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။“ဒီမှာက တစ်ခြားနေရာနဲ့ မတူဘူး အစကတည်းက ကုန်ဈေးနှုန်းက တက်နေတာ ခုမီးကလည်းကြာမယ့်သဘောရှိနေတယ်။ ပိုခက်တာပေါ့ ဖုန်းအားက မရှိကျောက်သွေးတာလည်း မသွေးရ ပိုဆိုးလာတယ်”လို့ မြို့ခံပြည်သူတစ်ဦးက ပြောပါတယ်။ https://burmese.kachinnew s.com/2024/02/08/ny1-9/
၃၄။ SNA ရဲဘော်တစ်ဦး PDF ထံ လက်နက်နဲ့အတူ အလင်းဝင်၊ ကျပ်သိန်း ၃၀ ချီးမြှင့်
   February 8, 2024

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် ရှမ်းနီအမျိုးသာများတပ်မတော် (SNA) မှ တပ်သား တပ်စိတ်မှူးရာထူးအဆင့်ရှိသူ ဟာ  လက်နက်နဲ့အတူ ခန္တီးခရိုင်အမှတ် (၃)တပ်ရင်း (HPDF-124) ထံသို့ အလင်းဝင်ရောက်လာ ခဲ့ပါတယ်။ SNA တပ် သားနဲ့အတူ Ak-23 ဒင်ခေါက်တစ်လက် ၊ ကျည်ဘောက် ၂ ခု ၊ ကျည် အတောင့် ၁၅ တောင့်နဲ့အတူ ထွက်ပြေးလွတ် မြောက်လာကာ အလင်းဝင်ရောက်လာခြင်း ဖြစ်ပါသည်။ ခန္တီးခရိုင် အမှတ် (၃)တပ်ရင်း (HPDF -124) မှ အလင်းဝင်ရောက် လာသူကို ကျပ်ငွေ သိန်း(၃၀) ကျပ်အား ဆုတော်ငွေအဖြစ် ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ခန္တီးခရိုင် အမှတ်(၃)တပ်ရင်း (HPDF -124) ဟာ စစ်အာဏာရှင်ကို တော်လှန်ရာမှာ SNA တပ်သည် စစ်ရေးပစ်မှတ် မဟုတ်သောကြောင့် အလင်းဝင်ရောက် ပူးပေါင်းလိုတဲ့သူများကို ဖိတ်ခေါ်ထားပါတယ်။ အလင်းဝင်ရောက်လာမယ့် မည်သည့် တပ်သားတိုင်းကိုမဆို နိုင်ငံတကာဥပဒေများအရ လူ့အခွင့်အရေး ၊ စစ်သားဂုဏ်သိက္ခာ များကို အပြည့်အဝ ခံစားစေရပါမည်ဟု ကတိပေး ဖိတ်ခေါ်ထားပါတယ်။ စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်အတွင်းက ရွှေပြည်အေးမြို့ကို မဟာမိတ် PDF တပ်ပေါင်းစုများက သိမ်းပိုက်ထားမှုတွင် စစ်ကောင်စီနဲ့ SNA တပ်များက မြို့ပြန်ရဖို့ ပူးပေါင်းတိုက်ခိုက်နေကြပါတယ်။ https://www.facebook. com/photo/?fbid=415635577489559&set=pcb.415635757489541

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button