တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 11, February 6, 2024)

၁။ စစ်ကောင်စီအလွန် ပြည်ထောင်စုတည်ဆောက်ရေးအတွက် တော်လှန်ရေးအဖွဲ့အစည်းများ သဘောတူညီမှုရရှိထားရန်    မဖြစ်မနေလိုအပ်ကြောင်း KIO ဥက္ကဌပြော
   February 5, 2024

မြန်မာ့နွေးဦးတော်လှန်ရေးသည် ဖြစ်ပေါ်ခဲ့သမျှ တော်လှန်ရေးလှိုင်းများထဲမှ အင်အားအကြီးဆုံးဖြစ်၍ စစ်ကောင်စီ အလွန် နိုင်ငံကို ငြိမ်းချမ်းစွာ အမြန်ပြန်လည် တည်ဆောက်နိုင်ရေးသည် နိုင်ငံသားအားလုံး၏ အရေးကြီးသည့် တာဝန်တစ်ရပ် ဖြစ်ကြောင်း ယနေ့ကျရောက်သော KIA တည်ထောင်ခြင်း နှစ်ပတ်လည်နေ့ဖြစ်သည့် ကချင်တော်လှန်ရေးနေ့ မိန့်ခွန်း၌ KIO ဥက္ကဌဗိုလ်ချုပ်ကြီး အင်ဘန်လ ပြောကြားလိုက်သည်။ ထို့ကြောင့် စစ်ကောင်စီကိုတော်လှန်နေကြသည့်အဖွဲ့အစည်းတို့က အမြင် သဘောထားများအား ဆွေးနွေးညှိနှိုင်း သဘောတူညီမှုရရှိထားကြရန် မဖြစ်မနေလိုအပ်ချက်ဖြစ်ပြီး၊ ထိုသို့ သဘော တူညီမှုမရရှိ ထားနိုင်လျှင် အချင်းချင်းကြား ပြဿနာများ ပေါ်ပေါက်လာနိုင်သည်ကို သတိထားကြရန်လိုအပ်ကြောင်း KIO ဥက္ကဌ၏ မိန့်ခွန်း၌ ပါရှိသည်။ သို့ဖြစ်၍ KIO သည် စစ်ကောင်စီအား အတူတကွ တော်လှန်တိုက်ခိုက်နေသည့် ပူးပေါင်းအဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်နေသည့်အပြင် အခြားတော်လှန်ရေးအဖွဲ့များနှင့်လည်း လိုအပ်လာလျှင် ဆွေးနွေးမှုများ လုပ်ဆောင် သွားမည်ဖြစ် ကြောင်းလည်း ပြောကြားခဲ့သည်။

စစ်ကောင်စီသည် ၎င်း၏ စစ်အင်အားဖြည့်တင်းလို၍ လူမျိုးကိုအခြေပြု၍ သော်လည်းကောင်း၊ ဒေသကိုအခြေပြု၍ သော်လည်းကောင်း ပြည်သူ့စစ်အဖွဲ့များအား အတင်းအဓမ္မဖွဲ့စည်းလာနေသည်ကို တွေ့ရပြီး၊ ကချင်လူမျိုးများနှင့် ကချင်ပြည် နယ်သားများ ပူးပေါင်းပါဝင်ခြင်း မပြုလုပ်ကြရန် ဗိုလ်ချုပ်ကြီး အင်ဘန်လ က သတိပေးပြောကြားလိုက်သည်။ စစ်ကောင်စီ ၏ ပြည်သူ့စစ်ဖွဲ့စည်းခြင်းသည် တိုင်းရင်းသားမျိုးနွယ်စုများ အချင်းချင်းနှင့် ဒေသခံပြည်သူလူထုအချင်းချင်းကြား သွေးခွဲ သပ်လျှိုပေးရန် ကြံရွယ်သည့် လုပ်ရပ်လည်းဖြစ်သည်ဟု ဆိုသည်။ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် မြန်မာ့နွေဦး တော်လှန်ရေးလှိုင်းတို့၏ ပူးပေါင်းအားကြောင့် စစ်ကောင်စီကို တွန်းလှန်ပစ်နိုင်သည့် အခင်းအကျင်းသို့ ရောက်ရှိနေပြီဖြစ်သော် လည်း တိုင်းရင်းသားလူမျိုးများကြား၊ အဖွဲ့အစည်းများကြား ဆွေးနွေးညှိနှိုင်းယူကြရမည့် ကိစ္စများလည်း ရှိနေသေးသည်ကို သတိထားကြရန်လိုအပ်ကြောင်း မိန့်ခွန်း၌ ပါရှိသည်။ အဆိုပါ အကြောင်းအရာ ကိစ္စများအား ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာ ပြေ လည်နိုင်မှသာ ပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း KIO ဥက္ကဌ က သတိပေးတိုက်တွန်းလိုက်သည်။ အဖွဲ့အစည်း တစ်ခုနှင့် တစ်ခုကြားဟုဆိုရာတွင် အထူးသဖြင့် လက်နက်ကိုင် တိုင်းရင်းသား လူမျိုးများကြား တော်လှန်ရေးကာလ၌ အခြေပြု နယ်မြေကိုလိုက်၍ဖြစ်စေ၊ နိုင်ငံရေး ရည်ရွယ်ချက်ပန်းတိုင်ကြောင့်ဖြစ်စေ၊ နယ်မြေနှင့်နှင့်ပတ်သက်၍ ရှုပ်ထွေးနေမှုများ ရှိနေ သည်ဟုဆိုသည်။ KIO အနေဖြင့် ယင်း ပြဿနာများအား ဆွေးနွေးဖြေရှင်းရာတွင် အတူတကွယှဉ်တွဲနေထိုင်သည့် ညီအစ်ကို ဆွေမျိုးဆက်ဆံရေးကို ခိုင်မာစေပြီး၊ သမိုင်းကြောင်းကို အခြေပြု ကာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း မိန့်ခွန်း၌ ပါရှိသည်။ https://www.facebook.com/photo/?fbid=788827 249947834&set=a.605896064907621
၂။ တော်လှန်ရေးအဖွဲ့အစည်းအတွက် မျှော်လင့်ချက်အရှိဆုံးကာလဖြစ်ကြောင်း ညီနောင် ၃ ဖွဲ့ဆို
  February 5, 2024

စစ်အာဏာရှင်အား တော်လှန်သည့်ကာလမှာ ယခုတစ်ကြိမ်သည် တော်လှန်ရေးအရှိန်အမြင့်ဆုံးနှင့် တော်လှန်ရေးအဖွဲ့ အစည်းအတွက် မျှော်လင့်ချက်အရှိဆုံးကာလဖြစ်ကြောင်း ညီနောင်မဟာမိတ် (၃)ဖွဲ့က KIA ကို ပေးပို့သည့် သဝဏ်လွှာတွင်ဖော် ပြထားသည်။ (၆၃)နှစ်မြောက် ကချင်တော်လှန်ရေးနေ့အခမ်းအနားသို့ ညီနောင်မဟာမိတ်(၃)ဖွဲ့ဖြစ်သည့် MNTJP/MNDAA၊ PSLF/TNLAနှင့် ULA/AAတို့ထံမှ ပေးပို့သော သဝဏ်လွှာတွင် ယင်းသို့ဖော်ပြထားခြင်းဖြစ်သည်။ ဗမာလူမျိုးကြီးဝါဒအား ဗမာ လူမျိုးများသည်ပင်လျှင် တော်လှန်တိုက်ပွဲဝင်နေကြသည့် အချိန်ကာလသို့ ရောက်ရှိလာကာ ဖက်ဆစ်အကြမ်းဖက် စစ်အာဏာ ရှင်စနစ်အား တော်လှန်ကြသည့်ကာလမှာ ယခုတစ်ကြိမ်သည် တော်လှန်ရေးအရှိန်အမြင့်ဆုံးနှင့် တော်လှန်ရေးအဖွဲ့အစည်းများ အတွက် မျှော်လင့်ချက်အရှိဆုံးသောကာလဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံအတွင်း၌ တိုင်းရင်းသား လူမျိုးအသီးသီးတို့သည် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းဆုံးဖြတ်ပိုင်ခွင့်၊ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်ခွင့်အပါအဝင် ဗမာလူမျိုးကြီးဝါဒနှင့် ဖက်ဆစ်အကြမ်းဖက် စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးတို့အတွက် စစ်အာဏာရှင်တို့အား တစိုက်မတ်မတ် တော်လှန်တိုက်ပွဲဝင်နေခဲ့ကြသည်မှာ ဆယ်စုနှစ်ပေါင်း များစွာ ရှိခဲ့ပြီဖြစ်သည်ဟု ပါရှိသည်။ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ တအာင်း၊ ကိုးကန့် အပါအဝင် နိုင်ငံအတွင်းမှ အခြားသောတိုင်းရင်းသားလူမျိုးများစွာတို့သည်လည်း လူမျိုးကြီးဝါဒနှင့် ဖက်ဆစ်အကြမ်းဖက် စစ်အာဏာ ရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် လူမျိုးကိုယ်စားပြု တော်လှန်ရေးအဖွဲ့အစည်းများကို အသီးသီးဖွဲ့စည်းပြီး စစ်အာဏာရှင်အား တော်လှန်တိုက်ပွဲဝင်နေကြဆဲဖြစ်သည်ဟု ပါရှိသည်။ https://www.facebook.com/photo/?fbid=784754590364527& set=a.588245110015477
၃။ ကျောင်းသား ၄ ဦး အပါအဝင် ၅ ဦးသေဆုံးတဲ့ဖြစ်စဉ်အတွက် ကျုးလွန်သူကို အပြစ်ပေးနိုင်ဖို့ ဆောင်ရွက်သွားမည်
   February 6, 2024

မနေ့က ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက်ပိုင်းက ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ စစ်ကောင်စီ လေတပ်က စာသင်ကျောင်းတွေကို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သေဆုံးသွားခဲ့ရတဲ့ ကျောင်းသား ၄ ဦးအပါအဝင် သက်ကြီး ပိုင်းတစ်ဦးသေဆုံးမှုအတွက် ကျုးလွန်သူကို ရှာဖွေပြီး အပြစ်ပေးနိုင်တဲ့အထိ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကရင်နီလူ့ အခွင့်အရေးအဖွဲ့က ပြောပါတယ်။“ဒါကတော့ အဆိုးဝါးဆုံးသော စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတစ်ရပ် ကျနော်တို့ အနေနဲ့ မေ့လို့မရဘူး ခွင့်လွှတ်လို့ရတဲ့ဖြစ်စဉ်မဟုတ်ဘူးလို့ ပြောလိုတယ်။ ဒါကိုလည်း အဆုံးစွန်ထိ ကျူးလွန်သူကို ရှာဖွေပြီး အပြစ်ပေးနိုင်တဲ့အထိ ဆက်လုပ်သွားဖို့ ရည်တန်းထားပါတယ်။”လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ဦးဗညားက ပြောပါတယ်။ စစ်ကောင်စီက ကလေးတွေကို ပညာသင်ကြားလို့မရအောင်၊ အကြောက်တရားစိုးမိုးနေအောင်နဲ့ စိတ်ဒဏ်ရာတွေ ရရှိအောင် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်တာဖြစ်တဲ့အတွက် လက်ခံနိုင်စွမ်းမရှိဘဲ အပြင်းအထန် ရှုတ်ချတယ်လို့ သူက ဆက်ပြော ပါတယ်။

ဒီလိုအကြမ်းဖက်တိုက်ခိုက်မှုကို နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေ နဲ့ ဓလေ့ထုံးတမ်း ဥပဒေ များ အပေါ် ဆိုးဝါးတဲ့ ချိုးဖောက်မှုဖြစ်ရာ ရောမသဘောတူစာချုပ် (Rome Statue) အရ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်ဖြစ် တယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။ ကလေးသူငယ်များအခွင့်အရေးဆိုင်ရာသဘောတူစာချုပ် (Convention on the Rights of the Child–CRC) အရ “ကလေးတိုင်း တွင် ပင်ကိုယ်ဗီဇအဖြစ် အသက်ရှင်နေထိုင်ခွင့်ရှိသည်”ဟူသော အချက်နဲ့ ဂျီနီဗာ သဘောတူညီချက်များကိုလည်း စစ်ကောင်စီမှ အလေးထားမှုမရှိဘဲ ဗြောင်ဗြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်း ဖြစ်တယ်လို့ IEC က ထောက်ပြထားပြီး အမျိုးသားညီညွတ် ရေးအစိုးရအပြင် ကမ္ဘာ့ကုလသမ္မဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းတွေအနေနဲ့ လက်ပိုက်မကြည့်ဘဲ အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။ မနေ့က တစ်ရက်တည်းမှာဘဲ စစ်ကောင်စီတပ်က တိုက်လေယာဥ် သုံးစီးနဲ့ ၆ ကြိမ်တိုင်တိုင်ပျံဝဲကာ ဒီးမော့ဆိုမြို့ ဒေါဆီးအီကျေးရွာမှာရှိတဲ့ အခြေခံပညာအလယ်တန်းစာသင်ကျောင်းကို စက်သေနတ်၊ ပေါင် ၅၀၀ ဗုံးနဲ့ လက်နက်ကြီးတွေကို အသုံးပြုပြီးတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အဲဒီစာသင်ကျောင်းမှာ အသက် ၁၂ ကနေ ၁၄ နှစ် ကြား ကျောင်းသား ၄ ဦး သေဆုံးပြီး မူကြိုအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သူတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဒုတိယအကြိမ်အနေနဲ့ ဒီးမော့ဆိုမြို့နယ် လွိုင်နန်းဖကျေးရွာက အထက် တန်းစာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားတစ်ဦးသေဆုံးသွားတဲ့အပြင် ကျောင်းဆရာ/မ နှစ်ဦးနဲ့ စစ်ဘေးရှောင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ https://www.kantarawaddytimes.org/%e1%80%80%e1%80%bb%e1% 80%b1%e1%8 0%ac%e1%80%84%e1%80
၄။ လွတ်ရက်စေ့ နိုင်ငံရေးအကျဥ်းသားများအပါ အယောက် ၂၀ လွိုင်ကော်ထောင်မှ ပြန်မလွတ်သေး
  February 5, 2024

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့က အကျဥ်းထောင်မှာ ဇန်နဝါရီလ ၄ ရက်နေ့ကတည်းက လွတ်ရက်စေ့နေတဲ့ ရာဇဝတ် အကျဥ်းသား ၁၄ ဦးနဲ့ နိုင်ငံရေးအကျဥ်းသား ၆ ဦးတို့ကို ဒီနေ့ အချိန်အထိ လွှတ်ပေးခြင်းမရှိသေးဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဥ်းသားများ ကွန်ရက်က တာဝန်ရှိသူတဦးက ပြောပါတယ်။ “၁၄ ယောက်က ဇန်နဝါရီလ ၄ ရက်တည်းက လွတ်ရမှာပေါ့။ ကျန်တဲ့နိုင်ကျဥ်းတွေက တစ်လပိုင်းထဲမှာ လွတ်ရက်စေ့တာပေါ့နော်။ တယောက်နဲ့တယောက်တော့ လွတ် ရက်မတူတာရှိတယ် ပေါ့။ စုစုပေါင်း အယောက် ၂၀ က ကျသင့်တဲ့ ပြစ်ဒဏ်ကို ကျခံပြီးသည့်တိုင်အောင် မိဘတွေရဲ့ ရင်ခွင်ဆီကို ပြန်မရောက်ရသေး ဘူးပေါ့”လို့ သူက ပြောပါတယ်။ လွိုင်ကော်အကျဥ်းထောင်ရဲ့ အကျဥ်းဦးစီးဌာနက လုံခြုံရေးကို အကြောင်းပြပြီး လွတ်ရက် စေ့နေတဲ့အကျဥ်းသားတွေကို အကျဥ်းထောင်ထဲမှာ ဆက်လက် ထိန်းသိမ်းထားတာဖြစ်တယ်လို့ သိရပါတယ်။

လွတ်ရက်စေ့နေတဲ့ အကျဥ်းသားတွေကို နိုင်ငံရေးအကြောင်းပြပြီး ဆက်လက်ထိန်းသိမ်းနေတာက လူ့အခွင့်အရေးကို ချိုးဖောက်တာဖြစ်လို့ ရာဇဝတ်မှုနဲ့ကျတဲ့အကျဥ်းသား ၁၄ ဦးနဲ့ နိုင်ငံရေးအကျဥ်းသား ၆ ဦးတို့ကို ပြန်လွှတ်ပေးဖို့အတွက် ကရင်နီ နိုင်ငံရေးအကျဥ်းသားများအစည်းအရုံး -KPPA နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းများကွန်ရက် -PPNM တို့က ပူးပေါင်း တောင်းဆိုထားပါတယ်။ လွိုင်ကော်မြို့မှာ နိုဝင်ဘာလ ၁၁ ရက်ကစပြီး စစ်ကောင်စီတပ်ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ အဆ မတန် ပစ်ခတ်နေတာတွေကို ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။ https://www.facebook.com/photo/?fbid=41433 8627619254&set=a.285900490463069
၅။ ဆီဆိုင်မြို့နယ်မှ ထွက်ပြေးလာသည့် စစ်ရှောင်များကို စစ်ကောင်စီတပ်ဖွဲ့က စစ်ဆေးရိုက်နှိက်၍ အမျိုးသား ၁ ဦး    သေဆုံး
  February 5, 2024

ဆီဆိုင်မြို့နယ်မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်များကို မြို့အထွက်ရှိ စစ်ကောင်စီတပ်ဖွဲ့များက စစ်ဆေး ရိုက်နှိက်ခဲ့သဖြင့် စစ်ရှောင်အမျိုးသား ၁ ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ (ဇန်နဝါရီလ ၅ ရက်) မနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် နောင်အယ်ရွာမှ အမျိုသားတစ်ဦးသည် တိုက်ပွဲကြောင့် ဆိုက်ခေါင်ကျေးရွာဘက်သို့ ထွက် လားပြေးတိမ်းလာနေစဉ် မြို့အထွက်ရှိ စစ်ကောင်စီ၏ ခမရ (၄၂၃) တပ်စခန်းရှေ့မှ စစ်ကောင်စီတပ်သားနှင့်ထိပ်တွေ့ပြီး စစ်ဆေးရိုက်ခံရ၍ သေဆုံးသွားကြောင်း ဆီဆိုင်မြို့ဒေသခံတစ်ဦးက ပြောသည်။ “အရင်လာတဲ့သူတွေကို ဖမ်းထားပြီးချုပ်ထား တာ။ နောက်ကလာတဲ့သူတွေလည်း ပစ်ပြီးရပ်ခိုင်းတော့ အဲ့မှာရုန်းရင်းဆန်ခတ်ဖြစ်ပြီး သူကကြားထဲခံရပြီး ဆုံးသွားတာ။ အ လောင်းကို သယ်လာချိန်မှာတော့ သေနတ်ဒဏ်ရာထားတာ မတွေ့ဘူး။ နှာခေါင်းနဲ့ ပါးစပ်မှာ သွေးတွေထွက်နေတာတော့တွေ့ တယ်” ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ သေဆုံးသွားသူသည် အသက် ၅၀ ကျော် ဦးခွန်သြဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် (ဇန်နဝါရီလ ၂၄ ရက်) မှစပြီး ဆီဆိုင်မြို့ပေါ်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားလာပြီးနောက် ဒေသခံနှင့် စစ်ဘေးရှောင်များကို စစ်ကောင်စီမှ ပစ်မှတ်ထားပြီး စစ်ဆေးမေးမြန်းကာ ရိုက်နှိက်မှုပြုလုပ် နေလျက်ရှိကြောင်း ဆိုသည်။“ကျနော်အတွေ့အကြုံအရဆိုရင် နေရာမှာတင် ပွဲရှင်းပြီး ပါပဲ။ ဒီတိုက်ပွဲကြားထဲမှာ ဒီလိုဖြစ်စဉ်တွေ ကြုံနေရတဲ့သူ ၅ ခါကျော်လောက်ရှိပြီ။ ဆီဆိုင်မြို့တွင်းထဲမှာကော၊ မြို့အဝင်အထွက် မှာကော ဖြစ်တာ။ တချို့လက်လှမ်းမမှီတဲ့ သတင်းတွေလည်း ရှိတယ်” ဟု ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။ https://bu rmese.shannews.org/archives/39881
၆။ လက်နက်ကိုင်တော်လှန်နေတာဖြစ်လို့ အမတ်အဖြစ်ကနေ တရားဝင်နှုတ်ထွက်ကြောင်း ပင်းတယ NLD အမတ်        ကြေညာ
  February 5, 2024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ အနောက်ပိုင်း တောင်ရွှေပုထိုး ကျေးရွာရှိ ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်အမတ်ကနေ နှုတ်ထွက်ကြောင်း ဦးထွန်းထွန်းနိုင်က ကြေညာပါတယ်။ ယနေ့မှ၍ ၂၀၂၀ ရွေးကောက်ခံအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ တရား၀င်နုတ်ထွက်ပြီဖြစ်ကြောင်း မဲဆန္ဒရှင်အပေါင်းအား ရိုသေလေး စားစွာဖြင့် အသိပေးအပ်ပါတယ် လို့ ဇန်နဝါရီ ၃၁ ရက်နေ့က သူ့ရဲ့လူမှုကွန်ယက်ကနေတဆင့် အသိပေးထားပါတယ်။ အမတ် အနေနဲ့ ပြည်သူအတွက်ဘာမှ လုပ်မပေးနိုင်တော့ ရိုးရိုးပြည်သူတစ်ဦးအနေနဲ့ တော်လှန်ရေးမှာ လက်နက် ကိုင်ပါ၀င်နေတာ ဖြစ်တဲ့အတွက် နုတ်ထွက်လိုက်ရတာဖြစ်တယ်လို့ NLD လွှတ်တော်အမတ် ဦးထွန်းထွန်းနိုင်က ပြောပါတယ်။ “နုတ်ထွက်ရတဲ့ အဓိက အကြောင်းရင်းက ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ၃ နှစ်တာ ကာလအတွင်း တာ၀န်ယူ တာ၀န်ခံပြီး လုပ်တဲ့ အလုပ် တာ၀န် တခုမှ မရှိတာရယ်၊အမတ်အနေနဲ့ ပြည်သူအတွက်ဘာမှ လုပ်မပေးနိုင်တော့ အမတ်အနေနဲ့ ရပ်တည်ပြီးမနေချင်တော့ တာဘဲ ရိုးရိုးပြည်သူအနေနဲ့ပဲ လက်နက်ကိုင်ပြီး တော်လှန်လိုတဲ့အတွက် နုတ်ထွက်ရတာပါ။” လို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင် ကပြောပါတယ်။

လက်ရှိမှာ NLD လွှတ်တော်အမတ် ဦးထွန်းထွန်းနိုင်က ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး-DPLF မှာ ဥက္ကဌတာဝန် ထမ်းဆောင်ကာ မဟာမိတ်ညီနောင်၃ ဖွဲ့ ဖြစ်တဲ့ TNLA ၊ MMDAA(ကိုးကန့်)၊ AA တို့နဲ့အတူ အတွေ့ကြုံယူရင်းတိုက်ပွဲဝင်တဲ့အပြင် အခြားနည်းလမ်းပေါင်းများစွာနဲ့လည်း DPLF အဖွဲ့ကစစ်ကောင်စီကိုတော်လှန်နေတယ်လို့ သိရပါတယ်။ ဓနုပြည်သူ့လွတ် မြောက်ရေးတပ်ဦး-DPLF ဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ချိတ်ဆက်ပြီးတော့မှ ဖြစ်ပေါ်လာတဲ့ အဖွဲ့တစ်ခုဖြစ်တယ်လို့လည်း ဥက္ကဌဖြစ်သူ ဦးထွန်းထွန်းနိုင်ကပြောပါတယ်။ “ပင်းတယ PDF ကို ဦးဆောင်တုန်းကရော၊ ဓနု တပ်မှာ ဥက္ကဌတာဝန်ထမ်းဆောင်နေတဲ့ကာလအတွင်း NUG MOD နဲ့ချိတ်ဆက်ပြီး ပုံမှန်အစည်းအဝေးတွေလည်းတက်တယ်။ လုပ်စရာရှိတာလုပ်တယ်။ ကျွန်တော်တို့ လုပ်နေတဲ့အတိုင်းအတာအနေနဲ့ NUG အတွင်းမှာ ဘာမှအရေးမပါ အရာမရောက် ထိန်းကျောင်းခွင့်လည်းမရဘူး။ အထောက်အပံ့လည်းမရဘူး။ ဘာဆိုဘာမှလုပ်ပိုင်ခွင့်လည်းမရှိဘူး။ဒါ့ကြောင့် ဓနုတပ်ကိုပဲ အားသွန်ခွန်စိုက်လုပ်နေတာပါ။”လို့ ဦးထွန်းထွန်းနိုင်ကပြောပါတယ်။ ရွေးကောက်ခံပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်ဟာ သဘာဝဘေး စီမံပုဒ်မ ၂၅ ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)တို့နဲ့ ၂၀၂၁ ခုနှစ်မှာ တရားစွဲ ဆိုခံထားရတာပါ။  https://www.facebook.com/photo/?fbid=4143 58090950641&set=a.285900490463069
၇။ သံတောင်ကြီးမြို့နယ် မိုင်းလွန်ပင်မစစ်စခန်း PDF ပူးပေါင်းတပ် သိမ်း ပိုက်
   February 5, 2024

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဗျူဟာ  လက်အောက်ခံ မိုင်းလွန်ပင်မစစ်စခန်းအား ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော် (KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ယမန်နေ့ညတွင် သတင်း ထုတ်ပြန်သည်။ ထိုစခန်းအား သုံးရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပြီး စစ်ကောင်စီဘက်မှ မီးရှို့ဖျက်ဆီးထားသောအလောင်း ၇ လောင်းအပါအဝင်တပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးခဲ့ ကာ လက်နက်ကြီးကျည်နှင့် ခဲယမ်း၊ ရိက္ခာများသိမ်းဆည်းရရှိခဲ့ကြောင်းလည်း NUG က ဖော်ပြထားသည်။

သံတောင်ကြီးမြို့နယ်သည် KNU တပ်မဟာ-၂ အုပ်ချုပ်နယ်မြေ တောအူး (တောင်ငူ) ခရိုင်၌ရှိပြီး ဇန်နဝါရီ ဒုတိယ ပတ်တွှု်လည်း တောင်ငူခရိုင်အတွင်း ၂၈ နှစ်ကျော်အကြာ တပ်စွဲခဲ့သည့် စစ်တပ်စခန်း ၃ ခုမှ တပ်ဖွဲ့ဝင်များ စခန်းအား စွန့်ခွာ ထွက်ပြေးခဲ့သည်။ ထိုစခန်းသုံးခုမှာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၀) လက် အောက်ခံ ခမရ- ၅၂၈ နှင့် ခမရ- ၅၉၃ တပ်ရင်းတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် ထီးတော်ပယ် (ထင်းရှူးတောင်) စခန်း၊ ဘူဆာခီးစခန်းနှင့် သီးမူ ပေါ်စိုးစခန်းတို့ဖြစ်ပြီး ယင်းစခန်းများအား KNU ပူးပေါင်းတပ်များက ရှင်းလင်း ဖျက်ဆီးခဲ့သည်။ https://www.facebook.com/photo/?fbid=79141 9763031213&set=pcb.791423013030888
၈။ နန့်တိန်း စစ်ကောင်စီ တပ်စခန်းကို KIA ပူးပေါင်းအဖွဲ့ သိမ်းပိုက်
   February 5, 2024

ကချင်ပြည်နယ်၊ ဖားကန့် – ကာမိုင်း လမ်းမပေါ်ရှိ နန့်တိန်းရွာ အခြေစိုက် စစ်ကောင်စီ ခမရ – ၁၂၀ တပ်စခန်းကုန်းကို KIA တပ်မဟာ ၉ နဲ့ ပူးပေါင်း အဖွဲ့တွေက အပြီးသတ် သိမ်းပိုက်ခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်နဲ့ ဒေသခံတွေဆီက သိရပါတယ်။ “နန့်တိန်း စစ်ကောင်စီတပ် သိမ်းနိုင်ပြီ။ အပြီးသတ် သိမ်းလိုက်ပြီ။ ဖားကန့် တက်တဲ့လမ်း။ နန့်ယား အကျော်က နန့်တိန်း စစ်ကောင်စီတပ်လေ သိမ်းနိုင်ပြီ။ မနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့ညနေ ၄ နာရီ ကနေ ပြန်ပြီး ထိုးစစ်ဆင်တိုက်ခိုက်တာ ဒီနေ့ ၁၂ နာရီ ဝန်းကျင်ခန့်အထိ။ အပြီးသတ် သိမ်းနိုင်ပြီ။” လို့ KIA ရှေ့တန်းသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။ အဲဒီ စစ်ကောင်စီ တပ်စခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလ လလယ်ခန့်ကစ ကနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ မနက်ပိုင်းအထိ ဝိုင်းရံပိတ်ဆို့ ထားကာ ရေတွေပါ ဖြတ်တောက်ထားခဲ့တယ်လို သူက ပြောပါတယ်။

“နန့်တိန်း သတင်းမှန်တယ်။ စခန်းသိမ်းလိုက်ပြီ။ နန့်တိန်းက နန့်ယားနဲ့ လုံးခင်းကြားမှာကျတယ်။ အဲဒီမှာ မနေ့ညက လေယာဥ်နဲ့ ဗုံးလာကြဲ သေးတယ်။ ဒေသခံတွေက ရှောင်တိမ်းထားတာ ကြာပြီ။” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။  နန့်တိန်း ရွာမှာ စစ်ကောင်စီ စခန်း ၃ နေရာခန့် ရှိတဲ့ထဲက ဒီနေ့ သိမ်းတာဟာ ကုန်းပေါ်က စခန်းဖြစ်ပြီး စစ်ကောင်စီဘက်က ၈ ဦးခန့် သေ တယ်လို့ ကြားပေမယ့် ထိခိုက်ကျဆုံးမှု အတိအကျကိုတော့ မသိရဘူးလို့ ဆိုပါတယ်။ ဖားကန့်မြို့နယ်က ဝှေခါကျေးရွာရှိ ရဲစခန်း နှင့် စခန်းကုန်းနှစ်ခုကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းမှ ထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်‌တချို့ကိုလည်း ပြန်လည်ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ https://www.fac ebook.com/photo/?fbid=413427141 043736&set=pcb.413427261043724
၉။ သိမ်ဇရပ်ရဲစခန်း တိုက်ခိုက်ခံရပြီး ရဲအချို့ ဒဏ်ရာရ
   February 6, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်နယ်‌မြေရဲစခန်းကို ဖေဖော်ဝါရီ ၅ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရဲတချို့ ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ က ပြောပါတယ်။ သိမ်ဇရပ်နယ်မြေရဲစခန်းကို ဖေဖော်ဝါရီ ၅ ရက် မနက် ၉ နာရီ မိနစ် ၅၀ လောက်က တော်လှန်ရေး‌ပူးပေါင်း တပ်ဖွဲ့ ဝင်တွေက ၆၀ မမ၊ Fixed Win ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ရဲစခန်းဝင်းအတွင်း အဆောက် အအုံတချို့ ထိခိုက် ပျက်စီးပြီး ရဲတချို့လည်း ဒဏ်ရာရရှိခဲ့ပါတယ်။ Yangon Eagle (EB) အဖွဲ့ တာဝန်ရှိသူတဦးက “သိမ်ဇရပ်ရဲစခန်းကို တော်လှန် ရေး မိတ်ဖက်အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။ ရဲစခန်းအတွင်းထဲ ကျပြီး ရဲတချို့ ဒဏ်ရာရတယ် ဆိုတာလောက်ပဲ ထောက် လှမ်းလို့ရတယ်။ အိမ်စီးကားတွေနဲ့ ထိခိုက်မိတဲ့ ရဲတွေကို ဆေးရုံပို့ထားတယ်လို့ သိရတယ်။ ဘယ်နှယောက် ထိခိုက်သေဆုံး တယ်ဆိုတော့ ဆက်လက် စုံစမ်းနေတုန်းပါပဲ။ ရဲစခန်းထဲကနေ ဒရုန်းရှိရာဘက်ကို ခန့်မှန်းပြီး လက်နက်ငယ်နဲ့ ဆက်တိုက် ပစ်ခတ်ပေမယ့် တော်လှန်ရေးအဖွဲ့တွေ ထိခိုက်မှုမရှိခဲ့ပါဘူး” လို့ ပြောပါတယ်။

သိမ်ဇရပ်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ရဲစခန်းအဆောက်အအုံတွေ ထိခိုက်မှုရှိပြီး လူနာယာဉ် တစီးလည်း ဝင်သွား တယ်လို့ သိမ်ဇရပ်မြို့ခံတွေက ပြောပါတယ်။“အသံအကျယ်ကြီး ကြား‌ရတော့ စစ်တပ်က လက်နက်ကြီး ပစ်နေတယ် ထင်နေ တာ။ နောက်မှ ရဲစခန်းကိုလာတိုက်တာဖြစ်နေတယ်။ ရဲစခန်းလည်း ထိခိုက်ပျက်စီးပြီး ‌ရဲတွေ ဒဏ်ရာရတယ် ကြားတယ်။ လူနာ ယာဉ်တစီး အချက်ပေးသံမဖွင့်ဘဲ ဝင်သွားတာတွေ့တယ်။ သေနတ်သံ ဆက်တိုက်ဖောက်ပြီး ညဘက်ကျတော့ စစ်တပ်ကုန်းက လက်နက်ကြီးတွေ ပစ်တယ်” လို့ ပြောပါတယ်။ သိမ်ဇရပ်နယ်မြေရဲစခန်းကို ဇန်နဝါရီ ၁၇ ရက်နေ့ကလည်း တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့တွေက ၄၀-မမ လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရဲ ၂ ဦး သေဆုံးခဲ့ပါတယ်။ https://burmese.dvb.n o/post/637322
၁၀။ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်တွင် ပဋိပက္ခနှင့်ဆက်စပ်သေဆုံးသူ ၄၀၀ ကျော်ရှိသည်ဟုဆို
   February 5, 2024

ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများနှင့် ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် သုံးနှစ်တာကာလအတွင်း ပြည်သူ ၄၅၀ နီးပါးသေဆုံးခဲ့ကြောင်း  သိရသည်။ ချင်းရေးရာအဖွဲ့ချုပ် ICA ၏ ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်ပြန်သည့် စာရင်း များအရစစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လူသားဒိုင်းအဖြစ်ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် သတ်ဖြတ်ခံရမှု၊ အကျဉ်းထောင်အတွင်း ဖမ်းဆီးသတ်ဖြတ်ခံရမှု၊ မြေမြုပ်မိုင်းနှင့် လေကြောင်းတိုက်ခိုက်ခံရမှုများကြောင့် သေဆုံးခဲ့သူ စုစုပေါင်း ၄၄၅ ဦးရှိကြောင်းသိရ သည်။ သေဆုံးခဲ့သူများမှ ၁၂၃ ဦးမှာ စစ်ကောင်စီစစ်ကြောင်း၏ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် အများဆုံးသေဆုံးခဲ့ရပြီး ဒုတိယ အများဆုံးဖြစ်သည့် လေကြောင်းတိုက်ခိုက်မှုကြောင့် ‌သေဆုံးသူ ၈၄ ဦးရှိကြောင်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။

ထို့အပြင် ဖမ်းဆီးနှိပ်စက်ပြီး အလောင်းဖျောက်ဖျက်ခံရသူ ချင်းအမျိုသား ၁၁ ဦးနှင့် ရုပ်အလောင်း မီးရှို့ဖျက်ဆီးခံရသူ ၁၀ ဦးထိရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ချင်းပြည်နယ်တွင် သုံးနှစ်တာအတွင်း တိုက်ပွဲပေါင်း ၉၀၀ ကျော် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်သေဆုံးခဲ့ပြီး ချင်းအမျိုးသားတော်လှန်ရေးတပ်သား ၂၄၆ ဦး အသက်ပေးခဲ့ရ ကြောင်းသိရသည်။ အာဏာသိမ်း သုံးနှစ်တာကာလအတွင်း ချင်းပြည်နယ်အတွင်းရှိ လူဦးရေ တစ်ထောင်ကျော်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မတရားဖမ်းဆီးခြင်းခံခဲ့ရပြီး အများစုမှာ လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း သိရ သည်။ တိုက်ပွဲ များကြောင့် ချင်းပြည်နယ်အတွင်းမှ စစ်ဘေးရှောင်ပြည်သူ တစ်သိန်းကျော်ရှိပြီး ခြောက်သောင်းနီးပါးမှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ်သို့ စစ်ဘေးဒုက္ခသည်အဖြစ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ https://www.facebook.com/photo/ ?fbid=704651951862476&set=pcb.704656361862035
၁၁။ ကောင်တန်ဘုန်းကြီးကျောင်းရောက် ဆီဆိုင် စစ်ရှောင်များအတွက် စားနပ်ရိက္ခာများလိုအပ်
     February 5, 2024

တောင်ကြီးမြို့နယ် ထီဖောင်းကျေးရွာအုပ်စု ကောင်တန်ဘုန်ကြီးကျောင်းရောက် ဆီဆိုင်မြို့ စစ်ရှောင်များအတွက် စား နပ်ရိက္ခာများ လိုအပ်နေ ကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ထီဖောင်းကျေးရွာအုပ်စု၊ ကောင်တန် ဘုန်ကြီးကျောင်းတွင် ဆီဆိုင်ဒေသခံပြည်သူ ၃၀၀ ကျော် လာရောက် ခိုလှုံခဲ့ကြောင်းသိရသည်။ “စားနပ်ရိက္ခာက အလှူရှင်တွေ အပေါ်ဘဲ အဓိက မှီခို နေရတယ်။ ကြာရင်တော့ စိုးရိမ်ရတဲ့ အနေအထားရှိတယ်။ စားနပ်ရိက္ခာအပြင် စောင်၊ဆေးဝါး၊အနွေး ထည်တွေလည်း လိုအပ်တယ်”ဟု သွားရောက်ကူညီခဲ့ သူတစ်ဦးက ပြောသည်။

ကောင်တန်ဘုန်းကြီးကျောင်းရောက် ဆီဆိုင် ဒေသခံများသည် အမျိုးသမီးများ၊သက်ကြီးရွယ်အိုများ၊ကလေးများ အများ ဆုံးပါဝင် ကြောင်းသိရသည်။ ဆီဆိုင်မြို့နယ်တိုက်ပွဲကြောင့်ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက်နေ့အထိ ထွက်ပြေးတိမ်းရှောင်နေရသူ ဒေသခံ ၄ သောင်းကျော် ရှိလာကြောင်း  ပအိုဝ်းလူငယ်အစည်းအရုံး PYO ထုတ်ပြန်ထားသည်။ ဆီဆိုင်မြို့တွင် စစ်ကောင်စီ လက်နက်ကြီးနှင့်လေယာဥ် ဗုံးကြဲမှုပြုလုပ်နေဆဲဖြစ်ပြီး လုံခြုံမှုအားနည်းနေဆဲဖြစ်တာကြောင့် ပြည်သူများအနေဖြင့် နေအိမ် ပြန်ခြင်း၊ ပစ္စည်းသယ်ခြင်းမပြုလုပ်ကြရန်လည်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် PNLO က မေတ္တာ ရပ်ခံထားပါ သည်။ https://www.facebook.com/photo/?fbid=784087630421086&set=pcb.784087727087743
၁၂။ မင်းတပ်မြို့ပေါ်တွင် မိုင်းနင်းမိကာ ကလေးငယ်(၂) ဦး ထိခိုက်ဒဏ်ရာရ
   February 5, 2024

ချင်းပြည်နယ်တောင်ပိုင်း၊မင်းတပ်မြို့ ပေါ် အရွေ့ပြင်ဂိတ်ဖက်တွင် စစ်ကောင်စီတပ်ဖွဲ့များ ထောင်ထားသည့် မိုင်းနင်း မိ ကာ အသက် (၁၂)ယောကျားလေး၊ အသက်(၁၄) နစ်အရွယ်မိန်းကလေး (၂) ဦး ထိခိုက်ဒဏ်ရာ ရရွိခဲ့ သည်ဟု သိရသည်။ ယမန် နေ့က မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာရရွိသည့်ကလေး(၂) ဦးကို မင်းတပ်မြို့ပေါ် ခလ ရ(၂၇၄) တပ်ရင်း ဆရာဝန်က ဆေးကုပေး နေသည်ဟု မင်းတပ်မြို့ခံကပြောသည်။ မင်းတပ်မြို့ခံက “မြို့ဝင်ဂိတ်ဖက်မွာ ကလေးတွေဆိုတော့ လမ်းဘေးဖက်မွာ စော့ကစား သွားရင်းနဲ့ မိုင်းနင်း မိတာ။ ဒီနေ့တော့  နာရေးကားနဲ့ ပခုက္ကူ ဖက်ကိုပို့ဖို့ သွားတော့ မိဘတွေက ဆရာဝန် ကိုပြန်တိုင် ပင်ပြီးတော့  ဒီမှာလည်း ကုလို့ရတယ်ပြောတယ် ဒဏ်ရာကစိုးရိမ်အဆင့်မရောက်ဘူးထင်တယ်၊။” ဟုပြောသည်။

အဆိုပါ မိုင်းနင်းပြီးထိခိုက်ဒဏ်ရာရရှိသည့် မိန်းကလေးမှာ ခြေထောက်တဖက်ပြတ်သွားသည့်အပြင် နောက်တယောက် မှာ နောက်ကျောပြင်တခုလုံးထိခိုက်ဒဏ်ရာရရွိထားသည်ဟု သိရသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။ မင်းတပ်မြို့ပေါ် တွင် စစ်ကောင်စီတပ်ဖွဲ့များတပ်စွဲထားသည့် နေရာအနီးအနားတွင် မိုင်းနင်းများထောင်ထား လေ့ရှိပြီး မြို့တွင်းမိုင်းနင်းမိမူ ကြောင့် အသက်(၆၀) ကျော် အမျိုးသား(၁)တစ်ဦး ၊အမျိုးသမီး (၁) ဦးလည်း သေဆုံးမူများရွိခဲ့သည်ဟု မင်းတပ်မြို့ခံများထံမွ သိရသည်။ https://www.facebook.com/photo/?fbid=886429693486085&set=a.7231518764 80535
၁၃။ ကော်သူးလေ ကရင်ပြည်ကို တည်ထောင်ရမည်ဖြစ်ကြောင်း ကေအဲန်ယူ ဥက္ကဋ္ဌပြော
      February 5, 2024

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူညီမျှခြင်းရှိသည့် ကော်သူး လေ ကရင်ပြည်ကို တည်ထောင်ရမည်ဖြစ်ကြောင်း ယနေ့ကျရောက်သည့် ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံး ဖွဲ့စည်းတည် ထောင်ခြင်း (၇၇) နှစ်မြောက်အတွက် ပေးပို့သော အစည်းအရုံးဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၏ သဝဏ်လွှာတွင် ပြောဆိုထား သည်။ ကရင်လူမျိုးများအနေဖြင့် လူမျိုးတစ်မျိုးအဖြစ် ငြိမ်းချမ်းစွာဖြင့် ဖိနှိပ်ချုပ်ခြယ်အနိုင်ကျင့်မှုကင်းသည့် လူမှုဘဝဖွံ့ဖြိုးတိုး ခြင်းရှိသော နိုင်ငံရေးအာမခံချက်ရှိရန်အတွက် ကော်သူးလေ(ခေါ်)ကရင်ပြည်ကို တည်ထောင်ရမည်ဖြစ်သလို လူမျိုးတိုင်း၏ ဒီမိုကရေစီအခွင့်အရေး အပြည့်အဝရှိသော ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်အမျိုးသားတန်းတူညီမျှမှု အာမခံချက်ပေးနိုင်သည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကိုလည်း တည်ဆောက်သွားရမည်ဖြစ်သည်ဟု ကေအဲန်ယူ ဥက္ကဋ္ဌ၏ သဝဏ်လွှာတွင် ပြောဆိုထားခြင်း ဖြစ်သည်။ လတ်တလောတွင် နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုရှိလာသည့်နှင့်အညီ ကေအဲန်ယူအနေဖြင့် နိုင်ငံရေး မဟာဗျူ ဟာနှင့် နည်းဗျူဟာများကို ဦးဆောင်လမ်းညွှန်ချမှတ်လျက်ရှိကာ အချိန်နှင့်အမျှ အကောင် အထည် ဖော်ဆောင် ရွက်နေလျက် ရှိနေကြောင်းလည်း ကေအဲန်ယူ ဥက္ကဋ္ဌက ဆက်လက်ပြောဆိုသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းတွင်မူ ကေအဲန်ယူ၏ နိုင်ငံရေးရပ်တည်ချက်များ ပြောင်းလဲသွား ပြီး နယ်မြေအတွင်း စစ်ဆင်ရေး ပြန်လည်ဖော်ဆောင်ကာ စစ်ကောင်စီ စစ်စခန်းအချို့ကို တိုက်ခိုက်သိမ်းပိုက်မှုများ ပြုလုပ်ခဲ့ သည်။ ထို့အပြင် စစ်ရေးနည်းလမ်းသာမက သံတမန်ရေးနည်းလမ်းများအပြင် နိုင်ငံရေး နည်းလမ်းများတွင်လည်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) ဖွဲ့စည်းမှုတွင် ဦးဆောင်ပါဝင်ခဲ့သလို မဟာမိတ် တိုင်းရင်း သားများ နှင့် စစ်ကောင်စီ၏ အတိုက်အခံအမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့နှင့်လည်း လက်တွဲကာ စစ်ရေး၊ နိုင်ငံရေး နှင့် သံတမန်ရေး အစီအစဉ်များကို ပူးပေါင်းဆောင်ရွက်မှုများ တွေ့ရှိရသည်။ https://kicnews.org/2024/02/%e1 %80%80%e1%80%b1%e1%80%ac%e1% 80%ba%e1%80%9e%e1%80%b0%e1
၁၄။ ဗန်းမော်တွင် ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကြမ်းဖက်ဖမ်းဆီး၊ နေအိမ်ကို မီးရှို့
   February 5, 2024

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဗန်းမော်မြို့၊ ခွန်သာရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ ပြည်သူတစ်ဦးကို ကြိုးတုပ်ဖမ်းဆီးသွား ပြီး အိမ်ကို မီးရှို့သွားကြောင်း သိရသည်။ ခွန်သာအုပ်စု၊ တပ်ကလေးအပိုင်းရှိ နေအိမ်တစ်အိမ်သို့ ကားများဖြင့်ရောက်ရှိလာပြီး မိသားစုဝင်များကို အိမ်ရှေ့တွင် ကြိုးတုပ် ဒူးထောက်ခိုင်းပြီးနောက် နေအိမ်ကို မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ခွန်သာရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။“မိသားစုတွေ အကုန်လုံးကိုဆင်းခိုင်းပြီး အဲဒီအိမ်ကို ပတ်ချာလည်ဝိုင်းပစ်ပြီးမှ RPG နဲ့ထုတာ။ အိမ်ကမီးတော့ သိပ်မစွဲသွားဘူး ပွင့်ပဲပွင့်သွားတာ။ ရပ်ကွက်ထဲမှာမနေ့က ဆူညံနေတာပဲ။ စစ်ကားတွေလည်းအများကြီး လာ တယ်လေ” ဟုဆိုသည်။ တပ်မ ၈၈ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးသွားသူမှာ အသက် ၆၀ ကျော်ခန့်အရွယ်ရှိ ဦးမောင်မြ ဆိုသူဖြစ်ပြီး ၎င်း၏ သားဖြစ်သူကိုလည်း ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဦးမောင်မြ ကိုလာရောက်ဖမ်းဆီးနေစဉ် ဗန်းမော်မြို့ ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်က လက်နက်ကြီး အချက် ၂၀ ထက်မနည်းပစ်ခတ်ခဲ့သဖြင့် ထိခိုက်ပျက်စီးမှုများရှိကြောင်း မြို့ခံအမျိုးသမီးတစ်ဦးကပြောသည်။“စင့်ကင်ကိုသွားကျတယ်။ ရွာအနောက်လမ်းကနေဝင်တဲ့ ရွာအဝင်နား နတ်ကြီးစင်နားသွားကျတယ်။ အဲဒီနားက လယ်ထွန်စက် တွေနားသွားကျတော့ လက်ထွန်စက်တွေပျက်စီးသွားတယ်။ လက်နက်အသေးသံတွေရော အကြီးသံတွေရော စုံနေတာပဲ” ဟု ဆိုသည်။  ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း ဗန်းမော်မြို့၊ နောင်ခိုရပ်ကွက်ရှိ NLD ပါတီ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဦးဇော်သင်း၏ ချိတ်ပိတ်ခံထားရသည့် နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည်။  https://www.fac ebook.com/photo/?fbid=704631208531217&set=a.53586740540759

၁၅။ ဟုမ္မလင်းမြို့နယ်တွင် SNA က လူသစ်စုဆောင်းသော်လည်း အသေများသဖြင့် ဝင်ရောက်လိုသူမရှိ ၊ ဝင်ရောက်သူများကို ပေးရန်ဟုဆိုကာ ငွေကြေးကောက်ခံနေ
  February 5, 2024

ရှမ်းနီအမျိုးသားများတပ် (SNA) က ဆယ်အိမ်စုတစ်စုလျှင် လူငါးဦးပေးရမည်ဟု ဟုမ္မလင်းမြို့နယ်တွင် အဓမ္မ လူသစ်စု ဆောင်းခဲ့သော်လည်း ဝင်ရောက်လာသူမရှိသောကြောင့် တပ်သို့ ဝင်ရောက်လာသူကိုပေးရန်ဟုဆိုကာ ငွေကြေးလိုက်လံ ကောက်ခံနေကြောင်း သိရသည်။ နမ့်တောကျေးရွာတွင် SNA တပ်ဖွဲ့ထဲဝင်ရောက်လာသူမရှိသောကြောင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့မှစတင်ကာ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများက တပ်ဖွဲ့ထဲဝင်ရောက်လိုသူများကို ပေးရန်ဟုဆိုကာ ကျေးရွာအတွင်း ငွေကြေးလိုက်လံကောက်ခံနေခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။“ဝင်မယ့်သူမရှိလို့ အတင်းဝင်ခိုင်းတာ သေတဲ့သူလည်းများနေတော့ မဝင်ချင်ကြလို့ ပြေးကြတာအများကြီးပဲ။ အခုလူသစ်စုလို့မရတာက အရင်က အမျိုးသားရေး စိတ်ဓာတ်နဲ့ဝင်ကြပေမဲ့ ခေါင်းဆောင်ပိုင်းက ခေါင်းဆောင် မပီသတာ၊ အရည်အချင်းမရှိတာတွေကြောင့် အရင်လူတွေ သေကုန် တာလည်းပါမယ်။ ရှေ့တန်းမှာ မတိုက်ရင် အနောက်ကနေ ပစ်သတ်တာ။ ဒဏ်ရာရရင် မကုဘဲပစ်သတ်လို့ ကလေးတွေလည်း ကြောက်နေကြတာ” ဟုပြောသည်။

ဟုမ္မလင်းမြို့နယ်ဒေသခံပြည်သူများက အခြားလက်နက်ကိုင်အဖွဲ့အစည်းများကို ကြောက်ရသည့်အပြင် SNA ၏ ယခု ကဲ့သို့ အတင်းအဓမ္မလုပ်ရပ်များကိုကြုံနေရသောကြောင့် လက်မခံနိုင်ကြောင်း သူကဆက်ပြောသည်။ တပ်သို့ဝင်ရောက်လာသူ တစ်ဦးကို ငွေကျပ်သိန်း ၆၀ မှ ၈၀ အတွင်းပေးမည်ဟု သိရသော်လည်း မည်သည့်ပုံစံဖြင့်ပေးမည်ကို အတိအကျသိရှိရခြင်းမရှိပါ။ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများက အခန်းငှားရမ်းနေထိုင်သည့် ဧည့်သည်များကို ကျပ်သုံးသောင်းမှ ငါးသောင်း၊ ဒေသခံတစ်အိမ် ထောင်လျှင် ငွေကျပ်တစ်သိန်းနှင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများက လုပ်ငန်း အမျိုးအစားပေါ်မူတည်ကာ ငွေကြေးလိုက်လံ ကောက်ခံနေခြင်းဖြစ်ပြီး ဒေသခံပြည်သူများတွင် တပ်အတွင်းဝင်ရောက်လိုသူမရှိကြောင်း ဒေသခံအခြားတစ်ဦးကပြောသည်။“တပ်ထဲဝင်ဖို့ အစည်းအဝေးတွေမှာ အမျိုးသားရေးတရားတွေဟောတယ်၊ ဒါပေမဲ့ ရပ်ရွာကတော့ မဝင်ချင်ကြဘူး ရန်တွေ တောင်ထဖြစ်ကြတယ်လို့ကြားတယ်။ အခုအခြေအနေက တစ်ရွာလုံးအိမ်တိုင်စေ့ ငွေကောက်လိုက်တယ် ရတဲ့ငွေနဲ့ ဝင်ချင်တဲ့ သူရှိရင် ငွေဘယ်လောက်ပေးမယ်ဆိုပြီး ငွေပေးလို့ SNA အလိုပြည့်အောင်လုပ်ကြမယ် ဆိုတာမျိုး စီစဉ်နေတယ်လို့ကြားတယ်” ဟုပြောသည်။ စစ်ကောင်စီတပ်က SNA ကို ဟုမ္မလင်းမြို့နယ်အတွင်း လုပ်ပိုင်ခွင့် အပြည့်အဝပေးထားပြီး စစ်ရေးတွင် ကျရှုံးနေ သောကြောင့် တပ်သားသစ်အဓမ္မစုဆောင်းနေခြင်းအပြင် လူမျိုးရေးနှင့် ဘာသာရေး မှိုင်းတိုက်ခြင်းများလည်း ပြုလုပ်နေကြခြင်း ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ https://www.facebook.com/photo/?fbid=704261555234849& set=pcb.704261605234844
၁၆။ မြောက်ဦးက စစ်ကောင်စီတပ်ရင်း တစ်ခုကို AA သိမ်းပိုက်
   February 6, 2024

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် (၃၇၈) ခြေမြန်တပ်ရင်းကို ဖေဖော်ဝါရီလ ၅ ရက် မနက် ပိုင်းက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) ပါဝင်တဲ့ ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ပါတယ်။ မြောက်ဦးအခြေ စိုက် စစ်ကောင်စီတပ်ရင်းတွေထဲမှာ ခမရ-၃၇၈ နဲ့ ခမရ – ၅၄၀ ကို AA က သိမ်းပိုက်ထားနိုင်ခဲ့ပြီး ခမရ-၃၇၇ တပ်ရင်းတစ်ခုသာ ကျန်ရှိတော့တာပါ။ အလားတူပဲ ကျောက်တော်အခြေစိုက် စကခ (၉) လက်အောက်ခံ ခမရ – ၃၇၆ တပ်ရင်းကိုလည်း ဖေဖော်ဝါရီ လ ၂ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ဆိုပါတယ်။

ဒါကြောင့် ရခိုင်ပြည်နယ်၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထား တဲ့ စစ်ကောင်စီတပ်ရင်း ခြောက်ရင်းအထိ ရှိလာပြီဖြစ်ပါတယ်။ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲ တွေဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစလို့ ဖြစ်ပွားနေပြီး AA က ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို သိမ်းပိုက်ထားပါတယ်။ https://www.rfa.org/burmese/news/military-council-camp-seized-mrauk-u-02052024211043.html
၁၇။  တနင်္သာရီ၊ မောတောင်ငယ်ရွာကို စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ဗုံးကြဲ
    February 5, 2024

တနင်္သာရီမြို့နယ်၊ ထိုင်းနိုင်ငံနယ်စပ်အနီးမှာရှိတဲ့ မောတောင်ငယ်ရွာကို ဒီကနေ့ မွန်းလွဲပိုင်းမှာ Mi-2 ရဟတ်ယာဉ်နဲ့ စစ်ကောင်စီတပ်က ဗုံးလာကြဲခဲ့တယ်လို့ ဒေသခံတွေနဲ့ KNU ရဲ့ တနင်္သာရီမြို့နယ်ဥက္ကဌဖြစ်သူ ပဒိုစောညာဝါးက ပြောပါတယ်။  စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုတော့မရှိခဲ့ဘူးလို့ ဥက္ကဌ ပဒိုစောညာဝါးက အတည်ပြုပြောဆိုပါတယ်။“အခုလာကြဲတဲ့ လေယာဥ်အမျိုးအစားက လွှတ်ချပြီးပစ်လို့ရတဲ့ အမျိုးအစားမဟုတ်ဘူး။ လူနဲ့ပဲ ဖြစ်သလိုပစ်ချရတာမျိုးဖြစ်တယ်။ အဲ့တော့ တစ်လုံးပြီးတစ်လုံး ပစ်ချရင်း ရှေ့ဆက်သွားပြီး ကြဲတာမျိုးဆိုတော့ ဗုံးကျတဲ့ နေရာ ဧရိယာတော့ကျယ်တယ်” လို့ ပဒိုစောညာဝါးက ဆိုပါတယ်။ ဗုံးကြဲခဲ့တဲ့ စစ်ကောင်စီရဟတ်ယာဉ်ဟာ မြိတ်မြို့ဘက်ကနေ ပျံသန်းလာတာဖြစ်ပြီး မွန်းလွဲ ၂ နာရီဝန်းကျင်မှာ ကြဲချခဲ့တာလို့ မောတောင်မြို့နေ ဒေသခံအမျိုးသမီးက ပြောပြပါတယ်။

“ဘာတိုက်ပွဲသံမှမကြားရပါဘူး။ တိုက်ပွဲမရှိဘဲလာကြဲသွားတာပါ”လို့ဒေသခံအမျိုးသမီးကပြောပါတယ်။  စစ်ကောင်စီ တိုက်လေယာဉ်ဟာ မောတောင်ငယ်ဒေသပေါ်ကို ဗုံး ၁၁ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး မွန်းလွဲ ၂ နာရီနဲ့ ၁၅ မိနစ် ဝန်းကျင်မှာ မြိတ်မြို့ဘက်ကို ပြန်လည်ထွက်ခွါသွားတယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ ကနဦးသိရပါတယ်။  မောတောင်ငယ်ရွာ ဟာ မောတောင်မြို့ရဲ့ မြောက်ဘက်မှာရှိပြီး ကရင်တိုင်းရင်းသား ဒေသခံအများစုနေထိုင်ကာ ဥယျာဉ်ခြံမြေလုပ်ငန်း အဓိကလုပ် ကိုင်တဲ့ရွာ ဖြစ်ပါတယ်။ စစ်ကောင်စီဟာ အခုလ ၂ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာနဲ့ ကျွန်းစုမြို့နယ်၊ မင်းဂုတ်ကျေးရွာတို့ကို ရဟတ်ယာဉ်နဲ့ လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တာမျိုးရှိပြီး အရင်လ ၃၀ ရက်နေ့ကလည်း မီးလောင်ချောင်းစခန်းသိမ်းတိုက်ပွဲကို လေကြောင်းပစ်ကူပေးခဲ့တာမျိုးရှိခဲ့ပါတယ်။ https://www.fac ebook.com/photo?f bid=411029231314832&set=a.196212682796489
၁၈။မိုးမိတ်စစ်ကောင်စီတပ်က အရပ်သား ၅ ဦးကို ပစ်သတ်၊ အမျိုးသမီး ၅ ဦး အပါအဝင် ၄၀ ဦးထက်မနည်းဖမ်းဆီးထား
   February 5, 2024

သျှမ်းပြည် မိုးမိတ်မြို့နယ် စစ်ကောင်စီတပ်က အိမ်စောင့်ကျန်ခဲ့သည့် အရပ်သား ၅ ဦးကို ပစ်သတ်ခဲ့ပြီး အမျိုးသမီး ၅ ဦး အပါအဝင် ၄၀ ဦးထက်မနည်းကိုလည်း ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီလ ၂ ရက် ညနေပိုင်းတွင် မိုးမိတ်မြို့ နယ် ရွှေဇာလီကျေးရွာတွင် အိမ်စောင့်ကျန်ခဲ့သည့် အရပ်သား ၅ ဦးကိုအကြောင်းပြချက်မရှိဘဲ စစ်ဆေးရန်ဟုဆိုကာ စစ်ကောင်စီ တပ်မှ ရွာလယ်ဘုရားသို့ ခေါ်ဆောင်သွားခဲ့ပြီး ပစ်သတ်ခဲ့ကြောင်း မိုးမိတ်မြို့ဒေသခံများက ပြောသည်။“အိမ်ထဲမှာနေတဲ့လူ အကုန်လုံးကို ထွက်ခိုင်းတာ။ သူတို့ ငါးဦးက ဘုရားထဲကို ခေါ်သွားပြီးမှ စစ်မယ်၊ ဆေးမယ်ဆိုပြီးတော့ သတ်လိုက်တာပေါ့။ ၂ ရက်နေ့ ညနေပိုင်းကို ခေါ်တာ၊ နောက်ရက် မနက်မှ သေတယ်ဆိုတာ အတည်ပြုလို့ရတာ။ အဲ့လိုပဲ တစ်ညတိတ် ခေါ်စစ်နေကျ၊ မနက်ဆို ပြန်လွှတ်ပေးနေကျပဲပေါ့။ အဲ့တာ မလွှတ်တော့ ဟိုမှာသွားကြည့်တာ သေနေပြီ”ဟု မိုးမိတ်မြို့မှ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောသည်။ မိုးမိတ်စစ်ကောင်စီတပ်က ရွာလယ်ဘုရားတွင် ပစ်သတ်ခဲ့သူများမှာ ရွှေဇာလီကျေးရွာနေ အသက် ၄၀ မှ ၅၀ နှစ်အရွယ်ရှိ ဦး‌ဇော်ဝင်း၊ ပန်းရံဆရာဖြစ်သူ ဦးမောင်မြင့်နှင့် ဦးမောင်တင့်၊ ဈေးသည်တစ်ဦးနှင့် အခြားအရပ် သား တစ်ဦးတို့ဖြစ်ကြောင်း မိုးမိတ်ဒေသခံများထံမှ သိရသည်။

အလားတူ မိုးမိတ်မြို့ မြောက်ပိုင်းရပ်ကွက်ရှိ မြို့လယ်သာသနာ့ဗိမာန်တွင် တပ်မ-၉၉ နှင့် နယ်မြေခံတပ်မှ စစ်ကောင်စီ တပ်သားများက နေအိမ်ပြန်ကြည့်သည့် စစ်ဘေးရှောင်ဦးရေ ၄၀ ဦးထက်မနည်းကို ဖမ်းဆီးထားပြီး ငွေခြိမ်းခြောက်တောင်းနေ ကြောင်း မိုးမိတ်ဒေသခံများက ပြောသည်။“အခုမြို့ထဲမှာလည်း မိန်းကလေး ၄ ဦး ၅ ဦးလောက် ပါတယ်၊ ယောကျ်ားလေး က တော့ ဆိုင်ကယ်တွေ့တာ အစီး ၄၀ လောက်ရှိတယ်။ စစ်ကောင်စီတွေက အိမ်တွေထဲ ဝင်မွှေပြီး တံခါးဖွင့်ခံထားရတော့ တံခါး သွားပိတ်ကြတာ။ အာသံလမ်း၊ ရွှေဇာလီလမ်းပွင့်တယ်ဆိုပြီး ဝင်တဲ့လူတွေကို အကုန်ဖမ်းထည့်ထားတာ။ ပိုက်ဆံနဲ့ ရွေးရမယ်လို့ ပြောတယ်”ဟု မိုးမိတ်မြို့မှ ၎င်းဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောသည်။ ထို့အပြင် ရွှေဇာလီနှင့် နမ့်မောင်းချောင်းတံတား တွင်လည်း စစ်ကောင်စီလက်အောက်ခံ တပ်မ-၉၉ နှင့် ပျူစောထီးအဖွဲ့ဝင်များက စစ်ဘေးရှောင်များထံမှ ပစ္စည်းလုယူနေ ကြောင်း မိုးမိတ်ဒေသခံများက ပြောသည်။ https://burmese.shannews.org/archives/39884
၁၉။ဆီဆိုင်မြို့မှ သူခိုးများကို ဖမ်းဆီးအရေးယူနေပြီး ပြည်သူ့စစ်အဖွဲ့က ရွာသားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာကြောင့် စခန်းနားမသွားဖို့ PNLA သတိပေး
  February 6, 2024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ကိုလက်ရှိ ထိန်းချုပ်ထားတဲ့ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ဒီနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့ တွင် အများပြည်သူသို့ အထူးမေတ္တာရပ်ခံချက် တစ်ရပ် ထပ်မံထုတ်ပြန်လာပါတယ်။ ထိန်းချုပ်ထား တဲ့ ဆီဆိုင်မြို့ကို စစ်ကောင်စီနဲ့အပေါင်းပါတွေက လက်နက်ကြီးတွေ၊ လေယာဉ်တွေဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းကြောင့် နေ့စဉ်တိုက်ပွဲပြင်းထန်နေလျက်ရှိရာ အခြေအနေ တည်ငြိမ်မှုမရှိတာကို အခွင့်ကောင်းယူတဲ့ လူဆိုး၊ သူခိုးတွေက ပြည်သူပိုင် အိမ် ယာများကို ဖောက်ထွင်းခိုးယူနေတာကို PNLA လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးအရေးယူလျက်ရှိတယ်လို့ ပြောပါတယ်။ တိုက်ပွဲ ပြင်းထန်နေသော်လည်း အချို့ပြည်သူတွေက အရဲစွန့်ကာ နေအိမ်ပြန်ကြည့်တာ၊ ပစ္စည်းပြန်သယ်တာ၊ မြို့တွင်းပြန်ဝင်ရောက် တာတွေ ပြုလုပ်နေကြရာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လေယာဉ်နဲ့ ဒရုန်းဗုံးဒဏ်များနဲ့ တိုက်ခိုက်ကြောင့် မလိုလားအပ်ဘဲ ပြည်သူတွေကို ထိခိုက်စေလျက်ရှိတဲ့အတွက် မြို့ထဲပြန်ဝင်၊ အိမ်ပြန်ကြည့် ပစ္စည်းယူတာတွေ မပြုလုပ်ဘဲ ယာယီဘေးကင်း ရာမှာ ခိုလုံနေဖို့ တိုက်တွန်းတယ်လို့ ပါရှိပါတယ်။

စစ်ဘေးရှောင်တော့ သူများဆီမှာနေရတာ၊ ဝင်ငွေလဲမရှိ၊ စားဖို့ကမရှိလာတော့ သူခိုး မခိုးခင် အိမ်က ရောင်းလို့ရနိုင်မှာ လေးတွေ ပြန်ယူတာ လက်နက်ကြီးတွေ ကျပေါက်ကွဲလို့ ဘာမှ မယူနိုင်ဘူးအမြန် ပြန်ပြေးရတယ်၊ ဟိုခဲဘုန်းကြီးကျောင်းလဲ ဗုံးတွေထပ်ထိထားတယ်`လို့ ဟိုခဲရပ်ကွက်က စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီနဲ့ အပေါင်းပါတပ်တွေဟာ ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက်က နောင်အယ်ရွာသား အသက် ၅၀ အရွယ် ရွာသားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဆိုပါ တယ်။ ဒါကြောင့်ဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီစခန်းအနီးမှာ သွားလာနေထိုင်တာတွေ မပြုလုပ်ဖို့ သတိဝရိယနဲ့ ဘေးကင်းလုံခြုံရာမှာ နေထိုင်ကြဖို့အလေးအနက်တိုက်တွန်းတယ်လို့ အထူးသတိပေးချက်ထုတ်ပြန်ထားပါတယ်။ https://ww w.facebook.com/photo?fbid=414904834229300&set=a.285900490463069
၂၀။ မတူပီမြို့နယ် ချန်းပြန်ကျေးရွာလူနေအိမ်မီးရှို့ခံရမှုမှာ အိမ်ခြေ(၅၀)နီ့းပါးရှိတယ်လို့ ဒေသခံတွေကပြော
  February 5, 2024

ချင်းပြည်နယ် မတူပီမြို့နယ် မင်းတပ်-မတူပီလမ်းမကြီးပေါ်က ချန်းပြန်းကျေးရွာကလူနေအိမ်တွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂) ရက်နေ့မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့ကြတာဖြစ်ပြီး အိမ်ခြေပေါင်း(၅၀)ကျော် မီးရှို့ဖျက်ဆီး ခံရတယ်လို့ ရွာခံတွေကပြောပါတယ်။ မတူပီမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ(၃၀၄)တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဟာ ချန်းပြန်းကျေးရွာဖက်ကို စစ်ကြောင်းထိုးလာတဲ့အချိန်မှာ လူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီ စစ်ကြောင်းပြန်လည် ဆုတ်ခွာတဲ့အချိန်မှာတော့ အိမ်ပေါင်း(၅၀)နီးပါး မီးရှို့ခံရတယ်လို့ ချန်းပြန်းကျေးရွာက ရွာခံ တစ်ယောက် က အတည်ပြုပြောကြားပါတယ်။“အိမ်ကောင်းတွေတော့ အကုန်လုံးမီးရှို့ခံရတယ်၊ အိမ်အငယ်လေးတွေနဲ့ အိမ်ဟောင်းလေး တွေတော့ (၁၀)အိမ်နီးပါးတော့ မရှို့ပဲချန်ခဲ့ကြတယ်”လို့ပြောပါတယ်။

ချန်းပြန်းကျေးရွာဟာ ရွာသစ်၊ ရွာဟောင်း(၂)ခုရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ခဲ့တဲ့ရွာကတော့ ချန်းပြန်းရွာသစ် ဖြစ်ပြီး အိမ်ခြေ(၆၀)နီးပါးရှိတဲ့ ကျေးရွာဖြစ်သလို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီဟာ ကျေးရွာအတွင်း (၂)ညအိပ် စခန်းချ နေထိုင်တဲ့အချိန်မှာ မီးရှို့ဖျက်ဆီးခဲ့ကြတာဖြစ်ပါတယ်။ ချန်းပြန်းကျေးရွာအတွင်း စစ်ကောင်စီဖက်က စစ်ကြောင်းထိုးတဲ့အချိန် ချင်းကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ထောင်ထားတဲ့ နင်းမိုင်းနင်းမိတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်(၃)ယောက် ထိခိုက်ဒဏ်ရာ တွေရရှိတယ်လို့ ဒေသခံတွေကပြောဆိုနေကြပေမယ့် သီးခြားအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။ https://www.facebook .com/photo/?fbid=788245126671154&set=pcb.788245216671145

၂၁။ ရွာငံသို့ လာသည့် ခရီးသွားများထံမှ စစ်ကောင်စီ ဂိတ်ငွေတောင်း မပေးရင် ဖမ်းဆီး
  February 5, 2024

ရွာငံသို့လာရောက်လည်ပတ်ကြသည့် ခရီးသွားများထံမှ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက ငွေတောင်းပြီး မပေးရင်  ဖမ်းဆီးမှုတွေ ပြုလုပ်နေကြောင်း ခရီးသွားများပြောပြချက်အရသိရပါသည်။ ရွာငံမြို့နယ်ရှိ ဂဏန်းကျရေတံခွန်၊ ရေပြာအိုင်၊ ရေပြာစမ်းနှင့် အခြားသော သဘာဝ ရှု့ခင်းများဆီသို့လာရောက်လည်ပတ်ကြသည့် အနယ်အနယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များကို ပင်းတယ ကျုံး ဂိတ်နှင့် ရွာငံမြင်းကျဒိုး စစ်ကောင်စီ ဂိတ်တို့တွင် ငွေများ တောင်းခံနေပြီး မပေးလျှင် ဖမ်းဆီးထားကြောင်း သိရပါသည်။ ငွေတောင်းနေမှုတွင် ပမာဏ မတူပဲ အနည်းဆုံး ၂ သောင်းနှင့် အများဆုံး ၅ သောင်းကို တောင်းခံနေကြောင်း စုံစမ်း သိရှိရပါသည်။ “သူကအရင် လူမစစ်ဘူး။ ပိုက်ဆံတောင်းတယ်။ မပေးနိုင်ဘူးဆိုရင်တော့ လူ စစ်တယ်။ ပြီးရင် အကြောင်းပြချက် မပေးပဲဖမ်းတယ်။ ၂ မျည်းစောင်းက လာတဲ့သူဆို ပိုဆိုး။ အရစ်ခံရပြီး ဖမ်းတယ်။”ဟု ခရီးသွား အမျိုးသားတစ်ဦးထံမှ သိရပါသည်။

ထိုသို့ ဖမ်းဆီး ငွေတောင်းနေမှုများ လုပ်နေတာကြောင့် ခရီသွားများကို အမှီပြု စီးပွားရှာနေကြသည့် စျေးသည်များက အခုလိုပြောပါသည်။ ” ခရီးသွားတွေကို အားထားပြီး စျေးရောင်းနေရတယ်။ ဒီလိုတွေ စစ်ဆေး ဖမ်းဆီးနေတော့ ခရီးသွားတွေ သိပ်မလာတော့ဘူး။ လျော့လာတယ်။ ဝင်ငွေတွေ အဆင်မပြေတော့ဘူး။ ခရီးသွားတွေကို အားထားပြီး စီးပွားရှာလို့မရတော့ ဘူး” \ဟု စျေးသည် အမျိုးသမီးတစ်ဦးမှ ဆိုသည်။ စစ်ကောင်စီမှ အာဏာမသိမ်းခင်တွင် ရွာငံမြို့နယ်ရှိ သဘာဝ ရှုခင်းများဆီသို့ ခရီးသွားအများပြား လာရောက်လည်ပတ်ခဲ့ကြပြီး အာဏာသိမ်းပြီးနောက်ပိုင်းတွင် ခရီးသွားများ လာရောက်လည်ပတ်မှုနည်း လာကြောင်း သိရသည်။ https://www.facebook.com/photo/?fbid=7096029279 46088&set=pcb.709603141279400

၂၂။ မင်းပြားမြို့သို့ အပို့ခံရသည့် စစ်ကောင်စီ၏  ခမရ- ၂၀၅ တပ်ရင်းမှ ဗိုလ်မှူးအပါအဝင် ၂၈ ဦးသေဆုံးပြီး ၁၈ ဦးပျောက် ဆုံးနေ
   February 5, 2024

ရခိုင်ပြည်နယ်၊ မင်းပြားမြို့သို့ ရှေ့တန်းစစ်မြေပြင် အပို့ခံထားရသည့် ဖားအံအခြေစိုက်  ခြေမြန်တပ်ရင်း၊ ခမရ-၂၀၅ တပ် ရင်းမှ ဗိုလ်မှူးရန်လင်းအောင်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈ ဦးသေဆုံးပြီး ၁၈ ယောက်ပျောက်ဆုံးနေကြောင်း တပ် တွင်း သတင်းရင်းမြစ်ထံက သိရသည်။ ခမရ – ၂၀၅ တပ်ရင်းသည် ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ တပ်မ (၂၂)လက်အောက်တွင် စစ်ဆင်ရေးတာဝန် ထမ်းဆောင်ရန်အတွက် လွန်ခဲ့သည့် နှစ်လခန့်ကစတင်၍  ရောက်ရှိ နေခြင်းဖြစ်ပြီး တပ်ရင်းဖွဲ့စည်းပုံပျက် နေခြင်းကြောင့် စစ်မြေပြင်တိုက်ပွဲများတွင် အသေအပျောက်များနေခြင်းဖြစ်ကြောင်းသိရသည်။ “စစ်ဆင်ရေးထွက်သွားတာ နှစ်လကျော်ပဲရှိသေးတယ်။  ဗိုလ်မှူး ရန်လင်းအောင် အပါအဝင် ၂၈ ယောက်သေတယ်။  ပျောက်နေတာလည်း  ၁၈ ယောက်ရှိ သွားပြီ။  အခုလည်း တပ်ရင်းအင်အားပြည့်အောင် ထပ်မဖြည့်သေးနိုင်ဘဲ ရှေ့တန်းဆိုပြီး လွှတ်နေတာ။ တပ်ဖွဲ့စည်းပုံပျက်နေ တာ။ ဒါကိုတပ်တွင်းမိသားစုတွေ သိမှာစိုးလို့ သတင်း ထိန်ချန်ထားတယ်” ဟု တပ်တွင်း သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

အမှတ် (၂၀၅) ခြေမြန်တပ်ရင်းသည် ဖားအံမြို့ အခြေစိုက်တပ်ရင်းဖြစ်ပြီး တပ်မ (၂၂) လက်အောက်တွင် စစ်ဆင်ရေး တာဝန်ပေးအပ်ခံရခြင်းဖြစ်ကာ ကော့ကရိတ်မြို့နယ် အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့် မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေ သော်လည်း   ရခိုင်ပြည်နယ် မင်းပြားမြို့ကို ပြောင်းရွှေ့ရန် စေလွှတ်ခဲ့ခြင်းဖြစ်သည်။ “အရင်က တပ်ထဲမှာ အင်အား ၁၀၀ ကျော်ရှိတဲ့တပ်က ရှေ့တန်း ထွက်သွားတာ အင်အား ၆၀ တောင်မပြည့်ဘူး။ အခု ၄၆ ဦး က သေဆုံးနဲ့ ပျောက်ဆုံးဆိုတော့ ကျန်တဲ့ သူတွေနဲ့ ဘယ်လို ရပ်တည်ပြီးစစ်တိုက်နေတာလဲလို့ မေးစရာဖြစ်လာပြီ” ဟု တပ်တွင်း သတင်းရင်းမြစ်ကဆိုသည်။ https://www.facebook.com/photo/?fbid=715348550734167&set=a.583120797290277
၂၃။ မြို့ပေါ်တိုက်ပွဲကနေ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ရှားတောမြို့ခံတွေအတွက် အမိုးအကာနဲ့ ကျန်းမာရေးစောင့် ရှောက်မှုတွေလိုအပ်နေ
  February 5, 2024

ကရင်နီပြည်၊ ရှားတောမြို့မှာမြို့တွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကနေ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ မြို့ခံတွေအတွက် အမိုးအကာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ အဆိုပါရှားတောမြို့ခံတွေဟာ နီးစပ်ရာ တော တောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပြီး မိုးကာ အစုတ်တွေ၊ သစ်ရွက်တွေနဲ့ ယာယီတဲတွေဆောက်လုပ်နေရ တယ်လို့ အသက် ၇၅ နစ်အရွယ် ဒေသခံ စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။“ဟိုမှာ အဝတ်စုတ်ပဲ။ မိုးကာလည်း မရှိဘူး။ ဒီတိုင်းပဲ မိုးပြီးတော့ သစ်ရွက်နဲ့ ပြန်အုပ်ထားတယ်။ ကြောက်တယ်ကော။ အဲ့လိုမျိုးပဲ နေကြတာပဲ။ ဟိုမနေ့တစ်နေ့ ကလည်း မိုးရွာတော့ ယိုတယ်လေ။ ယိုလည်းမတတ်နိုင်ဘူးလေ။ ရှိမှမရှိတာကော”လို့ အသက် ၇၅ နှစ်အရွယ် ဒေသခံ စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။ တောတောင်ထဲရောက်နေတဲ့ မြို့ခံတွေမှာ တချို့မိသားစုတွေလောက်သာ မိုးကာတွေ ရှိနေကြတယ် လို့လည်းသိရပါတယ်။ စစ်ရှောင်တာ အချိန်ပိုကြာလာတာနဲ့အမျှ သူတို့ရဲ့ ကျန်းမာရေး ၊ စားဝတ်နေရေး၊ အမိုး အကာ စတဲ့ အခက်အခဲတွေဟာ ပိုမိုကြပ်တည်းလာတယ်လို့ စစ်ရှောင်တွေကို လိုက်ကြည့်ပေးနေတဲ့ လူမှုဖူလုံရေးနှင့် ပြန်လည် နေရာ ချထားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ကျန်းမာရေးပိုင်းဆို တော်တော်လေး အခက်အခဲ ပြသနာကြုံတွေ့နေရတယ်။ အခုဆို ဆေးဝါးက သူတို့ဆီမှာ မရှိဘူး။ အိပ်ဆောင်တွေပဲ ပါလာကြတယ်။ အိပ်ဆောင်တွေ ကုန်သွားရင် သူတို့ဆီမာ ထပ်ရလာမယ့် ဆေးက မရှိတော့ဘူး။” လို့ လူမှုဖူလုံ ရေးနှင့် ပြန်လည်နေရာချထားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ ရှားတောမြို့ခံတွေအနေနဲ့ တောတောင်အတွင်းမှာ စစ်ရှောင်နေတာ ၁ လကျော် ရှိနေပြီဖြစ်ပြီး တချို့မိသားစုတွေမှာ ရိက္ခာပြတ်လပ်တာတွေရှိလာတယ်လို့ သိရပါတယ်။ ဆောင်းရာသီဖြစ်တာမို့ စောင်အလုံအလောက် မရှိတာတွေ၊ ကလေးတွေ ဖျားနာမှုဖြစ်ပွားတာလည်းရှိတယ်လို့ စစ်ရှောင်နေတဲ့ အသက် ၅၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ ရှားတော မြို့ခံ ပြည်သူတွေဟာ တိုက်ပွဲ စတင်မဖြစ်ပွားမီ ၂၀၂၃ ဒီဇင်ဘာလ ကတည်းက ကြိုတင်တိမ်းရှောင်နေကြရတဲ့ မိသားစုတွေ ရှိသလို သေနတ်သံကြားမှ ထွက်ပြေးတိမ်းရှောင်ကြတဲ့ မိသားစုတွေလည်း ရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာ စစ်ရှောင်စခန်း ၄ ခုမှာ နေထိုင်ကြရပြီး တချို့ကတော့ နီးစပ်ရာ ဆွေမျိုး ရှိတဲ့ ကျေးရွာတွေမှာ ခိုလှုံကြတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ ရှားတောမြို့မှာ အိမ်ခြေ သုံးရာကျော်ရှိပြီး လူဦးရေအားဖြင့် ၄၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။ https://www.kantarawaddyt imes.org/%e1%80%99%e1%80%bc%e1%80%ad%
၂၄။ တန်ဖရဲချောင်းဆုံတွင် စက်ယန္တယားကြီးများဖြင့် ရွှေတူးဖော်ရန်ပြင်ဆင်နေသောကြောင့် ဒေသခံများကန့်ကွက်
    February 5, 2024

ဧရာဝတီမြစ်ထဲစီးဝင်နေသည့် တန်ဖရဲချောင်းဆုံတစ်လျှောက် ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများ၏ခွင့်ပြုချက်ဖြင့် ယခု လဆန်းပိုင်းမှစတင်ကာ စက်ယန္တယားကြီးများဖြင့် ရွှေတူးဖော်ရန် ပြင်ဆင်နေကြောင်းဒေသခံများထံမှသိရသည်။ စက် ယန္တရားကြီးများဖြင့် ရွှေတူးဖော်ရန်ပြင်ဆင်နေမှုကို ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းတွင် ပြုလုပ်ခဲ့သည့် တန်ဖရဲကျေးရွာ ဒေသခံ များနှင့် ဘာသာပေါင်းစုံခေါင်းဆောင်များပါဝင်သည့် အစည်းအဝေးတွင် ကန့်ကွက်ခဲ့ကြောင်း ရပ်မိရပ်ဖတစ်ဦးက ပြောသည်။ “ရွှေတူးတဲ့ကုမ္ပဏီက အဲ့ဒီနေရာမှာတူးစားချင်လို့ အုပ်ချုပ်ရေးမှူးကနေတဆင့် ဒေသခံတွေနဲ့ KBC၊ RC၊ ဗုဒ္ဓ၊ AG အသင်းတော်က ဘာသာရေးဆရာတွေ ရပ်မိရပ်ဖတွေ အကုန်လုံးကိုခေါ်ပြီး အစည်းအဝေးလုပ်တယ်။ အဲ့ဒီအစည်းအဝေးမှာ အကုန်လုံးက ဒီတန်ဖရဲချောင်းဆုံက သမိုင်းဝင်နေရာဖြစ်တဲ့အတွက်ကြောင့် ရွှေတူးဖို့ သဘောမတူဘူးလို့ ပြောထားပြီးသားပါ။ အဲ့ဒါကို ကျေးရွာအုပ်ချုပ်ရေးမှူးက နည်းလမ်းအမျိုးမျိုးရှားပြီး တူးဖို့ပြင်ဆင်နေတာပါ” ဟု ပြောသည်။

ဒေသခံများ၏သဘောတူညီမှုရရှိပါက ကချင်လွတ်မြောက်ရေးတပ် (KIA) က တူးဖော်ရန် ခွင့်ပြုသောကြောင့် အုပ်ချုပ် ရေးမှူး၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများက ဒေသခံများကို ကိုယ်စားပြုသည်ဟုဆိုကာ ၎င်းတို့အုပ်ချုပ်ရေးပိုင်းက လက်မှတ်ရေး ထိုးတင်ပြခဲ့ခြင်းကြောင်း ဆက်ပြောသည်။ “ရွာရဲ့အုပ်ချုပ်ရေး တာဝန်ရှိတဲ့သူတွေပေါ့။ နယ်မြေမှူး၊ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူး တွေကိုခေါ်ပြီး ဆွေးနွေးတယ်လို့တော့ ကြားတယ်။ ရွာထဲမှာ လိုအပ်တဲ့အရာတွေကို လုပ်ပေးမယ်လို့ ဆွေးနွေးယူပြီး ရပ်ကွက် လူကြီးတွေကို လက်မှတ်ထိုးခိုင်းပြီးတော့ အသင်းတော်နဲ့ ဒေသခံတွေ သဘောတူပါတယ်၊ ကိုယ်စားပြုပါတယ်ဆိုပြီး KIA ဆီ စာတင်တော့ ခွင့်ပြုလိုက်တာပေါ့” ဟု ပြောသည်။ တန်ဖရဲချောင်းဆုံအထက်ဘက်မှ သဲကျောက်တူးဖော်ရန် KIA က ခွင့်ပြုထား ပြီး ရွှေတူးရန် ပြင်ဆင်နေခြင်းမဟုတ်ကြောင်း တန်ဖရဲကျေးရွာ အုပ်ချုပ်ရေးမှူးကပြောသည်။ “ရွှေတူးဖို့ မဟုတ်ပါဘူး၊ အဲ့ဒီ နေရာ သဲကျောက်ထုတ်ပြီးတော့ အောင်မြင်သာရွာရဲ့ သင်္ချိုင်းလမ်းက တောင်တက်တောင်ဆင်းဆိုတော့ သွားလာရခက်ခဲတယ်။ အဲ့ဒီလမ်းပြင်ဖို့ရယ်၊ ပြီးတော့ တန်ဖရဲရွာကနေ မလိခမြစ်ဆိပ်သွားတဲ့လမ်း မရှိတော့ လမ်းဖောက်ဖို့ရယ်။ ပြီးတော့ ရွာထဲက လမ်းနှစ်ခု သဲကျောက်ခင်းဖို့ပါ။ အခုတောင် မတူးရသေးဘူး အဲ့ဒါတူးဖို့ KIA က ခွင့်ပြုတာပါ။ ရွာသားတွေ သဘောတူညီချက်နဲ့ လုပ်တာပါ။ ရွှေတူးဖို့ မဟုတ်ပါဘူး” ဟု ပြောသည်။ https://www.facebook.com/photo?fbid=705418008452537&set=p cb.705418331785838
၂၅။ ပင်လောင်းဒေသတွင် PNO ပြည်သူ့စစ်က ပြည်သူ့စစ်စုဆောင်းနေ မှုကြောင့် လူငယ်များပြည်ပသို့ ထွက်ခွာမှုပိုများလာ
 February 5, 2024

ပင်လောင်းဒေသ ပအိုဝ်းကျေးရွာများတွင် PNO ပြည်သူ့ စစ်က ပြည်သူ့စစ်စုဆောင်းမှုကြောင့် ပြည်သူ့စစ်ထဲမဝင်ချင် သည့် လူငယ်များ ပြည်ပသို့ထွက်သွားခြင်းပိုများလာကြောင်း ဒေသခံများထံ သိရှိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း မြို့နယ်ရှိ ပအိုဝ်းကျေးရွာအများစုတွင် PNO ပြည်သူ့စစ် တပ်ထဲသို့ဝင်ရန် စုဆောင်းဟောပြောမှုများပြုလုပ်နေပြီး ယခင်က စစ်သင်တန်းတက်ခဲ့ဖူးသူများကိုလည်း ပြည်သူ့စစ်ထဲသို့ဝင်ရန် ပြန်လည်စုဆောင်းမှုပြုလုပ်နေကြောင်းဒေသခံများထံသည်။ “PNO ကိုအရမ်းအားပေးတဲ့သူတွေခါကျတော့ စိတ်အားထက်သန်စွာနဲ့သွားတက်ကြတဲ့လူတွေရှိတယ်၊ PNO ကိုလုံးဝအားမပေး တဲ့ လူငယ်တွေ၊ စစ်ထဲဝင်ရမှာ‌ကြောက်တဲ့လူငယ်တွေကတော့ နိုင်ငံခြားသို့ထွက်ကုန်တယ်” ပင်လောင်ဒေသခံ တစ်ဦးကပြော သည်။ ထိုသို့ ပြည်သူ့စစ်စုဆောင်းမှုကြောင့် စစ်ထဲသို့မဝင်ချင်သည့်လူငယ်များက ပြည်ပသို့ တရားမဝင်နည်းလမ်းဖြင့် ထွက်ခွာ တိမ်းရှောင် နေရသူလည်းရှိကြောင်းဒေသခံအချို့ပြောပြချက်အရသိရသည်။

“၂၀၂၂-၂၃ ခုနှစ်တုန်းကလည်း စစ်သင်တန်းတက်ရင် ရှေ့တန်းပို့မယ်ဆိုတဲ့ သတင်းတွေလည်း ကြားထားတယ် စစ်သင် တန်းလုံးဝ မတက်ချင်တဲ့ရွာတွေဆို အရမ်းဒုက္ခရောက်တယ် အဲလိုရွာတွေဆိုရင် မဲနှိုက်တဲ့စနစ်နဲ့သွား ရတယ်”ဟု ဒေသခံ အမျိုး သားတစ်ဦးကဆက်ပြောသည်။ ပင်လောင်းဒေသရှိ ပအိုဝ်းကျေးရွာများနှင့် အခြားဒေသရှိ ပအိုဝ်းကျေးရွာများတွင် PNO ပြည်သူ့စစ်များ လိုက်လံစုဆောင်းလျက်ရှိနေပြီး တချို့မိဘများက  စစ်ထဲပေးမဝင်ချင်သောကြောင့် ၎င်းတို့၏ သားများကို ဘေး ကင်းရာ ပြည်ပသို့တိမ်းရှောင်ခိုင်းမှုလည်း ရှိကြောင်းသိရသည်။ PNO အသွင်ပြောင်းပြည်သူ့စစ်သည် ရပ်ရွာလုံခြုံအကြောင်းပြ ပြီး ဇန်နဝါရီ ၂၇ ရက်နေ့ က ပအိုဝ်းဒေသအတွင်းရှိ အသက် ၁၈ နှစ်အထက် ၃၅ အောက်လူငယ် အမျိုးသားများကို စစ်မှုထမ်း ခိုင်းသည့်အမိန့်စာ ထုတ်ပြန်ထားသည်။ https://www.facebook.com/photo/?fbid=784 744303688752&set=a.63547923
၂၆။ လွိုင်ကော်ဒေသကို အခြေပြုမယ့် KNDF ဗျူဟာအမှတ်(၇) ကို ဖွဲ့စည်းဖို့အတွက် တပ်သားအသစ်ခေါ်ယူ
   February 5, 2024

ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ်မှာ စတင်ခဲ့တဲ့ ၁ လေးလုံး စစ်ဆင်ရေးဟာ ၃ လကြာမြှင့်လာပြီဖြစ်ပြီး လွိုင်ကော်မြို့ သိမ်းတိုက်ပွဲအတွက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) မှ လွိုင်ကော်ဒေသကို အခြေပြုမယ့် ဗျူဟာအမှတ် (၇) ကို ဖွဲ့စည်းနိုင်ဖို့အတွက် တပ်သားအသစ် ခေါ်ယူနေပါတယ်။ တော်လှန်ရေးမှာ အင်အားကောင်းကောင်းနဲ့ လွိုင်ကော်မြို့ကို ဆက်လက်ထိန်းနိုင်ဖို့ တပ်သားခေါ်ယူမှု အစီအစဥ်ကို ပြုလုပ်ရခြင်းဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ရဲ့ ဒု – စစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။“လွိုင်ကော်မြို့ရဲ့လက်ရှိ အခြေအနေမှာကတော့ ဒါလွိုင်ကော်မြို့ကို သိမ်းနေ တယ်။ သိမ်းပြီးတော့မှ ဝင်ထိန်းနိုင်ဖို့ သိမ်းနိုင်ဖို့ရန်အတွက် ထပ်ပြီးတော့မှ မသိမ်းရသေးတဲ့နေရာမှာ သိမ်းနိုင်ဖို့ရာ အတွက်ကို ကျနော်တို့ ဒီ ကိစ္စ လုပ်ရခြင်းဖြစ်တယ်။ နောက်တစ်ခုကတော့ ရန်သူကတော့ ပြိုလဲနေတဲ့အချိန်မှာ ကျနော်တို့ ပြည်နယ်ရဲ့ အင်အား၊ ကျနော်တို့ ပြည်နယ်ရဲ့ လူ့အရင်းအမြစ်စွမ်းအားကို ကြည့်ရင်လည်း ကျနော်တို့ ဒါ တော်လှန်ရေးအတွက် အားကောင်း ကောင်းနဲ့ ပါဝင်နိုင်တဲ့ အင်အားရှိသေးတယ်ပေါ့နော်။ ဒါကြောင့်မလို့ အဲ့လိုလူတွေကို ပြန်စုစည်းခြင်းဖြစ်ပါတယ်။”လို့ ဒု – စစ်ဦးစီးချုပ် မာဝီက ဆိုပါတယ်။

လွိုင်ကော်မြို့ရဲ့ ထက်ဝက်ကျော်ကို တော်လှန်ရေးတပ်ဖွဲ့တွေကနေ စိုးမိုးထားနိုင်ပြီး ဆက်လက်ထိန်းနိုင်ဖို့ နဲ့ ကျန်ရှိတဲ့ နေရာတွေကို သိမ်းနိုင်ဖို့အတွက် ဖွဲ့စည်းမယ့် KNDF  ဗျူဟာအမှတ် (၇)မှာ လူမျိုးဘာသာ၊ ကျား၊မ မရွေး ပါဝင်နိုင်တယ်လို့ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ စည်းရိုး(The Fence) Page မှာ အသိပေးထုတ်ပြန်ထားပါတယ်။ KNDF ဗျူဟာအမှတ် (၇) မှာ ဝင်လာမယ့် တပ်သားအသစ်တွေအတွက် ရှိသင့်ရှိထိုက်တဲ့ အခြေခံ စစ်သင်တန်းကို တတ်မြောက်တဲ့အထိ သင်ကြားပို့ချပေးမှာ ဖြစ်တယ်လို့လည်း ဒု – စစ်ဦးစီးချုပ် မာဝီက ဆက်ပြောပါတယ်။“သင်တန်းကတော့ ကျနော်တို့ KNDF ရဲ့ မူအရကတော့ ကျနော်တို့ရဲ့ KNDF တပ်ဖွဲ့ဝင်ဖြစ်မယ်ဆိုရင် အခြေခံ စစ်သင်တန်းတက်ကိုတက်ရမှာ ဖြစ်ပါတယ်။ အဲ့တော့ သင်တန်းတွေ လိုအပ်သလိုမျိုး ကျနော်တို့ ပေးသွားပြီးတော့မှ နောက်ထပ်လိုအပ်လာရင်လည်း မွမ်းမံတွေ တကယ့် Intern ဆင်း Training တွေ ထပ်ပေးနိုင်ဖို့ ဖြစ်ပါတယ်။” လို့ ဒု – စစ်ဦးစီးချုပ် မာဝီက ဆက်ပြောပါတယ်။   https://www.facebook.com/photo/?fbid= 795282459304995&set=a.646291614204081
၂၇။ အင်းလေးပျူစောထီးခေါင်းဆောင် လက်အောက်အဖွဲ့တွေကို လစာမပေးနိုင်လို့ ထွက်ပြေးသွားတယ်လို့ဆို
   February 6, 2024

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရဲ့ အကြီးဆုံးပျူခေါင်းဆောင် ဖိုးသာထူး ခေါ် ညီညီထွန်း ဟာ သူ့လက်အောက်ပျူစောထီးတွေကို ပေးရမဲ့ လစာနဲ့ဆန်တွေ မပေးနိုင်တော့လို့ ထွက်ပြေးသွားတယ်လို့ ဒေသခံတွေဆီက သိရပါ တယ်။ အင်းလေးဒေသမှာ လစာအဖြစ် ငွေ ၁ သိန်းခွဲနဲ့ ဆန် ၁ အိပ်ပေးမယ်ဆိုတဲ့ မက်လုံးနဲ့ စည်းရုံးသိမ်းသွင်းထားတဲ့ လက် အောက်ပျူတွေရဲ့လစာတွေကို မပေးနိုင်လို့ထွက်ပြေးသွားတာဖြစ်ပြီး ပျူတွေကိုယ်တိုင် သူတို့ဆရာကို လိုက်စုံစမ်းနေတယ်လို့ ဆိုသလို စုဖွဲ့မှုတွေ ပြိုကွဲနေတယ်လို့ ပြောကြပါတယ်။ အင်းဒေသမှာဖွဲ့စည်းထားတဲ့ ပျူအင်အား ၇၀ ကျော်အတွက် ငွေတွေကို မပေးနိုင်တော့လို့ ပျူတွေ အစုလိုက် နှုတ်ထွက်တဲ့သတင်းကြားရပြီးနောက်မှာ အခုလို့ သူရှောင်ထွက်ပြေးတဲ့ သတင်းထွက်ပေါ် လာတာပါ။

သူ့ရဲ့ လူမှုစာမျက်နှာမှာတော့ ထိုင်းနိုင်ငံဘက်ကိုသွားတယ်လို့ ဖော်ပြထားပေမယ့် တစ်ကယ်မသွားဘဲ ပြည်တွင်း တစ်နေရာမှာခိုနေတယ်လို့ ဒေသခံတွေက ပြောနေကြသလို သူ့အမရှိရာ သြစတေးလျကို လိုက်သွားမယ်လို့လည်းကြားနေ တယ်လို့ ဒေသခံတွေက ပြောနေကြပါတယ်။ “လစာမရလိုက်တဲ့ သူ့ရဲ့လက်အောက်က ပျူစောထီးတွေက သူ့ကို သဲကြီးမဲကြီး လိုက်ရှာနေတယ်လို့ ကြားတယ်၊ ဒီလူကတော့ PDF လက်ချက်နဲ့မကြွဘဲ ပျူအချင်းချင်း ပြန်ချလို့ကြွမယ်ထင်တယ်” လို့ အင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ အင်းလေးပျူခေါင်းဆောင် ဖိုးသားထူးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်က အရက်မူးပြီး ကျေးရွာအတွင်း သေနတ်အချက်ပေါင်းများစွာ ဖောက်ပြီး ဒေသခံလူထုကို “မိုက်ရင်ထွက်ခဲ့၊ အကုန် ပစ်သတ်လို့ရတယ်” ဆိုပြီး စိန်ခေါ်သောင်းကျန်းခဲ့သေးတာ ဖြစ်ပါတယ်။ https://www.facebook.com/photo/?fbid=414959877557129&set=a.28590 0490463069
၂၈။ ရသေ့တောင်မြို့နယ်၌ ရိုဟင်ဂျာ ၃၈ ဦးကို စစ်ကောင်စီရေတပ်က ဖမ်းဆီး
  February 6, 2024

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာအနီးက ပင်လယ်ပြင်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်း ကနေ ပြန်လာတဲ့ ရိုဟင်ဂျာ ၃၈ ဦးကို ဖေဖော်ဝါရီ ၁ ရက်က စစ်ကောင်စီ ရေတပ်က ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီထုတ် ရခိုင် နေ့စဥ်မှာ ဖော်ပြပါတယ်။ ပင်လယ်ပြင်အတွင်း မသင်္ကာတဲ့ စက်လှေတစီးကို အချက်ပြခေါ်ယူရာ လာရောက်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးလို့ လိုက်လံဖမ်းဆီးရာ၊ အလျား ၅၅ ပေ အနံ ၉ ပေ ရေစူး ၂ ပေခွဲခန့်ရှိ စက်လှေပေါ်မှ  စက်လှေလုပ်သား  ၅ ဦး၊ ကျား ၁၇ ဦး၊ မ ၁၆ ဦး၊ စုစုပေါင်း ၃၈ ဦးတို့ကို ဖမ်းဆီးရရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။  စက်လှေပိုင်ရှင်ဟာ  ရသေ့တောင်မြို့နယ်၊ အာကာတောင်ကျေးရွာ ဦးတာတွန်း ဖြစ်ပြီး လှေသမားတွေက စစ်တွေမြို့နယ်၊ ဆေးသမားကြီးကျေးရွာက ရိုဟင်ဂျာတွေ ဖြစ်တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ ရသေ့တောင်မြို့နယ် အာကာတောင်ကျေးရွာကို လာရောက်ကြသူတွေ ဖြစ်ပြီးတော့၊ စစ်ကောင်စီဘက်ကနေ ရိုဟင်ဂျာတွေကို ဘယ်နေရာမှာ ဖမ်းဆီးထားတယ် ဆိုတာကိုတော့ မသိရသေးပါဘူး။

၂၀၁၇ ခုနှစ်ကစပြီး မြန်မာစစ်တပ် က ရိုဟင်ဂျာလူမျိုးတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှုပေါင်းများစွာ ကို ကျူးလွန်ခဲ့မှုကြောင့် ရိုဟင်ဂျာလူမျိုးတွေဟာ မြန်မာနိုင်ငံမှနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပြီးတော့ လက်ရှိအချိန်ထိ နေရပ်ပြန်မလာနိုင်သေးတာပါ။ ရခိုင်ပြည်နယ်မှ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတဦးက“စစ်တပ်က လိုက်ပြီး ပစ်ခတ် သတ် ဖြတ်လို့ ထွက်ပြေးကြသွားရတဲ့ ရိုဟင်ဂျာ တွေဟာ အိုးမဲ့အိမ်မဲ့ ဘဝပျက်နဲ့ လူသားတဦးတယောက် ရသင့်ရထိုက်တဲ့ အခွင့်အရေး တွေ ဆုံးရှုံးသွားတဲ့လူမျိုးတွေ ဖြစ်တယ်။ ဒီဘက်က လိုက်သတ်ဖြတ်လို့ ဟိုဘက်နိုင်ငံကို ပြေး၊ ဟိုဘက်နိုင်ငံမှာလည်း အဆင် မပြေတော့ ဒီဘက် ပြန်ပြေးလာ အဖမ်းခံ၊ ပစ်ခတ်ခံ၊ သတ်ဖြတ်ခံရတဲ့ ရိုဟင်ဂျာတွေ အများကြီးရှိတယ်”လို့  ပြောပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ထွက်ပြေးရင်း ပင်လယ်ပြင်မှာ အသက်သေဆုံးသွားရတဲ့ ရိုဟင်ဂျာဒုက္ခသည်ပေါင်း ၅၆၉ ဦးအထိ ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပြန်ထားပါတယ်။ https://burmes e.dvb.no/post/637307
၂၉။ လှိုင်သာယာရှိ KNU/ KNLA ( PC )မှ ဗိုလ်မှူး၏ နေအိမ်ကို ဗုံးဖြင့်တိုက် ခိုက်မှု ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ
   February 5, 2024

ရန်ကုန်တိုင်း၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အပြင်ပဒံကျေးရွာရှိ KNU/ KNLA ( PC ) ဗိုလ်မှူး၏ နေအိမ်တွင် ဖေဖော်ဝါရီလ ၂ ရက်နေ့ညပိုင်း  ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး လူ ၁ ဦးသေဆုံးကာ လူ ၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၇ နာရီကျော်အချိန်လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အပြင်ပဒံကျေးရွာရှိ   KNU/ KNLA ( PC ) ဗိုလ်မှူး၏ နေအိမ်တွင် ဗုံးပေါက်ကွဲခဲ့ကြောင်း၊  ဗုံးပေါက်ကွဲမှု မဖြစ်ခင် အဆိုပါ နေအိမ်၌ ဝါဝါဝင်းကုမ္ပဏီ၏ တာဝန် ခံတစ်ဦး နှင့် KNU/KNLA (PC) ဗိုလ်မှူးတို့ ဆွေးနွေးစကားပြောနေခဲ့ကြကြောင်း၊  စကားပြောဆိုနေသည့်အချိန် အအေးဘူးခွံ အရွယ်အစားနှင့် ကြွပ်ကြွပ်အိတ်အဖြူရောင် ပတ်ထားသည့် လက်လုပ်ဗုံးတစ်ခုဖြင့် ဖောက်ခွဲ တိုက်ခိုက်ခံရကြောင်း၊ ထို ပေါက် ကွဲမှုကြောင့် မြေယာများ သိမ်းဆည်းထားသူ ဝါဝါဝင်းကုမ္ပဏီတာဝန်ခံကိုသက်မှာ ဗိုက် ပေါက်ခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း၊ ဝါဝါဝင်းကုမ္ပဏီမှ ၂ ဦးနှင့်  KNU/KNLA(PC) ဗိုလ်မှူး၏ အမျိုးသမီး၊ သမီးငယ်နှင့်  တူမ တို့ စုစုပေါင်း ၅ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

“သူကနေအိမ်လည်းဟုတ်တယ်။ အရက်ဆိုင်လည်းဟုတ်တယ်။ ရွှေအိမ်စည်အရက်ဆိုင်။ ဝါဝါဝင်းကုမ္ပဏီက လှိုင်သာယာမှာ သူတို့ ဝယ်ထားတဲ့ မြေယာတွေအတွက် ကျူးရှင်းလင်းရေးလုပ်နေတာရှိတယ်။ အဲဒါ ပျူစောထီးနဲ့ အုပ်ကြီးတွေ က မကျေနပ်ဘူး။ ကျူးရှင်းတာ သူတို့ကို မသုံးလို့ ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ လှိုင်သာယာတွင် ဝါဝါဝင်း ကုမ္ပဏီ က  ယခုရက်ပိုင်းအတွင်း  ကျူးကျော်များကို စီမံကိန်းဖြင့် ရှင်းလင်းနေကြောင်း၊ ထို့ကြောင့် ဗုံးပေါက်ကွဲမှုသည်  စစ်ကောင်စီ ထောက်တိုင် ရပ်ကွက် အုပ်ကြီးနှင့် ပျူစောထီးများက ကျူးကျော်ရှင်းလင်းရာတွင် ၎င်းတို့ကို ကျော်လွန်၍ လုပ်ဆောင်သည့် အတွက် ပြန်လည် ဗုံးဖောက်ခွဲခြင်းဖြစ်သည်ဟု သုံးသပ်ပြောဆိုမှုများရှိနေကြောင်း သိရှိရသည်။ https://www.facebook .com/photo/?fbid=745720397655569&set=a.568142278746716
၃၀။ စစ်ကောင်စီခန့် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးညီနပ်ကို UWSA က ဥက္ကဌအဖြစ် ပြန်ခန့်မယ့် အပေါ် မြို့ခံတွေ သဘောမကျဖြစ်နေ
  February 6, 2024

ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်က “၀”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်နဲ့ ပန်လုံမြို့ကို ညီနောင်မဟာမိတ် သုံးဖွဲ့က ဝင်ရောက် သိမ်းပိုက်ပြီးနောက် “၀”ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော်- UWSP/UWSA က လက်နက် အပြည့်အစုံနဲ့ ဟိုပန်၊ ပန်လုံမြို့ထဲ ဝင်ရောက် တပ်စွဲခဲ့ပါတယ်။ UWSA ဝင်ရောက် တပ်စွဲပြီးနောက် စစ်တပ်က ဇန်နဝါရီ ၁၃ ရက်မှာတော့ “၀” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်နဲ့ ပန်လုံမြို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်ကတည်းက UWSA ထံ ပြန်လည်လွှဲပြောင်းခဲ့တယ်ဆိုပြီး ထုတ် ပြန်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ခန့်အပ်ထားတဲ့ “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်ဟာ စိတ်ဖိစီးမှု အမျိုးအမျိုးကြောင့် ပြင်းထန်တဲ့ စိတ်ကျရောဂါ ခံစားနေရတယ်ဆိုပြီး “၀”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနဲ့ ​ပြည်ထောင် စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါ​တီဝင် အ​ဖြစ်ကနေ နှုတ်ထွက်ကြောင်း ဇန်နဝါရီ ၂၅ ရက် ရက်စွဲနဲ့ နုတ်ထွက်စာ တင်ခဲ့ပါတယ်။ အဲဒီနေ့မှာဘဲ UWSP ပါတီရဲ့ အဖွဲ့ဝင် အဖြစ် ပြန်လည် လျှောက်ထားခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ဟိုပန်နဲ့ ပန်လုံမြို့ကို UWSA ထိန်းချုပ်ပြီးနောက် ဦးညီနပ်ကို UWSA က တွဲဖက်ဥက္ကဋ္ဌအဖြစ် ပြန်လည်ခန့်အပ်ခဲ့တယ်လို့ ဖြစ်စဥ်သိရှိသူ ရွှေဖီမြေရဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ “စစ်​ကောင်စီက သူ့ကိုဥက္ကဋ္ဌအဖြစ် ခန့်တဲ့အချိန်က လည်း ပြည်သူလူထုတွေက သူ့ကိုဝိုင်းပြီးကန့်ကွက်ကြတယ်။ ဒီစစ်ကောင်စီတွေနဲ့ မပူးပေါင်းဖို့ ပြောတယ်။ အခုချိန် ဟိုပန်မှာ စစ်ကောင်စီ မရှိတော့တဲ့အချိန်မှ UWSA ဘက် လှည့်ပြီးတော့ ကျနော်က “ဝ”လူမျိုးအတွက် လုပ်တာပါဆိုပြီး လုပ်တယ်။ လူမျိုး အမည်ခံပြီး ကိုယ်ကျိုးရှာတဲ့ ပုဂ္ဂိုလ်လို့ဘဲ လူထုတွေက သူ့ကိုမြင်တယ်” လို့ သူက ပြောပါတယ်။ သာပေါင်း လုပ်နေတဲ့ ဦးညီနပ် ဟာ စစ်ကောင်စီ လက်ထက်က ၎င်းရရှိခဲ့တဲ့ ရာထူးအတိုင်း “ဝ”လက်ထဲမှာ ပြန်လည်ရရှိအောင်ကြိုးပမ်းနေတာနဲ့ လက်ရှိ တွဲဖက်ဖြစ်နေတဲ့အပေါ် မြို့ခံတွေက မလိုလားသလို UWSA အနေနဲ့လည်း လက်မခံသင့်ဘဲ လူထုဆန္ဒနဲ့အညီ ဆုံးဖြတ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဦးညီနပ်ဟာ ၂၀၂၀ ခုနှစ်မှာ USDP ရဲ့ ပါတီဝင် ဖြစ်လာခဲ့ပြီး စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုမှာ ဟိုပန်မြို့အခြေစိုက် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် စစ်ကောင်စီက ခန့်အပ်ခဲ့သူ ဖြစ်ပါ တယ်။ https://www.facebook.com/photo/?fbid=714333900873877&set=a.404503215190282
၃၁။ လုံးခင်း စစ်တပ်ကုန်းနဲ့ စစ်ဆေးဂိတ်မှ စစ်ကောင်စီတပ်သားများစွန့်ခွာ
  February 5, 2024

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာက နှစ်မျက်နှာဘုရားကုန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ကုန်းနဲ့ စစ်ဆေးရေးဂိတ်တစ်ခုဟာ ပြီးခဲ့တဲ့ရက်ပိုင်းက စခန်းစွန့်ခွာပြောင်းရွေ့သွားပြီလို့ ဖားကန့်မြို့ခံတွေဆီကနေ သိရပါတယ်။ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းလောက်ကတည်းကတပ်ထိုင်လာတဲ့ နှစ်မျက်နှာဘုရားကုန်းပေါ်က စစ်တပ်စခန်းကုန်းနဲ့ နှစ်မျက်နှာ ဘုရားရှေ့က လုံးခင်းကျေးရွာအဝင်ကားလမ်းမပေါ်မှာထိုင်ထားတဲ့ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တစ်ခုတို့ဟာ တစ်နှစ်နီးပါး အကြာ တပ်စွဲနေထိုင်ပြီးနောက် ဇန်နဝါရီ ၃၁ ရက်နေ့မှာတော့ အပြီးတိုင်စခန်းစွန့်ခွာပြီး တစ်ခြားနေရာကိုဆုတ်ခွာသွားကြပြီလို့ လုံးခင်းကျေးရွာနေအမျိုးသားတစ်ဦးက ပြောပါတယ်။“သူတို့က နှစ်မျက်နှာဘုရားပေါ်မှာတော့စခန်းချတယ် အောက်မှာက ဂိတ် ထိုင်တာပေါ့ စခန်းချပြီးဂိတ်ထိုင်တာ လုံခြုံရေးကြောင့် ပြန်ဆုတ်သွားတာထင်ပါတယ်။ ဝါးတားဂိတ်တွေဆောက်ထားတဲ့ ဟာတွေတောင် သိမ်းမသွားဘူး စစ်သားတွေပဲဆုတ်သွားတာ ယမ်းချက်ထဲကိုဆုတ်ဝင်သွားတယ်”လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

ဆုတ်ခွာသွားတဲ့ တပ်စန်းကုန်းဟာ ပုံမှန်အင်အား ၂၀ ကျော်လောက်နဲ့ တပ်ထိုင်တာဖြစ်ပြီး စစ်ဆေးရေးဂိတ်မှာ အရပ် သားတွေကိုအစစ်အဆေးများတဲ့အပြင် ကုန်ကားနဲ့ခရီးသည်တင်ကားတွေဆီကနေလည်း နေ့တိုင်း ဂိတ်ကြေး၊ ငွေကြေးကောက် ခံတာတွေရှိတာကြောင့် အခုလိုတပ်ဆုတ်သွားတာ ဒေသခံတွေအတွက် သွားလာရေး ပိုမိုအဆင်ပြေသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ “သူတို့မရှိတော့ကောင်းတာပေါ့ဗျ။ သူတို့ရှိတဲ့အခါကြရင် တစ်ခါတလေ ရှောင်တခင်ဝင်စစ်တာမျိုး ပြီးတော့ ကုန်း ပေါ် ကနေလည်းသူတို့ မထင်ရင်မထင်သလိုလက်နက်ကြီးတွေပစ်တယ် ဒါမျိုးကြပြည်သူတွေထိတ်လန့်ရတယ်လေး သူတို့ မရှိ တော့ ကောင်းတာပေါ့ဗျ ကျနော်တို့ လွတ်လွတ်လပ်လပ်သွားလို့လာလို့ရတာပေါ့”လို့ လုံးခင်းဒေသခံအမျိုးသား တစ်ဦးကပြော ပါတယ်။ အလားတူ ဖားကန့်မြို့အဝင်က စုပေါင်းစစ်ဆေးရေးဂိတ်တစ်ခုဖြစ်တဲ့ လယ်ပြင်စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ် က ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့ မနက် ၁၀ နာရီ အချိန်မှတိုက်ပွဲမဖြစ်ပဲရုတ်သိမ်းသွားတာ ဖြစ်ပါတယ်။ https://burm ese.kachinnews.com/2024/02/05/zz1-58/
၃၂။ ရေဖြူမှာ စစ်တပ်ခြေမြန်တပ်ရင်း ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရ
  February 5, 2024

တနင်္လာရီတိုင်း၊ ထားဝယ်ခရိုင် ‌ရေဖြူမြို့နယ် ကလိန်အောင်မြို့နဲ့ ကျောက်ရှပ်ကျေးရွာကြားက စစ်ကောင်စီခြေမြန်တပ်ရင်း ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒေါန တပ်ခွဲ-၄)ရဲ့ ဒရုန်းတပ်ဖွဲ့နဲ့ Dawei Defense Team (DDT တပ်ခွဲ-၃)တို့က ပူးပေါင်းပြီး ရေး-ထားဝယ်ကားလမ်းပေါ်ရှိ ကလိန်အောင်မြို့နဲ့ ကျောက်ရှပ်ကျေးရွာကြားမှာ အခြေစိုက်တည်ရှိနေတဲ့စစ်ကောင်စီတပ်ရဲ့အမှတ်(၄၁၀) ခြေမြန်တပ် ရင်းကို ဝေဟင်ကနေ SFZ Droneနဲ့ ဗုံးသီး (၄)လုံး အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေါနစစ်ကြောင်းက ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

အဲ့ဒီ့လို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမှတ် (၄၁၀)ခြေမြန်တပ်ရင်းရဲ့ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့ပြီး  စစ်ကောင်စီ တပ်သား (၃) ဦးသေဆုံးကာ (၇) ဦးလည်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြတယ်လို့ သိရပါတယ်။ တိုက်ခိုက်နေချိန်အတွင်းမှာ ဒရုန်း ကို လက်နက်ငယ်တွေနဲ့ စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ခဲ့ကြပြီး လက်နက်ကြီးတွေနဲ့လည်း (၁၅)ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ရမ်းသမ်းပစ်ခတ်မှုတွေအတွင်း KBDF Drone တပ်ဖွဲ့နဲ့ ပူး‌ပေါင်းမဟာမိတ်တပ်ဖွဲ့တို့ကတော့ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာထုတ်ခွာနိုင်ခဲ့ပေမယ့် လက်နက်ကြီးတွေကတော့ အနီးအနားရွာက ခြံတွေထဲကို ကျရောက်ပေါက်ကွဲမှုရှိခဲ့တယ်လို့လည်း သိရပါတယ်။ https://www.facebook.com/photo/?f bid=783105693858122&set=pcb.783105890524769
၃၃။ စစ်မှုထမ်းဥပဒေ TNLA ထုတ်ပြန်၊ တအာင်းလူမျိုးမဟုတ်လည်း နိုင်ငံရေးရပ်တည်ချက် နှစ်သက်လျှင် စစ်မှုထမ်းနိုင်
   February 6, 2024

တအာင်း(ပလောင်)အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၄ ရက်မှာ ထုတ် ပြန်လိုက်ပြီး တအာင်းလူမျိုးမဟုတ်လည်း နိုင်ငံရေးရပ်တည်ချက်တွေနှစ်သက်သူတိုင်း စစ်မှုထမ်းနိုင်တယ်လို့ TNLA က ထုတ် ပြန်ပါတယ်။ အသက် ၁၈ နှစ်မှ ၃၅ နှစ်ပြည့်ပြီးသူ တအာင်းလူမျိုးတိုင်း ညီအစ်ကို နှစ်ဦးရှိလျှင် တစ်ဦး စစ်မှုထမ်းရမည် ဖြစ်ပြီး ညီအစ်ကို နှစ်ဦးတွင် တစ်ဦး ကျန်းမာရေး ချို့ယွင်းသူ သို့မဟုတ် သာသနာ့ဘောင်တွင် ရောက်နေသူဖြစ်ပါက စစ်မှုထမ်းကနေ ကင်းလွတ်ခွင့်ရှိတယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းရမယ့် သူတွေထဲမှာ B ပိုး၊ C  ပိုးရှိတဲ့သူတွေကိုတော့ စစ်မှုထမ်းဖို့ ခေါ်ဆောင်မှာမဟုတ်ဘဲ တခြား ရောဂါ အနည်းငယ်ရှိတဲ့ သူတွေကိုကတော့ စစ်မှုထမ်းရမယ်လို့ ဆိုပါတယ်။ တစ်အိမ်မှာ အမျိုးသမီး ၃ ဦးရှိပါက ၁ ဦး စစ်မှုထမ်းရမှာဖြစ်ပြီး မောင်နှမတွေထဲမှာ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၃ ဦးရှိပေမဲ့ အဲ့ဒီအထဲက တစ်ဦးဟာ အရပ်ဖက်အဖွဲ့အစည်းတွေထဲက ဗဟိုကော်မတီဝင် ဖြစ်နေရင် စစ်မှုထမ်းကင်းလွှတ်ခွင့်ရပြီး ဗဟိုကော်မတီဝင်မဟုတ်တဲ့သူတွေကိုတော့  သီးခြားပြန်လည်စီစစ် ပြီးမှ စစ်မှုထမ်းဖို့ လို၊ မလိုဆိုတာကို ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။ https://www.faceboo k.com/photo?fbid=4149767 24222111&set=a.285900490463069

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button