သတင်း

ကရင်နီမှာ ဒေသထွက်စပါးများကို ဒေသတွင်း ဖူလုံမှုရရှိဖို့ စုဆောင်းနေကြရ

ကရင်နီမှာ ဒေသထွက်စပါးများကို ဒေသတွင်း ဖူလုံမှုရရှိဖို့ စုဆောင်းနေကြရ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇန်နဝါရီ ၃၊ ၂၀၂၄

ကရင်နီပြည်နယ်တွင် လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခများကြောင့် ကုန်သွယ်ရေး လမ်းကြောင်းများ ပြတ်တောက် သွားပြီးနောက် ဒေသတွင်း ဆန်၊ စပါး ဖူလုံမှု ရရှိဖို့ လိုအပ်လျက် ရှိနေတယ်လို့ သိရပါတယ်။

အခုလို ဒေသတွင်း လိုအပ်ချက်များ ရှိနေတဲ့ ဆန်၊ စပါးများကို အတက်နိုင်ဆုံး ဖူလုံမှု ရရှိအောင်လုပ်းငန်းရှင်တချို့များနှင့် ဒေသခံများအပါအဝင် အရပ်ဘက် အဖွဲ့အစည်းများက နည်းလမ်းရှာကာ ဒေသထွက် စပါးများကို တခြားဒေသသို့ ပြန့်နှံ့သွားခြင်း မဖြစ်ရအောင် ဝယ်ယူစုဆောင်းမှုများ ပြုလုပ် နေကြတယ်လို့ သိရပါတယ်။

အခုလို ဒေသထွက်စပါးကို ဝယ်ယူစုဆောင်းနေတာဟာ လာမယ့် ကာလများ မှာ ကရင်နီဒေသအတွင်း အခြေခံ စားသောက် ကုန်များ ပြတ်လပ်သွားနိုင်တာ ကြောင့် စစ်ရှောင်ပြည်သူတွေအတွက် ဆန်၊ စပါး ဖူလုံမှု ရရှိနိုင်ဖို့ ဒေသတွင်း လုပ်ငန်းရှင်တချို့နဲ့ အရပ်ဘက် အဖွဲ့အစည်း တချို့က နည်းလမ်းရှာ ကြိုးပမ်း ဆောင်ရွက်နေကြတာပါ။

လက်ရှိကရင်နီပြည်နယ်က စပါးထွက်တဲ့နှုန်းဟာ တပြည်နယ်လုံး စစ်ရှောင် ပြည်သူများအတွက် ဖူလုံမှု မရှိတော့မှာကိုဘဲ စိုးရိမ်းရတယ်လို့ စပါးဝယ်ယူ စုဆောင်းနေတဲ့ အရပ်ဘက် အဖွဲ့အစည်းမှာပါဝင်သူ ဒေသခံတစ်ဦးက ပြောပါတယ်။

ကရင်နီပြည်နယ်ထဲမှာ လွိုင်ကော်နှင့် မိုးဗြဲတို့က အဓိက စပါးထွက်လက်ရှိပြီး၊ (၁၁၁၁)လေးလုံး စစ်ဆင်းရေး နောက်ပိုင်းမှာတော့ ဒေသထွက်စပါးများ ဝယ်ယူ သည့် ပြင်ပလုပ်ငန်းရှင်များ မရှိ သလောက် ရှားသွားတယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ် လုပ်ငန်းရှင်တစ်ဦးက “ဒီဘက်လူတွေ ပိုက်ဆံလိုလို့ စပါး ရောင်းချင်တယ်ဆိုရင် ညောင်ရွှေမြို့၊ ဆီဆိုင်မြို့တို့ထိ တက်ရောင်းရတယ်၊ လမ်းခရီးဝေးတော့ အဆင်လည်း မပြေကြဘူး လေနော်၊ အဲတာကြောင့် ကျနော်တို့လုပ်ငန်းတွေကလည်း ဒီဘက်ကထွက်တဲ့ စပါးတွေပြန်ဝယ်စု ရတာပေါ့၊ ဒီဘက်မှာလည်း နောက်ပိုင်း ဆန်စပါးတွေ ရှားပါးလာမှာလေ အခုချိန်မှာ ဝယ်စုထားရင် နောက်ကျရင် စစ်ရှောင်တွေအတွက် ဆန်တွေ ပြန်ရောင်းပေးတာတို့၊ ပြန်လှူပေးတာတို့ လုပ်လို့ ရတာပေါ့နော်”

တဘက်က စစ်ကောင်စီကလည်း နှစ်ဖက် စစ်ရေးပြင်းထန်လာချိန် ကရင်နီပြည်နယ်ထဲသို့ ဆန်၊ ဆီ၊ ဆားနှင့် အခြေခံ စားသောက်ကုန်များ တင်သွင်းခွင့်လမ်းကြောင်းအားလုံးကို ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – Kantarawaddy Times

Related Articles

Back to top button