သတင်း

အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ

အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၁၆၊ ၂၀၂၃

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် မွေးနေ့ပါတီ ကျင်းပနေစဉ် ဒရုန်းနှင့် တိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံတွေထံမှ သိရပါတယ်။

နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေ ၅ နာရီ မိနစ် ၃၀ ဝန်းကျင်အချိန်တွင် ရခိုင်ကုန်းရပ်ကွက်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို PDF တွေ ဒရုန်းနဲ့ ဗုံးသီးနှစ်လုံးလာချပြီး တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။

” မွေးနေ့ရှိတယ်ဆိုတော့ PDF တွေက ဒရုန်းနဲ့ ဗုံးနှစ်လုံး လာချတယ်။ ဗုံးသီး တော့ ဘယ်နားကျသွားလဲတောမသိဘူး” လို့ ဒေသခံတစ်ဦးမှ FJMM ကိုပြောပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး နာရီဝက်လောက်အကြာမှာ အရှေ့တောင်တိုင်းစစ်ဌာန ချုပ်ထဲမှ သေနတ်ပစ်ခတ်သံများ ထပ်မံကြားရတယ်လို့ သိရပါတယ်။

” မွေးနေ့အောင်ပွဲဆိုတဲ့ ပုံစံနဲ့ သေနတ်ပစ်တာ။ အဲ့ဒီ သေနတ်သံကြားတော့ ပြည်သူတွေက အပြန်အလှန်ပစ်ခတ်တယ်လို့ ထင်ကြကုန်တယ်” လို့ အရှေ့ တောင်တိုင်းစစ်ဌာနချုပ်အနီးရှိ ဒေသခံတစ်ဦးမှ ပြောပါတယ်။

လက်နက်ငယ်ပစ်ခတ်သံများကို ၆ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် ထပ်မံကြားရပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှေ့တွင် လမ်းသွားလမ်းလာများကို စစ်ဆေးမှု များပြုလုပ်နေကြောင်း သိရပါတယ်။

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားတွေရဲ့ ထိခိုက်မှုအခြေအနေကို လက်ရှိအချိန်အထိ အတည်ပြုနိုင်ခြင် မရှိသေးပါဘူး။

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်အချိန်တွင်လည်း အရှေ့တောင် တိုင်းစစ်ဌာနချုပ်ကို ပထမအကြိမ် Drone ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးပါတယ်။

လက်ရှိတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ တိုင်းမှူးမှာ ဗိုလ်ချုပ်မြတ်သက်ဦး ဖြစ်ပြီး ဩဂုတ်လ လလယ်ပိုင်းမှစတင်ပြီး အာဏာသိမ်းအကြမ်းဖက် စစ် ကောင်စီမှ အသစ်ခန့်ထားတဲ့သူ ဖြစ်ပါတယ်။

Photo – ပုံဟောင်း(အရှေ့တောင်တိုင်းစစ်ဌာနချုပ်)

Related Articles

Back to top button