သတင်း

ဖရူဆိုက ကျေးရွာထဲ စစ်ကောင်စီရဲ့ လက်နက်ကြီးကျလို့ ရှစ်နှစ်အရွယ် စစ်ရှောင်ကလေးငယ်တစ်ဦး ထိမှန်သေဆုံး

ဖရူဆိုက ကျေးရွာထဲ စစ်ကောင်စီရဲ့ လက်နက်ကြီးကျလို့ ရှစ်နှစ်အရွယ် စစ်ရှောင်ကလေးငယ်တစ်ဦး ထိမှန်သေဆုံး

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ

အောက်တိုဘာ ၉၊ ၂၀၂၃

ကယား(ကရင်နီ)ပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူများနေထိုင်တဲ့ ကျေးရွာကို စစ်ကောင်စီ တပ်က ယမန်နေ့ အောက်တိုဘာလ (၇)ရက်နေ့ မွန်းလွှဲပိုင်း အချိန်ခန့်မှာ လက်နက်ကြီးများဖြင့် ရမ်း သမ်း ပစ်ခတ်ခဲ့လို့ ကျေးရွာအတွင်း နေထိုင်တဲ့ စစ်ရှောင်ကလေးငယ်တစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီ လက်နက်ကြီးဟာ မွန်းလွဲ ၁ နာရီ အချိန်ခန့်က ဖရူဆိုမြို့နယ် အခြေစိုက် အမှတ် (၁၄) တန်းမြှင့် စစ်လေ့ကျင့်ရေးကျောင်းဘက်က လက်နက်ကြီး ၄ လုံးကို ကျေးရွာဖက်သို့ ရမ်းသမ်း ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ လက်နက်ကြီး ၄ လုံးထဲက လက်နက်ကြီး ၂ လုံးကတော့ ကျေးရွာအတွင်း ကျရောက်ခဲ့ပြီး လက် နက်ကြီး ၁ လုံးဟာ စစ်ရှောင်မိသားစုများ နေထိုင်တဲ့ နေအိမ်အနီး ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် အတွင်းရှိ ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးစ ထိမှန် သေဆုံးခဲ့ ရတာပါ။

လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ်၂လုံးလည်း ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။

ဖရူဆို ဒေသခံတစ်ဦး ပြောပြတာက “အခုလက်နက်ကြီး ကျရောက်ပေါက်ကွဲတဲ့ရွာနဲ့ အမှတ်( ၁၄ ) တန်းမြှင့်စစ်ရေး လေ့ကျင့် ရေးကျောင်းက သိပ်မဝေးဘူး၊ တောင်တွေနဲ့တော့ ၃လုံးလောက် ခြားမယ် ထင်တယ်၊ အဲရွာမှာလည်း တခြားနယ်က စစ်ရှောင်တွေ လာနေတယ်လို့လည်း သိရပါတယ်”

အခု လက်နက်ကြီး ကျရောက် ပေါက်ကွဲ လာတဲ့ ကျေးရွာဟာ အရပ်သားပြည်သူများ ပုံမှန် နေထိုင်တဲ့ ကျေးရွာနှင့် တိုက်ပွဲများကြောင့် စစ်ပွဲနှင့် ဘေးလွတ်ရာ တိမ်းရှောင်နေကြတဲ့ အရပ်သား စစ်ဘေးရှောင် များ လာရောက် နေထိုင်ကြတဲ့ ကျေးရွာဖြစ်တယ်လို့လည်း သိရပါတယ်။

အခုတော့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲနယ်မြေ မဟုတ်သလို တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိဘဲ အရပ် သား ပြည်သူများကို ရန်သူသဖွယ် ပစ်မှတ်ထား တိုက်ခိုက် နေတာဟာ စစ်ရာဇဝတ်မှုများကို ပေါ်ပေါ် ထင်ထင် ကျူးလွန်လုပ်ဆောင်နေတာ ဖြစ်တယ်လို့ KNDF – B(15)ကတော့ ထုတ်ပြန် ကြေညာထား ပါတယ်။

ဓါတ်ပုံ – KNDF – B(15)

Related Articles

Back to top button