သတင်း

သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် နိုင်ငံတော်အကြီးအကဲ ၃ ဦးကို အမိန့်ချ

ဖက်ဒရယ်ဂျာနယ်

ဒီဇင်ဘာ ၆၊ ၂၀၂၁

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲဆိုထားသည့် အမှု သုံးခုအတွက် အပြီးသတ်အမိန့်ကို ယနေ့ ဒီဇင်ဘာ ၆ရက်တွင် အမိန့်ချလိုက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပုဒ်မနှစ်ခုအတွက် လေးနှစ်၊ သမ္မတဦးဝင်းမြင့်ကို ပုဒ်မ နှစ်ခုအတွက် လေးနှစ် နှင့် ဒေါက်တာမျိုးအောင်ကို ပုဒ်မတစ်ခုအတွက် နှစ်နှစ်စီ အသီးသီး အမိန့်ချလိုက်သည်။

 

သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်တို့ သုံးဦးအပေါ် စွဲဆိုထားသည့် ပုဒ်မ ၅၀၅ (ခ)၊ သမ္မတဦးဝင်းမြင့်နှင့်  အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို သီးခြားစွဲဆိုထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နှင့် ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းအပေါ်  စွဲဆိုထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အမှုတို့အတွက် အမိန့်ချခဲ့ခြင်းဖြစ်သည်။

 

ထိုအမှုများအတွက် နောက်ဆုံးစီရင်ချက်ကို နိုဝင်ဘာလ ၃၀ ရက်တွင် အမိန့်ချရမည်ဖြစ်သော်လည်း ထိုနေ့က အမိန့် မချမှတ်ဘဲ ယနေ့ ရုံးချိန်းမှသာ အပြီးသတ် စီရင်ချက် ချမှတ်ရန် တရားရုံးက ရက်ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ရှည်ထောင်ဒဏ်များချမှတ်နိုင်သည့် စုစုပေါင်း အမှု၁၁ ခုဖြင့် တရားရင်ဆိုင်နေရခြင်းလည်းဖြစ်သည်။

ဓါတ်ပုံ – AFP

 

Related Articles

Back to top button