သတင်း

ဖားဆောင်မြို့နယ်၊ မော်ချီးဒေသဖက်မှာ လမ်းပန်းဆက်သွယ်ရေး အခက်ခဲများကြောင့် ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်နေ

ဖားဆောင်မြို့နယ်၊ မော်ချီးဒေသဖက်မှာ လမ်းပန်းဆက်သွယ်ရေး အခက်ခဲများကြောင့် ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်နေ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၂ ၊ ၂၀၂၃
 
ကယား(ကရင်နီ) ပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသဘက်မှာတော့ တိုက်ပွဲများကြောင့် လမ်းပန်ဆက်သွယ်ရေး အခက်ခဲပြီး ကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်နေတယ်လို့ သိရပါတယ်။
 
ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသဟာ ဒီးမောဆို၊ ဖရူဆို၊ လောလခဲလမ်းမတို့ကို အဓိကအားကိုး အားထားရသည့် လမ်းဖြစ်ပြီး အဲဒီလမ်းမများတစ်လျောက် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေတာကြောင့် ကုန်သွယ်ရေး အခက်ခဲများစွာရှိပြီး ကုန်စျေးနှုန်းများ အဆမတန်တက်နေတာလို့ သိရပါတယ်။
 
မော်ချီး ဒေသဖက်ရှိ ကုန်ဈေးနှုန်းများဟာ ဓာတ်ဆီ (92)တစ်လီတာ ၁၅၀၀၀ကျပ်၊ ကွမ်းရွက် (၁) ပိဿာ ၁၅၀၀၀၀ ကျပ်၊ ဆန်ကြမ်း(၂၄)ပြည်အိတ် (၁)အိတ် (၄)သိန်းကျပ်၊ ကြက်ဥ (၁)လုံး -(၁၅၀၀) ကျပ်၊ ကြက်သွန်နီ (၁)ပိဿာ -(၂)သောင်းကျပ် ရှိတယ်လို့ မော်ချီးဒေသခံ တွေဆီကနေ သိရပါတယ်။
 
လွိုင်ကော်ဖက်မှာတော့ ဆန်တစ်အိတ် (၈၅၀၀၀)ကျပ်၊ ဓာတ်ဆီ (92)တလီတာ ( ၃၀၀၀ )ကျပ်၊ ကြက်ဥ (၃)လုံး (၁၀၀၀) ရှိနေပါတယ်။
 

ဓါတ်ပုံ – CJ

Related Articles

Back to top button