ကဗျာ

လက်နက်ကိုင်တော်လှန်ရေး ခံယူချက်

လက်နက်ကိုင်တော်လှန်ရေး ခံယူချက်

ဒီခံယူချက်က အဖိုးကြီးမားတယ်
စီးချင်းထိုးလို့ စစ်ဆုတ်ရရိုးမရှိတဲ့လမ်းစဥ်ဖြစ်တယ်
ခံယူချက်နဲ့ လက်နက်ကိုင်ခဲ့တာမလား
စည်းကမ်းရှိပါ။
 
ဝိရိယရှိပါ။
သတိရှိပါ။
 
ဒီခက်ခဲကြမ်းတမ်းမှု အဆုံးသတ်တော့မှာဖြစ်
စစ်ခွေးနဲ့ တိုက်ရမယ့်ပွဲအတွင်း
ခံယူချက်ပြင်းထန်ပါစေ
ခံစားချက်တွေ သိပ်မတွေးနဲ့ပေါ့…။
 
၂၀၂၃ ခုနှစ်အတွင်း မမြင်ချင်ဆုံးအရာပြပါဆိုရင်
PDF စခန်း ဝင်စီးခံရတယ်
PDF ရဲဘော်တွေ အဖမ်းခံရတယ်
PDF စစ်သည်တွေ အသက်ပေးလိုက်ရတယ်
 
PDF ထောက်ပံ့လို့ အလောင်းပြန်မရတဲ့ အချိန်
စစ်ခွေးအာဏာသိမ်းလို့ ကျပ်တည်းနေတဲ့ လူထု
သူတို့ ချွေး
သူတို့ သွေး
သူတို့ စေတနာ
ဒီအသိတရား လက်ကိုင်ထားပါ
ဘယ်အရာမှ အလကားမရဘူး…။
 
ဒီနှစ်ဟာ စစ်အာဏာရှင်စနစ်
အဆုံးသတ်နိဂုံးရဲ့ နိဒါန်းအစမို့
မတရားမှုကို ခုခံတော်လှန်နေသူအားလုံး
ကိုယ်က သွေး ဘေးကိုပြု
တောက ဆေး ဘေးကိုကုဆိုသလိုပဲ
မသာပေါ်ခံရတော့မယ့် တိရစ္ဆာန်ကို
ကြာကြာပြေးခိုင်းကြပြီး
 
ဒီနည်းနဲ့ ဆိုရေးဖြစ်လာတယ်
ချွေးထွက်များမှ သွေးထွက်နည်းမယ်တဲ့
ဒေါ်စိန်အေးကျောင်းက မိစ္ဆာဆောင်ပုဒ်
လူမမယ်မျိုးဆက်သစ်လေးတွေ
စစ်ခွေးဖြစ်အောင်သင်ပေးတဲ့ကျောင်း
ဆောင်စရာ အာဟာရချို့တဲ့ခဲ့လျှင်တော့
ခရီးရှည်တောင်ဆက်နိုင်မှာ မဟုတ်ဘူး
ကျန်းမာရေး အထူးဂရုစိုက်ကြစေလို…။
 
လာမယ့် ဆောင်းရာသီ
ကချင်ပြည်က ရေတွေဆက်လို့ ခဲ
စစ်ခွေးမုန်းနေသူတွေက ရင်ထဲကြိတ်လို့ ဆဲ
ကူမယ့်သူက ရှိနေဆဲမို့
လက်နက်ကိုင်တော်လှန်ရေးတွေ အောင်ပွဲဆင့်
 
ဒီနှစ်
ဒီခေတ်
ဒီမျိုးဆက်သစ်တို့ရဲ့
တန်ပြန်ထိုးစစ်ဗျူဟာတိုက်ပွဲမှာ
ကရင်နဲ့မွန် စစ်ကြောင်း တောင်ဘက်ကလာ
အနောက်တောင်ရောမြောက်နဲ့ပါ
 
ရက္ခိုင့်တပ်တော်နဲ့ ချင်းမဟာမိတ်
တိတ်ဆိတ်နေတဲ့ ချယ်ရီမြေ
ယမ်းငွေ့တွေ တဖန်ပြန်ဝေစေသား
မန္တလေး၊ မကွေး၊ အညာတကြော
ထန်းတောကနေ မြို့တက်သိမ်း
စစ်ခွေးအာဏာရှင် နိဂုံးချုပ်ချိန်ရောက်လေပြီ
ငါတို့ တူညီယုံကြည်ရာက လက်နက်ကိုင်တော်လှန်ရေး
စစ်ခွေးနဲ့ ဘာငြိမ်းချမ်းရေးမှ ဆွေးနွေးစရာအကြောင်းမရှိ…။
 

– လွတ်မြောက်မြေလိုချင်သူ

Related Articles

Back to top button