ကဗျာ

ပြည်ထောင်တွေ ပြန်စုကြရအောင်

ပြည်ထောင်တွေ ပြန်စုကြရအောင်

အေးရင် ချမ်းသလား မောင်
အေးရင် ချမ်းသလား မောင်ရဲ့
အခုတော့ အေးပြီး ရင်ပူနေရပါသကောလား။

ငြိမ်းချမ်းရေးနဲ့ အေးချမ်းရေးအတွက်
လူတွေ နှုတ်နဲ့မဆို လက်နက်နဲ့ ဆိုနေကြပြီ
ဒို.. ရေ.. မီ.. ဖာ ထဲမှာ
သေနတ်သံကို ဘာကီးနဲ့တီးရမှာလဲ
သေနတ်သံကို ဘာကီးနဲ့တီးရမှာလဲလို့..
မောင်ရေ ဆောင်းလယ်မှာ
ရင်ပူနေရတာ
သားတစ်ယောက်အမေအတွက်ရော
ယောကျားသည်အတွက်ရောလေ
မောင့်အတွက်ကိုလည်း သီးသန် ရင်ပူနေရတယ်။

အနှစ်တစ်ရာ လွတ်လပ်ရေးအတွက်
သန်းတစ်ရာသူတွေ အရိုးကိုသွေး တိုက်နေကြရတာ
တရားသလားမောင်
တရားသလား မောင်ရယ်။
ငြိမ်းချမ်းမှုနဲ့ စစ်တိုက်ရမှာလား
တိုက်ပွဲတွေနဲ့ ငြိမ်းချမ်းရမှာလား

တိုက်ပွဲနဲ့အတူ ဘယ်နှနှစ်လောက် ထပ်ပြီး
ယှဉ်တွဲနေထိုင်ရမလဲ…
မချစ်သော်လည်း အောင့်ကာ နမ်းပါရစေတော့
သွေးစက်လက်နဲ့ မပွေ့ဖက်ချင်တော့ဘူး။

ငှက်ကလေးတွေ အိပ်တန်းပြန်သလို
စစ်သားတွေသာ စစ်တန်းလျားပြန်ခဲ့ရင်….
ချိုးဖြူငှက်လည်း သံလွင်ခက်ကို ချီပြီး
အသိုက်ဆောက်နေရပြီပေါ့..

မောင်ရယ် ကလေးရယ်
အသိုက်နဲ့ အဝန်းနဲ့ နေနေရပြီပေါ့နော်
ငြိမ်းချမ်းရေးသင်္ကေတနဲ့ မောင့်ကို
နီတာရဲလေး လက်ဆောင်ပေးမယ်။

ပြည်ထောင်တွေစုကြရအောင်
ပြည်ထောင်တွေကို ပြန်ပြီး စုစည်းကြရအောင်
စုစည်း ချစ်ကြည်ကြရအောင်
စုစည်း ချစ်ကြည်ကြရအောင်ပါ။

ကံ့ကော်ဖြူ

Related Articles

Back to top button