သတင်း

NCA ထိုးထားတဲ့ RCSS နှင့် PNLO တိုက်ပွဲဖြစ်

ဓါတ်ပုံ – Getty Images

ဖက်ဒရယ်ဂျာနယ် မြန်မာ
မေ ၂၀ ရက်၊ ၂၀၂၃။

ရှမ်းပြည်နယ် (တောင်)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မောက်မယ်မြို့နယ်၊ ထီဖက်နံကျေးရွာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA ထိန်း ချုပ်နယ်မြေ တပ်စခန်း တည်ရှိတဲ့ နေရာထဲသို့ အင်းအား ၁၀၀ ကျော်ခန့်ပါတဲ့ ရှမ်းပြည်ပြန်လည် ထူ ထောင်ရေး ကောင်စီ RCSS/SSA တပ်ဖွဲ့တို့ ၂၀၂၃ ခုနှစ် မေလ (၂၀) ရက်နေ့ ဒီကနေ့ မနက်ပိုင်း (၅)နာရီ ခန့်အချိန်မှာ ဝင်ရောက်လာတာကြောင့် နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ PNLO ပြန်ကြားရေးအဖွဲ့ဆီက သိရပါတယ်။

နှစ်ဖက်တိုက်ပွဲဟာ ၂ နာရီခန့် ကြာဖြစ်ခဲ့ပြီး RCSS/SSA တပ်ဖွဲ့က PNLO/ PNLA တပ်ဖွဲ့ကို လာရောက် ပစ်ခိုက်တိုက်ခဲ့တာလို့ PNLO ဘက်က ဆိုပါတယ်။

တိုက်ပွဲ ၂ နာရီကြာ ဖြစ်ပွားပြီးနောက် မနက်ပိုင်း (၇) နာရီခန့်မှာတော့ RCSS တပ်ဖွဲ့ဘက်က ပအိုဝ်းကျေးရွာ များဖြစ်တဲ့ နမ့်ယမ်နှင့်လေခွင် ကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားသလို အဲဒီနောက် ရောက်ရှိနေတဲ့ ပအိုဝ်း ကျေးရွာထဲမှာ တပ်စွဲထားကာ ဒေသခံများအား ရွာပြင်ထွက်ခွင့်မပေးပဲ တပ်အင်အား ထပ်မံ ဖြည့်တင်း နေတယ်လို့ သိရပါတယ်။

အခု နှစ်ဖက်တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျရှုံးမှု မသိရသေးသလို ဖက်ဒရယ်ဂျာနယ် မြန်မာအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA တို့ဟာ တနိုင်ငံလုံးအပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးကြတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။

Related Articles

Back to top button