သတင်း

အိန္ဒိယရောက် မြန်မာနိုင်ငံသားများ ၃ နှစ်ပြည့် စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုပြုလုပ်

အိန္ဒိယရောက် မြန်မာနိုင်ငံသားများ ၃ နှစ်ပြည့် စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုပြုလုပ်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဖေဖော်ဝါရီ ၁၊ ၂၀၂၄
 
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ရောက်ရှိနေတဲ့ မြန်မာလူငယ်များနဲ့ တက်ကြွလှုပ်ရှားသူများက ပူးပေါင်းပါဝင်ကြပြီး ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ ၃ နှစ်ပြည့် စစ်အာဏာရှင် ဆန့်ကျင်လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
 
အခုလှုပ်ရှားမှုကိုတော့ India For Myanmar က ဦးဆောင်ခဲ့တာဖြစ်ပြီး ပြည်တွင်းမှာ ပြုလုပ်နေတဲ့ Silent Strike နဲ့ အဖြူရောင် လှုပ်ရှားမှုကို ထောက်ခံတဲ့ သင်္ကေတဖြင့် ပါဝင်လှုပ်ရှားခဲ့ကြတာလို့ ဦးဆောင်သူ တဦးက ပြောပါတယ်။
 
“ပြည်တွင်းကနေ ခေါ်တဲ့ Silent Strike နဲ့ အဖြူရောင် လှုပ်ရှားမှုမှာ တအားသရွေ့ပါဝင်အားဖြည့် သင်္ကေတ ပြရုပ်လည်း ဖြစ်ပါတယ်” လို့ သူကပြောပါတယ်။
 
အခုလှုပ်ရှားမှုမှာတော့ အင်အား ၃၀ ခန့်ဖြင့် လူငယ်များနဲ့ တက်ကြွလှုပ်ရှားသူများက “အာဏာသိမ်း (၃) နှစ်ပြည့် မမေ့ကြနဲ့” ဆိုတဲ့ ဆောင်ပုဒ်ကိုင်ဆွဲပြီး ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။
 
ဓါတ်ပုံ – ပေးပို့ / India For Myanmar

Related Articles

Back to top button