သတင်း

သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ ကျေးရွာတွေကို မီးရှို့ဖျက်စီးမှုကြောင့် ဒေသခံများစွာ ထွက်ပြေး တိမ်းရှောင်နေရ

Photo – CJ

ဖက်ဒရယ်ဂျာနယ် မြန်မာ။
ဇွန်လ ၇ရက်၊ ၂၀၂၃။

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ ဥတ္တူရွာနဲ့ ကျောက်လှေကားကျေးရွာတွေထဲကို စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ကျေးရွာများကို မီးရှို့ဖျက်စီးခြင်းကြောင့် ဒေသခံများစွာ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်သား အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကြောင်း နှစ်ကြောင်းက ဇွန်လ ၆ ရက်နေ့မနက်ပိုင်းမှာ စတင်ဝင်ရောက်လာပြီး ကျေးရွာအတွင်းကို လက်နက်ကြီး ပစ်ခတ်ခြင်း၊ အရပ်သားနေအိမ်များကို မီးရှို့ ဖျက်စီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်စီးထားမှုကြောင့် ဥတ္တူကျေးရွာတွင် နေအိမ် လက်ရှိမှာ နေအိမ် ၂လုံးပျက်စီးထားကာ ကျောက်လှေကားကျေးရွာမှာတော့ လက်နက်ကြီးကြောင့် နေအိမ်တချို့ ထိခိုက်ပျက်စီးပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူများမှာလည်း ၁၀၀၀ ကျော် ရှိနေကြောင်း သိရပါတယ်။

အဆိုပါ ဥတ္တူရွာနဲ့ ကျောက်လှေကားကျေးရွာ ဒေသ ခံ ၁၀၀၀ ကျော်ဟာ ဘေးလွတ်ရာ နေရာတွေနဲ့ နီးစပ်ရာ ဥယျာဉ်ခြံတွေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်သားများက ကျေးရွာတွေအတွင်း ဆက်လက် တပ်စွဲထားပြီး အနီးပတ် ဝန်းကျင်ကျေးရွာတွေကို လက်နက်ကြီးပစ်ခတ်တာတွေကိုလည်း လုပ်ဆောင်လျှက် ရှိနေကြောင်း သိရပါတယ်။

Related Articles

Back to top button