သတင်း

ဖယ်ခုံမြို့နယ်၊ အနောက်ဖက်ခြမ်းရှိ ဆောင်ဖွေးဆေးရုံ လေယာဉ်ဗုံးကြဲခံရ

ဓါတ်ပုံ – CJ

ဖယ်ဒရယ်ဂျာနယ် မြန်မာ

ဧပြီလ ၂၅၊၂၀၂၃

ကယား(ကရင်နီ)ပြည်နယ် ဖယ်ခုံမြို့နယ်၊ အနောက်ဖက်ခြမ်းရှိ ဆောင်းဖွေးဆေးရုံးကို ယနေ့ နေ့လည် ၁၂နာရီ ဝန်းကျင်ခန့်မှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။

ဆောင်းဖွေးဆေးရုံးဟာ ဖယ်ခုံမြို့နယ်၊ အနောက်ဖက်ခြမ်းရှိ ဒေသခံပြည်သူများနဲ့ စစ်ရှောင်ပြည်သူများ အဓိက အားကိုး ရသည့်ဆေးရုံးတခုလည်း ဖြစ်ပါတယ်။

” ဆေးရုံးကိုလာကြဲတာ ၁၂ နာရီ ဝန်းကျင်လောက်ကပါ၊ ‌၄ ကြိမ်လာကြဲသွားတာ ယောက်ျားလေး (၂)ယောက်နဲ့ မိန်းကလေး (၁)ယောက် အားလုံး(၃)ယောက် ဒဏ်ရာရတယ်၊ ဆေးရုံးမှာ လေယာဉ်ဗုံးလာကြဲမယ်ဆိုတဲ့ သတင်းတွေ ကြားနေတာတော့ကြာပြီ အဲဒီကြောင့် လူနာတွေက ကြိုရွေ့ထားကြတာပေါ့၊ အခုဗုံးကြဲခံရတဲ့ ဆေးရုံတွေကတော့ ရစရာမရှိ‌ပါဘူး၊ လေယာဉ်နဲ့ ကြဲပြီးတော့ ဖယ်ခုံအမြောက်တပ်ကနေလည်း လက်နက်ကြီးတွေနဲ့ လှမ်းထုတယ်” လို့ ဆေးရုံးအနီးနားက ဒေသခံ တဦးက ပြောပါတယ်။

ယခုရက်ပိုင်းမှာလည်း ဖယ်ခုံ – ပင်လောင်းနယ်စပ်တွေမှာလည်း ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် တို့ တိုက်ပွဲပြင်းထန် နေတာလည်း ဖြစ်ပါတယ်။

Related Articles

Back to top button