တိုင်းရင်းသားများသတင်းသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 29, April 11, 2023)

၁။     စစ်ကောင်စီက ဝေဘူလမြို့ကို ဗုံးကြဲတိုက်ခိုက်၊ အရပ်သားပြည်သူ ၉ ဦးသေဆုံးဟုဆို
       April 10, 2023

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဝေဘူလမြို့ကို စစ်ကောင်စီက ယနေ့မနက်ပိုင်း ၁၁ နာရီဝန်းကျင်ခန့်မှာ တိုက်လေယာဉ် ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူ ၉ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ဧပြီလ ၁၀ ရက် မနက်ပိုင်းတွင် ဖလမ်းမြို့အနီး ဗာရ်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF ကဝင် ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က တိုက်လေဖြင့် ဝေဟင်ကနေဗုံးကြဲ တိုက်ခိုက်ခဲ့ရာမှာ ဝေဘူလမြို့ ကိုလည်းဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှသိရသည်။ စစ်ကောင်စီ၏ တိုက်လေယာဉ်သည် ဝေဘူလမြို့ စာသင်ကျောင်းနှင့် ဘောလုံးကွင်းအနီးတွင် ဗုံး ၂ လုံးကြဲချခဲ့ပြီး အရပ်သားပြည်သူအနည်းဆုံး ၉ ယောက်သေဆုံးကာ အများ အပြားဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ “၉ ယောက်သေဆုံးတယ်လို့သိရတယ် ထိခိုက်ဒဏက်ရာရတဲ့သူ တော်တော်များတယ်၊ အမျိုးသမီးတစ်ယောက်ဆို ကုသနေချိန်မှာ သေသွားတယ်၊ သေသွားတဲ့သူ လူဦးရေက အတိအကျပြောရဖို့နည်းနည်းခက်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဝေဘူလ ဘက်က လိုင်းမကောင်းတဲ့အခါကြတော့ အတိအကျမသိနိုင်သေးဘူး”ဟု ဖလမ်းမြို့ကဒေသခံ တစ်ဦးကပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဝေဘူလမြို့ပေါ်က လူနေအိမ် ၅ လုံးလည်း မီးလောင်း ပျက်စီးခဲ့သည်ဟု သိရသည်။ ဝေဘူလမြို့သည် ဗာရ်ကျေးရွာမှာ ၁၅ မိုင်ခန့်ကွာဝေးပြီး ကလေး-နတ်ချောင်း- ဖလမ်း လမ်းမပေါ် တွင်တည်ရှိသော မြို့တစ်မြို့ဖြစ်သည်။ စစ်ကောင်စီ၏ တိုက်လေယာဉ်သည် ဖလမ်းမြို့နယ် ဗာရ်းကျေးရွာနှင့် ကြောင်ဟဲ ကျေးရွာတို့တွင်လည်း ၆ ကြိမ်ထက်မနည်း ဗုံကြဲခဲ့ကြောင်းသိရသည်။ https://www.faceboo k.com/KhonumthungBurm ese/photos/pcb.3402772789990739/34 02772019990816

၂။     တော်လှန်ရေးအတွက် ဆက်လက်ကြံ့ကြံ့ခံရပ်တည်ကြရန်ရက္ခိုင့်တပ်တော် (၁၄) နှစ်မြောက်နေ့တွင် တပ်မှူး               ချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြော
       April 10, 2023

တော်လှန်ရေးနှင့်ပတ်သက်၍ ဆက်လက်ပြီး ကြံ့ကြံ့ခံရပ်တည်ကြရန် အာရက္ခပြည်သူများနှင့် အဝေးရောက် ရခိုင် လုပ် သားပြည်သူများအား ရက္ခိုင့်တပ်တော်(AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တိုက်တွန်းပြောဆိုလိုက်သည်။ ဧပြီလ ၁၀ ရက်တွင်ကျရောက်သည့် ၁၄ နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့အခမ်းအနားတွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောဆိုခဲ့သည့် မိန့်ခွန်းမှ ကောက်နှုတ်ချက်တချို့တွင် ဖော်ပြထားခြင်းဖြစ်သည်။ အဆိုပါမိန့်ခွန်းကောက်နှုတ်ချက်ထဲတွင် တိုက်ပွဲသံ၊ ဗုံးလက်နက်အ မြောက်ဆံများကြားမှ နာကြင်မှုမျက်ရည်နှင့် ရဲရင့်စွာရပ်တည်နေကြသည့် အာရက္ခပြည်သူများ၊ ရောက်ရာအရာမှ တော်လှန်ရေး အတွက် နိုင်ရာတာဝန်ကိုထမ်းဆောင်နေသည့် နိုင်ငံတကာနှင့် အဝေးရောက် ရခိုင်လုပ်သားပြည်သူတစ်ရပ်လုံး၏ရပ်တည် ကူညီ မှုများအားအထူးကျေးဇူးဥပကာရ တင်ရှိကြောင်းနှင့် ဆက်လက်ပြီး တော်လှန်ရေးအတွက်ကြံ့ကြံခံရပ်တည်ကြရန် ဗိုလ်ချုပ် ထွန်းမြတ်နိုင် က ပြောဆိုထားသည်။ “တိုက်ပွဲသံ၊ ဗုံးလက်နက်အမြောက်ဆံတိကြားက နာကြင်မှုမျက်ရည်တိနန့် ရဲရင့်စွာရပ် တည်နီကတ်တေ အာရက္ခပြည်သူတိနန့် တော်လှန်ရီးကို ရောက်တေနီရာက နိုင်ရေတာဝန်ကို ထမ်းဆောင်ပီးနီကတ်တေ နိုင်ငံ တကာနန့် အဝီးရောက် ရက္ခိုင်လုပ်သားပြည်သူတရပ်လုံး၏ ရပ်တည်ကူညီမှုတို့ကို အထူးကျေးဇူး ဥပကာ ရတင်ဟိပါရေ။ ဆက်လက်ပြီးကေ ကြံ့ကြံ့ခံရပ်တည်ပီးကတ်ပါ။ စည်းလုံးမှုအပြည့်နှင့် ခရီးဆက် ကတ်ပါမေ” ဟု  ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင် စကားဖြင့် ပြောဆိုထားသည်။

တော်လှန်ရေးကာလတွင် တော်လှန်ရေးလောကဓံကိုသွေဖီပါက ကျွန်ဖြစ်မည်ဖြစ်ကြောင်းနှင့် သတ္တိရှိပြီး လက်တွေ့ ဆန်သည့် မျိုးချစ်များအတွက် နာကျင်ဒဏ်ရာအမာရွတ်များမှာ ခွန်အားနှင့်ဆုတံဆိပ်များပင်ဖြစ်ကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင် က ပြောဆိုသည်။ “တော်လှန်ရီးကာလမှာ တော်လှန်ရီးလောကဓံက ရင်ဆိုင်ဖြတ်ကျော်နိုင်ရဖို့၊ သွေဖီကေ ကျွန်ဖြစ်ဖို့။ သတ္တိဟိ ရေ လက်တွိဆန်ရေမျိုးချစ်တိအတွက် အေနာကြင်မှုဒဏ်ရာအမာရွက်တိစွာ ခွန်အားနန့်ဆုတံဆိပ်တိပင်ဖြစ်တေ” ဟု ဆိုသည်။ တော်လှန်ရေးကာလ ဖြတ်သန်းထိုးဖောက်မှုတိုက်ပွဲများတွင် တိုင်းပြည်နှင့် လူမျိုးအတွက် ဘဝ၊ ခန္ဓာ အသက်တို့ကို ပေးဆပ်သွား ကြသည့် ရဲဘော်ရဲဘက်များအား လေးနက်စွာ ဂါရဝပြုကြောင်း ပြောသည်။ ဒုက္ခသုက္ခများကြားမှ ဘဝများကိုရင်းပြီး ယုံကြည် ချက်အပြည့်နှင့် တိုက်ပွဲဝင်ရန်အသင့်ဖြစ်နေပြီး တာဝန်အသီးသီးကိုထမ်းဆောင်နေသည့် ရဲဘော်ရဲမယ်အပေါင်းကိုလည်း အလေးနက်ဂါရဝပြုကြောင်း ဆက်လက်၍ ပြောဆိုထားသည်။ ရက္ခိုင့်တပ်တော် (AA)ကို ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၀ ရက် တွင် KIO ဌာနချုပ်ရှိရာ ကချင် ပြည်နယ်၊ လိုင်ဇာမြို့၌ စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့တွင် ၁၄ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ https://www.fa cebook.com/photo/?fbid=6125558475782 15&set=pcb.612555234244943

၃။    တိုင်းရင်းသားပေါင်းစုံ စုပေါင်းတိုက်ဖို့ ကော်ပရာစစ်ကြောင်းနဲ့ ပူးပေါင်းတာလို့ VENOM စစ်ကြောင်း အသိပေး
       April 10, 2023

စစ်အာဏာရှင်ကို အမြစ်ဖြတ်နိုင်ဖို့ တိုင်းရင်းသား ပေါင်းစုံ စုစည်း တိုက်ခိုက်လိုတာကြောင့် ကော်ပရော စစ်ကြောင်းနဲ့ ပူးပေါင်းတာလို့ VENOM စစ်ကြောင်း သတင်းပြန်ကြားရေး တာဝန်ခံ ဒေါ်ယမင်းဝါဝါမောင် က မဲခေါင်သတင်းကို ဧပြီလ ၉ ရက် ညပိုင်းက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်က ဗိုလ်တာဘော ဦးဆောင်တဲ့ ကော်ပရာ စစ်ကြောင်းထံကို PDF အများစုနဲ့ ဖွဲ့စည်းထားတဲ့ VENOM စစ်ကြောင်း လာရောက် ပူးပေါင်းခဲ့တာလို့ VENOM စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။ “VENOM စစ်ကြောင်း အနေနဲ့ အာဏာရှင် အမြစ်ပြုတ်ရေးမှာ အင်အားကောင်းကောင်းနဲ့ စနစ်တကျ တိုက်ခိုက်နိုင်ဖို့ ဦးတည်ချက် မှန်ကန် တဲ့၊ ရပ်တည်ချက် ရည်ရွယ်ချက်တူတဲ့ အဖွဲ့အစည်း မှန်သမျှနဲ့ ပူးပေါင်း တိုက်ပွဲဝင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါရှင့်။ နှစ်ပေါင်း ၆၀ ကျော် ခံစားခဲ့ရတဲ့ အာဏာရှင်စနစ်ဆိုး လက်အောက်က ပြည်သူတွေရဲ့ ဒုက္ခတွေ အမြန်ဆုံး ချုပ်ငြိမ်းဖို့ ကျွန်မတို့ တိုင်းရင်သား မောင်နှမတွေ သွေးစည်း ညီညွတ်စွာ အင်အားကောင်းကောင်းနဲ့ တိုက်ခိုက်နိုင်ဖို့လည်း ရည်ရွယ်ပါတယ်ရှင့်”လို့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဒေါ်ယမင်းဝါဝါမောင် ကပြောပါတယ်။

အဖွဲ့အစည်းဆိုတာ အရေးမကြီးဘဲအာဏာရှင်ကို အမြစ်ပြတ်တိုက်ထုတ်ဖို့ကသာ အဓိက ဖြစ်တယ်လို့ သူက ဆက်ပြော ပါတယ်။ “ဘယ်အဖွဲ့အစည်းရဲ့ လက်အောက်မှရယ် မဟုတ်ပါ။ အားလုံးက ရည်ရွယ်ချက်တူကြတဲ့ လမ်းတူတဲ့ တိုင်းရင်း သား ညီကိုမောင်နှမတွေပါ။ ကျွန်မတို့ တလှေထဲစီး တစ်ခရီးထဲ သွားတွေပါ။ နံပါတ်တစ်သည် အာဏာရှင် အမြစ်ပြတ်ဖို့၊ နံပါတ်နှစ် သည်လည်း အာဏာရှင် အမြန်ဆုံး ကျဆုံးဖို့၊ နံပါတ်သုံးသည် တိုင်းရင်းသား ပေါင်းစုံ ညီညွတ်စွာ တည်ထောင်ထားတဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းလာဖို့ ဆိုရင် အာဏာရှင်ကို ကျွန်မတို့ Venom PDF စစ်ကြောင်က အမြစ်ပြုတ်အောင် ချေမှုန်း တိုက်ထုတ်နိုင်ဖို့ ပါရှင့်” လို့ ဒေါ်ယမင်းဝါဝါမောင် က ရှင်းပြပါတယ်။ အခုလို VENOM PDF စစ်ကြောင်း လာရောက် ပူးပေါင်းမှု ကြောင့် ကော်ဘရာ စစ်ကြောင်းရဲ့ ဖွဲ့စည်းပုံကို စစ်ကြောင်း ၂ ကြောင်း သတ်မှတ်လိုက်ရာ ကော်ဘရာ စစ်ဆင်ရေးမှူး – ဗိုလ်ဒါဘော၊ စစ်ကြောင်း(၁) စစ်ကြောင်းမှူး – ဗိုလ်စောကော်၊ စစ်ကြောင်း (၁) ဒုစစ်ကြောင်းမှူး – ဗိုလ်တွံတေး (ခ) စောဘလူ့ဒို့၊ စစ်ကြောင်း (၂) စစ်ကြောင်းမှူး – ဗိုလ်စောဝင်းမြင့်၊ စစ်ကြောင်း (၂) ဒုစစ်ကြောင်းမှူး-ဗိုလ်စောငြိမ်းချမ်းဝင်း တို့ ဦးဆောင်သွား မယ်လို့ ကော်ပရာ စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။ https://www.facebook.com/MeKongNewsMM/photos/a.37 3965523263391/ 1208872816439320/

၄။    စစ်ကောင်စီ၏ ကျိုက်ထို တပ်မ(၄၄)နှင့်  ဘီးလင်းရှိ BGF ဂိတ်စခန်း တိုက်ခိုက်ခံရပြီး BGF အရာရှိ ၂ ဦး               သေဆုံးဟုဆို
       April 10, 2023

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်တွင် ဧပြီလ ၉ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ စစ်ကောင်စီ၏ ကျိုက်ထိုအခြေစိုက် တပ်မ (၄၄) နှင့် စစ်ကောင်စီလက်အောက်ခံ BGF ဂိတ်စခန်းတစ်ခုအား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဘီးလင်းမြို့နယ်အတွင်းရှိ မဲလံBGFဂိတ်စခန်းတစ်ခုအား နံနက် ၁၀ နာရီ ၅၀ မိနစ်ဝန်းကျင်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့ ဝင် အရာရှိ နှစ်ဦးဖြစ်သည့် ဗိုလ်မြဝင်းနှင့် ဗိုလ်မိုးဇက် ဆိုသူတို့သေဆုံးခဲ့ကြောင်း သထုံခရိုင် PDF ထံက သိရသည်။ “BGF ရဲ့ စစ်ဆေးရေးဂိတ်စခန်းကိုတိုက်ခိုက်ခဲ့တာ။ ကျိုက်ထို တပ်မ (၄၄) ဌာနချုပ် ထဲကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်။ ထိခိုက်မှုတော့ မသိရသေးဘူး” ဟု သထုံခရိုင် PDF တာဝန်ရှိသူက ပြောသည်။

ကျိုက်ထိုအခြေစိုက်တပ်မ(၄၄) အားလက်နက်ကြီးဖြင့်တိုက်ခိုက်ခဲ့ပြီးနောက် ပြန်လည်ပစ်ခတ်ခဲ့မှုကြောင့်  စစ်ကောင်စီ တပ်မှ ပစ်ခတ်သည့် လက်နက်ကြီး နှစ်လုံးမှာ ငှက်ပျောတော‌ကျေးရွာဘက်သို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံများက ဆိုသည်။ အဆိုပါတိုက်ခိုက်မှု နှစ် ခုကို KNU/KNLA၊ KRF၊ PDF၊ PPDF-KD၊ ဘီးလင်း(ပကဖ)၊ ကျိုက်ထို (ပကဖ) တို့မှ အသီးသီး ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့က သထုံမြို့နယ်၊ ဝီယော်ကျေးရွာရှိ စစ်ကောင်စီ လက်အောက်ခံ ခမရ (၉) တပ်ရင်းကို KNU/KNLA ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ https:/ /www.facebook.com/ayeyarwaddytimes/phot os/a.509189952572344/2452455001579153/

၅။      ဖလမ်းမြို့အနီး စစ်ကောင်စီတပ်စခန်းကို CNDF က စီးနင်းသိမ်းပိုက်၊ စစ်ကောင်စီတပ်သား ၁၄ ဦးသေဆုံးပြီး           ၁၁ ဦး အရှင်ဖမ်းမိ
         April 10, 2023

ချင်းပြည်နယ် ဖလမ်းမြို့အနီးရှိ စစ်ကောင်စီတပ်ဖွဲ့၏ ဗာရ်းစခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF က ယနေ့ မနက်ပိုင်းက ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၄ ဦးသေဆုံးကာ ၁၁ ယောက်အရှင်ဖမ်းဆီး ခေါ် ဆောင်သွားသည်ဟုသိရသည်။  ဗာရ်းစခန်းကို ယနေ့မနက်ပိုင်းလင်းအားကြီးချိန် ၅ နာရီခန့်တွင် CNDF တပ်ဖွဲ့က အလစ်ငိုက်ဝင် ရောက် တိုက်ခိုက်ကာ တစ်နာရီကျော်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စခန်းကိုသိမ်းပိုက်နိုင်ခဲ့ကြပြီး တိုက်ပွဲအ တွင်း စစ်ကောင်စီ တပ်သား ၁၄ ယောက်သေဆုံးကာ ၁၁ ယောက်ကိုအရှင်ဖမ်းဆီးရမိသည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျူံငိုင်း ကပြောသည်။  “ဗာရ်းစခန်းကို မနက် ၅ နာရီလောက်ကနေစပစ်တာ တစ်နာရီ ခွဲလောက် ဆက်တိုက်ပစ်ပြီးတဲ့အချိန်မှာ ကျွန်တော်တို့ ဗာရ်း စခန်းကို သိမ်းပိုက်နိုင်တယ်၊ စစ်ကောင်စီဘက်က အကျဆုံးတော် တော်များများရှိတယ်၊ ပြီးတော့ စစ်ကောစီတပ်သား ၁၁ ယောက်လောက်ကို အရှင်ဖမ်းမိရတာတွေလည်းရှိတယ်၊ လက်နက် တစ်ချို့လည်း သိမ်းဆည်းရမိတာလည်းရှိ တယ် ပေါ့နော်။ ကျွန်တော်တို့ဘက်ကတော့ မိုင်းမတော်တစ ဖြစ်ပြီးတော့ ကျသွားတာ ရှိတယ်။” ဟု ဆလိုင်းကျူံငိုင်း ကပြောသည်။

ကလေး-ဖလမ်းကားလမ်းမပေါ် မဏိပူရမြစ်နဘေးတွင်တည်ရှိသော ဗာရ်းကျေးရွာတွင် အင်အား ၃၀ ခန့်ဖြင့် စခန်းချ တပ်စွဲ ထားသော စစ်ကောင်စီတပ်ဖွဲ့သည် ခရီးသားပြည်သူများနှင့် ဒေသခံများအတွက် အနှောက်အယှက်ဖြစ်သည့် အတွက် ဝင် ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆလိုင်းကျူံငိုင်း ကပြောသည်။ “ဒီဗာရ်းစခန်းဆိုတာက ပြည်သူလူထုကို တော်တော် အနှောက်ယှက်ပေးတဲ့စခန်းဖြစ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ အတင်း ပိုက်ဆံကောက်တာမျိုးတွေ၊ ပြည်သူလူထုတွေ အကြပ် တည်းဖြစ်အောင်လုပ်တဲ့အတွက်လည်း ဖြစ်တယ်ပေါ့နော်။ ဒီလမ်းမ ကြီးပေါ်မှာရှိတဲ့အတွက် အနှောက်ယှက်တော်တော်ဖြစ် တယ် အဲ့တာကြောင့် ကျွန်တော်တို့ တိုက်တာပါ။” ဟု ဆလိုင်းကျူံငိုင်း ကပြောသည်။ ယင်းစခန်းသိမ်းတိုက်ပွဲတွင် ချင်းကာကွယ် ရေးတပ်ဖွဲ့ CNDF ဘက်ကတော့ ရဲဘော်တစ်ဦးကျဆုံးခဲ့သည်ဟု သိရသည်။ https://www.facebook.com/Khonumthung Burmese/photos/a.1681578358776866 /3402751836659501

၆။    ၁၄ နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့အတွက် NUG အပါအဝင် လက်နက်ကိုင်အဖွဲ့ အသီးသီးမှ သဝဏ်လွှာပေးပို့
       April 10, 2023

ဧပြီလ ၁၀ ရက်နေ့တွင် ကျရောက်သည့် ရက္ခိုင့်တပ်တော်(AA) ထူထောင်ခြင်း (၁၄) နှစ်ပြည့်နေ့ အတွက် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်း လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ ဂုဏ်ပြုကြောင်း သဝဏ်လွှာ များ ပေးပို့ထားကြသည်။ ရခိုင်တို့၏ ကိုယ်ကံကြမ္မာဖန်တီးနိုင်ခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့သည်မှာ ၁၄ နှစ်တိုင်တိုင်ရှိခဲ့ပြီဖြစ် သည့်အတွက် ရခိုင်ပြည်သူလူထုနှင့်အတူ ဝမ်းမြောက်ကြောင်း၊ ထိုခရီးကြမ်းအတွင်း အသက်အိုးအိမ်၊ စည်းစိမ်နှင့် အသက်များ ကို ပေးလှူခဲ့ကြသော ရခိုင်ပြည်သူလူထုကိုလည်း လေးနက်စွာ အောက်မေ့ဦးညွတ်ကြောင်း NUG ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။ လက်ရှိ မြန်မာပြည်တဝှမ်း အာဏာရှင်ကို တော်လှန်နေချိန်တွင်လည်း AA က အဖိနှိပ်ခံပြည်သူများနှင့် အတူ ရပ်တည်ရှိပြီး တော်လှန်ရေးအင်အားစုများနှင့် လက်တွဲကူညီပံ့ပို့ပေးလျက်ရှိကြောင်း NUG ကဆို ထားသည်။ ရက္ခိုင့်တပ်တော် (AA)ထူထောင်ခြင်း ၁၄ နှစ်ပြည့်အတွက် နွေဦးတော်လှန်ရေးနှင့်အတူ ပေါက်ဖွားလာသည့် မကွေးလူထုတော်လှန်ရေးအပါအဝင် လက်နက် ၈ ဖွဲ့ကလည်း မိမိတို့အဖွဲ့အစည်းများအား ကူညီပံ့ပေးမှု၊ သင်ကြားမှုအတွက် တစ်ဖွဲ့ချင်းစီမှ ကျေးဇူးအထူးသိရှိနေမည် ဖြစ်ကြောင်းဖော်ပြထားသည်။

ယင်းအပြင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ကလည်း ၁၄ နှစ်တိုင်အောင် ကြံကြံခံတိုက်ပွဲဝင်နိုင်ခဲ့သော ရက္ခိုင့်တပ်တော်(AA)ကို ဂုဏ်ပြုမှတ်တမ်းတင်ပြီး ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုသစ်တစ်ရပ် ပေါ်ပေါက်လာသည့်အထိ အတူလက်တွဲသွားမည်ဖြစ်ကြောင်း သဝဏ်လွှာပေးပို့ထားသည်။ ကျန်းမာရေးမိသားစု – မန္တလေး (MFM)မှလည်း နိုင်ငံတော် အသစ်၊ စနစ်သစ်တစ်ခု ပေါ်ပေါက်လာသည်အထိ AA နှင့်အတူ လက်တွဲတော်လှန်မည်ဖြစ်ပြီး ရခိုင်ပြည်သူလူထု လိုလားတောင့် တသည့်အရာများကို အပြည့်အဝရရှိကြောင်း သဝဏ်လွှာပေးပို့ ဂုဏ်ပြုထားသည်။  ညီနောင်မဟာမိတ်အဖွဲ့နှစ်ခုဖြစ်သည့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်တော်(TNLA)၊ မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်တော် (MNDAA) ကလည်း ၁၄ နှစ်မြောက် ရက္ခိုင့်တပ်တော်(AA) ကို သဝဏ်လွှာပေးပို့ထားသည်။ အာဏာသိမ်းမှုကြောင့် နိုင်ငံတစ်ဝှမ်း ပြည်သူတို့ ၏ လူမှု၊ စီးပွားဘဝ ဖျက်ဆီးခံနေကြရပြီး မသေချာမရေရာမှုများနှင့် ပြည့်နက်နေသော ယင်းအခြေအနေမှ လွတ်မြောက်ရုန်း ထွက်နိုင်ရန်အတွက် မိမိတို့ ညီနောင် (၃)ဖွဲ့အနေဖြင့် တော်လှန်ရေးလက်နက်အဖွဲ့များနှင့်အတူ လက်တွဲတိုက်ပွဲဝင်ကြရမည်ဟု MNDAA/ TNLA မှ ပြောဆိုထားသည်။ ရက္ခိုင့်တပ်တော်(AA)ကို ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ကချင်လွတ်မြောက်ရေးတပ် KIA ထိန်းချုပ်ရာ လိုင်ဇာမြို့တွင် လူငယ် ၂၉ ဦးနှင့်အတူ စတင်ထူထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၁၄ နှစ်အထိရှိခဲ့ပြီလည်း ဖြစ်သည်။ https://www.faceb ook.com/dmgnewsagency/photos/a.466679383484478/2562700657215663/

၇။    လဲချားမြို့နယ်အတွင်း သျှမ်းတပ်နှစ်တပ် တိုက်ပွဲ ထပ်မံဖြစ်ပွား၊ ဒေသခံများက စစ်ရှောင်ထွက်ပြေးနေ
       April 11, 2023

သျှမ်းပြည် လဲချားမြို့နယ်အတွင်း ယနေ့ (ဧပြီ ၁၁) ရက် နံနက်ပိုင်းတွင်  သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် ဒေသခံများ လဲချားမြို့ပေါ်သို့ စစ်ရှောင်လာရကြောင်း သတင်းရရှိသည်။ ယနေ့ ဧပြီလ ၁၁ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှ စတင်ကာ လဲချားမြို့နယ် မက်လန်းကျေးရွာအနီး၌ သျှမ်းတပ် နှစ်တပ်ဖြစ်သည့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/ SSA) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ ၊ သျှမ်းပြည် တပ်မတော်  RCSS/SSA  ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး ဒေသခံ များက လဲချားမြို့ပေါ်သို့ စစ်ရှောင်ထွက်ပြေးရကြောင်း ဒေသခံများကပြောသည်။ “ဒီနေ့မနက်မှာ ပစ်ခတ်သံတွေ စကြားရ တယ်၊ RCSS/SSA နဲ့ SSPP/SSA က မက်လန်းရွာအနီးမှာ ထိတွေ့မှုဖြစ်တာလို့သိရတယ်။ ဒေသခံတွေကတော့ စပါးတွေ၊ ဆန်တွေကိုသိမ်းပြီး မြို့ပေါ်ကိုစစ်ရှောင်ထွက်ပြေးကြတယ်။ တချို့ကလည်း မြို့ပေါ်ရောက်နေပြီ။ တချို့လည်း ပစ္စည်းသိမ်းနေ တုန်း”ဟု မက်လန်းရွာမှ အမည် မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။ လက်ရှိအချိန်သည် ဒေသခံများ ကြက်သွန် စိုက်ခင်း သိမ်းနေကြချိန်လည်း ဖြစ်နေပြီး ပစ်ခတ်သံများကြားရသည့် အတွက် စိုက်ခင်းထဲ ရောက်နေကြသည့် ဒေသခံများက နေအိမ်သို့  အပြေးပြန်ကာ ပစ္စည်းသိမ်း နေကြရကြောင်း သိရသည်။  စစ်ရှောင်ထွက်ပြေးလာသူများသည် လဲချားမြို့ပေါ်ရှိ အမျိုး များ နေအိမ်ထံတွင် ဝင်ရောက်ခိုလှုံနေကြရခြင်း ဖြစ်ပြီး လက်ရှိ အချိန်ထိ ပစ်ခတ်သံများ ကြားနေရကြောင်းလည်း ဒေသခံများ က ဆက်ပြောသည်။

လက်ရှိတိုက်ပွဲဖြစ်ပွားရာအနီးမှ ကျေးရွာများဖြစ်ကြသည့် မက်လန်းကျေးရွာ၊ မန်မွမ်းကျေးရွာ နှင့် ဝမ်ဆန်းကောင်းဝိုးလုံ (ဝၢၼ်ႈသၢၼ်းဝူဝ်းလူင်) ကျေးရွာတို့မှ ဒေသခံများ စစ်ရှောင်ထွက်ပြေး ရကြောင်းသိရသည်။ “အခုလိုမျိုး သျှမ်းတပ်ဖွဲ့ အချင်းချင်း က တိုက်ပွဲဖြစ်ပေမဲ့လည်း ခံရတဲ့ သူတွေကျတော့ ကျနော်တို့ ပြည်သူတွေ ဖြစ်တယ်၊ စစ်ရှောင်သွားရတယ်၊ လုပ်ငန်းခွင်တွေ ဆုံးရှုံးရတယ်၊ တပ်ဖွဲ့အချင်းချင်း စကားတွေလည်း နားလည် သဘောပေါက်ကြတာပဲ ၊ တွေ့ဆုံဆွေးနွေးခြင်းပဲ ဖြစ်စေချင်တယ်၊ တိုက်ပွဲကို မရှိစေချင်တော့ဘူး” ဟု လည်း လဲချားမှ အသက် (၅၀) ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့တွင်လည်း လဲချားမြို့နယ် စလိုင်းလွယ်ရွာအနီး၌ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး RCSS/SSA တပ်သား ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရပြီး၊ SSPP/SSA မှ တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သည့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ လက်ရှိ တိုက်ပွဲဖြစ်ပွားရာ မက်လန်း ရွာတွင် စစ်ကောင်စီနှင့် မန်ပန်ပြည်သူ့စစ်တပ်ဖွဲ့တို့လည်း ရှိနေကြောင်းသိရသည်။ https://www.facebook.com/shannew sburmese/photos/pcb.6106818302 743895/6106817892743936/

၈။     ဘောလခဲ – ဖားဆောင်းလမ်းပိုင်းအသုံးပြုခွင့် ပိတ်ပင်ကြောင်း PDF ဒုတိယအကြိမ် သတိပေး ထုတ်ပြန်
        April 10, 2023

ကရင်နီပြည် ဘောလခဲ – ဖားဆောင်း လမ်းမကြီးများအားအသုံးပြုခွင့် ပိတ်ပင်ထားသော်လည်း ပြည်သူများအနေဖြင့် လိုက်နာမှုအားနည်းနေပြီး ယင်းလမ်းပိုင်းအား အသုံးမပြုကြရန် ဘောလခဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Bawlakhe PDF က ဒုတိယအကြိမ် သတိပေးချက်ထုတ်ပြန်သည်။ ဘောလခဲမြို့နယ်အတွင်း ဘောလခဲ – ဖားဆောင်း လမ်းမကြီးနှင့် ဘောလခဲ – ရွာသစ်လမ်းမကြီးအား လုံခြုံ‌ရေးအခြေအနေအရ ပိတ်ပင်ထားကြောင်းကို PDFက ယမန်နေ့(ဧပြီ ၉ရက်) ညတွင် ဒုတိယအကြိမ် သတိပေးထုတ်ပြန်ခြင်းဖြစ်သည်။ “လက်ရှ်ိဒေသအခြေအနေအရ သတိပေးတာပါ။ ပြည်သူ‌တွေဘက်က လိုက်နာမှုအားနည်းနေ လို့ အခက်အခံတချို့ရှိနေတယ်။ဒါက ဒုတိယအကြိမ် ထပ်သတိပေးချက်ပါ”ဟု ဘောလခဲ PDF နှင့်နီးစပ်သူတစ်ဦးက ပြောသည်။ အဆိုပါလမ်းပိုင်းကို  ဘောလခဲ PDF တပ်ရင်းအမှတ်-1105 တပ်ရင်းနှင့် ဖားဆောင်း PDF တပ်ရင်းအမှတ်-1108 တပ်ရင်းတို့မှ ဘောလခဲခရိုင်ပူးပေါင်း ဗျူဟာစစ်ကြောင်းအနေဖြင့် စောင့်ကြပ်တာဝန်ယူနေသည်။  သို့သော် ပြည်သူများက လိုက်နာမှုမရှိဘဲ ထိုလမ်းမကြီးများအား ဆက်လက်အသုံးပြုလျက်ရှိကြောင်းတွေ့ရှိ‌နေရသည်ဟု PDF က ထုတ်ပြန်ထားသည်။

ဘောလခဲ-ဖားဆောင်းလမ်းမကြီးနှင့် ဘောလခဲ-ရွာသစ်လမ်းမကြီးအား လုံခြုံ‌ရေးအခြေအနေအရ ပိတ်ပင်ထားကြောင်း ကို ဘောလခဲ PDF က မတ်လ ၂၂ ရက်တွင် ပထမအကြိမ် သတိပေးချက်ထုတ်ပြန်ခဲ့သည်။  ဘောလခဲမြို့နယ်တွင် လတ်တလော တွင် စစ်ကောင်စီတပ်စစ်ကြောင်းရှိနေသလို အင်အားတိုးမြှင့်မှုများလည်းလုပ်ဆောင်နေကြောင်း သတင်းရရှိသည်။ ဘောလခဲ မြို့နယ် ရေနီပေါက်ကျေးရွာအနီးတွင် မတ်လ ၁၆ ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီအထိနာခဲ့သည်။ မတ်လ ၂၃ ရက်တွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူများရှိရာ နေရာများကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံနှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှ်ိခဲ့ကြောင်း ဘောလခဲ PDF က ထုတ်ပြန်ထားသည်။ https://www.facebook.com/ photo/?fbid=562588489273281&set=a.55939 6182925845

၉။    မြိတ်ခရိုင်တွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်၍ ခရစ်ယာန်ဘုရားကျောင်းနှင့် နေအိမ် အချို့ ပျက်စီး
      April 10, 2023

စစ်ကောင်စီဖက်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ သဲဖြူရွာရှိ ခရစ်ယာန်ဘုရားကျောင်း အပါအဝင်နေအိမ်နှင့် စျေးဆိုင်ခန်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံ စစ်ဘေးရှောင်များနှင့် မြိတ်ခရိုင် တပ်ရင်း-၂ ပြန်ကြားရေး ကပြောသည်။ ဧပြီလ ၉ ရက်နေ့ နေ့လယ်ပိုင်းက တနင်္သာရီမြို့နယ်ရှိ သိန်ခွန်းကျေးရွာအုပ်စု အတွင်း စစ်ကြောင်းထိုး လာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားပြီး နောက် စစ်ကောင်စီတပ်က ယင်းကဲ့သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။ သဲဖြူရွာရှိ ခရစ်ယာန်ဘုရားကျောင်း အပါအဝင် နေအိမ်နှင့် စျေးဆိုင်ခန်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံ စစ်ဘေးရှောင်များနှင့် မြိတ်ခရိုင် တပ်ရင်း-၂ ပြန်ကြားရေး တပ်ဖွဲ့မှ ပြောသည်။ သဲဖြူရွာမှ ထွက်ပြေး တိမ်းရှောင် နေရသည့် စစ်ရှောင် အမျိုးသမီး တစ်ဦးက “ရွာမှာ လူတွေ သိပ်မရှိကြတော့ဘူး စစ်ရှောင်နေရလို့ ဖြစ်တယ်၊ ဧပြီလ ၁ ရက်နေ့ ကတည်းက ရှောင်နေတာပါ၊ မနေ့ကလည်း ရွာမှာ စစ်တပ်က ပစ်ခတ်လို့ ဘုရားကျောင်းဆောင် ပျက်စီးသွားတယ် “ဟု ပြောသည်။

စစ်ကြောင်း ထိုးလာချိန်တွင် စစ်ကောင်စီတပ်ဖွဲ့က လမ်းတစ်လျှောက်ရှိ ချောင်းနှစ်ပေါက်ရွာ၊ သိန်ခွန်းရွာနှင့် သဲဖြူရွာရှိ ဘုရားကျောင်း၊ နေအိမ်နှင့် ဈေးဆိုင်အချို့ကို မီးရှို့ဖျက်ဆီးခံခဲ့ရသလို စစ်ကောင်စီကပစ်ခတ်သည့် လက်နက်ကြီး ထိမှန်မှု ကြောင့် ပျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။ တနင်္သာရီမြိုနယ် ပြည်ထောင်စု လမ်းမကြီး တစ်လျှောက်၊ မြိတ်မြို့နယ် ကြေးနန်းတိုင် တံတားမှ ဘုတ်ပြင်းမြို့နယ် မနိုးရုံးကျေးရွာအထိ၊ ထုံခါ-မောတောင်နယ်စပ် ကုန်သွယ်ရေးလမ်းပိုင်းတို့ကို ခရီး သွားလာခြင်းလုံးဝမပြုကြရန် တော်လှန်ရေးအင်အားစုများမှ သတိပေးစာထုတ်ပြန်ထားသည်။ မြိတ်ခရိုင် တပ်ရင်း-၂ ပြန်ကြား ရေးတာဝန်ခံက “အခုလက်ရှိအခြေအနေအထိ တိုက်ပွဲကဖြစ်နေတုန်းဖြစ်တဲ့အတွက် ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖက်က မြိတ်-ဘုတ်ပြင်းလမ်းပိုင်ကို အခြေအနေကောင်းမွန်နေကြောင်း ထုတ်ပြန်တာမရှိသေးဘူး”ဟုပြောသည်။ ထို့ကြာင့် တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေသည့် မြိတ်-တနင်္သာရီ-မောတောင်နှင့် ဘုတ်ပြင်းလမ်းပိုင်တွင် နှစ်ဖက်လက်နက်ကိုင်အဖွဲ့စည်း များက မှားယွှင်းပစ်ခတ်မှုကြောင့် ပြီးခဲ့သည့်ရက်ပိုင်းက အရပ်သားများထိခိုက်သေဆုံးမှုဖြစ်စဉ်များရှိခဲ့သည်။ https://www.fa cebook.com/westernnewsagency/photos/pcb.7 43343464138827/743343240805516/

၁၀။    ရှမ်း-ကယားဒေသမှာ စစ်ကောင်စီ အရှိန်မြှင့်ထိုးစစ်ဆင်နေ
        April 10, 2023

စစ်ကောင်စီဟာ ရှမ်း-ကယား နယ်စပ်ဒေသကို စစ်ရေးအရှိန်မြှင့် ထိုးစစ်ဆင်နေတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့မူဝါဒ လေ့လာရေးအင်စတီကျု (ISP-Myanmar) က ဧပြီလ ၁ဝ ရက်နေ့ ထုတ်ပြန်ပါတယ်။ အဲဒီဒေသမှာ ဒေသခံခုခံကာကွယ်ရေးတပ် ဖွဲ့တွေ နယ်မြေစိုးမိုးထားတဲ့အပြင်အဲဒီကနေတစ်ဆင့် နေပြည်တော်ကို စစ်ရေးအရခြိမ်းခြောက်လာနိုင်တဲ့နေရာတွေ ဖြစ်တာ ကြောင့် အခုလိုထိုးစစ်ဆင်နေတာလို့ ဖော်ပြပါတယ်။ ရှားတော၊ ဘောလခဲ၊ ဒီးမော့ဆို၊ ဖယ်ခုံနဲ့ ပင်လောင်းမြို့တွေ အဓိကပစ် မှတ်ထားတိုက်ခိုက်ခံနေရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်လအတွင်းမှာ အဲဒီဒေသတွေကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး၊ အဲဒီနောက် နှစ်လအတွင်း တိုက်ပွဲပေါင်း ၈၂ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေး မကြေညာခင်ကထက် တိုက်ပွဲအကြိမ်ပေါင်း သုံးဆတိုးလာတာလို့ ISP-Myanmar ရဲ့ အချက်အလက်တွေမှာ ဖော်ပြပါတယ်။

အဲဒီနယ်မြေတွေမှာ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ပြည်သူ့ကာကွယ်ရေး တပ် (PDF) တပ်စခန်းတွေလည်း အခြေစိုက်ပါတယ်။ စစ်ကောင်စီဘက်က ထိုးစစ်ဆင်နေပေမဲ့ ကရင်နီတပ်တွေဘက်က နယ်မြေဆုံးရှုံးမှု မရှိသေးတာကိုလည်း လေ့လာတွေ့ရှိရတယ်လို့ ဆိုပါတယ်။ နှစ်ဖက်တိုက်ပွဲတွေ အရှိန်မြင့်နေဆဲဖြစ်ပြီး၊ စစ်ရှိန် လျော့သွားမယ့်အလားအလာ မရှိသေးဘူးလို့လည်း ISP-Myanmar က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်လအတွင်း စစ်ဘေးဒုက္ခသည် နှစ်သောင်းခြောက်ထောင်ကျော် တိုးလာပြီးတော့ အခုလက်ရှိ အဲဒီဒေသမှာ စစ်ဘေးဒုက္ခသည် သုံးသိန်းနီးပါးရှိနေပြီလို့လည်း ဆိုပါတယ်။ https://www.rfa.org/burmese/news/shan-kayah-pdf-military-04102023102905.html

၁၁။    ထိုင်းလဝက ပြန်လွှဲလိုက်တဲ့ PDF သုံးယောက်မှာ တစ်ယောက်သေဆုံးပြီလို့ အဖွဲ့ကပြော
        April 10, 2023

ထိုင်းလူဝင်မှုကြီးကြပ်ရေးက ကရင်နယ်ခြားစောင့်တပ်ကို လွှဲပေးလိုက်တဲ့ PDF တပ်ဖွဲ့ဝင်သုံးယောက်မှာ တစ်ယောက် သေဆုံးသွားတယ်လို့ Lion Battalion အဖွဲ့က ပြောပါတယ်။ ကိုစောဖြိုးလေးဟာ လွှဲပြောင်းတဲ့အချိန်မှာ ထွက်ပြေးလို့ပစ်ခတ် ဖမ်းဆီးခံရတဲ့အတွက် သေဆုံးသွားပြီလို့ Lion Battalion ဗျူဟာစစ်ကြောင်းရဲ့ပြောရေးဆိုခွင့်ရှိသူ ကိုအညာသားက ပြောပါ တယ်။ “စောဖြိုးလေး (ခေါ်) ပွကြီးကတော့ ဆုံးသွားတယ်တဲ့။ ထိုင်းနိုင်ငံက လွှဲတဲ့အချိန်မှာ အကူးအပြောင်းမှာ ပစ်ခတ် ဖမ်းဆီးခံ ရတာတဲ့။ သုံးယောက်လုံးကိုလွှဲတာ အဲ့ကမ်းနားမှာ BGF လက်ထဲကို ထည့်မှာမှန်းလည်းသိရော လှေပေါ်ကနေ ခုန်ချတာ။ ခုန်ချ တဲ့အချိန်မှာ ဟိုဘက်ဒီဘက်ညှပ်ဖမ်းမိတာ။ သေနတ်နဲ့ လှမ်းပြီးတော့ ပစ်နေတဲ့ အလောင်းကိုတောင် လှေပေါ်တင် လက်ထိပ် ခတ် ပြီးပို့လိုက်တဲ့ ထိုင်းဘက်အခြမ်းမှာ BGF ကိုတော်တော်လေးပိုင်လို့ပဲ၊ ဒီအမှတ် ၂ တံတား ရုံးကသူတွေနဲ့ BGF နဲ့ကို အဓိကပွဲ စားလုပ်ပြီးတော့ ပို့လိုက်တာပေါ့ဗျာ။” အဲဒီအဖွဲ့က ဒုစစ်ကြောင်းမှူး ကိုသီဟ၊ ပြန်ကြားရေးတာဝန်ခံ ကိုထက်နေဝင်းနဲ့ ကိုစောဖြိုးလေး တို့ သုံးယောက်ဟာ ဆေးကုသဖို့ မဲဆောက်မြို့ဘက်ကို ရောက်နေချိန် ဧပြီလ ၁ ရက်နေ့က အဖမ်းခံလိုက် ရတာပါ။ ဧပြီလ ၄ ရက်နေ့မှာတော့ ထိုင်းလဝက က သူတို့ကို ကရင်နယ်ခြားစောင့်တပ် BGF ကိုလွှဲပေးပါတယ်။ အဲဒီအချိန်မှာ ထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခံရတာပါ။

ကိုသီဟ နဲ့ ကိုထက်နေဝင်း တို့ကိုတော့ မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို ပို့လိုက်ပြီလို့ သိရတဲ့ အကြောင်း ကိုအညာသား ကပြောပါတယ်။ “နောက်ဆုံး အခြေအနေအရတော့ သူတို့ကို မော်လမြိုင် ရတခ အဲ့ကိုပို့လိုက်ပြီး ပေါ့နော်။ တိုင်းရုံးထဲမှာ သွားထားထားတယ်လို့ လက်ရှိနောက်ဆုံးအခြေအနေအရ သိရတယ်။ အဲ့ဖြစ်စဉ်မှာတော့ ထိုင်းလဝကနဲ့ BGF နဲ့က လူတစ်ယောက်ရဲ့အသက်ကို ပိုက်ဆံနဲ့ လဲလိုက်တဲ့ သဘောပါပဲ။” မဲဆောက်မြို့မှာ မြန်မာနိုင်ငံသားတွေ ခိုလှုံနေတဲ့ တိုက်ခန်းတွေကို ထိုင်းစစ်တပ်က ပြီးခဲ့တဲ့လက ရှောင်တခင်ဝင်ရောက်စစ်ဆေးပြီး ကိုယ်ရေးအချက်အလက်မေးမြန်း ကောက်ယူ တာမျိုးရှိပေမယ့် အခုလိုဖမ်းပြီးပြန်ပို့တာမျိုးမလုပ်ဘဲ ခိုလှုံနေထိုင်ရာအရပ်ဒေသတွေမှာ အေးအေးချမ်းချမ်းနေကြဖို့၊ ထိုင်းဥပဒေ ကို မချိုးဖောက်ဖို့၊ ဒုစရိုက်မှုတွေ မကျူးလွန်ဖို့ကိုပဲ သတိပေးပြောဆိုပြီး လူသားချင်းစာနာမှုအရ ထောက်ထားတာတွေရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့အခုဖြစ်ရပ်ကိုကြည့်ရင် ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲ့လုပ်ရပ်ဟာ ထိုင်းဘုရင်ရဲ့သြဇာအာဏာရော ထိုင်း တော်ဝင်စစ်တပ်ကိုပါ စော်ကားလိုက်တာလို့ ကိုအညာသားက ပြောပါတယ်။ အခုလို ဖမ်းပြီးပြန်ပို့တဲ့အတွက် ကျန်တဲ့သူတွေ အနေနဲ့ စိုးရိမ်စိတ်နဲ့နေရတယ်လို့ ထိုင်းနိုင်ငံမှာ ခိုလှုံနေတဲ့ ကိုနစ်ကီက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် ထိခိုက်ဒဏ်ရာရတဲ့သူ တွေကို ဆေးကုသဖို့ ဧပြီ ၉ ရက်က ထိုင်းဘက်ကိုခေါ်လာတဲ့ အချိန်မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းလိုက်တဲ့သူတချို့လည်း ရှိနေပြီး၊ သူတို့လွတ်ဖို့ကိုလည်း ကြိုးစားနေ တယ်လို့သိရပါတယ်။ အခုလို အခြေအနေကြောင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံးကို အားကိုးချင်ပေမယ့် အားကိုးမရတဲ့ အခြေအနေ ဖြစ်နေတယ်လို့လည်း ကိုနစ်ကီက ပြောပါတယ်။ https://www.r fa.org/bur mese/program_2/pdf-thailand-military-04102023164205.html

၁၂။    ထိုင်း-ကရင်နီနယ်စပ် စစ်ဘေးရှောင်စခန်းမှာ ကျောင်းသားလူငယ်အတွက် နွေရာသီသင်တန်းဖွင့်လှစ် သင်ကြား           ပေးနေ
        April 10, 2023

ထိုင်း-ကရင်နီနယ်စပ် စစ်ဘေးရှောင်စခန်းတစ်နေရာမှာ ဆယ်သဲကောလိပ်ကနေ ဦးဆောင်ပြီး စစ်ရှောင်ကျောင်းသား လူငယ်တွေကို နွေရာသီတစ်လတာ သင်တန်းအဖြစ် အခြေခံ အင်္ဂလိပ်စာ၊ ကရင်နီစာပေနဲ့ အ‌ခြေခံကွန်ပြူတာ သင်တန်းကို ဧပြီလ ၅ ရက်နေ့မှာ စတင်သင်ကြားပေးနေပါတယ်။ ကျောင်းနေအရွယ်စစ်ရှောင်တွေရဲ့ နွေရာသီကာလမှာ စိတ်လေလွင့်မှု မရှိ ဘဲ အချိန်ကို အကျိုးရှိရှိအသုံးချနိုင်ဖို့၊ ကျောင်းပြန်တက်တဲ့အခါမှာ စာနဲ့ ရင်းနှီးမှုရှိဖို့ အဓိက ရည်ရွယ်ပြီး သင်ကြားပေးနေတာ ဖြစ်တယ်လို့ ဆယ်သဲကောလိပ် ကျောင်းအုပ်ကြီး ဆရာမ မော်နိုမြာ က ပြောပါတယ်။ “ကျမတို့ ရဲ့ ရည်ရွယ်ချက်က ဒီပညာ ဟိုး covid အတည်းက မသင်ရတဲ့ ကလေးတွေ အတွက်ပေါ့နော။ အဲ့လိုမျိုးပညာကို စဥ်ဆက်မပြတ် အဲလိုမျိုး ဥပမာ နွေရာသီဆို လည်း အချိန်ကို အကျိုးရှိရှိအသုံးချအောင် ပြီးလို့ရှိရင် လာမယ့်ပညာသင်နှစ်အတွက်လည်း တစ်ထောင့်တစ်နေရာမှာ အထောက် အကူဖြစ်အောင်ပေါ့နော။ ဘာလို့လဲဆိုရင်တော့ တချို့ဆို လုံးဝ အခြေခံမပါလာတဲ့ အချိန်မှာဒီ တကယ့် အ.ထ.က ကျောင်းတွေ ကလေးတွေမှာဆိုရင် သင်တဲ့ ဆရာ ဆရာမ အတွက်က အရမ်းအခက်ခဲ ဖြစ်စေတယ်ပေါ့နော။ အဲလိုဖြစ်တဲ့ချိန်မှာ တစ်နည်းတဖုံ သူတို့ကိုလည်း အကူညီဖြစ်စေတဲ့ အနေနဲ့ပေါ့နော။” လို့ ဆယ်သဲကောလိပ် ကျောင်းအုပ်ကြီး ဆရာမ မော်နိုမြာက အခုလိုပြော ပါတယ်။

အင်္ဂလိပ်စာအတွက် ၅၉ ဦး၊ ကရင်နီစာပေမှာ ၂၁ ဦး၊ Computer မှာ ၁၈ဦးနဲ့ လက်ရှိမှာ သင်ကြားလျက်ရှိနေပါတယ်။ ဒီနွေရာသီ သင်တန်းကို ဆယ်သဲကောလိပ်က ဆရာ၊ ဆရာမတွေနဲ့ ပထမနှစ်နဲ့ ဒုတိယနှစ် ကျောင်းသူကျောင်းသား တချို့ကနေ သင်ကြားပို့ချ ပေးနေတာဖြစ်ပါတယ်။ ဒီသင်တန်းကို အခြေအနေအမျိုးမျိုးကြောင့် အကန့်အသတ်နဲ့ ခေါ်ရတဲ့အတွက် သင်တန်း မတက်လိုက်ရတဲ့ လူငယ်တွေလည်း အများကြီး ကျန်ရှိနေပါသေးတယ်။ ကျန်ရှိနေတဲ့ လူငယ်တွေအတွက် ၎င်းတို့ စိတ်ဝင်စားတဲ့ သင်တန်းတွေ အသက်မွေးဝမ်းကြောင်းအတွက် အထောက်အကူပြုတဲ့ သင်တန်းတွေကို စစ်ရှောင်စခန်းမှာ ဖွင့်လှစ်ပေးနိုင်ဖို့ လိုတယ်လို့ သူမက ဆက်ပြောပါတယ်။  “ပထမဆုံးက နွေရာသီဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ရေမရှိဘူး၊ သောက်ရေဆို ကျမတို့ မပေးနိုင်ဘူး သောက်‌ရေဆို ကိုယ့်ကိုကိုယ် ထုပ်(ယူ) လာခိုင်းရတယ်။ ပြီးလို့ရှိရင် အိမ်သာရေကအစပေါ့နော။ သူတို့ လာတက်ဖို့ ဆိုရင် အခက်ခဲရှိတယ် ပြီတော့ နောက်တစ်ခုက ကလေးတွေ အကုန်လုံး ဖတ်စာအုပ်၊ ခဲတံ၊ ရေးစာအုပ်ကအစ သူတို့မှာမရှိဘူး၊ ဟို့ဖက်ခန်းသင်တာကို ဒီဖက်ခန်း ကြားတယ်ပေ့ါနော အခန်းကနည်းနည်း ကြပ်တဲ့အခါမှာဆို ဟိုဖက်ခန်းကအော်တဲ့ အခါမှာဆိုရင် ဒီဖက်ခန်းက ဆရာက ငြိမ်ပေးရတယ်။” လို့ ဆရာမ မော်နိုမြာ ကအခု လို ပြောပါတယ်။ အခုလိုမျိုး နွေရာသီသင်တန်းကို ယခုနှစ်မှ စဖွင့်ခဲ့တာမဟုတ်ဘဲ နယ်စပ်ဖက်ကို စစ်မရှောင်ခင်က ပြည်တွင်းမှာကလည်း နှစ်စဉ်နွေရာသီကာလမှာ ဖွင့်လှစ် သင်ကြားပေးလေ့ရှိပါတယ်။ https:// www.kantarawaddytimes.org/%e1%80%91%e1%80%ad%e1%80%af%e1%80% 84 %e1%80%ba%e1%80

၁၃။   စစ်ရှောင်စခန်းတွေမှာ အမျိုးသမီးလစဉ်သုံးပစ္စည်း အစား အဝတ်စနဲ့ အသုံးပြုနေရတာတွေရှိနေ
        April 11, 2023

ကရင်နီပြည်က စစ်ရှောင်စခန်းတွေမှာ နေထိုင်တဲ့ အမျိုးသမီးတချို့ဟာ လစဉ်ဓမ္မတာဖြစ်မှုတွေအတွက် အသုံးပြုနေရ တဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်း(Pad) ဂွမ်းထုပ် တွေကို ဝယ်ယူအသုံးပြုဖို့ ငွေကြေးအခက်အခဲရှိနေသလို အဲဒီအတွက် သီးသန့် အလှူရှင်တွေလည်း မရှိတဲ့အတွက် လိုအပ်ချက်ရှိနေပါတယ်။ စစ်ရှောင်စခန်းတစ်ခုမှာ နေထိုင်တဲ့ စစ်ရှောင်အမျိုးသမီး မော်မူးမယ် ကတော့ လစဉ်သုံးပစ္စည်း(Pad) ဝယ်ယူဖို့ ငွေကြေးမတတ်နိုင်တဲ့အတွက် အဝတ်စနဲ့ အသုံးပြုရတဲ့သူတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။ “ မရှိတာကြုံဖူးတယ်။ အဝတ်စနဲ့ပဲ သုံးရတယ်။ အဝတ်စပဲ သုံးလိုက်တယ်ပေါ့။ အဲတာက တစ်လ တစ်ခါ မဖြစ်မနေ လာတာဆိုတော့လေ။ လိုအပ်ချက်ရှိတယ်။ “ လို့ မော်မူးမယ် ကပြောပြပါတယ်။ လက်ရှိ သူတို့ နေထိုင်တဲ့ စစ်ရှောင်စခန်းမှာလည်း ထောက်ပံ့မှု မရှိတော့တာ တစ်လကျော်ရှိနေပြီလို့ ပြောပါတယ်။ ဝေးလံခေါင်ဖျားတဲ့ တောတောင်ထဲ စစ်ရှောင်နေကြတဲ့ အမျိုးသမီးတွေအတွက်ဆိုရင် လစဉ်သုံးပစ္စည်း(Pad) ရရှိနိုင်မှုက ပိုမိုခက်ခဲတယ်လို့ ဆိုပါတယ်။

စစ်ရှောင်အမျိုးသမီးတွေအတွက် လိုအပ်တဲ့အသုံးအဆောင်တွေကို ကယန်းအမျိုးသမီးအစည်းအရုံး၊ ကရင်နီအမျိုးသမီး အစည်းအရုံး နဲ့ လူသားချင်းစာနာထောက်ထားမှု အဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့အစည်းတချို့ကလည်း ထောက်ပံ့တာရှိပေမယ့် အကုန်လုံးအပြည့်အဝ မပေးအပ်နိုင်တာတွေရှိတယ်လို့သိရပါတယ်။ “ကျမတို့ ပေးနိုင်တဲ့ပမာဏက အရမ်းနဲ့မှ အကန့်အသတ် ဖြစ်တဲ့အခါမှာ အမျိုးသမီးတွေအနေနဲ့ ဒီအပေါ်မှာ လိုအပ်ချက်အရမ်းမြင့်တယ်။ တချို့ဆိုရင် တစ်လဆိုရင် တစ်ထုပ် အထက် ကုန်တဲ့ လူတွေရှိတယ်ပေါ့နော။ ပုံမှန်အားဖြင့် လစဉ်သုံးတစ်ထုပ်ကို တစ်လနဲ့ သုံးရတယ်ဆိုတာကလည်း တချို့ဆိုရင် တစ်ထုပ် ထက်ပိုကုန်တဲ့ အမျိုးသမီးတွေလည်းရှိတယ်ပေါ့နော။ အဲဒီအခါမျိုးမှာ လိုအပ်ချက်ကတော့ မြင့်တယ်လို့ ကျမတို့မြင်တယ်ပေါ့ နော။“ လို့ ကယန်းအမျိုးသမီးအစည်းအရုံး (KyWO)မှ အထွေထွေ အတွင်းရေးမှူး Alar (အာလာ) က ဆိုပါတယ်။ “ အများအား ဖြင့် မိသားစုတွေ များတဲ့လူပေါ့။ ပြီးတော့ ဆင်းရဲတဲ့ မိသားစုတွေပေါ့။ ဝင်ငွေမရှိတဲ့ မိသားစုတွေ။ ဝင်ငွေလည်းအားလုံးမရှိကြ ပါဘူး။ ဒါပေမယ့် တချို့ခါကျတော့ သူများလာထောက်ပံ့တဲ့နေရာ ရှိတဲ့လူတွေပဲ နည်းနည်းပါးပါး ကာဗာမိတယ်။ အလှူရှင် လက်လှမ်းမမီတဲ့ နေရာက ပိုဆိုးတာပေါ့နော။ “ လို့ စစ်ရှောင်ကူညီသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။  “ ဒီလစဉ်သုံးတွေကို သူတို့ကို ပုံမှန်ပေးနိုင်ခြင်းအားဖြင့် အဲဒီအပေါ်မှာ သူတို့ကိုယ်ကိုယ် ကာကွယ်မှုတွေ မဟုတ်ရင် ကိုယ့်ရဲ့ကျန်းမာရေး ကိစ္စတွေ ကို သေချာ ဖြေရှင်းနိုင်ခြင်းအားဖြင့် အမျိုးသမီးတွေမှာ ဖြစ်နိုင်ချေရှိတဲ့ ကျန်းမာရေးကိစ္စတွေကို လျော့ချလာနိုင်တယ်လို့ ကျမတို့က မြင်တယ်ပေါ့လေနော။ အထူးသဖြင့် ကျမတို့လို အမျိုးသမီးအစုအဖွဲ့တွေကတော့ အမျိုးသမီးတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ထည့်သွင်းစဉ်းစားတဲ့နေရာမှာ လစဉ်သုံးကိစ္စတွေ၊ အမျိုးသမီးတွေ အသုံးပြုနိုင်မယ့် underwearကိစ္စတွေကို ကျမတို့က ပိုပြီး တော့ စဉ်းစားဖြစ်တယ်။ “ လို့ (KyWO) အထွေထွေအတွင်းရေးမှူး Alar (အာလာ) ကဆက်ပြောပါတယ်။ https://www.kant arawaddytimes.org/%e1%80%85%e1%80%85% e1%80%ba %e1%80%9b%e1%80%be%e1%80

၁၄။   ရွှေကူမြို့နယ် ရွာသုံးရွာကို စစ်ကောင်စီတပ် မီးထပ်ရှို့နေ
       April 10, 2023

တိုက်ပွဲရက်ရှည်ဖြစ်နေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းက စီသောင်၊ မံခါးနဲ့ စီမော်ရွာက နေအိမ် တစ်ရာကျော်ကို ဧပြီ ၁၀ ရက် ဒီနေ့မှာလည်း စစ်ကောင်စီတပ်က မီးထပ်ရှို့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီနေ့မှာတော့ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်သားတွေ မီးရှို့နေတာလို့ မံခါးရွာခံတစ်ဦးက ပြောပါတယ်။ “ မံနားရှို့တယ် စီသောင်ရှို့ တယ် မံခါးရှို့တယ် အခုစီမော်ရှို့တယ်။ ဒီနေ့မနက်ရှို့တာက စီသောင်၊ မံခါးနဲ့ စီမော်။ ဒီနေ့ရှို့တဲ့ဟာက အိမ်ခြေတစ်ရာလောက် ပါမယ်။ မတ် ၂၃ ကနေစရင်တော့ အိမ်ခြေပေါင်း ၆၀၀ လောက်တော့ လောင်သွားပြီ။ စကစတွေလည်း ရွာမှာဆိုတော့ ကျနော်တို့ လည်း စာရင်းအတိအကျသိရဖို့က ခက်နေဆဲပဲ” ဧပြီ ၅ ရက်နေ့ကလည်း အိမ်ခြေနှစ်ရာဝန်းကျင်စီရှိတဲ့ စီသာနဲ့ မံနားရွာ နှစ်ရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ရွာလုံးကျွတ်နီးပါး နေအိမ်တွေ မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧပြီ ၉ ရက် မနေ့ကလည်း မံခါးရွာဘက်ကို ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံးလာကြဲသွားတယ်လို့ မံခါးရွာခံ တစ်ဦးက ပြောပါတယ်။ တိုက်ပွဲစဖြစ်ကတည်းက ရွှေကူအရှေ့ဘက်ခြမ်း စီမူလေး၊ စီမူကြီး၊ စီတောင်၊ မံဝိန်း၊ နန့်လန်၊ နောင်လက်ကြီး၊ ဝင်းဝ၊ စီသာ၊ မံနား၊ မံခါး အစရှိတဲ့ရွာ ၁၂ ရွာက ဒေသခံထောင်ချီ မြို့ပေါ်နဲ့ တောတောင်တွေဆီ ထွက်ပြေး တိမ်းရှောင်နေရပြီး အခက်အခဲ ဖြစ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ရွှေကူကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦးကလည်း ဧပြီ ၁၀ ရက် ဒီနေ့မှာ တိုက်ပွဲဖြစ်တာမရှိပေမယ့် စစ်ရေး တင်းမာနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။ ရွှေကူမြို့နယ်အရှေ့ဘက်ခြမ်းမှာ မတ်လ ၂၃ ရက်နေ့ကစပြီး စစ်ကောင်စီတပ် တပ်မ (၈၈) လက်အောက်ခံ ခလရ (၁၀)၊ ခလရ (၇၇)၊ ခလရ (၈၈) တို့ စစ်ကြောင်းထိုးဝင်လာတာ ဖြစ်ပြီး ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ PDF ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်နေတာပါ။ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ကတော့ ရွှေကူဘက်မှာ စစ်ကောင်စီတပ်နဲ့ PDF၊ KIA ပူပေါင်းတပ်တွေ နေတိုင်းလိုလို တိုက်ပွဲဖြစ်နေတယ်လို့ ပြောပါတယ်။ “ အဲဘက်မှာ KIA နဲ့ ရွှေကူ PDF တွေ ပူးပေါင်းတဲ့ စစ်ကြောင်းပေါ့နော် စစ်ကောင်စီ စစ်ကြောင်းတွေက တော်တော်လည်း လှုပ်ရှား တာကို ကြားသိရပါတယ်။ တောထဲမှာလည်း ဝင်ပြီးတော့ လှုပ်ရှားနေကြရပါတယ်။ ဆိုတော့ အဲဒါကို ခုခံပြီးတော့တိုက်တဲ့ တိုက် ပွဲတွေဖြစ်ပါတယ်။ ဆိုတော့ဘယ်လောက်ထိ တိုက်ပွဲပြင်းထန်လဲဆိုတော့ နေ့တိုင်းနေ့တိုင်းလိုဖြစ်သွားတာပေါ့။ လေကြောင်း ပစ်လို့ နေအိမ်တွေ မီးလောင်တာလည်း ကြားရတယ်” ဧပြီလ ၉ ရက်နေ့ထုတ် စစ်ကောင်စီရဲ့ မြဝတီသတင်းစာမှာတော့ ရွှေကူမြို့နယ်အတွင်းမှာ တရားမဝင် မှောင်ခို လုပ်ငန်းလုပ်နေတဲ့ KIA နဲ့ PDF ကို မတ် ၂၃ ရက်နေ့ကစလို့ စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပေါင်း (၂၁) ကြိမ်ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ https://www.rfa.org/burmese/news/shw egu-fire-04102023071825.html

၁၅။    စစ်ရှောင်လူငယ်လေးတစ်စုရဲ့ ပန်းပုလက်ရာတွေကို ရောင်းချဖို့ စျေးကွက်ရှာနေ
        April 11, 2023

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်း မှာ ဖွင့်လှစ်ထားတဲ့ ပန်းပုသင်တန်းကို တက်ရောက်နေတဲ့ စစ်ရှောင် လူငယ်တွေရဲ့ ပန်းပုလက်ရာတွေကို ရောင်းချပေးဖို့ စျေးကွက်ရှာနေတယ်လို့ သင်တန်းစီစဉ်သူ မသင်းသင်းက ပြောပါတယ်။ “ကျမအနေနဲ့ခါကျတော့ သူတို့ကိုစျေးကွက်ရှာပေးဖို့ ကြိုးစားနေတယ်ပေါ့နော။ အဓိက ကတော့စျေးရောင်းတဲ့ပလက်ဖောင်း တစ်ခုရယ် ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ့နော အဓိက။ နောက်တစ်ခုကျတော့ စျေးဆိုင်သေးသေးလေး ဆောက်ပေးချင်တယ် ပေါ့နော။ ဆိုတော့အဲ့ဒီစျေးဆိုင်ကနေ လူတွေနည်းနည်းပါးပါးသိလာအောင်။ ပြီးလို့ရှိရင် အော်ဒါမှာလို့ရတဲ့အဆင့်ထိ ရောက် အောင်ပေါ့နော။ သူတို့ကို train (လေ့ကျင့်ပေး) ချင်တယ်ပေါ့နော” လို့ မသင်းသင်း က ပြောပါတယ်။

ဒါ့အပြင် ပန်းပုလက်ရာတွေကို ဆိုင်မှာ ပြသဖို့ အတွက် အရင်းနှီး လည်းလိုအပ်နေတယ်လို့ မသင်းသင်းက ဆက်ပြော ပါတယ်။ အဆိုပါ ပန်းပုသင်တန်းကို စစ်ရှောင်မှာရှိတဲ့ လူငယ်တွေအတွက် စိတ်ထွက်ပေါက် တစ်ခုဖြစ်စေဖို့ အတွက် ဖွင့်လှစ်ပေး ထားခဲ့တာဖြစ်ပါတယ်။ ပန်းပုသင်တန်း တက်ရောက်သူ ၇ ဦးရှိပြီး အသက်အရွယ်အားဖြင့် ၁၂ နှစ် မှ ၁၄ နှစ် ကြားရှိ ကလေး လူငယ်လေးတွေ ဖြစ်ပါတယ်။ စစ်ရှောင် ၅ ဦး ၊ ဒေသခံ ၂ ဦး ပါ၀င်တက်ရောက်တာဖြစ်ပါတယ်။ “ကျမတို့အခု စစ်ရှောင်ရင်းနဲ့ သောကရောက်နေကြရတယ် ဆိုတော့ များသောအားဖြင့် ကလေးတွေ ပေါ့နော့။ သူတို့ ဒုက္ခရောက်တဲ့ အပိုင်းကို အမြဲတမ်း စဥ်းစားပြီးတော့ အားမငယ်စေချင်ဘူးပေါ့နော။ ဆိုတော့သူတို့ကို အလုပ်ရှုပ်အောင် ဒီသင်တန်းတွေကို လုပ်ခိုင်းချင်တယ်။ ပြီးလို့ရှိရင် နောက်တစ်ခုအနေနဲ့ခါကျတော့ ဒီစစ်ရှောင်ရင်းနဲ့ ပညာလည်းတစ်ခု ရသွားအောင်ပေါ့နော” လို့ သင်တန်းစီစဥ်သူ မသင်းသင်း က ပြောပါတယ်။ ပန်းပုထုတဲ့ခါမှာ ကျွန်း၊ ပိတောက် စတဲ့သစ်မာပင်ကို အသုံးပြုထုလုပ်တာဟာ အသင့်တော်ဆုံး ဖြစ်ပေမဲ့ စစ်ရှောင်စခန်းမှာနေထိုင်တဲ့အတွက် ယဉ်မနီသစ်ကို သာအသုံးပြုထုလုပ်ကြရပါတယ်။ https://www.kantaraw addytimes.org/%e1%80%85%e1%80% 85%e1%80%ba%e1%80%9b%e1%80%be%e1%80

၁၆။   ပအိုဝ်းအမျိုးသားပန်းတိုင်ဟာ အမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအာမခံတဲ့ပအိုဝ်းပြည်နယ်လို့                PNFC ပြော
        April 10, 2023

ပအိုဝ်း ပြည်သူလူထု တစ်ရပ်လုံးရဲ့ တော်လှန်ရေး ပန်းတိုင်က အထူးဒေသ (၆) မဟုတ်ဘဲ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ကို အာမခံတဲ့ ပအိုဝ်း ပြည်နယ် ဖြစ်တယ်လို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်း က ပြောပါတယ်။ ပအိုဝ်း ပြည်သူလူထု အနေနဲ့ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ကို အာမခံတဲ့ ပအိုဝ်းပြည်နယ်ကို လိုချင်တာဖြစ်ပြီး ပအိုဝ်း လူမျိုးဟာ အခြား ဗမာ၊ ရှမ်း စတဲ့ လူမျိုးများ နည်းတူ တန်းတူသော လူမျိုး ဖြစ်တယ်လို့ သူကပြော ပါတယ်။ “ပအိုဝ်း ပြည်သူ တစ်ရပ်လုံး တောင်ပေါ်မှာ ရှိတဲ့ သူကော မြေပြန့်မှာ ရှိတဲ့ သူကော ပအိုဝ်း ပြည်သူ တစ်ရပ်လုံး လိုချင် တာက အထူးဒေသ (၆) မဟုတ်ပါဘူး။ ကျွန်တော်တို့ လိုချင်တာ ပအိုဝ်းပြည်နယ်ကို လိုချင်တာ ဖြစ်ပါတယ်” လို့ PNFC ဥက္ကဋ္ဌက ပြောပါတယ်။ ပြည်ထောင်စု တစ်ဝှမ်းမှာရှိတဲ့ ပြည်ထောင်စုသား အားလုံး လိုချင်တဲ့ ဖက်ဒရယ် ပြည်ထောင်စုဟာ စစ်အာဏာရှင် စနစ်ကို ဖြိုချနိုင်မှ ထူထောင်နိုင်မှာ ဖြစ်တာကြောင့် ပအိုဝ်း လူငယ်မျိုးဆက်သစ်တွေ ပြည်သူတွေ ပအိုဝ်း ခေါင်းဆောင်တွေ အနေနဲ့ ပအိုဝ်း ပြည်သူလူထု တစ်ရပ်လုံး လိုလားတဲ့ ရည်းမှန်းချက်ကို ရယူဖို့ဟာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ လိုတယ်လို့ သူကပြောပါတယ်။ “အဲ့ဒီလို စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းမှလည်းပဲ ကျွန်တော်တို့ ပအိုဝ်းပြည်နယ် ပေါ်ထွန်းရေး ဆိုတာကို နိုင်ငံရေး အဆင့်အတန်းရှိရှိနဲ့ ရယူနိုင်မှာ ဖြစ်ပါတယ်” လို့ ခွန်မြင့်ထွန်း ကသုံးသပ်ပါတယ်။

ဒါပေမယ့် ပအိုဝ်းပြည်နယ် ပေါ်ထွန်းကို နိုင်ငံရေး နည်းလမ်းနဲ့သာ ဖော်ဆောင်မှာဖြစ်ပြီး ညီအစ်ကိုတွေကြား သွေးထွက် သံယိုနည်းနဲ့ ဖော်ဆောင်မှာ မဟုတ်ဘူးလို့ သူကဆက်ပြောပါတယ်။ “ကိုယ့်ရဲ့ ညီအစ်ကို မောင်နှမတွေ ကြားမှာ သွေးထွက်သံယို နည်းလမ်းတွေနဲ့ ပအိုဝ်းပြည်နယ် ရယူရေးကို ကျွန်တော်တို့ မလိုလားပါဘူး။ ကျွန်တော်တို့ လိုလားတာကတော့ ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမတွေ ကြားမှာ ညှိနှိုင်းကြမယ်။ တိုင်ပင်ကြမယ်။ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နဲ့ ပအိုဝ်းပြည်နယ်ကို ရယူ မယ်။ နိုင်ငံရေး နည်းလမ်းများနဲ့ ရယူမယ် ဆိုတာကိုလည်း ကျွန်တော်တို့ တရားဝင် အတိ အလင်း ထုတ်ဖော်ခဲ့ပြီး ဖြစ်ပါတယ်” လို့ ခွန်မြင့်ထွန်းက ရှင်းပြပါတယ်။ အခုလိုအချိန်မှာ လူမျိုးတွေအကြားအနာတွေ ကျန်ခဲ့မယ်ဆိုရင် တစ်ချိန်မှာ ပအိုဝ်း ပြည်သူ တွေ လိုလားတဲ့ ပအိုဝ်း ပြည်နယ် ပေါ်ထွန်းရေး အခက်အခဲတွေ ဖြစ်စေမှာ ဖြစ်တာကြောင့် စစ်ကောင်စီရဲ့ သွေးထိုးမှု၊ လူမျိုးရေး ပဋိပက္ခ ဖန်တီးနေမှုကို သတိထားကြဖို့လည်း သူက တိုက်တွန်းထားပါတယ်။ https://www.facebook.com/MeKongNewsM M/photos/a.3739 655232633 91/1208900596436542/

၁၇။    ဆန်ရိက္ခာပြတ်တောက်မယ့်အရေးနဲ့ ကြုံနေရတဲ့ နယ်စပ်စစ်ဘေးရှောင်စခန်း
        April 10,2023

ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုဖြစ်တဲ့ ဒေါနိုးကူးစစ်ရှောင်စခန်းမှာ ယခုလအတွက် ဆန်ရိက္ခာတွေကို မထောက်ပံ့နိုင်တော့ပဲ စစ်ရှောင်တွေ ရိက္ခာပြတ်လတ်မယ့်အရေးနဲ့ ရင်ဆိုင်ကြုံတွေ့လာနေရပါတယ်။ အဲဒီစစ်ရှောင်စခန်းမှာ လက်ရှိ လူဦးရေ လေးထောင်ဝန်းကျင်ရှိနေပြီး ဆန်ရိက္ခာအတွက် လစဉ် အထောက်အပံ့တွေကို မှီခိုနေရတာပါ။ ထိုင်းနိုင်ငံကနေ ဆန်ရိက္ခာတွေကို သယ်ယူနေရပြီး ထိုင်းအာဏာပိုင်တွေက တစ်လကျော်ကြာ အဲဒီကားလမ်းကို လုံခြုံရေးအရ သွားလာခွင့်ပိတ် ထားတဲ့အတွက် စစ်ရှောင်တွေလိုအပ်တဲ့ရိက္ခာတွေကို မသယ်ယူနိုင်တော့တာဖြစ်ပါတယ်။  ဒီလိုသွားလာခွင့်ပိတ်တဲ့အချိန်မှာ ရိက္ခာသိုလှောင်တဲ့နေရာမှာလည်း စစ်ရှောင်အားလုံးအတွက် ဆန်လုံလုံလောက်လောက်မရှိတော့သလို လက်ရှိမှာလည်း အိမ်မှာ ဆန်လုံးဝပြတ်သွားတဲ့မိသားစုတွေကို နှစ်ပတ်စာဆန် ထုတ်ပေးတာနဲ့ပဲ ဖြေရှင်းနေရပြီး ရေရှည်မှာ ပြတ်လတ်မှုနဲ့ ကြုံရနိုင် တယ်လို့ အဲဒီ စစ်ရှောင်စခန်း အုပ်ချုပ်ရေးကော်မတီ ဥက္ကဌဖြစ်တဲ့ ခါးထယ် က ပြောပါတယ်။  “ပြတ်လတ်နိုင်တယ်ဆိုတာက လည်း ကျနော်တို့ လမ်းပန်းဆက်သွယ်ရေးအပေါ်မှာပဲ မူတည်တယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အကယ်၍သာ ဒီအတိုင်းဆက်ပြီး တော့ လမ်းဆက်ပိတ်နေမယ်ဆိုရင်တော့ ကျနော်တို့ ဒီမှာရှိနေတဲ့ ပြည်သူတွေအတွက်တော့ ဘယ်လိုပဲဖြစ်ဖြစ် ရိက္ခာအပိုင်းက တော့ ငတ်ပြတ်တဲ့ အနေအထားတော့ ရောက်နိုင်တယ်ပေါ့နော။” လို့ ခါးထယ်က ပြောပါတယ်။

ယခင်က ဒီလို လုံခြုံရေးအရ ထိုင်းအာဏာပိုင်ဘက်က လမ်းတွေပိတ်တာရှိပေမယ့် နှစ်ပတ်အထိသာကြာမြင့်ပြီး သွား လာခွင့်ပြန်လည်ပေးခဲ့ပါတယ်။ လက်ရှိမှာတော့ စစ်ရှောင်တွေဟာ နေ့စဉ်စားဖို့ ဟင်းတွေကိုလည်း ရှာဖွေစားသောက်နေရတဲ့အ တွက် ဆန်တွေကိုထပ်ဝယ်စားဖို့ အခက်အခဲရှိနေပါတယ်။  “ဘယ်လိုလုပ်ရမယ်မှန်းမသိဘူး။ ဆန်က နည်းနည်းပဲကျန်တယ်။ ဝယ်စားဖို့လည်း ပိုက်ဆံကမရှိတော့ ဘယ်လိုလုပ်ရမယ်မှန်းမသိဘူး။ ကားတွေလုံးဝ မလာတော့ဘူး။ ကားတွေမလာတော့ ဘယ် နားသွားယူစားရမလဲ။” လို့ အဲဒီစစ်ဘေးရှောင်စခန်းမှာနေထိုင်တဲ့ ဒေါ်ညေးမြာက ပြောပါတယ်။ အဲဒီစစ်ရှောင်စခန်းမှာ လစဉ် စစ်ရှောင်တစ်ဦးနှုန်းအတွက် ဆန် တစ်ပုံးထောက်ပံ့ပေးပြီး လူဦးရေ နှစ်ထောင်ကျော်ရှိစဉ်က လစဉ် စစ်ရှောင်အတွက် ဆန်အိတ် ၇၀၀ ဝန်းကျင်လိုအပ်ပါတယ်။ စစ်ရှောင်တွေစားသောက်ဖို့အတွက် ကုလားပဲ၊ ဆန်၊ ဆီ၊ဆား စတဲ့ ရိက္ခာတွေကို လစဉ်ထောက် ပံ့ပေးခဲ့ပေမယ့် လက်ရှိမှာ ဘာအထောက်အပံ့မှ မရရှိတော့ဘူးလို့ စစ်ရှောင်တွေက ဆိုကြပါတယ်။ “အလုပ်ရှိတယ်။ ပြီးတော့ နိုင်ငံခြားက ဆွေမျိုးတွေနည်းနည်းပို့လာရင်စားရတယ်။ နိုင်ငံခြားမှာဆွေမျိုးတွေမရှိတဲ့ ကျမတို့လိုဆိုရင်မစားရဘူး။ ကိုယ်တိုင် ရှာစားရတယ်။ ရွာထဲမှာ သူများ အလုပ်ခေါ်လုပ်ရင်သွားတယ်။ သူများတွေ အိမ်ခေါ်ဆောက်ပြီး တစ်ရက်ကို ၂၀၀ ( ထိုင်းဘတ် ) ပေးရင်လည်း မလောက်ဘူး။ ကျမတို့ လူတအားများတော့ မလောက်ဘူး။ ဆီဝယ်ရင် ငရုတ်သီးလိုတယ်။ ငရုတ်သီးဝယ်ရင် ကြက်သွန်လိုတယ်။ အဲဒီလိုဖြစ်တော့ မလောက်ဘူး။ စားသောက်ရေးတွေမှာ အရမ်းခက်ခဲတယ်။ ဝယ်စားဖို့အတွက် ကောပဲ။ အပြင်တွေလည်း ပေးမသွားဘူးကော။”လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “ကျနော်တို့ကို ဟင်းတွေ ထောက်ပံ့တာ က မလုံလောက်တဲ့အတွက် ကျနော်တို့ ကိုယ့်ဘာသာကိုယ်ရှာစားရတယ်။ ကျနော်တို့ ငှက်ပျောအူတွေကို သွားရှာ ခုတ်ရတယ်။ သစ်ခေါက်တွေသွားခုတ်စားတယ်။ အရွက်တွေသွားခူးတယ်။ ပြီးတော့ ချက်စားတယ်။ အဲဒီလိုနဲ့ တစ်ရက်တစ်ရက်ကို ဖြေရှင်း နေရတာပေါ့။”လို့ ဦးငါးရယ် ကပြောပါတယ်။ လက်ရှိအဲဒီစစ်ရှောင်စခန်းက စစ်ရှောင်တွေဟာ တောင်ယာလုပ်ငန်းတွေကို မလုပ် ကိုင်နိုင်တဲ့အတွက် အထောက်အပံ့တွေကိုသာ အဓိကမှီခိုနေရပြီး လက်ရှိမထောက်ပံ့နိုင်တဲ့အချိန်မှာလည်း ယခင် အထောက် အပံ့တွေထဲက ကျန်ရှိနေတဲ့ရိက္ခာတွေကို ခြွေတာစားသောက်နေရပါတယ်။ https://l.face book.com/l.php?u=https%3A% 2F%2Fbit.ly%2F3zR47Wl%3Ffbc lid%3DIwAR2fI0HA mTeFrKsovaoY8Jo

၁၈။     မြေရှားတူးဖော်ရေး လုပ်ငန်းများ ရပ်ဆိုင်းသွားရေး ဒေသခံများ ဆုတောင်းခြင်းအစီစဉ် ပြုလုပ်
          April 10, 2023

ဗန်းမော်ခရိုင်တွင် မြေရှားသတ္တုတူးဖော်ခြင်းလုပ်ငန်း လုံး၀ရပ်ဆိုင်းသွားရန် နှင့် သက်ဆိုင်ရာ KIO အစိုးရမှ ပြည်သူ့ဆန္ဒ အား အလေးပေးလာတတ်ရန် ဆုတောင်းဝတ်ပြုခြင်းအစီအစဉ်ကို ဧပြီလ ၁၀ ရက်နေ့တွင် ဒေသခံများ ပြုလုပ်ခဲ့ကြောင်းသိရ သည်။ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဗန်းမော်ဇုံနယ်အတွင်းရှိ အသင်းတော် ၄၅ ပါးလုံးနှင့် ကက်သလစ်အသင်းတော် များ ပါဝင်ကာ ဧပြီလ ၁၀ ရက်နေ့ ယနေ့ နံနက် ၁၀ နာရီအချိန်မှစပြီး ဝိုင်းဝန်းဆုတောင်းဝတ်ပြုခဲ့ခြင်းဖြစ်ကြောင်း ဒိန်ဆင်းပါ မြေရှားသတ္တုတူးဖော်ခြင်း ကန့်ကွက်ကော်မတီအဖွဲ့ဝင်တစ်ဦး ယခုလိုပြောသည်။ “ကျနော်တို့ ပြည်သူတွေ ဝိုင်းဆုတောင်းရခြင်း အကြောင်းရင်းက ဗဟို KIO အစိုးရလည်း မှန်ကန်သောနည်းလမ်းနဲ့ ဦးဆောင်တတ်ဖို့နဲ့ မကောင်းဘူး မသင့်ဘူးဆိုတဲ့လုပ်ငန်းကို ကောင်းကောင်းဦးဆောင်ပိုင်းခြားတတ်ဖို့၊ ဒီမြေရှားသတ္တု တူးဖော်ခြင်းကို ကျနော်တို့ပြည်သူတွေ အောင်မြင်စွာ ကန့်ကွက်နိုင်ဖို့ KIO အစိုးရလည်း နားထောင်ပေးဖို့ အဓိက ထား ဝိုင်းဆိုတောင်းကြတာဖြစ်ပါတယ်။” ဟု ၎င်းကပြောသည်။

မံစီမြို့နယ် အင်ဘာပါ၊ ဒိန်ဆင်းပါဒေသရှိ ကျိန်းလပ်ပါတွင်ရှိသော တရုတ်ကုမ္မဏီ၏ မြေရှားတူးဖော်ရေး လုပ်ငန်းခွင် အား မတ်လ ၂၁ ရက်နေ့ ဒေသခံများ သွားရောက်ဆန္ဒပြကာ ဖျက်ဆီးခဲ့သည့်ဖြစ်စဉ်များ ရှိခဲ့သည်။ ထို့နောက် KIO ဗဟိုဌာနချုပ် ဗိုလ်ချုပ်ကြီးအင်ဘန်လ နှင့် ခရစ်ယာန်အသင်းတော် ၅ ပါးမှ ဒေသခံများကိုယ်စား ခေါင်းဆောင်တို့သည် ဗဟိုဌာနချူပ်တွင် မြေရှားသတ္တုတူးဖော်ရေးနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။ သို့သော်လည်း မြေရှားတူးဖော်မှု အစီစဉ် ဆက်လက်လုပ်ဆောင်ရန်နှင့် ရပ်တန့်ရန် KIO အစိုးရ၏ ဆုံးဖြတ်ချက်ကို မသိရသေးကြောင်း ဒေသခံများပြောသည်။ ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဒိန်ဆင်းပါ ၊ အင်ဘာပါ ဒေသခံများအနေဖြင့်တော့ ၎င်းတို့ဒေသတွင် မြေရှားသတ္တုတူးဖော်ရေး လုံးဝ ရပ်တန့်သွားအောင် ကြိုးစားသွားမည်ဟု ပြောဆိုနေကြပါသည်။ https://bu rmese.kachinnews.com/2023/04/10/ rare-earth-ld/

၁၉။    မြဝတီမြို့နယ်၌ တိုက်ပွဲပြင်းထန်ဆက်ဖြစ်၊ စစ်တပ်က လေကြောင်းမှတိုက်ခိုက်
        April 11, 2023

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြေနီကုန်းတံတားဦးဘက်ကကျေးရွာတွေကို  စစ်ကောင်စီတပ်က ဧပြီ ၁၁  ရက်မှာ လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့်  ရွာသားတွေ  တိမ်းရှောင် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီမနက် ၈ နာရီလောက်ကစတင်ပြီး မြဝတီမြို့အနီးတဝိုက်ကက ကျေးရွာတွေနားမှာ စစ်ကောင်စီတပ်ဩဇာခံ BGF ပူးပေါင်းတပ် တွေနဲ့  KNLA၊ PDF  ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်း တိုက်ခိုက်နေတဲ့ အတွက် ပြည်သူတွေရဲ့ နေအိမ်တချို့လည်း ပျက်စီးသွားပါတယ်။ မြဝတီမြို့ခံတဦးက “တိုက်ပွဲတွေဖြစ်နေတာက ၃ ရက် ၄ ရက်လောက်ကတည်းက ကြာပြီဗျ။ ဒီနေ့မနက်ကတော့ ၈ နာရီကျော်လောက် မြဝတီအကျော်လေး၊ မြေနီကုန်းတံတားဦး ဘက်ကို လေယာဥ်တွေနဲ့ပစ်နေတာ၊ အဲ့နေရာမှာက ပြည်သူတွေကြိုးကြားကြိုးကြားနေပါတယ်။ အဓိက တောင်ယာလုပ်တဲ့သူ တွေပေါ့။ အခုတော့​ပြေးပြီ စစ်ဘေးရှောင်စခန်းတွေကိုတော့မဟုတ်ဘူး။ နီးစပ်ရာဘေးလွတ်တဲ့ နေရာတွေကိုပေါ့ မြဝတီလမ်း မကြီးကနေ ဘယ်ဘက်ကိုချိုးပြီး ဝင်သွားရတဲ့နေရာပါ။ အခုထိပစ်နေတာအိမ်တွေပါတုန်တယ်။ မြို့ထဲမှာတော့ လက်ရှိ ငြိမ်နေ သေးတယ်”လို့ ပြောပါတယ်။

မြဝတီမြို့နယ်တစ်ဝိုက်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက စစ်ကောင်စီနဲ့ လက်အောက်ခံ BGF ပူးပေါင်းတပ်တွေနဲ့ KNU/KNLA နဲ့ PDF ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွ ပြင်းထန်စွာဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၂၈ ဦးသေဆုံးပြီ ၃ ဦးအရှင်ဖမ်းမိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ဧပြီ ၁၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။  ဧပြီ ၈ ရက်က စစ်ကောင်စီတပ်တွေဘက်မှ  လက်နက်ကြီးနဲ့ အကြိမ်  ၁၀၀ အထက်ပစ်ခတ်ပြီး အင်အားအလုံးအရင်းနဲ့ မဲကနယ်ရွာကို ထပ်မံ စစ်ကြောင်းထိုးခဲ့တဲ့အတွက် တိုက်ပွဲပြင်းထန်ခဲ့ရာမှာ စစ်ကောင်စီတပ်ဘက်မှ ၁၁  ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ဘက်မှ ရဲဘော် ၁ ဦး သေဆုံးခဲ့ပါတယ်။ ဧပြီ ၉ ရက်နေ့မှာလည်း စစ်တပ်က  လက်နက်ကြီးနဲ့  အကြိမ်ရေ ၈၀ လောက်   ပစ်ခတ်ခဲ့ ပြီး စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး BGF ကျော်စိုးစခန်းကုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်  ၃ ဦး ထပ်မံသေဆုံးခဲ့ပါတယ်။ အဆိုပါတိုက်ပွဲတွေမှာ ကော်ဘရာစစ်ကြောင်း၊ KNU/KNLA တပ်မဟာ(၆)၊ ကျားသစ်နက်စစ်ကြောင်း၊ Golden Eagle၊ ရောင်နီ၊ Federal Wings တို့ကပူးပေါင်းပါဝင်ခဲ့ပါတယ်။ https://burmese.dvb.no/archives/587796

၂၀။    တစ်နှစ်အတွင်း အကြမ်းဖက်မှု (၂၁) ခု ကူညီဆောင်ရွက်ခဲ့ဟု ကယန်းအမျိုးသမီးအစည်းအရုံးဆို
       April 11, 2023

ကရင်နီပြည်နယ်တွင်း ၂၀၂၂ ခုနှစ် မတ်လကနေ ၂၀၂၃ ခုနှစ် မတ်လထိ တစ်နှစ်အတွင်း အကြမ်းဖက်မှု (၂၁) ခုကို ကူညီ ဆောင်ရွက်ခဲ့တယ်လို့ ကယန်းအမျိုးသမီးအစည်းအရုံးရဲ့ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ကာကွယ် တားဆီးရေးလုပ်ငန်း စဉ် တာဝန်ခံတစ်ဦးက ဆိုပါတယ်။ အဲ့ဒီအကြမ်းဖက်မှုတွေထဲမှာ အိမ်တွင်းအကြမ်းဖက်မှု (၃) မှု၊ မုဒိမ်းမှု (၂) မှု၊ လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက် ရောက်နှောက်ယှက်စော်ကားမှု (၂) ခု၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်စော်ကားမှု(အွန်လိုင်း) (၁) ခု၊ အိမ်ထောင်ရေးဖောက်ပြန်မှု (၂) ခု၊ အဓမ္မပြုရန်ကြံရွယ်မှု (၁) ခု၊ သက်ငယ်မုဒိမ်းမှု (၅) ခု၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (၂) ခု၊ လင်မယားကွာရှင်းလိုမှု (၂) ခုနဲ့ လိမ်လည်ကာမရယူမှု (၁) ခု စုစုပေါင်း အကြမ်းဖက်မှု (၂၁) ခု ပါဝင်တယ်လို့ ဆိုပါတယ်။ ကယန်းအမျိုးသမီးအစည်းအရုံးရဲ့ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ကာကွယ်တားဆီးရေးလုပ်ငန်းစဉ်တာဝန်ခံက ” ကျမတို့ အဖွဲ့အစည်းအနေနဲ့က ကျူးလွန်ခံရတဲ့သူ၊ နစ်နာတဲ့သူကိုပေါ့နော်။ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေး မှုတွေ ပေးတဲ့ဟာပေါ့နော်။ အဲ့ဒါရှိတယ်။ နောက်တစ်ခုကတော့ အရေးပေါ်လိုအပ်တဲ့ အထောက်အပံ့တွေ ပေးတာတွေရှိတယ်။ ပြီးတော့မှ အမှုလွှဲပြောင်းတဲ့ ကိစ္စတွေပေါ့နော် ကူညီပေးတာရှိတယ်။ ပြီးရင်တော့ ကျန်းမာရေးဆိုင်ရာ အထောက်အပံ့တွေ ပေးတာရှိတယ်။ ပြီးရင်တော့ တရားရုံးတွေမှာ တရားရင်ဆိုင်တဲ့ ဟာပေါ့ နော်။ သူတို့ တရားရင်ဆိုင်တဲ့ ကာလပေါ့နော်။ သူတို့ လိုအပ်တဲ့ ခရီးစရိတ်သော်လည်း ကောင်း၊ စားစရိတ်သော် လည်းကောင်း ကူညီထောက်ပံ့ပေးတဲ့ဟာမျိုးတွေ လုပ်တာရှိတယ်။ ” လို့ ဆိုပါတယ်။

ဒါတွေအပြင် ကျေးရွာ၊ ဒေသ၊ အုပ်စု၊ မြို့နယ်နဲ့ ခရိုင်အဆင့်တွေအထိ ညှိနှိုင်းဖြေရှင်းကူညီပေးတာတွေရှိသလို ရှေ့နေ တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးတာတွေလည်း ရှိတယ်လို့ သူက ဆိုပါတယ်။ ဒီအကြမ်းဖက်မှုတွေအတွက် ကူညီဆောင်ရွက်မှု တွေကို ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ်၊ သံတောင်ကြီးမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ဆီဆိုင်မြို့နယ်နဲ့ ပျဉ်းမနား မြို့နယ်တွေမှာ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ “ဒီအကြမ်းဖက်မှုတွေက နေရာတိုင်းမှာ ဖြစ်နေတယ်ဆိုပေမယ့် ဖြစ်နေတဲ့ နေရာဒေသတွေမှာက ဒီအကြမ်းဖက်မှုတွေကို ဒါကအရေးကြီးဖြေရှင်းရမယ့် ကိစ္စဆိုတဲ့ဟာမျိုးတွေ ထည့်တွက် စဉ်းစားပြီးတော့ လုပ်ဆောင်ပေးတဲ့ အရာတွေ၊ ယန္တာရားဆောင်ရွက်ပေးတဲ့ ဟာမျိုးတွေက မရှိဘူးပေါ့နော်။ ရှိတဲ့နေရာကျတော့လည်း အရမ်းကို အားနည်းနေတဲ့ဟာမျိုးတွေရှိတယ်။ တချို့နေရာကျတော့ ညှိနှိုင်းဖြေရှင်းပေးတဲ့ ကိစ္စတွေ မျိုးဆိုလို့ရှိရင် ရှိတယ် ပေါ့နော်။ သို့သော်ငြားလည်း ဒီကိစ္စတွေကို မျှမျှတတဖြစ်စေတဲ့ ဆောင်ရွက်မှုမျိုးတွေ မဟုတ်ပြန်ဘူးပေါ့နော်။ အဲ့လိုမျိုးတွေ ဖြစ်တယ်။ ဖြစ်တဲ့အခါကျတော့ အဲ့လိုမျိုး အကြမ်းဖက်မှုကို ကာကွယ်ပေးတဲ့ ယန္တာရားတွေ၊ ဆောင်ရွက်ပေးတဲ့ ဟာမျိုးတွေ မရှိတဲ့အတွက် ကြောင့်ပေါ့နော်။ ကျူးလွန်တဲ့သူတွေက ဒီနိုင်ငံရေးအပေါ်မှာ သော်လည်းကောင်းပေါ့နော်။ အခွင့်ကောင်းတွေ ယူပြီးတော့မှ ဥပဒေတွေက မရှိဘူး၊ လုပ်ချင်သလို လုပ်လို့ရ တယ် ဆိုပြီးတော့မှ အရေးယူဆောင်ရွက်ပေးတာမျိုးတွေ မရှိတဲ့အတွက်ပေါ့နော်။ လုပ်ချင်သလိုလုပ်လို့ရတယ်ဆိုပြီးတော့မှ အခွင့်ကောင်းယူပြီး ပိုပြီးကျူးလွန်လာတယ်ဆိုတဲ့ အနေအထားတွေ ကျမတို့ ပိုပြီး တွေ့ရတာပေါ့နော်။”လို့ ၄င်းကဆိုပါတယ်။ ကယန်းအမျိုးသမီးအစည်းအရုံးဟာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက် ရေးအတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ https://www.kantarawaddytimes.org/% e1%80%90%e1%80%85%e1%80%ba%e1%80%94%e1%80%be%e1%8

၂၁။   သင်္ကြန်ကာလနီးလာသည်နှင့်အမျှ ထားဝယ်မြို့ပေါ်တွင် ညအချိန်ဧည့်စာရင်းစစ်မှုများကို ပိုမိုလုပ် ဆောင်လာ
       April 10, 2023

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိရပ်ကွက်များတွင် သင်္ကြန်ကာလနီးလာသည်နှင့်အမျှ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များမှ ညအချိန် ဧည့်စာရင်း စစ်ဆေးမှုများကို ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံများက ပြောသည်။ ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်များတွင် ပြီးခဲ့သည့်လက ရှောင်တခင် ဧည့်စာရင်းဝင်ရောက် စစ်ဆေးမှု များကို ရပ်နား ထားခဲ့သော်လည်း ယခုဧပြီလအတွင်း သင်္ကြန်ကာလနီးလာသည်နှင့်အမျှ ညအချိန် ဧည့်စာရင်းဝင်ရောက်စစ်ဆေးမှုများကို ပြန်လည် လုပ်ဆောင်လာကြောင်း မြို့နေဒေသခံများပြော စကားအရသိရသည်။ မြို့ခံတစ်ဦးက “အခုလို ရှောင်တခင်ဝင်မစစ် တာတော့နည်းနည်းတော့ကြာပြီ။ မြို့ပေါ်မှာဆို ကင်းပုန်းချတာလောက်ပဲတွေ့ရတာကို။ အခုသင်္ကြန်ကာလနီးမှ ဝင်ဝင်စစ်နေ တာ။”ဟု ပြောသည်။ ယခု ဧပြီလ(၉) ရက်နေ့က ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ပကာရီရဲကင်းစခန်း၊ ဘုရားမဲစစ်ဆေးရေးဂိတ်နှင့် စော်ဖျားစစ်ဆေးရေးဂိတ်များကို နယ်မြေခံတော်လှန် ရေးပူးပေါင်း တပ်ဖွဲ့များ နှင့် ကော်သူးလေ တပ်မတော် (KTLA)တို့မှ တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် ယခုလို မြို့ပေါ်ရှိရပ်ကွက်များတွင် လိုက်လံစစ်ဆေး နေခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများ နှင့်နီးစပ်သည့် ဒေသခံများ ပြောစကားအရ သိရသည်။

ဒေသခံတစ်ဦးက “ပြီးခဲ့တဲ့ရက်က ပကာရီနဲ့ထားဝယ်ထီးခီးလမ်းပိုင်းမှာ တိုက်ပွဲဖြစ်တယ်လေ။ အဲ့ဒါ ကြောင့် သူတို့က ကြောက်ပြီးတော့ အခုလိုသူတို့မသင်္ကာတဲ့အိမ်တွေကိုဝင်ပြီး လိုက်စစ်နေတာ။ သူတို့ စစ်ရင် အိမ်ပေါ်က လူတွေအကုန်ဆင်းခိုင်း တယ်။ တစ်အိမ်လုံးကိုလိုက်မွှေတယ်။ ပြီးတော့မိသားစု ဘယ်နှစ်ယောက်ရှိလည်း လိုက်မေးတာ။ ပြီးတော့ ဒီမှာက သင်္ကြန်နား နီးရင် ဗုံးပေါက်မယ် ဆိုတဲ့သတင်းတွေလည်း ပျံနေတယ်လေ။”ဟုပြောသည်။ ထိုသို့ဧည့်စာရင်းများ စစ်ရာတွင်လည်း အိမ်တိုင်း ကိုစစ်ဆေးခြင်းမျိုးမဟုတ်ဘဲ၎င်းတို့ မသင်္ကာသည့်အိမ်များကိုသာ အဓိကထားလိုက်လံစစ်ဆေးမှုများပြုလုပ်နေခြင်းဖြစ်ကြောင်း လည်း အမည်မဖော်လိုသူ နောက်ထပ်မြို့ခံတစ်ဦးကပြောသည်။ ထားဝယ်မြို့ပေါ်တွင် ပြီးခဲ့သည့်လများက အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ဧည့်စာရင်း စစ်ဆေးတာမျိုးမရှိတော့ဘဲ ညအချိန်ကင်းလှည့်လည် စစ်ဆေး ခြင်းမျိုးကိုသာ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများပြောစကားအရသိရသည်။ https://kicnews.org/2023/04/%e1%80%9e%e1%80%84%e 1%80%ba%e1% 80%b9%e1%80%80%e1%80%bc%e1

၂၂။   ညောင်ရွှေမြို့နယ် လင်မယား (၂) ဦးကို ဖောက်ခွဲရေးပစ္စည်းနှင့်အတူဖမ်းဆီးရမိကြောင်း စစ်ကောင်စီ ထုတ်ပြန်
       April 10, 2023

သျှမ်းပြည် ညောင်ရွှေမြို့ မိုင်းလီ (၅) ရပ်ကွက်အတွင်း နေထိုင်သည့် လင်မယား (၂) ဦးကို ဖောက်ခွဲရေး ပစ္စည်းများ၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးမိရကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်အရ သတင်းသိရှိရသည်။ ပြီးခဲ့သည့် (ဧပြီလ ၅ ရက်) မနက်ပိုင်းအချိန်က ညောင်ရွှေမြို့ မိုင်းလီ (၅) ရပ်ကွက်အတွင်း နေထိုင်သည့် လေးလွင်မျိုး (ခ) ကိုမျိုးနှင့်အတူ ၎င်း၏ဇနီး ဖြစ်သူ ခိုင်ဇာဝင်းဆိုသူကို ဖောက်ခွဲရေးပစ္စည်းများ၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမီးရမိခဲ့ကြောင်း၊ ၎င်းလင်မယား (၂) ဦးကို လည်း အင်းလေးရေပေါ်သင်္ကြန်မှ ဖောက်ခွဲရေး စီစဉ်သူဖြစ်သည်ဟု စစ်ကောင်စီက စွပ်စွဲကာထုတ်ပြန်ချက်တွင် ရေးသားဖော်ပြ ထားသည်။ “ ဉပဒေလမ်းအကြောင်းအရ တရားဝင် ဖမ်းတာလည်းမဟုတ်ဘူး။ သက်သေအထောက်အထားနဲ့ အတိအကျ ဖမ်း တာလည်းမဟုတ်ဘူး။ သံသယရှိတဲ့သူမှန်သမျှ အကုန်ဖမ်းဆီးတယ်။ ညှင်းပန်နှိပ်စက်တယ်။ ငွေညှစ်တယ်။ တချို့တွေဆို သတ်ပစ်လိုက်တယ်။ ဒီလိုမျိုးလုပ်ရက်က လူမဆန်တဲ့လုပ်ရပ် ပုံမှန်လူတစ်ယောက်က လွယ်လွယ်နဲ့မကျူးလွန်ရဲတဲ့ ပြစ်မှုတွေ ဖြစ်တယ်။ စိတ္တဇဆန်ဆန် ပြစ်မှုကျူးလွန်ခြင်းတစ်မျိုးလည်း ဖြစ်တယ် “ ဟု ၎င်းနှင့်နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ ဖမ်းဆီးခံထားရသည့် လင်မယား (၂) ဦးကို စစ်ကောင်စီတပ်ဖွဲ့မှ မည်သည့် ဉပဒေဖြင့် တရားစွဲဆိုထားသည်ကို အသေးစိတ် မသိရှိရသေးပေ။ ထို့အပြင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်ဖွဲ့မှ အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်း လုပ်ဆောင်နေသည့်အပေါ်မှာ နိုင်ငံတကာမှ အဖွဲ့အစည်းများက ထိရောက်စွာ အရေးယူဆောင်ရွက်ခြင်းမရှိသောကြောင့် မြန်မာပြည်သူလူထုများဟာ စစ်တပ်၏ဒဏ်ကို ဆင်းရဲစွာဒုက္ခခံစားနေရကြောင်း ၎င်း က ဆက်ပြောသည်။ “ နိုင်ငံတကာအဖွဲ့အစည်းကနေ နိုင်ငံတကာ စစ်ရာဇဝတ်သားဖြစ်တဲ့ ဒီအကြမ်း ဖက်စစ်အုပ်စုကို အချိန်မီ ထိထိရောက်ရောက် အရေးမယူနိုင်လို့ သူတို့ရဲ့ အကြမ်းဖက်မှုဒဏ်ကို မြန်မာပြည်သူလူထုတွေ အခုချိန်ထိ အလူးအလဲ ခံစားနေ ရတယ် “ ဟု ၎င်းအမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။ https://bur mese.shannews.org/archives/34067

၂၃။   ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက် မေတ္တာရှင်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဖမ်းဆီးခံရ
      April 11, 2023

ကချင်ပြည်နယ် ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက် မေတ္တာရှင်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌကို စစ်ကောင်စီတပ်ဖွဲ့က ဧပြီ ၉ ရက်နေ့ ညမှာ ဖမ်းဆီးသွားပြီး မိသားစုနဲ့ ဒီနေ့အထိ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ “ည ၈ နာရီ လောာက် ရဲတွေရောက်လာပြီး မေးစရာရှိတယ်လိုက်ခဲ့ပါဆိုပြီးခေါ်သွားတယ်။ ဘယ်ကိုခေါ်သွားမှန်းလဲမသိဘူး။ ဘာကြောင့် ခေါ်သွားမှန်းလဲ မသိဘူး။ မိသားစုနဲ့လည်း အဆက်အသွယ်မရသေးဘူး ဆိုတော့ မိသားစုဝင်တွေလည်း စိတ်ပူနေတယ်” လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

လက်ဖက်ရည်ဆိုင် ဖွင့်လှစ်ရောင်းချနေတဲ့ မေတ္တာရှင် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦမင်းအောင်ကို အရပ်ဝတ်နဲ့ ရဲဝတ်စုံ ဝတ်ဆင်ထားသူတွေက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာပါ။ ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့ကလည်း မှော်စီစာကျေးရွာ ကျောက်စိမ်းလုပ်ကွက်တခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ရေမဆေးကျောက်ရှာဖွေသူတွေနဲ့ ဘတ်ဟိုးမောင်းနှင်သူ တွေကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးသွားပါသေးတယ်။ https://burmese.dvb.no/archiv es/587820

၂၄။   မီဇိုရမ်ပြည်နယ်သား (၃)ဦးကို သတ်ဖြတ်သူတွေကို ဖမ်းဆီးရမိပြီလို့သတင်းထုတ်ပြန်
      April 10, 2023

မြန်မာ-အိန္ဒိယနယ်စပ် မြန်မာဘက်ခြမ်းမှာ သတ်ဖြတ်ခံရတဲ့ မီဇိုရမ်ပြည်နယ်သား (၃) ဦး ဖြစ်ရပ်နဲ့ ပက်သက်လို့ ပြစ်မှု ကျူးလွန်သူများကို လုံလောက်တဲ့ သက်သေအထောက်ထားနဲ့တကွ ဖမ်းဆီးရမိပြီလို့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) က ဧပြီလ (၉) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ မီဇိုရမ်ပြည်နယ်သား (၃) ဦး သတ်ဖြတ်ခံရမှုဖြစ်ရပ်မှာ အဖြစ်မှန် ပေါ်ပေါက် ရေး၊ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးမိရရေးနဲ့ တရားမျှတမျှရရှိရေးတို့ကို စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းကို လည်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့လ မတ်လ(၂၂)ရက်နေ့မှာ မီဇိုရမ်ပြည်နယ်သား (၃) ဦးကို မြန်မာ-အိန္ဒိယ နယ်စပ်မြန်မာဘက်ခြမ်းမှာ အမည် မသိလူတစ်စုရဲ့ သတ်ဖြတ်ခြင်း ခံခဲ့ကြရပါတယ်။ မီဇိုရမ်ပြည်နယ်သား (၃) ဦးအသတ်ခံရမှုဖြစ်ပွားပြီးနောက် အိန္ဒိယ-မြန်မာနယ် စပ်အဝင်အထွက်လမ်းကြောင်း တချို့ကိုလည်း မီဇိုရမ်ပြည်နယ်အရပ်ဖက်အဖွဲ့အစည်းက အကန့်သတ်မရှိပိတ်ပင်ထားပါတယ်။ ချင်းပြည်နယ်နဲ့ နယ်နိမိက်နီးစပ်တဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဟာ ချင်းစစ်ဘေးရှောင်ပြည်သူအများဆုံး သွားရောက်ရာခိုလှုံ တဲ့နေရာလည်းဖြစ်ပါတယ်။ https://www.facebook.com/photo/?fbid=614252290737106&set=a.273500801478

၂၅။   ၉ ရက်ကြာ ပျောက်ဆုံးနေသော အမျိုးသမီးတစ်ဦးကို ပုပ်ပွလျက်ရုပ်အလောင်း ပြန်လည်တွေ့ရှိ
       April 11, 2023

အောင်ပန်းမြို့ ၊အမှတ် ၃ရက်ကွက် ဖုန်းဆိုင်တွင် နေထိုင်သူ မလတ်ချ်မီး သည် ၉ ရက်ကြာပျောက်ဆုံးနေပြီး‌နောက် ရုပ် အလောင်းကို ကညနရုံးအနီးထူးချွန်သွားလမ်း ခြံဝန်းအတွင်း ပုတ်ပွလျက်ပြန်လည်တွေ့ရှိကြောင်းသိရှိရပါသည်။  အသက်၂၂ နှစ် အရွယ် မလတ်ခ်ျမီး ရုပ်အလောင်းကို ဧပြီလ၉ရက် ညနေပိုင်းတွင်စတင်တွေ့ရှိရပြီး အောင်ပန်းဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်သယ်ယူ စစ်ဆေးခဲ့ရာ ထိုးနက်ဒဏ်ရာဖြင့်သေဆုံးခဲ့ရကြောင်း သိရသည်။ ” သူ့ရုပ်အလောင်းကိုတော့ မနေ့က မင်းဂူသုသါန်မှာ သင်္ဂြိုလ် တယ်၊ ဘယ်သူဘယ်ဝါကပစ်မှုကျူးလွန်ခဲ့လဲလို့ သေသေချာချာမသိရှိနေရဘူး လူသတ်ဇာတ်မြုပ်အနေအထားတွေပါ၊ ခုက ကိုယ် ခန္ဓာတွေပျက်စီးနေပြီဆိုတော့ မီးသင်္ဂြိုလ်တယ်၊ သူတို့ ဟိန္ဒူရိုးရာဆို သူတို့သင်္ချိုင်းကုန်းမှာပဲ ထင်းမီးနဲ့သင်္ဂြိုလ်ကြတယ်” ဟု အောင်ပန်းမြို့နေအကြောင်းစုံသိရှိရသူ တစ်ဦးကပြောပါသည်။

ဒေသခံများက မုဒိန်းကျင့်သတ်ဖြတ် ခံရသည်ဟုပြောဆိုနေကြပြီး အမျိုးသမီး၏ရုပ်အလောင်းသည် ပုပ်ပွပျက်စီးနေပြီ ဖြစ်သောကြောင့် အတင်းအဓမ္မပြုကျင့်ခံရခြင်းရှိမရှိစစ်ဆေးရန်မှာ  အခက်အခဲ ရှိနေကြောင်းသိရသည်။ ထိုအမျိုးသမီးသည် ဧပြီလ ၁ ရက်နေ့မှစ၍နေအိမ်မှ ပျောက်ဆုံးခဲ့ရပြီး ပြန်လည်ရောက်ရှိမလာသဖြင့်လူပျောက် ကြော်ငြာခဲ့ကြကြောင်းသိရှိရပါသည်။ လက်ရှိအောင်ပန်းမြို့နယ်အတွင်း အမျိုးသမီးများ အနေဖြင့်သွားလာရာတွင် မလုံမခြုံကိစ္စရပ်များ ဖြစ်ပွားခဲ့ပြီး အမည် မသိရသေးသော လူသားဆိုင်ရာအခွင့်ရေး ချိုးဖောက်သူတွေလည်း ဖြစ်ပွားနေခြင်းဖြစ်ပါသည်။ https://www.facebook.co m/KhamSarNgor/photos/pcb.2310301999139709/231 03019 35806382/

၂၆။   ယုဇနကုမ္ပဏီထွက်ခွာခြင်း ၂ နှစ်ပြည့်ခဲ့သော်လည်း ဒေသခံများ မြေယာပိုင်ဆိုင်ခွင့်မရရှိသေး
       April 10, 2023

ကချင်ပြည်နယ်၊ ဟူးကောင့်ချိုင့်ဝှမ်းဒေသတွင် စစ်တပ်ကျောထောက်နောက်ခံပြုထားသော ယုဇနကုမ္ပဏီ ထွက်ခွာ သွားခြင်း ၂ နှစ်ပြည့်ခဲ့ပြီ ဖြစ်သော်လည်း မျှော်လင့်ထားသည့်အတိုင်း လယ်ယာမြေလုပ်ကိုင်ခွင့် အပြည့်အဝ မရရှိသေးကြောင်း ဒေသခံတောင်သူများ ဖွင့်ဟပြောဆိုသည်။ တနိုင်းသွားလမ်း လီဒိုလမ်းမတစ်လျှောက်ရှိ လယ်ယာမြေဧက ၄ သိန်းကျော်ကို ယုဇနကုမ္ပဏီသည် စိုက်ပျိုးမြေအဖြစ် ဆယ်စုနှစ်တစ်ကျော်ကြာ သိမ်းပိုက်ထားခဲ့ရာမှ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလတွင် ထိုဒေသမှ အပြီးအပိုင်ထွက်ခွာသွားခဲ့သည်။ ဝါရာဇွပ် ကျေးရွာအုပ်စု ဘန်ကောက်ကျေးရွာတွင် အခြေစိုက်ထား သော ယုဇနကုမ္ပဏီဝင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က နှစ်ကြိမ်ထက်မနည်း ဘက်ဟိုးများဖြင့် သွားရောက်ဖျက်ဆီး ခဲ့ပြီးနောက် ယုဇနသိမ်းပိုက်ခဲ့သော မြေယာများကို ၎င်းတို့ စီမံကာ ခွဲဝေသွားမည်ဟု KIO က ဒေသခံများကို ထိုစဉ်က ပြောဆိုခဲ့ သည်။ သို့သော်လည်း ယခု ၂ နှစ်ပြည့်သည်အထိ KIO တာဝန်ရှိသူများသည် ဒေသခံများကို လယ်ယာမြေ ခွဲဝေပေးခြင်း မရှိသေး သည့်အပြင် ယုဇန ကုမ္ပဏီစွန့်ခွာသွားသော မြေနေရာများတွင် ခွင့်ပြုချက်မရဘဲ တစ်စုံတစ်ရာလုပ်ကိုင်ခဲ့လျှင် အရေးယူခံရမည် ဟုသာ သတိပေးထားကြောင်း နောင်းမီ ဒေသခံတစ်ဦးက ပြောသည်။

“ဒီနှစ်မှာက လယ်ယာမြေတွေ လုပ်လို့မရဘူးဆိုပြီး လိုက်ပြောနေတာ ၂ လ ရှိပြီ။ ခွဲဝေပေးမယ်လို့က မပြောတော့ဘူး လယ်မဝင်ကြနဲ့တဲ့။ ဒီနေရာတွေက သူများရဲ့ နေရာတွေဖြစ်တယ်တဲ့ အဲ့လိုက်ပြောနေတာဖြစ်တဲ့အတွက် ဒေသခံတွေကြားမှာ တောင် အမျိုးမျိုးဖြစ်နေကြတယ်။ ဒီမြေယာကို ဘယ်သူ့ဆီ ပြန်ပေးလိုက်ပြီလဲပေါ့။ သူတို့ လယ်ယာမြေခွဲပေးဖို့ ရွာထဲမှာ ကော်မတီတွေ ဖွဲ့ထားကြတာဟုတ်တယ်။ အဲ့ဒီကော်မတီကို မေးကြည့်တော့လဲ သူတို့တွေ ဘာမှမသိကြဘူးတဲ့။ အခုဒေသခံ တွေက မြေယာခွဲပေးဖို့စောင့်နေကြတာ”ဟု ပြောသည်။ ယုဇနကုမ္ပဏီ ထွက်ခွာသွားပြီးနောက် KIO ၏ စီမံမှုဖြင့် ယခင်လယ်ယာ မြေသိမ်းဆည်းခံခဲ့ရသော တောင်သူများကို ၎င်းတို့၏ လယ်ယာမြေကို ပြန်လည်ပေးအပ်ရန်နှင့် လယ်ယာမြေမရှိသော ဒေသခံ များကိုလည်း ၅ ဧကစီ ခွဲဝေပေးရန် KIO ဘက်က ပြောဆိုထားသဖြင့် ကျေးရွာအလိုက် အရပ်သားများဖြင့် လယ်ယာမြေခွဲဝေရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်ဟု ဒေသခံများ ပြောသည်။ https://www .facebook.com/photo/?fbid=604161645078444&s et=a.601270185367590

၂၇။   သိန္နီဟော်နန်းကို အာဏာသိမ်းစစ်ခေါင်းဆောင် ကိုယ်တိုင် လာရောက်ဖွင့်လှစ်
       April 11, 2023

သျှမ်းပြည် သိန္နီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ သိန္နီဟော်နန်းကို စစ်ကောင်စီအုပ်စုမှ ပြန်လည်တည်ဆောက် ပေးခဲ့ပြီး ယနေ့ (ဧပြီလ ၁၁ ရက်) နေ့လည်ပိုင်းတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် လာရောက်ဖွင့်လှစ်ခဲ့ကြောင်း သတင်းသိရှိရသည်။ ယနေ့ (မတ်လ ၁၁ ရက်) နံနက်ပိုင်းတွင် သိန္နီဟော်နန်းကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်က လာရောက်ဖွင့်လှစ်မည်ဆိုသည့် သတင်းကြောင့် သိန္နီမြို့တွင် စစ်ကောင်စီတပ်ဖွဲ့မှ လုံခြုံရေးတင်ကြပ်ထားပြီး အဆိုပါ ဟော်နန်း အသစ်ဖွင့်ပွဲ စည်းကားရန်အတွက် ဒေသခံ၊ ဝန်းထမ်းနှင့် တောင်သူသမား စုစုပေါင်း လူဦးရေ (၂၂၀၀)ကို “ မသွားမနေရ “ ခေါ်ယူ ခဲ့ကြောင်းသိရသည်။ စစ်ကောင်စီခေါင်းဆောင်၏ လုံခြုံရေးအတွက် ဟော်နန်းအသစ်ဖွင့်ပွဲသို့ တက်ရောက်သူများကို လက်ကိုင် ဖုန်း ယူဆောင်ခြင်းမပြုသည့်အပြင် ပုံရိုက်ခွင့်လည်းမရှိကြောင်း ပွဲသို့တက်ရောက်ခဲ့သည့် အမျိုးသားတစ်ဦး ကပြောသည်။ “ သူတို့ပြောတာတော့ မနက်ပိုင်း ၉ နာရီမှာ လူကြီးရောက်မယ်လို့ ပြောတာ။ ဒါပေမယ့် နေ့လယ်ပိုင်းလောက်မှ ရောက်လာတာ။ မင်းအောင်လှိုင် ကိုယ်တိုင်က ပွဲကိုလာရောက်ခဲ့တာပါ။ ပြီးတော့ ဟော်နန်းအမှတ်တံဆိပ် ကပ်ခံထားရတဲ့သူမှ ပွဲကိုဝင်ဖို့ ခွင့်ပြု ထားတယ် “ ဟု ၎င်းက ပြောသည်။

အလားတူ ဟော်နန်းဖွင့်ပွဲအတွင်းသို့ တက်ရောက်လာသူများတိုင်းကို ဓာတ်ပုံ၊ ဗီဒီယို မရိုက်ဖို့ရန် စစ်ကောင်စီတပ်ဖွဲ့မှ တားမြစ်ထားကြောင်း သိရသည်။ အဆိုပါ သိန္နီ ဟော်နန်းဖွင့်ပွဲကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ ကိုယ်တိုင်တက်ရောက်ခဲ့ ကြောင်း သိထားရသော်လည်း ဟော်နန်းဖွင့်ပွဲအတွင်းမှာ အလှူဒါနပြုလုပ်ခြင်း၊ မိန့်ခွန်းပြောခြင်း စသည့်ဖြင့် အသေးစိတ်ကို တော့ မသိရသေးပေ။ သိန္နီဟော်နန်းဖွင့်ပွဲ မပြုခင် တပတ်အတွင်း ဟော်အနီးတွင်နေထိုင်သည့်နေအိမ်များကိုလည်း ဝင်ရောက် စစ်ဆေးမှုပြုလုပ်ကြောင်း သိရသည်။ “စစ်ခေါင်းဆောင်မလာခင် တပတ်အလိုမှာ ဟော်အနီးမှာ နေတဲ့အိမ်ကို စစ်ဆေးရေးတင်း ကြပ်ခဲ့တယ်။ အဲ့အိမ်တွေမှာ PDF တွေလာပြီးနေမှာကြောက်လို့ဆိုပြီး စစ်ဆေးတာ” ဟု ဒေသခံအမျိုးသားက ထပ်လောင်းပြော သည်။ အဆိုပါ ဟော်နန်းတည်ဆောက်ရေးတွင်လည်း ကုန်ကျငွေ ကျပ်သိန်း ၃ ထောင်ကျော်ရှိကြောင်း သိရသည်။ https://bu rmese.shannews.org/archives/34100

၂၈။   လက်ဖက်ခြံထဲမှာ အမျိုးသမီးတစ်ဦးကို ပေါက်ပြားနဲ့သတ်တဲ့ အမျိုးသား PSLF/ TNLA ဖမ်းဆီးထား
      April 10, 2023

ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအာင်းပြည်နယ်၊ တပ်မဟာ (၂) စစ်ဒေသ၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့နယ် နမ့်လင်းအုပ်စု၊ မန်လန်ကျေးရွာ လက်ဖက်ခြံထဲက တဲအတွင်း အမျိုးသမီး တစ်ဦးကို သတ်ခဲ့တဲ့ အမျိုးသားကို ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ PSLF/TNLA က ထုတ်ပြန်ပါတယ်။ အသတ်ခံရသူ အမျိုးသမီးဟာ အသက် ၅၆ နှစ်အရွယ် ဒေါ်အီးညွန့် ဖြစ်ပြီး အလောင်းကို ဧပြီ ၇ ရက်နေ့မှာ ဒေသခံ တစ်ဦးက တွေ့ရှိ အကြောင်းကြားတာကြောင့် ကျေးရွာ တာဝန်ရှိသူတွေနဲ့ PSLF/TNLA အုပ်ချုပ်ရေးဌာန အဖွဲ့ဝင်တွေ အခင်းဖြစ်ပွားတဲ့ နေရာ သွားရောက် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ဧပြီ ၆ ရက်နေ့၊ ညနေ ၄ နာရီမှာ တရွာတည်းနေသူ အသက် ၃၅ နှစ်အရွယ် မိုင်းကျော်ခိုင် ဟာ အရက်မူးလာပြီး လက်ဖက်ခြံတဲထဲ အိပ်ခွင့်တောင်းရာ ခွင့်မပြုတာကြောင့် အနီးမှာရှိတဲ့ ကျောက်ခဲနဲ့ ဦးခေါင်းကို တစ်ချက်ထုခဲ့ရာ ဒေါ်အီးညွန့် ထွက်ပြေးတာကြောင့် နောက်ကလိုက်ပြီး ပေါက်ပြားနဲ့ ထပ်မံ ပေါက်ခဲ့တယ်လို့ ထွက်ဆိုကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ပြစ်မှုကျူးလွန်သူမှာ မိုင်းကျော်ခိုင် ဆိုသူ ဖြစ်ပြီး လက်ရှိ PSLF/ TNLA မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီး ထိန်းသိမ်းထားကာ တရားဥပဒေနဲ့ အညီ အရေးယူမယ်လို့ သိရပါတယ်။ https://www.facebook.com /MeKongNewsMM/photos/pcb.120889 3516437250/120889 3366437265

၂၉။    မြိတ်-ဘုတ်ပြင်း လမ်းတွင် တိုက်ပွဲဖြစ်နေ၍ ခရီးသွားပြည်သူများမှာ ရေလမ်းခရီးကို အားကိုးလာရ
        April 10, 2023

တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေခြင်းကြောင့် မြိတ်-ဘုတ်ပြင်း ခရီးစဉ်မှာ လက်တလောတွင် ရေလမ်းခရီးကို အားကိုး ပြီး သွားလာနေရကြောင်း ခရီးသွား ပြည်သူများနှင့် စက်လှေ ရေယာဉ်ပိုင်ရှင်များထံမှ သိရသည်။ တနင်္သာရီတိုင်းအတွင်းရှိ မြိတ်ခရိုင်ထဲက မြိတ်-တနင်္သာရီ-မောတောင်နှင့်ဘုတ်ပြင်းလမ်းရှိ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ရေလမ်းခရီးအားကိုးပြီး သွားနေကြရသည်။ ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့ကစ၍ ဧပြီလ ၉ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွား နေခြင်းဖြစ်ပြီး အရပ်သားများလည်း ပစ်ခတ် ထိခိုက်မှုများ ရှိနေ၍ ယင်းလမ်းပိုင်းကို ခရီးသွားလာခြင်းမပြုတော့ဘဲ ရေလမ်းခရီး ကို အသုံးပြု သွားလာနေကြသည်။ မြိတ်မှ ဒေသခံ ခရီးသည် တစ်ဦးက”အခုက တိုက်ပွဲတွေ ဖြစ်နေတော့ နှစ်ပတ်နီးပါး ဖြစ်နေပြီ လေ အခု ရက်ပိုင်းမှာ ကားနဲ့က သွားလို့ အဆင်မပြေတော့ ပိတ်မိနေတာတွေ ရှိနေတယ်”ဟု ပြောသည်။

လက်ရှိတွင် တနင်္သာရီ-ဘုတ်ပြင်း လမ်းပိုင်းတွင် ရက်ဆက်တိုက်ပွဲများဖြစ်ပွားနေပြီးနောက် နှစ်ဖက် လက်နက်ကိုင် အဖွဲ့စည်းများ၏ မှားယွှင်း ပစ်ခတ်မှုကြောင့် အရပ်သားများထိခိုက်သေဆုံးမှုများ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည်။ ဘုတ်ပြင်း မြို့ခံတစ်ဦးက” ဘယ်လိုပဲဖြစ်ဖြစ် အခုလိုသွားလာလို့ အဆင်ပြေအောင် ရေလမ်းခရီးနဲ့ စီစဉ်ပေးတော့ ပိတ်မိနေတဲ့ သူတွေလည်း သွားလာလို့ရသွားသလို ကုန်စည်စည်းဆင်းမှုတွေလည်း ပြေလည်သွားတာပေါ့”ဟု ပြောသည်။  အဆိုပါ မြိတ်-ဘုတ်ပြင်း ခရီးစဉ် ကို အရင်ကခရီးသည်ကားများဖြင့် အဓိက သွားလာနေချိန်တွင် လက်ရှိ စစ်တပ်က အာဏာ သိမ်းပြီးနောက် တိုက်ပွဲဖြစ်ပွားနေ ခြင်းကြောင့် ရေလမ်းခရီးကနေ သစ်သားခွံ စက်လှေများဖြင့် ယခုလ ဧပြီလ ၇ ရက်နေ့က စတင်ပြေးဆွဲပေးနေကြောင်း ဒေသခံ များထံမှ သိရသည်။ ဘုတ်ပြင်း-မြိတ်သို့ ပြေးဆွဲနေသည့် စက်လှေပိုင်ရှင်တစ်ဦးက “အခု ကားလမ်းနဲ့က သွားလို့ ရနေပြီတော့ ကြားနေရပေမယ့် ခရီးသည်တွေကတော့ မသွားရဲကြသေးလို့ ကျွန်တော်တို့ စက်လှေတွေက အဓိက ကုန်တွေကိုပဲ တင်နေတော့ ပိတ်မိနေတဲ့ သူတွေကို လူပါလိုက်ပါလို့ရအောင် စီစဉ်ပေးတဲ့အချိန်မှာ ခရီးသည်တွေသွားချင်တဲ့ သူတွေများနေ တယ်”ဟု ပြောသည်။  တနင်္သာရီမြို့နယ် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် ဒေသတစ်ခုလည်း ဖြစ်ပြီး လက်ရှိတွင် စစ်ရေး တင်းမားနေသည့် ဒေသလည်း ဖြစ်သည်။ https://www.facebook.com/westernnewsagency/photos/a.11928617 3211229 /743275404145633/

၃၀။    ရခိုင်ပြည်တွင် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေဆဲ
        April 10, 2023

ရခိုင်ပြည်အတွင်း လိုအပ်နေသည့် ကျန်းမာရေးစောင့်ရှောက်မှုများ၊ ဆေးဝါးများနှင့် ဆရာဝန်လိုအပ်ချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက အကောင်အထည်ဖော် ဖြည့်ဆည်းပေးရန်အတွက် ဧပြီလ ၇ ရက်နေ့က ကျရောက်ခဲ့သည့် ကမ္ဘာ့ကျန်းမာရေးနေ့တွင် ပြည်သူများက တောင်းဆိုကြသည်။ လက်ရှိတွင် ရခိုင်ပြည်အတွင်းက ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ မြောက်ဦး စသည့် မြို့နယ်များက တိုက်နယ်ဆေးရုံများ၊ ကျေးလက်ဆေးပေးခန်းများတွင် ဆရာဝန်နှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ လုံလောက်မှု မရှိခြင်းများကြောင့် ဒေသခံပြည်သူများမှာ ကျန်းမာရေးကိစ္စများအတွက် အခက်အခဲဖြစ်နေကြသည်။ ရသေ့တောင်၊ မိုးစဲကျွန်း ဦးဂါကျေးရွာသား ကိုမောင်မြတ်အောင်က “ကျနော်တို့ ဦးဂါရွာက တိုက်နယ်ဆေးရုံမှာ ဆေးရုံစဖွင့် တည်းက သူနာပြုဆရာမ နှစ်ယောက်တည်းနဲ့ လည်ပတ်နေတာ ၂၀၁၉ လောက်ကနေ အခုထိဆို လေးနှစ်လောက်ရှိပြီ။ အဲတော့ အရေးပေါ်တစခုခုဖြစ်ခဲ့ရင် ကျနော်တို့က ကူတောင်တိုက်နယ်ဆေးရုံကို သွားပြပေမယ့် အခု ကူတောင်ကဆရာဝန်ကလည်း နယ်ပြောင်းကျလို့ ပြောင်းသွားတာ လေးလလောက် ရှိနေပြီ။ လက်ရှိ ကျနော်တို့ ရသေ့တောင် မိုးစဲကျွန်းတစ်ခုလုံးမှာ ဆရာဝန် မရှိတဲ့အတွက် ကူးတို့နဲ့၊ ကားနဲ့ တဆင့်သွားပြီး စစ်တွေကို သွားပြရပါတယ်” ဟု ပြောသည်။ တစ်ချို့သော ကျေးလက်ဒေသများ တွင် ကျေးလက်ဆေးပေးခန်း မရှိသည့်အတွက် လမ်းကြမ်းများမှတဆင့် မြို့ဆေးရုံသို့ သွားရောက်ကုသရသောကြောင့် တစ်ခါ တစ်ရံ လူနာများအတွက် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေများရှိနေသည်။ ဆေးရုံ၊ ဆေးပေးခန်းများနှင့် ဝေးလံ ခေါင်ပါးသော ကျေးလက်နေပြည်သူ အချို့မှာလည်း ဆေးရုံသို့သွားနေဆဲ လမ်းတွင် မမျှော်လင့်ဘဲ အသက်ဆုံးရှုံးရမှုများနှင့် ကြုံတွေ့နေရသည်။

ပုဏ္ဏားကျွန်းဒေသနေ ဒေါက်တာမြင့်သန်းက “ရခိုင်က ကျေးလက်နေပြည်သူတွေမှာ ကျန်းမာရေးဗဟုသုတပိုင်းဆိုင်ရာ အားနည်းတာတွေ့ရတယ်။ ဒါတွေကို ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတွေရယ်၊ တစ်ချို့ NGO၊ INGO နဲ့ အရပ်ဖက်အဖွဲ့ အစည်းတွေက အသိပညာပေးတာတွေ လုပ်နေတာတော့ ရှိပါတယ်။ သတင်းမီဒီယာအပိုင်းကလည်း ပြည်သူတွေအားထား နေရတဲ့ အချက်အလက်နဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဆောင်ရန်/ရှောင်ရန်တွေကို သတင်းတို့ ဆောင်းပါးတို့ ရေးသားဖော်ပြသင့် တယ်”ဟု ထောက်ပြသည်။ ကျေးလက်ဒေသများတွင်သာမက ရခိုင်ပြည်မြို့တော် စစ်တွေမြို့က ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံ ကြီးတွင်လည်း အဓိကအရေးပါသော ဆေးဘက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများ လစ်လပ်နေမှုများ၊ ဆေးကုသရန်အတွက် အဆင့်မြင့် စက်ကိရိယာများ လိုအပ်နေသေးကြောင်း စုံစမ်းသိရသည်။ စစ်တွေဆေးရုံကြီးသည် ရခိုင်ပြည်အတွင်း မြို့နယ် ၁၀ ခု ခန့်က ဒေသခံများ၏ ကျန်းမာရေးအတွက် အဓိကအားထားနေရသည့် ဆေးရုံကြီးဖြစ်သည့်အတွက် အဆင့်မြင့် စက်ကိရိယာ များနှင့် ဆရာဝန် လိုအပ်ချက်များကို ပြည့်စုံအောင်ဖြည့်တင်းရန်လိုအပ်ကြောင်း ဒေသခံများကထောက်ပြကြသည်။  “အရေးပေါ် ကုသနည်းလိုမျိုးကို အခြေခံပညာကျောင်းတွေမှာ ထည့်သင်ကြားပေးသင့်တယ်။ ဥပမာ မြွေကိုက်ရင်ဘယ်လိုလုပ်ရမယ်၊ ရေနစ် တဲ့သူကိုဘယ်လိုကုသရမယ်၊ ရုတ်တရက်မူးလဲသွားရင်တော့ဘယ်လိုမျိုးအရေးပေါ် ကုသပေးထားရမယ်ဆိုတာမျိုးကိုထည့်သွင်း သင်ကြားပေးစေချင်ပါတယ်” ဟု စစ်တွေမြို့က အထက်တန်းကျောင်းသူ မမြတ်ကေခိုင် က ပြောသည်။ https://www.faceboo k.com/dmgne wsagency/photos/a.466679383484478/2562810550538007/

၃၁။   လွိုင်ကော်တွင် စစ်ကောင်စီတပ်မှ တပ်သားသစ်ခေါ်ယူသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေကာ တပ်သားသစ်            စုဆောင်းနေ
       April 10, 2023

ကရင်နီပြည် လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်မှ တပ်သားစုဆောင်းသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေကာ တပ်သားသစ် စုဆောင်မှုများ ပြုလုပ်နေကြောင်း လွိုင်ကော်မြို့ခံများထံမှ သိရသည်။ ဧပြီလ ၉ ရက်နေ့ လွိုင်ကော်မြို့ နောင်ယား ကန်အနီးတဝိုက်တွင် စစ်ကောင်စီတပ်များမှ လမ်းသွားလမ်းလာများအား တားဆီးကာ တပ်သားသစ် စုဆောင်းသည့် လက်ကမ်း စာစောင်များ ဖြန့်ဝေနေတာပဲ ဖြစ်သည်။ ယခုလို လက်ကမ်းစာစောင် ဖြန့်ဝေရာတွင် လူငယ်များကို အဓိကထားကာ ဖြန့်ဝေနေ ခြင်းဖြစ်ကြောင်းလည်း သိရသည်။ “ဝေတာကတော့ မနေ့ကမှ စဝေတာ လက်ကမ်းစာစောင်တော့ မရလိုက်ဘူး ညနေ ခြောက် နာရီခွဲလောက်ကလည်း အဲ့နားမှာ တင့်ကားသုံးစီးရယ် ရဲကားနှစ်စီးရယ် သံချပ်ကာကားလိုပုံမျိုး တစ်စီးရယ်နဲ့ အထဲမှာ စစ်သား တွေအပြည့်တော့ တွေ့လိုက်တယ်”ဟု လွိုင်ကော်မြို့ခံ တစ်ဦးကပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်အနေဖြင့် တပ်သားသစ်စုဆောင်းရတွင် ခက်ခဲနေပြီး တပ်သားသစ် တစ်ဦးလျင် ငွေကျပ် ဆယ်ဂဏန်းဝန်းကျင်ထိ ပေးကာ တပ်တွင်းဝင်ရောက်ရန် စည်းရုံးနေရမှုများလည်း ရှိနေတာပဲဖြစ်သည်။ ထို့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း တပ်သားသစ် ဝင်ရောက်မှု နည်းပါးလာမှုကြောင့် တပ်သားသစ် စုဆောင်းရေး ကန့်သတ် ချက်များဖြစ်သည့် အတန်းပညာ ကန့်သတ်ချက်ကိုပါ လျော့ချပြင်ဆင်ကာ စစ်ကောင်စီတပ်မှ တပ်သားသစ်များ စုဆောင်းနေခဲ့ရ ပြီး တချို့နေရာများတွင် လူငယ်များကို ဖမ်းဆီးကာ အတင်းအဓ္မ ရှေ့တန်းစစ်မျက်နှာများကို ပို့ဆောင်မှုများ ပြုလုပ်နေမှုများ လည်း ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေခဲ့သည်။ စစ်ကောင်စီတပ်မှ ယခုကဲ့သို့ တပ်သားသစ်စုဆောင်းသည့် လက်ကမ်း စာစောင်များ ဖြန့်ဝေနေသည့် ကရင်နီဒေသသည် စစ်ကောင်တပ်နှင့် ကရင်နီ ဒေသခံကာ ကွယ်ရေးတပ်များကြား တိုက်ပွဲများ ပြင်းထန်​နေပြီး စစ်ကောင်စီတပ်မှ အထိအခိုက် အကျဆုံးများနေမှုကြောင့် အင်အားအများအပြား အသုံးပြုကာ ထိုးစစ်ဆင်မှုများ ပြုလုပ်နေသည့် ဒေသတစ်ခုလည်း ဖြစ်သည်။ https://www.face book.com/photo/?fbid=1956299898960b45&set=a.121 904670601911

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button