– ခေတ်ကရေးသော ကဗျာ ။
မျှော်လင့်ချက်တစ်ချို့ကို နံရံမှာ အလှပြထားနေရပြီ
မနက်ဖြန်ဆိုတာကို ဖမ်းဆုပ်ထားစရာမလိုတော့
လက်ထဲမှာ ဘာမှမရှိ
ဒါပေမဲ့ လွှတ်ချခဲ့ရတာတွေက တစ်ပုံကြီး
အိပ်မက်တွေနောက်ကို လိုက်ဖို့ကလည်း
ငါ့မှာ အိပ်ယာက မရှိ
အပန်းဖြေစခန်းတွေက တကယ် အပန်းပြေရဲ့လား
မီး မရှိလို့ မဖြစ်ဘူးဆိုပေမဲ့
မီးရှို့စရာလိုလို့လား
ရေမရှိလို့ မဖြစ်ဘူးဆိုပြီး
ရေထဲကို ခုန်ချသွားခဲ့တာ အဖန်ငါးရာ
အဆုံးသတ်မှာမှ
ဇာတ်လမ်းက စခဲ့တယ် ။ ။
– ကြည်လင်