ကဗျာ

အညံ့ခံ ငြိမ်းချမ်းရေး

အညံ့ခံ ငြိမ်းချမ်းရေး

******************

တော်လှန်ရေးကို

အချိန်နဲ့ ဆေး

သွေးအေးသွားသူ

ဘယ်လောက်ရှိပြီလဲ?

ဒဏ်ရာများနဲ့ မပျော်ရွှင်

ခေါ်ချင်ရင်တောင်မရှိတော့တဲ့

မိသားစုတွေ

ဘယ်လောက်ရှိပြီလဲ?

ပြန်လှည့်ကြည့်ရင်

နှလုံး ချည့်စရာတွေချည်းပဲ ကို

မသိသူ ဘယ်လောက်ရှိနေလဲ?

အသိနည်းလို့ရှိတာနည်းဘဝနဲ့

မာန်ချ အညံ့ခံ ငြိမ်းချမ်းရေး

ဘယ်သူ အလိုရှိပါသလဲ?

ဘယ်သူ အလိုရှိပါသလဲ?

ဘယ်သူ အလိုရှိပါသလဲ။     ။

ရဲဘော် Scope

Related Articles

Back to top button